" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 7, 2024

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇန်နဝါရီ၊ ၂၀၂၄ 

Rohingya refugees watch a fire blaze through their refugee camp at Kutupalong in Cox's Bazar district, Bangladesh, Jan. 7, 2024.

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox's Bazar ခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ်လောင်ကျွမ်း မှုကြောင့် ယာယီခိုလှုံရာ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသခံမီး သတ်ဌာနနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ Kutupalong ဒုက္ခသည်စခန်းမှာ မနေ့ ည သန်းခေါင်လောက်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် အလျှင်အမြန် မီးကူးစက် ခဲ့ရကြောင်း ဒေသခံမီးသတ်ဌာန အကြီးအကဲ Shafiqul Islam ကို ကိုးကားပြီး AP သတင်းက ဖော်ပြ ခဲ့တာပါ။

ထိခိုက်သေကျေတဲ့ သတင်းတော့ မကြားရဘူးလို့လည်း ပြောပါတယ်။ မီးလောင်မှုကြောင့် အိမ်ခြေ ၁၀၄၀ ပျက် စီးခဲ့ပြီး မီးသတ်အဖွဲ့ ၁၀ ဖွဲ့နဲ့ ၂ နာရီလောက်ကြာအောင် ငြိမ်းသတ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းအထိ မီးဆက်လက် လောင်ကျွမ်းချိန်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ဒုက္ခသည်စခန်းက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကတော့ ကိုယ့်ပစ္စည်းတွေကိုသယ်ညပီး ဘေးလွတ်ရာ အနီးအနား ကွင်းပြင်ထဲကို ထွက်ပြေးခဲ့ကြတာပါ။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကတော့ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ဆန်း စစ်နေတယ်လို့လည်း AP သတင်းဌာနကို ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */