" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 10, 2023

စစ်တွေမှာ ရိုဟင်ဂျာအ‌လောင်း ၁၇ လောင်းတွေ့

BBC
2023-08-10 

စစ်တွေမြို့နယ်ထဲက ကမ်းခြေမှာ သောင်လာတင်တဲ့ ရိုဟင်ဂျာ အလောင်းတစ်လောင်း


ဘင်္ဂလားပင်လယ်အော်ထဲမှာ လှေမှောက်ပြီးနောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာတွေထဲက ၁၇ ဦးရဲ့ အလောင်းကို စစ်တွေမြို့နယ်အတွင်းက ကမ်းစပ်တွေမှာ ပြန်လည်ရှာတွေ့ထားတယ်လို့ ဒေသန္တရ အ ကူအညီပေးရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့စက်လှေတစ်စီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်တုန်းက စစ်တွေမြို့နယ် ထဲက ဆာဘာရွာအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေထဲက ၁၇ ဦးရဲ့အ လောင်းတွေကို ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပြန်တွေ့ထားတာဖြစ်ပါတယ်။

‘‘တွေ့ထားတာက အမျိုးသမီးအလောင်း ၁၀ လောင်းနဲ့ အမျိုးသားရုပ်အလောင်း ၇လောင်းဖြစ်ပါ တယ်။ စစ်တွေ ရင်ခွဲရုံကို ပို့ထားပါတယ်။ ရှာဖွေတာတွေလုပ်နေပေမဲ့ ဒီနေ့တော့ ထပ်မတွေ့သေးပါ ဘူး’’ လို့ ရှာဖွေကယ်ဆယ်ရေးမှာပါဝင်တဲ့ရွှေရောင် မေတ္တာ ဖောင်ဒေးရှင်းက ပြောပါတယ်။

လက်ရှိမှာ စက်လှေနစ်မြုပ်မှုမှာ အသက်ရှင်လျက်နဲ့ပြန်တွေ့ထားသူ ၈ ဦး၊ ရုပ်အလောင်းတွေ့သူ ၁၇ ဦးသာ ရှိနေသေးတာကြောင့် ရက်နဲ့ချီပျောက်ဆုံးနေတဲ့ ကျန်လူ ၃၀ နီးပါးဟာ ပင်လယ်ပြင်မှာ ဆုံးပါးသွားနိုင်တဲ့ စိုးရိမ်စရာအခြေအနေလို့ ရှာဖွေနေသူတွေက ပြောပါတယ်။

ဒီရိုဟင်ဂျာတွေဟာ ဘူးသီးတောင်မြို့နယ်ကနေ မ‌လေးရှားကို သွားဖို့ ပွဲစားကို မြန်မာကျပ်ငွေ သိန်း ဆယ်ချီ ပေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

မြန်မာပြည်တွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီအောင် ကျပ်ကျပ်တည်းတည်းနေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ လူကုန်ကူးသူတွေရဲ့ မက်လုံးကြောင့် အန္တရာယ်များတဲ့ပင်လယ်ပြင်ကို ဖြတ်ပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေကြချိန် အခုလိုအဖြစ်ဆိုး ကြုံကြရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်မေလတုန်းကလည်း စက်လှေမှောက်ပြီး ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံကမ်းခြေမှာ ရိုဟင်ဂျာ အလောင်း ဆယ်ချီသောင်လာတင်တဲ့ဖြစ်ရပ်ရှိခဲ့သလို ဒီဇင်ဘာလမှာလည်း လှည်းကူးမှာ လူကုန်ကူးသူတွေက ရိုဟင်ဂျာ အလောင်း ၁၃ လောင်းကို လာရောက်စွန့်ပစ်မှု ဖြစ်ခဲ့ပါတယ်။

  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */