" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 19, 2023

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ ပြီး မြန်မာစစ်တပ်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်နေ၍ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေရ

Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အနီး အနားရှိ ကျေးရွာ (၆)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ရက္ခိုင့်တပ်တော် (AA)သည် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ နယ်ခြားစောင့်စခန်း ၃ ခုဖြစ်သည့် ခထီးလှနယ်ခြားစောင့်စခန်း၊ ကျွန်းပေါက်နယ်ခြားစောင့်စခန်းနှင့် တောင်ဘဇားနယ်ခြား စောင့်စခန်း တို့ကို နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီလောက်ကတည်းက တိုက်ခိုက်နေကြောင်း ဒေသအတွင်းရှိ သတင်းရင်းမြစ်များက ပြောဆိုသည်။

ဘူးသီးတောင်‌မှဒေသခံတစ်ဦးက " မနေ့ကမနက် ၈နာရီခွဲတည်းက စခန်း ၃ ခုကို အေအေက ဝင်တိုက် နေတာ။ အပြန်အလှန်တိုက်ပွဲဖြစ်နေတာ ဒီနေ့ထိပါဘဲ"ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။

ယနေ့ နိုဝင်ဘာ ၁၉ရက် နံနက်၁၀နာရီခွဲဝန်းကျင်လောက်ကတည်းက စစ်ကောင်စီလေတပ်ကခထီးလှ ကျေးရွာ အနီးတစ်ဝိုက်ကို စက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ကာ ဗုံးကြဲ တိုက်ခိုက်နေ ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

" ညကလည်းတိုက်ပွဲ ရပ်လိုက်ဖြစ်လိုက်နဲ့ တိုက်ပွဲပြင်းထန်တယ်။ဒီနေ့လည်းဆက်ဖြစ်နေတယ်။ စစ်ရ ဟတ်ယာဉ်တွေနဲ့လည်း ဗုံးကြဲ တိုက်ခိုက်နေပါတယ်”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်နေသဖြင့် ခထီးလှကျေးရွာ အပါအဝင် ကျွန်းပေါက်၊ တောင်ကြီးရင်း၊ ပန်းဖဲချောင်း၊ ဇီးတောင်၊ ရွာသာယာစသည့် ရွာပေါင်း (၆) ရွာခန့်က လူပေါင်းထောင် နှင့်ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း၎င်းက ဆက်ပြောသည်။

" တစ်ချို့ဆိုမြို့ပေါ် ပြေးလို့မရလို့ တောင်ကြိုတောင်ကြားမှာ ပုန်းနေရတယ်။ မနေ့ကတည်းက။ အရေး ပေါ်ကယ်ဆယ်ရေးတွေလုပ်ပြီး ကယ်ထုတ်ဖို့တော့ လိုနေပါတယ်"ဟု ပြောသည်။

ယခုတိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေး မြန်း နေဆဲဖြစ်ပါသည်။

ရက္ခိုင်တပ်တော်သည် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှုများ အကြိမ် ကြိမ် ပြုလုပ်နေသည့်ကြားမှ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီအချိန်တွင် မောင်တောမြောက် ပိုင်း ဒုံးညိုနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့သည်။

၎င်းစခန်းသိမ်းတိုက်ပွဲမှ သုံ့ပန်း (၁၈) ဦးအား လက်နက်အလက် (၄၀)၊ စစ်အသုံးအဆောင် ပစ္စည်းများ နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။ (NN-11) 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */