" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Monday, January 29, 2024

ရခိုင်မှာ အပစ်ရပ်ရေး တရုတ်နိုင်ငံ ကြားဝင်ကြိုးပမ်းနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဇန်နဝါရီ၊ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen (ဝဲ) နဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmu (ယာ) တို့တွေ့ဆုံနေကြစဉ်

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ ကြားဝင် ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen က မနေ့က ပြောဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံက ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud နဲ့ တွေ့ဆုံ အပြီး သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

ရခိုင်မှာအပစ်ရပ်ဖို့ တရုတ်ကြိုးပမ်း

BBC
29/01/2024
ရခိုင်ပြည်နယ်မှာ နောက်ထပ်တကြိမ်အပစ်အခတ်ရပ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ကြိုးပမ်းနေပြီး အပစ်ရပ်နားမှာသာ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလုပ်ငန်း‌စဉ်တွေပြန်လည်စတင်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Yao Wen က ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

Tuesday, January 23, 2024

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ယူဂန်ဒါ နိုင်ငံတွင် တွေ့ဆုံ

DMG
Dhaka Tribune
ဇန်နဝါရီ ၂၂
ဓာတ်ပုံ - Dhaka Tribune

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့ သည် ပြီးခဲ့သော စနေနေ့က ယူဂန်ဒါနိုင်ငံတွင် တွေ့ဆုံခဲ့ကြကြောင်း ဒါကာထရီဗျူးန်သတင်းတစ်ရပ်တွင် ဖော် ပြထားသည်။ 

Monday, January 8, 2024

လူထောင်ပေါင်းများစွာအိုးအိမ်မဲ့ခဲ့ရသောရိုဟင်ဂျာဒုက္ခသည် စခန်း မီးလောင်မှု

Myanmar Now
AFP
January 8, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၇ မနက်အစောပိုင်းက မီးလောင်မှု ကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသွားပါတယ်။ ကူတူပါလောင်စခန်း အမှတ် ၅ က အဲ့ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေ လူသန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရကာ နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ နေထိုင်ရင်း အခုလို ဘေးအန္တရာယ်တွေနဲ့လည်း မကြာခဏ ကြုံတွေ့ နေ ရပါတယ်။ 

Sunday, January 7, 2024

ကူတုပါလောင် စခန်းမှာ မီးလောင်

BBC
၂၀၂၄ ဇန္နဝါရီလ(ရ)ရက်။

ဒုက္ခသည် လေးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

ကောက်ဆက်ဘဇားက ကူတူးပလောင် ဒုက္ခသည်စခန်းမှာ မီးလောင်လို့ ရိုဟင်ဂျာ ဒုက္ခသည် လေးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇန်နဝါရီ၊ ၂၀၂၄ 

Rohingya refugees watch a fire blaze through their refugee camp at Kutupalong in Cox's Bazar district, Bangladesh, Jan. 7, 2024.

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox's Bazar ခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ်လောင်ကျွမ်း မှုကြောင့် ယာယီခိုလှုံရာ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသခံမီး သတ်ဌာနနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ Kutupalong ဒုက္ခသည်စခန်းမှာ မနေ့ ည သန်းခေါင်လောက်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် အလျှင်အမြန် မီးကူးစက် ခဲ့ရကြောင်း ဒေသခံမီးသတ်ဌာန အကြီးအကဲ Shafiqul Islam ကို ကိုးကားပြီး AP သတင်းက ဖော်ပြ ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် ဆုံးရှုံး

DVB
January 7, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၇ ရက် မနက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု မီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်၊ လူပေါင်း ခုနစ်ထောင် ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

RFA
RFA Burmese
2024.01.07 

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်း။ Photo: UNHC

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၇ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၈၅ဝ လောက် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo: UNHCR

လူတွေအိပ်မောကျနေချိန် မနက်အစောပိုင်း တစ်နာရီလောက်မှာ အမှတ် (၅) ဒုက္ခသည်စခန်းကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက်လေးနာရီကျော်မှာမှ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၈၅ဝ ကျော် လုံးဝမီးလောင်ပျက်စီးသွားတာကြောင့် ဒုက္ခသည်ပေါင်း ၇ဝဝဝ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကထုတ်ပြန်ပါတယ်။

Photo: AFP
ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ အိမ်သာ ရေချိုးဆောင်တွေ အပါအဝင် ဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ အဆောက်အဦပေါင်း ၁၂ဝ ကျော်အပြင် မီးသွယ်တန်းထားပေးတဲ့ ဆိုလာပြားတွေလည်း မီး ထဲပါသွားတယ်လို့ ဆိုပါတယ်။

ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က "ဒုက္ခသည်တွေအားလုံး လက်ရှိတော့ မီးလောင်ပြင်မှာပဲ နေ နေ တယ်။ တချို့ကတော့ အနီးနားမှာရှိတဲ့ ဒုက္ခသည်စခန်းက ဆွေမျိုးတွေအိမ်မှာနေနေကြတယ်။ အခုတော့ သူတို့မှာ အမိုးအကာမရှိ၊ စားစရာလည်းမရှိ၊ ဆန်ရရင်တောင် ချက်စရာမရှိတော့ဘူး" လို့ RFA ကိုပြောပါတယ်။
Photo: Citizen Journalist
ကနဦးသတင်းတွေအရ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့သူမရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေသန်းနဲ့ချီနေနေတဲ့ ကော့ဘဇားက ဒုက္ခသည်စခန်းဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာတဲအိမ်တွေကြား အစုလိုက်အပြုံလိုက်နေနေရတာကြောင့် မကြာခဏမီးလောင်လေ့ရှိပါတယ်။

Link: Here

Wednesday, January 3, 2024

ရိုဟင်ဂျာဒုက္ခသည်တွေ စားနပ်ရိက္ခာကူညီရေး WFP တိုးမြှင့် ဆောင်ရွက်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၃ ဇန်နဝါရီ၊ ၂၀၂၄ 

Cox's Bazar က ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာအိမ်ရှင်မတဦး။ ( ဇူလိုင် ၂၂၊ ၂၀၂၃) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုစားနပ်ရိက္ခာအကူအညီပြန်ပေးနိုင်ဖို့ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က တိုးမြှင့်ဆောင်ရွက်နေပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲ ဘက် ပြောရေးဆိုခွင့်ရှိသူ မစ္စ ရှီရင် ယာဆင်း (Shirin Yaseen) က အင်္ဂါနေ့က ပြောပါတယ်။

Tuesday, January 2, 2024

ရိုဟင်ဂျာတွေအတွက် လစဉ်ထောက်ပံ့ငွေကို ၁ဝ ဒေါ်လာအ ထိ ကုလသမဂ္ဂတိုးမြှင့်

RFA
RFA Burmese
2024.01.02 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအတွင်း ပေးဝေသော အစားအသောက်များအား ရယူရန် စောင့်ဆိုင်းနေကြသည့် လူအုပ်ထဲမှ ရိုဟင်ဂျာကလေးငယ်တစ်ဦးအား ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
  Photo: AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေး နေတဲ့ လစဉ်ထောက်ပံ့ငွေကို ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး အမေရိကန် ၁ဝ ဒေါ်လာအထိ တိုးမြှင့်လိုက် ပေးလိုက်ပါတယ်။

Wednesday, December 27, 2023

ရိုဟင်ဂျာ ၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၁ ဦးတို့ကို လူမှောင်ခိုကူးမှု ဖြင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ ဖမ်းဆီး

DVB
December 27, 2023

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်ဆီကို ရိုဟင်ဂျာဒုက္ခသည်တွေ လူမှောင်ခိုကူးခံရ တာနဲ့ ပတ်သက်လို့ သံသယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက်နဲ့ ရိုဟင်ဂျာတယောက်တို့ကို ဖမ်းဆီးထား တယ် လို့ ဒီဇင်ဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Tuesday, December 26, 2023

ရိုဟင်ဂျာ နေရပ်ပြန်ရေး ဩစတြေးလျက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်း ကူညီမည်

DVB
December 26, 2023

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် ဩစတြေးလျအစိုးရ က ဘင်္ဂလားဒေ့ရှ်အစိုးရကို ဒေါ်လာ ၂၃၅ သန်း ကူညီသွားမယ်လို့ ဩစတြေးလျသံအမတ်ကြီးက ပြောပါတယ်။

တာဝန်ကနေ ပြောင်းရွှေ့တော့မယ့် ဩစတြေးလျသံအမတ်ကြီး ဂျရမီဘူဝါက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ခ် ဟာစီနာကို ဒါကာမြို့က သူနေထိုင်ရာ ဂါနာဘာဘန်ရိပ်သာမှာ နှုတ်ဆက်တဲ့အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ သွား ရောက်တွေ့ဆုံစဉ် အခုလို ကတိပေးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် BSS သတင်းက ဆိုပါတယ်။

Thursday, December 21, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ လူကုန်ကူးခံ ရမှု ပိုများလာ

DVB
December 20, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့ ရိက္ခာငွေတွေ လျှော့ချခံလိုက်ရလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကာ လူကုန်ကူးခံရသူ ပိုမိုများပြား လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

Wednesday, December 13, 2023

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်က စစ်ကောင်စီတပ်စခန်း ကြီးအချို့ကို AA သိမ်းပိုက်

RFA
RFA Burmese
2023.12.13 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီ၏တရွန်အိုင်ဗျူဟာကုန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) မှ သိမ်းပိုက်ခဲ့စဉ်။ AA Info Desk 
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလဟာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာ တစ်လပြည့်ခဲ့ပါပြီ။

ဒီတစ်လတာအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ် စပ်တွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နယ်စပ်အနီးက စစ်ကောင်စီအတွက် အရေးပါတဲ့ တရွန်အိုင်၊ နှုံးဘူး၊ ဒုံးညို စတဲ့ တပ်စခန်းကြီးတွေကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန် ထားပါတယ်။

Monday, December 11, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၃၀၀ ကျော် အင်ဒိုနီးရှားကို ထပ် ရောက်လာ

DVB
December 11, 2023

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၃၀၀ ကျော်ကို တင်ဆောင်လာတဲ့ ပျက်စီးယိုယွင်းနေတဲ့လှေတွေ အင်ဒို နီး ရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေစီ ဒီဇင်ဘာ ၁၀ ရက်က ထပ်မံရောက်လာတယ် လို့ရိုက်တာ သတင်း မှာ ဖော်ပြပါတယ်။

Thursday, December 7, 2023

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲက သတ်ဖြတ်မှုတွေ

BBC
December 7' 2023 

ပြိုင်ဘက် လူဆိုးဂိုဏ်းတွေ မင်းမူဖို့ ကြိုးစားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ လူ ၄ ဦး သတ်ဖြတ် ခံလိုက်ရတယ်လို့ ဘင်္ဂလား ဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒုက္ခသည် စခန်းတွေထဲ လှုပ်ရှားနေကြတဲ့ ပြိုင်ဘက် အဖွဲ့ ၂ ခုကြား တိုက်ခိုက်ရာကနေ အခုလို သေ ဆုံး ခဲ့တာလို့လည်း ဆိုပါတယ်။

Wednesday, December 6, 2023

သောကပင်လယ်ဝေရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခ သည်များ

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းအတွင်း ပစ်ခတ်မှု ၄ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၆ ဒီဇင်ဘာ၊ ၂၀၂၃ 

ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းအတွင်း ရန်ဖက်လက်နက်ကိုင် အဖွဲ့ကြား ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီးသတင်းတွေကဖော်ပြပါ တယ်။ ARSA အဖွဲ့ နဲ့ RSO ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကြား မနေ့ညက ၁ နာရီလောက်ကြာ အ ပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံး၊၂ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲမှူး Shamim Hossain (ရှာမင် ဟိုဆန်) ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Thursday, November 30, 2023

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များ လာ

ဧရာဝတီ
Muktadir Rashid
30 November 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ၂၀၁၇ ခုနှစ်က စားနပ်ရိက္ခာတန်းစီနေသော ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များ / AFP

မြန်မာသို့ အလုံးအရင်းဖြင့် ပြန်ရန် မဖြစ်နိုင်လောက်အောင် မတည်ငြိမ်မှုများဖြစ်နေစဉ် ယခုနှစ် ဘင်္ဂ လားဒေ့ရှ်မှ ရိုဟင်ဂျာများကို ပြန်လည်နေရချထားမှု၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနှင့်ကနေ ဒါသို့ ပြန်လည်နေရာချထားမှု များပြားလာသော်လည်း ဒုက္ခသည် ၁ သန်းကျော် ကျန်ရှိနေဆဲဖြစ်သည်။

Saturday, November 25, 2023

ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားကိုထွက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၆ဝ နီးပါးဖမ်းဆီးခံရ

RFA
RFA Burmese
2023.11.25

အင်ဒိုနီးရှားနိုင်ငံကို ထွက်ဖို့ ကြိုးစားသည့် ရိုဟင်ဂျာ ၅၈ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကို ထွက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၈ ယောက်ကို တက္ကနပ်မြစ်ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ဖမ်း ဆီးလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */