" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 7, 2024

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် ဆုံးရှုံး

DVB
January 7, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၇ ရက် မနက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု မီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်း Camp-5 ဟာ ဇန်နဝါရီ ၇ ရက် မနက်အစောပိုင်း ၁၂ နာရီ ၅၅ မိနစ်မှာ မီးရှို့ခံခဲ့ရတာလို့ ကူတူပါလောင် ဒုက္ခသည်စခန်းက လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုဆွေယောဒုလ်ကရိမ်က ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့တာကတော့ ဘယ်အဖွဲ့စည်းရဲ့ လက်ချက်လဲဆိုတာကို အတည်မပြုနိုင်သေးဘဲ ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာန နဲ့ ရိုဟင်ဂျာပြည်သူတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့လို့ မနက် ၄ နာရီအချိန်မှသာ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမီးလောင်မှုကြောင့် ဗလီကျောင်း ၁၀ လုံး အပါအဝင် အိမ်ခြေ ၁၀၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီးမီးကူးစက် မှု မရှိအောင် အိမ်ခြေ ၃၀၀ ကျော် ဖြိုဖျက်ခဲ့ရကာ ဒဏ်ရာအနည်းငယ်ရရှိသူတချို့ရှိပေမယ့် သေဆုံးသူတော့ မရှိ ဘူးလို့ ပြောပါတယ်။

“မီးဘေးသင့်ပြည်သူတွေကိုတော့ လက်ရှိအချိန်မှာ သက်ဆိုင်ရာ NGO/INGO အဖွဲ့တွေက ကူညီထောက်ပံ့တာ တွေတော့ ပြုလုပ်ပေးနေတယ်။ ဒါပေမယ့် ဆောင်းဥတုဖြစ်တာကြောင့် အနွေးထည်၊ စောင်၊ အဝတ်အထည်တွေ၊ အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်” လို့ ကိုဆွေယောဒုလ်ကရိမ်က ပြော ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၃၁ ရက် မနက်ကလည်း ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးရှို့ခံရပြီး အမျိုးသမီး ၁ ယောက်သေဆုံးကာ၊ ၃ ယောက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည် တွေဆီကနေ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */