" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Saturday, November 25, 2023

လှေစီးပြေးမယ့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၅ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံကို ရေကြောင်းကနေ ထွက်ခွာကြမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို ဖမ်းဆီးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ စစ်လှေစီးဖို့ Tanak မြို့က ဆိပ် ကမ်းရှိရာကို ဦးတည်သွားနေတဲ့ ဒုက္ခသည်စခန်းတွေက ထွက်လာကြသူ ရိုဟင်ဂျာဒုက္ခသည် ၅၈ ယောက် ကို သောကြာနေ့က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Tuesday, November 14, 2023

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းကို EU ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

VOA
၁၄ နိုဝင်ဘာ၊ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့က ရိုဟင်ဂျာ ဒုက္ခ သည်စခန်းကို သွားရောက်ခဲ့ကြပြီး ဆက်လက်ပံ့ပိုးကူညီမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် UNB သတင်းဌာနကပြောပါတယ်။

Link : Here

Thursday, November 9, 2023

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်ဆောင်ရွက်ချက် လူ့အခွင့် အရေးအဖွဲ့တင်ပြ

RFA
2023.11.09
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ Reuters
 
လူမျိုးတုန်းသတ်ဖြတ်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အပြည်ပြည်ဆိုင်ရာမှာ တရားမျှတမှုရရှိစေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာ၀န်ရှိပေမယ့် ရိုဟင်ဂျာ တွေ အတွက် ရရှိသင့်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Wednesday, November 1, 2023

ရိုဟင်ဂျာ နေရပ်ပြန်ရေး ဆွေးနွေးနေဆဲ

VOA
ဇော်မိုးကျော်
၀၂ နိုဝင်ဘာ၊ ၂၀၂၃ 

မြန်မာပြည်ဘက်က ရောက်လာမယ့် စစ်ကောင်စီအဖွဲ့ဝင်တွေကို တွေ့ဖို့ စောင့်ဆိုင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာများ။ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဆွေးနွေးဖို့ စစ်ကောင်စီတာဝန်ရှိသူတွေဟာ အင်္ဂါနေ့ က ဘင်္ဂလားဒေ့ရှ် ကိုသွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ မူလနေရပ်ကို ပြန် လာချင်ပေမယ့် သူတို့ရဲ့တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က မလိုက်လျောသေးတာကြောင့် ပြန်ဖို့ခက်ခဲ နေ တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထား ပါ တယ်။

Tuesday, October 31, 2023

ရိုဟင်ဂျာ ၃၀၀၀ ကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်

VOM

ဒါကာ၊ အောက်တိုဘာ-၃၁-၂၀၂၃

မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့ရေးအစီအစဉ်တစိတ်တပိုင်းအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မှာ ဒုက္ခ သည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ရိုဟင်ဂျာ ၂,၈၀၀ ပြန်လက်ခံရန် စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားရောက်

DVB
October 31, 2023

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးလည်းဖြစ်၊ လူဝင်မှုကြီးကြပ် ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစောနိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ နေ ရပ်စွန့်ခွာသွားတဲ့ ရိုဟင်ဂျာ ၂,၈၀၀ ပြန်လည်လက်ခံဖို့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို သွားရောက်နေတယ်လို့ ပြန်လည်လက်ခံရေး တာဝန်ရှိတွေထံက သိရပါတယ်။

ရိုဟင်ဂျာတွေ ပြန်လက်ခံရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေ

RFA
RFA Burmese
2023.10.31

ရိုဟင်ဂျာများ နေရပ်ပြန်ဖို့ ဆွေးနွေးရေး ဘင်္ဂလားဒေရှ့် နယ်စပ် တက္ကနပ်မြို့သို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အား တွေ့ရစဉ်။ AFP 

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဟာ အောက်တိုဘာလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ (Teknaf) ကို ရောက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။

Friday, October 20, 2023

အကူအညီတွေ ပိုမိုရရှိဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေတောင်းဆို

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.19

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ REUTERS

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က အမေရိကန် အစိုးရရဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း အများစုရှိနေတဲ့ ကော့ဘဇားမြို့ကို သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အေဂျင်စီတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အချို့နဲ့ တွေ့ဆုံခဲ့ချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အစားအသောက် အကူအညီတွေ တိုးပေးဖို့ တောင်း ဆိုခဲ့ကြတယ်လို့ RFA ရဲ့ ညီနောင် သတင်းဌာန Benar News က သတင်းဖော်ပြပါတယ်။

Wednesday, October 18, 2023

ရိုဟင်ဂျာတွေအတွက် ဗြိတိန်က ပေါင် ၄ သန်းခွဲ ထပ်မံ ထောက်ပံ့

BBC
ဘီဘီစီမြန်မာပိုင်း
၁၈ အောက်တိုဘာ ၂၀၂၃ 

ဘင်္ဂလားဒေ့်ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေအတွက် ပေါင် ၄ သန်းခွဲ ( ‌အမေရိကန် ဒေါ် လာ၅ သန်း ခွဲ)  ကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် ဗြိတိန်အစိုးရ က ထောက်ပံ့ကူညီ သွား မယ်လို့ မနေ့အောက်တိုဘာ ၁၇ ရက်က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာအကူအညီ‌ပေးရေး ‌အဖွဲ့ UNHCR ရဲ့ ညီလာခံမှာ ယူကေအစိုးရရဲ့ အင်ဒို - ပစိဖိတ် ဝန်ကြီး အန်နီမာရီ ကပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၅ သန်းခွဲ ဗြိတိန် ထောက်ပံ့ မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၇ အောက်တိုဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင်ငွေ ၄ သန်းခွဲ (အမေရိကန်ဒေါ်လာ ၅ သန်းခွဲ) နောက်ထပ် ထောက်ပံ့မယ့်အကြောင်း ဗြိတိန်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ဘေး ကင်းလုံခြုံပြီး၊ ကိုယ့်သဘောဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာအ ရေး ရေရှည်အဖြေရဖို့ သန္နိဓာန်ချထားကြောင်းလည်း ဗြိတိန်အစိုးရရဲ့ အင်ဒိုပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်သေး ခင် မှာ လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက် ပေးအပ်သွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Monday, October 16, 2023

မောင်‌တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ နှစ်ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.10.16

ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ ရခိုင်နေ့စဉ် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မောင်တောမြို့နယ်ကို ပြန်လည်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကိုအောက် တိုဘာလ ၁၅ ရက်နေ့က သက္ကယ်ပြင်ရွာအနီး ဆင်ကြီးချောင်းတံတားထိပ်မှာ ဖမ်းဆီးရမိတယ်လို့ရခိုင် ပြည်နယ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ ရခိုင်နေ့စဥ်က ရေးသားဖော်ပြထားပါတယ်။

Sunday, October 8, 2023

ရိုဟင်ဂျာတွေကို ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ပို့ဖို့ ဂျပန်တောင်း ဆို

RFA
RFA Burmese
2023.10.08 

ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် UNB Photo

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဂျပန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံရာမှာ တောင်းဆို လိုက်တာပါ။

Friday, October 6, 2023

နူကလီးယား လောင်စာဆီ လွှဲပြောင်းခြင်း အခမ်းအနား

Daily Jagaran
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊

ရုရှားအာဏာပိုင်များသည် Rooppur နျူကလီးယားဓာတ်အားပေးစက်ရုံအတွက် ပထမဆုံး ယူရေ နီယံကို ကြာသပတေးနေ့တွင် လွှဲပြောင်းပေးမည်ဖြစ်သည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Rafael Grossi တို့သည် အဆိုပါ အခမ်းအနားတွင် ပါဝင်မည်ဖြစ်သည်။

ယင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်တွင် ၃၃ ခုမြောက် နျူကလီးယားစွမ်းအင် အသုံးပြုသူ ဖြစ်လာမည်ဖြစ်သည်။ စက်တင်ဘာလတွင် Rooppur စင်တာမှနျူကလီးယားစွမ်းအင်ကို ရရှိနိုင်မည် ဖြစ်သည်။ စင်တာဆောက်လုပ်မှုကြောင့် Pabna ခရိုင် Ishwardi ရှိ Ruppur ၏မျက်နှာသည် ပြောင်း လဲသွားသည်။

ရုရှားအကူအညီဖြင့် တည်ဆောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နျူကလီးယားဓါတ်အားပေးစက်ရုံ ယူရေနီယံလောင်စာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

Narinjara
ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၃ 

ရုရှားအကူအညီဖြင့် တည်ဆောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံး နျူးကလီးယား စွမ်းအင် သုံး ဓါတ်အားပေးစက်ရုံအတွက် ယူရေနီယံလောင်စာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့က အဆိုပါ ဓါတ်အားပေးစက်ရုံတွင် ကျင်းပခဲ့သည်။

Wednesday, October 4, 2023

အူခီးယာဒုက္ခသည်စခန်းတွင်ARSA နှင့် RSOကြား တိုက်ခိုက် မှုများ ဖြစ်ပြီး ARSA ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး

DMG
October 5 2023

ပုံစာ - ၂၀၂၂ ခုနှစ် ဧပြီလက အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုဖိုင်တွင်တွေ့ရသော ARSA တပ်ဖွဲ့ဝင်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ အူခီးယာဒုက္ခသည်စခန်းတွင် ယနေ့ အောက်တိုဘာလ ၄ ရက် အစောပိုင်းက ARSA နှင့် RSO အဖွဲ့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေလီစတားသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 

သေဆုံးသူများမှာ အသက် ၃၂ နှစ်အရွယ် ယူဆွတ်ခေါ် ချာမိုင်ယာယူဆွတ်နှင့် ၁၅ နှစ်အရွယ် အာရာဖက်ဟိုဆိန်း တို့ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

Monday, September 25, 2023

ဘင်္ဂလားဒေ့ရှ်သမ္မတ နိုင်ငံတကာကို ရိုဟင်ဂျာအရေး အကူ အညီတောင်းခံ

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
၂၅ စက်တင်ဘာ၊ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်နေတဲ့ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာက ဝိုင်းဝန်းကူညီဖြေရှင်း ပေး ကြပါလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတက တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

. Link : Here

Sunday, September 24, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို

RFA
RFA Burmese
2023.09.23

နယူးယောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ။ UN 

ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသ တွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့တိုင်းပြည်ကို ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆန္ဒရှိကြ တဲ့အတွက် သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

Saturday, September 23, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာအခြေနေ မြန်မာထက်ပိုဆိုးနေ (YCR အစီရင်ခံစာ)

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၃ စက်တင်ဘာ၊ ၂၀၂၃

Around 6,000 Rohingya refugees gathered in Cox’s Bazar, Bangladesh, on the sixth International Rohingya Genocide Remembrance Day, to demand and pray for their refugee rights. (Md. Jamal/VOA)
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာတွေဟာ မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေထက်ပိုခက် ခဲနေတယ်လို့ ပြီးခဲ့တဲ့ တနှစ်အတွင်း ဒုက္ခသည် ရာနဲ့ချီကို တွေ့ဆုံမေးမြန်းပြီး ရိုဟင်ဂျာလူငယ်ကွန်ဂရက် (YCR) က သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလား ဒေ့ရှ် ဘက်မှာ ဘယ်လို ကြုံတွေ့နေရပါသလဲ။သုတေသန တွေ့ရှိချက်ကို အွန်လိုင်းကနေ ထုတ်ပြန်ခဲ့တဲ့ပွဲမှာ တက်ရောက် သတင်းယူခဲ့တဲ့ ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။

Thursday, September 21, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

ဧရာဝတီ
21 September 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အူကီယာမြို့ရှိ ဘာလုခါလီဒုက္ခသည်စခန်းတာဝန်ခံ မွတ်စလင် ခေါင်းဆောင်တဦး စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက သတ်ဖြတ်ခံရမှုမှာ ARSA အဖွဲ့၏ လက် ချက်ဖြစ်ကြောင်း မွတ်စလင်အသိုင်း အဝန်းက ဆိုသည်။

မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်၀င်လာတဲ့ ရိုဟင်ဂျာ တချို့ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.09.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာချိန် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာအချို့အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ ရခိုင်နေ့စဉ် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ပြန်လည်ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ ငါးဦးကို စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ နယ်မြေခံ နယ်ခြား စောင့် ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */