" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

AA တပ်ဖွဲ့ဆီ စစ်ကောင်စီလက်အောက်ခံ နှစ်ဆယ်ဝန်းကျင် ထပ်မံလက်နက်ချ

dna
Delta News
November 15, 2023 

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ သုံးရက်မြောက် ဒီကနေ့နဲ့ မနေ့က ညပိုင်းတို့မှာရခိုင်အခြေ စိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဝန်းကျင်လောက် ထပ်မံလက်နက်ချခဲ့ကြသလိုစခန်းစွန့်ခွာသွားသူ တွေ လည်းရာချီရှိနေတယ်လို့ AAနဲ့နီးစပ်သူတွေ၊ဒေသခံတွေကပြောကြပါတယ်။
ကျောက်တော်မြို့မရဲစခန်း၊ ဘူးသီးတောင်မြို့နယ် ခထီးလှနယ်မြေရဲစခန်းနဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီ မော်ရဲ စခန်းတို့က ရဲတပ်ဖွဲ့ဝင်တချို့ ဒီကနေ့မှာ လက်နက်တွေနဲ့အတူ AA ဆီ ဆက်သွယ်ပူးပေါင်း ခဲ့ကြ တာလို့ AA တပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“AA ဆီ ထပ်သွားကြမှာစိုးလို့ ကျန်ခဲ့တဲ့ရဲတွေနဲ့ မိသားစုအကုန်လုံးကို တပ်မထဲ ပို့ထားတယ်၊ ရဲစခန်း ကို တောင် ပိတ်ထားတယ်”လို့ ကျောက်တော်မြို့ခံတဦးကလည်း DNA ကို ပြောပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့တွင်း ထွေအုပ်ရုံး၊ စစ်မှုထမ်းဟောင်းရုံးနဲ့ မြို့မရွှေကျောင်းဘုန်းတော် ကြီး ကျောင်းဝင်းတို့မှာ စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း စခန်းရုပ်သိမ်းသွား ကြတာ တွေ့ရ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အလားတူပဲ စခန်းကို စွန့်ခွာထွက်ပြေးလာကြတဲ့ ဘူးသီးတောင်မြို့နယ် ခထီးလှနယ်မြေရဲစခန်းနဲ့ တောင်ကုတ်မြို့နယ် ကျောက်နီမော်စခန်းတို့က ရဲတချို့ဟာလည်း AA ဆီ ပူးပေါင်းခဲ့တာရှိတယ်လို့ နီး. စပ်သူတွေက ပြောကြပါတယ်။

“ရဲတပ်ရင်းက ခေါ်လို့ စခန်းကရဲတွေ အကုန်သွားကြရတယ်၊တချို့တော့ AA ဘက် ရောက်သွားတယ် လို့ ကြားတယ်”လို့ ကျောက်နီမော်ဒေသခံတဦးက ပြောပါတယ်။

လက်နက်ချသူတွေအပြင် စခန်းတွေကို စွန့်ခွာ ထွက်ပြေးကြသူတွေလည်း ရာချီရှိနေပြီး ဒီနေ့မှာလည်း ရဲနဲ့ စစ်ကောင်စီတပ်သားပူးပေါင်း တရာဝန်းကျင်ရှိတဲ့ မြောက်ဦးမြို့နယ် တိမ်ညိုစခန်းနဲ့ မောင်တော မြို့နယ် အတွင်းက စခန်းတချို့ထွက်ပြေးကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“စခန်းမှူးအပါအဝင် ငါးယောက်လောက်က AA ဆီ အလင်းဝင်ထားတယ်၊ကျန်တဲ့သူတွေ့က မဝင်ကြ ဘဲ မနက်အစောကြီး သုံးနာရီလောက်မှာ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်ပြေးကြတာ၊ဆန်တွေ၊ ပဲတွေ၊ ကျည် ဆန် တွေကို အကုန်ကြဲထားခဲ့တယ်”လို့ တိမ်ညိုစခန်းအနီးက ဒေသခံတဦးက ပြောပါတယ်။

လက်နက်ချအညံ့ခံဖို့ အသိပေးထားပေမယ် လက်ခံမှုမရှိဘဲ ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင် တွေ ကို ဒီကနေ့နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက မောင်တောမြို့နယ် ကံပြင်သာစည်ရွာအနီးမှာ လိုက် လံတိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးကာ ဒဏ်ရာရသူတချို့လည်းရှိတယ်လို့ AA ကထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် မောင်တော – ဘူးသီးတောင် ကားလမ်းပေါ်မှာရှိတဲ့ ခြောက်မိုင်စခန်းကိုလည်း AA က ထိုးစ စ်ဆင် တိုက်ခိုက်နေပြီး စစ်ကူလာတဲ့ ကားသုံးစီးကို ဖြတ်တိုက်ရာ နှစ်စီးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။

AA တပ်ဖွဲ့ရဲ့ ရခိုင်ထိုးစစ်ပထမနေ့ နိုဝင်ဘာလ ၁၃ ရက်ကလည်း ရဲတပ်ဖွဲ့ဝင် ၂၂ ဦးရှိတဲ့ ကျောက် တော်မြို့နယ် အပေါက်၀ရဲစခန်းနဲ့ အခြားစခန်းနှစ်ခုက ရဲတပ်ဖွဲ့ဝင်ခြောက်ဦးလက်နက်ချခဲ့ကြတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ AA ထံ ဆက်သွယ်ပူးပေါင်းလာတဲ့ စစ်ကောင်စီလက်အောက်ခံအရေအတွက် အ တိအကျကိုတော့ မသိရပေမယ့် တရာဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောဆိုကြ ပါတယ်။

အခုတိုက်ပွဲမစမီ အပစ်ရပ်ကာလတုန်းကလည်း AA ထံ ပူးပေါင်းလာကြတဲ့ စစ်ကောင်စီလက်အောက် ခံ တရာ ကျော်အထိ ရှိတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ထုတ်ပြောထားပါတယ်။

အဲဒီလိုလက်နက်ချပူးပေါင်းလာကြမယ့်သူတွေကို ဆက်လက်ကြိုဆိုသွားမှာဖြစ်ပြီး အညံ့မခံတဲ့သူတွေ ကိုတော့ ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ AA က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကစခဲ့တဲ့ ရခိုင်တိုက်ပွဲတွေအတွင်း ရသေ့တောင်မြို့နယ် ချိန်ခါလီနဲ့ ဒုံးပိုက်နယ်ခြား စောင့်ရဲကင်းစခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးတဦးအပါအဝင် ၁၁ ဦးကို အရှင်ဖမ်းဆီးရမိထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

မနေ့ကမနက်ပိုင်းအထိ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ သွားတဲ့ စစ်စခန်းနဲ့ ရဲစခန်းလေးဆယ်ဝန်းကျင်အထိရှိတယ်လို့ AA ကထုတ်ပြန်ထားပြီး မနေ့ကနဲ့ ဒီက နေ့ ဆုတ်ခွဦမှုတွေပါထည့်ပေါင်းရင် တရာဝန်းကျင်အထိရှိနိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီက စုံစမ်းသိရှိရပါတယ်။

အဲဒီအရေအတွက်တွေနဲ့ပက်သက်လို့ DNA က သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီလိုဆုတ်ခွာတာဟာ အင်အားနည်းတဲ့ အထိုင် စခန်းတွေကို စွန့်ခွာပြီး ပြန်လည်ပေါင်းစည်းဖို့ စစ်နည်းဗျူဟာအရ ဆောင်ရွက်တာလို့ ဆိုထားပါ တယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ ထရွန်အိုင်နဲ့ နိုးဘူး ဗျူဟာစခန်းနှစ်ခု ကို လည်း ရခိုင့်တပ်တော် AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ထား ပါတယ် ။စစ်ကောင်စီဘက်ကတော့ AA တပ်ဖွဲ့ဝင်တွေအထိနာပြီးပြန်ဆုတ်သွားတယ်လို့ မနေ့ကပြော ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */