" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အပါ အဝင် ဒေသခံ ရခိုင်နှင့် မွတ်ဆလင် ၇ ဦးကို စစ်ကောင်စီ ဖမ်းဆီး

Narinjara
ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃


(၃ ရက်အတွင်း ရခိုင်တွင် အရပ်သား ဖမ်းဆီးမှု ၅၀ နီးပါးထိရှိလာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင်ရပ်ကွက်အု

ပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်နှင့် မွတ်ဆလင် အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည် ။
ဖမ်းဆီးခံရသူများမှာ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှုးလည်းဖြစ်၊ ဘူးသီးတောင်သွေးလှူရှင်များ အ သင်းဥက္ကဋ္ဌလည်းဖြစ်သည့် အသက် (၅၀)အရွယ် ဦးထွန်းအေး၊ အသက် ၅၁ နှစ်အရွယ် ကုလားချေ (ခေါ်)ဦးမောင်စံမြ၊ အမှတ် ၄ ရပ်ကွက်မှ အဖဖြစ်သူဦးမောင်မြသန်း (၅၆)နှစ်နှင့် သားဖြစ်သူဦး ဇော် ဇော်မင်း (၂၉) နှစ်၊ အမှတ် (၅)ရပ်ကွက်မှ ရပ်ကွက်တာဝန်ခံ ဟာမတ်တူလာ(၄၂)နှစ်၊ ဆယ်အိမ်မှူး ဖြစ်သူ နုရာလောင်(၃၇)နှစ်၊ မာမတ်ရော်ဟိန်(၂၁)နှစ်၊ ဟူဆောင်ဇူဟ(ခ) မောင်လှဝင်း(၃၂)နှစ် ဖြစ် ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်၊ ညဉ့် ၁၂ နာရီကျော်ခန့်က အဆိုပါရပ်ကွက်များကို စစ်ကောင်စီ တပ်ဖွဲ့ ဝင် များက စစ်အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့ခံတစ်ဦးက "စစ်ကားတွေနဲ့လာပြီး စစ်သားက ၂၀ ကျော်လောက်။ တစ်ချို့အိမ်တွေကို တံခါးဖျက်ပြီး သေနတ်ထောက် ဖမ်းခေါ်တာကြားတယ်။ ညဉ့်မှာဝင်ဖမ်းတာ" ဟုပြောသည်။ 

ယင်းအပြင် ဘူးသီးတောင်မြို့ပေါ်မှ ပုဂ္ဂလိကဆေးခန်းတစ်ခုဖြစ်သည့် ကောင်းထက်ဆေးခန်းအား ဝင် ရောက်မွှေနှောက်သွားကြောင်း သိရသည်။
 
ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း သံတွဲမြို့ခံ ၆ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး သွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ကလည်း တောင်ကုတ်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ၁၁ဦးထိစစ်ကောင် စီ ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများကပြောသည်။

အလားတူ ကျောက်ဖြူမြို့မှ စေတီတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်အပါအဝင် မြို့ခံ ၄ ဦးကိုလည်း စစ်ကောင်စီ တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

၎င်းပြင် စစ်တွေမြို့တွင်လည်း ဖမ်းဆီးမှုများနေပြီး အနည်းဆုံး လူပေါင်း ၂၀ ကျော်ခန့် ဖမ်းဆီးခံထား ရကြောင်း သိရသည်။

ရခိုင်တိုက်ပွဲများတွင် AA ကိုတိုက်မနိုင်ဘဲ စခန်းများကို လက်လွှတ်လာနေရ၍ အထိနာနေသည့် စစ် ကောင်စီတပ်သည် ရခိုင်လူထုကို ဦးတည်ပစ်မှတ်ထားကာ တိုက်ခိုက်နေပြီးရခိုင်တောင်ပိုင်းနှင့်မြောက် ပိုင်းမြို့နယ်များမှ အပြစ်မဲ့ပြည်သူလူထုများကို မတရားဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ (NN-11)
 
ပုံစာ- ဘူးသီးတောင်မြို့ကို မေယုမြစ်ထဲက မြင်တွေ့ရစဉ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */