" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 2, 2023

အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီ က ရှောင်တခင် ဧည့်စာရင်းဝင်

Narinjara
ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက် ဘက်နယ်စပ် မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်း ဝင်စစ်မှုများကို ပြုလုပ်နေ သည်ဟု မြို့ခံများက ပြောသည်။

မောင်တောမြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အင်အား ၅ဝ ခန့်က ပြီးခဲ့ သည့် သြဂုတ်လ ၂၈ ရက်မှစတင်ကာ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ရှောင်တခင် စစ်ဆေးနေ ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

သြဂုတ်လ ၃၁ ရက်၊ ညတွင်လည်း မောင်တောမြို့ရှိ ကညင်တန်းရပ်ကွက်နှင့် အခြားရပ်ကွက် အချို့ ကို အဆိုပါအဖွဲ့က စစ်ကား ၂ စီးဖြင့် နေအိမ်များကို ဝင်စစ်ခဲ့ကြောင်း မြို့ခံတစ်ဦးက နိရဥ္စရာကို ပြော သည်။

"အဓိကတော့ မောင်တော၊ ဘူးသီးတောင်မှာ ARSA အဖွဲ့က လှုပ်ရှားနေလို့၊ လှုပ်ရှားတာများနေလို့၊ သတင်းတွေကြားလို့ ဒီလိုမျိုးဧည့်စာရင်းစစ်နေတာလို့ သုံးသပ်မိပါတယ်"ဟု ပြောသည်။

မောင်တောမြို့တွင် ကညင်တန်း၊ မြို့မအရှေ့၊ မြို့မအနောက်၊ မြို့မတောင်၊ မြို့မမြောက်၊ မောင်နီရပ် ကွက်၊ ရွာသစ်ကေ၊ လသာ၊ မြို့ဦး၊ ၆ မိုင်၊ ဝေသာလီနှင့် မြို့သူကြီးစသည့် မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိ သည် ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက နိရဥ္စရာကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့ကရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်သူရပ်ကွက်သား များကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ယခုကဲ့သို့ ရှောင်တခင် ဧည့်စာရင်း ဝင်စစ်နေခြင်းဖြစ် သည်ဟု သူက ပြောသည်။

"သက်ဆိုင်ရာက ကြိုတင်တော့ မပြောဘူး။ ဒီရပ်ကွက်ကို လာစစ်မယ်ဆိုပြီးတော့လေ။ ရှောင်တခင် လာ စစ်တဲ့သဘောပါ"ဟု ပြောသည်။

ယင်းသို့ စစ်ဆေးနေစဉ်ကာလအတွင်း သံသယရှိသူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းမိခြင်း မရှိသေးဟု လည်း ဆိုသည်။

မောင်တောမြို့နယ်တွင်းရှိ ကျေးရွာများကိုမူ ယခုကဲ့သို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်ခြင်း မျိုးမရှိ သေး ဟုလည်း မွတ်ဆလင်ကျေးရွာသားတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခြေကုပ်ယူထားသည့် ARSA အကြမ်းဖက်အဖွဲ့ကို ယခု နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများပြုလုပ်လာနေ၍ ARSA သည် ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ စိမ့်ဝင်လှုပ်ရှားလာနေကြခြင်း ဖြစ်သည်ဟု သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စခန်းချနေထိုင်ခြင်း၊ မွတ်ဆလင်ကျေးရွာများကို လက် နက်ပြပြီး စည်းရုံးရေးဆင်းခြင်း၊ မွတ်ဆလင်စီးပွားရေးလုပ်ငန်းရှင်အချို့ ပြန်ပေးဆွဲခြင်း၊ ငွေညှစ် တောင်းခံခြင်း၊ ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲအချို့ဖြစ်ပွားခြင်း၊ မောင်တောဒေသတွင်မွတ်ဆလင် များသတ်ဖြတ်ခံခဲ့ရသည့် ၆ နှစ်ပြည့်အထိမ်းအမှတ်ပွဲများကို ဦးဆောင်ပြုလုပ်ခြင်း စသည့်လှုပ်ရှား မှု များကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ယင်းသို့ လှုပ်ရှားလာနေသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်ဟု လည်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြား စောင့် ရဲစခန်းများနှင့် တပ်စခန်းအများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ် ဘက် က အထိအခိုက်အကျအဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ယင်းသို့ နယ်မြေရှင်းလင်းခဲ့မှုကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည်ဝင်ရောက် လာနိုင်ခြင်းမရှိသေးသည်ဟု သိရသည်။ (NN-16)

LINK :HERE



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */