" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 11, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၃၀၀ ကျော် အင်ဒိုနီးရှားကို ထပ် ရောက်လာ

DVB
December 11, 2023

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၃၀၀ ကျော်ကို တင်ဆောင်လာတဲ့ ပျက်စီးယိုယွင်းနေတဲ့လှေတွေ အင်ဒို နီး ရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေစီ ဒီဇင်ဘာ ၁၀ ရက်က ထပ်မံရောက်လာတယ် လို့ရိုက်တာ သတင်း မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ စက်လှေ တစီးနဲ့ ၁၃၅ ယောက်ပါတဲ့ စက်လှေတစီးတို့ဟာရှေ့ ဆင့် နောက် ဆင့် ဆိုသလို ရောက်ရှိလာတာပါ။

သူတို့ စက်လှေတွေ ၇ ရက်လောက် ပင်လယ်ထဲမှာ မျောနေခဲ့ကာ စားစရာနဲ့ရေပြတ်သွားတာ ကြောင့် ကလေးငယ်တွေလည်း နေမကောင်းဖြစ်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည် အဗ္ဗဒူဟာမစ် က ပြောပါ တယ်။

"ကျနော်တို့ကို ခေါ်လာတဲ့ပွဲစားက စားစရာ၊ သောက်စရာတွေ မပေးဘဲ ကျနော်တို့ကို ဒီအတိုင်း ထားခဲ့ တာ ၇ ရက်လောက်ရှိနေပြီ။ ကလေးတွေကဆာပြီးငိုကြ၊ နေမကောင်းတွေ ဖြစ်ကြပေါ့။”

ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ အင်ဒိုနီးရှားအထိရောက်ဖို့ ဘင်္ဂလားဒေ့ရှ်တာကာငွေ ၃၀နဲ့ မလေး ရှား ရင်းဂစ်ငွေ ၁၃၀၀ လောက် ပေးခဲ့ရတယ်လို့လည်း အဗ္ဗဒူဟာမစ်က ပြောပါတယ်။

လှေအများစု ဆိုက်ကပ်တဲ့ အင်ဒိုနီးရှားအနောက်ဘက်စွန်းဒေသဖြစ်တဲ့ အာချေးမှာ ဒေသခံတွေက ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို လက်ခံမထားဘဲ ပြန်မောင်းထုတ်ဖို့ ပြောနေတဲ့ကြားက ရိုဟင်ဂျာ တွေ ထပ်မံ ရောက်လာတာပါ။

ရွာခံတွေက ရိုဟင်ဂျာတွေကို ဒီမှာမထားဘဲ တခြားနေရာရွှေ့ပေးဖို့ UNHCR ကို တောင်းဆိုထားကြ ပြီး အရင်ကလည်း ဒီဒုက္ခသည်တွေဟာ သူတို့ကိုထားထားတဲ့ နေရာကနေ  ထွက်ပြီးပတ်ဝန်းကျင် အ သိုက် အဝန်းကို ဒုက္ခပေးခဲ့တဲ့ အတွေ့အကြုံတွေရှိထားလို့ သူတို့က လက်မခံချင်ကြဘူးလို့ ဒေ သခံ အင် ဒိုနီးရှား အရာရှိ ဖာရာက ပြောပါတယ်။

ရွာလူကြီး ရီဇလယ်ဖစ်တရီက "ပီဒီခရိုင်ထဲက ကျနော်တို့ရဲ့ ဘလန်းရာယာရွာမှာ ချမှတ်ထားတဲ့ စည်း ကမ်းအရ ဒီကလူတွေက ရိုဟင်ဂျာတွေကို လက်မခံဖို့ဆုံးဖြတ်ထားတယ်။ မနေ့ညကဆို ရင် လည်း ကျ နော်တို့ ဒီက ကမ်းရိုးတန်းတလျှောက်မှာ အစောင့်တွေချထားတယ်။ အစောင့်တွေကို ပြန်လွှတ်ပြီး ည ၁ နာရီခွဲလောက်လည်း ကျရော ကျနော်တို့မသိလိုက်ဘဲ သူတို့က ဒီမှာ ရောက် နေကြပြီ” လို့ ပြောပါ တယ်။

ရိုဟင်ဂျာတွေ ဒီကနေ ချက်ချင်း ထွက်သွားဖို့ပါပဲ၊ သူတို့ကို UNHCR ကလူတွေဘယ်ကိုပဲခေါ် သွား သွား ဒီမှာရှိမနေတော့ရင် ပြီးတာပါလို့လည်း ရွာလူကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိခိုလှုံလာနေတဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ဟာလည်းတဖြေးဖြေတိုး လာ နေ တာ ကြောင့် သူတို့ဆိုက်ရောက်ခဲ့တဲ့ ပီဒီခရိုင်ကဒေသခံတွေက ရိုဟင်ဂျာတွေကို လက်မခံလိုကြ တာ ဖြစ် ပါတယ်။

ဒေသခံ ဟက်စ်မာဒီကဒါဖီက “၂၀၁၅ ခုနှစ်တုန်းကလည်း သူတို့တွေ ရောက်လာခဲ့ဖူးတယ်။ အဲဒီ တုန်း က သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ လက်ခံထားပေးခဲ့တယ်။ အဲဒါကို သူတို့က ကောင်း ကောင်း မနေ ဘဲ သူတို့ကို ထားတဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးပြီး ပတ်ဝန်းကျင် လူ့အ သိုင်းအဝိုင်းကို ဒုက္ခ ပေးခဲ့ကြတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေတုန်းကလည်း ရိုဟင်ဂျာ ၃၅၀ လောက် အင်ဒိုနီးရှားကို ရောက်လာပြီး နိုဝင်ဘာလကတည်းကဆိုရင် ရိုဟင်ဂျာ အယောက် ၁၂၀၀ ဟာ အင်ဒိုနီးရှားကမ်း ပေါ် ရောက်လာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

UNHCR ကိုယ်စားလှယ် အန်းမေမန်းက“ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဒီကဒေသခံတွေ ဘာ ကို မကြိုက်ကြတာလဲဆိုတာကို ကျမတို့သေချာ ဆွေးနွေးပြီး အဖြေရှာပါဦးမယ်။ နိုဝင်ဘာလ ၁၄ ရက် နေ့က လှေတစ်စီးနဲ့ ရိုဟင်ဂျာတွေ ပီဒီကို ရောက်လာကြတော့ သူတို့မလိုလားတာနဲ့ဘီရွန်း ကိုပို့ဘီရွန်း ကလည်း လက်မခံချင်ကြတာကို တွေ့ရတော့ အဲဒီကနေ ဆာဘန်းကို ထပ်ပြောင်းပေး ရတယ်။ အရင် က ဆိုရင် အဲဒီလို မနှစ်မျို့တဲ့ လက္ခဏာတွေ မတွေ့ရဘူး။ အဲဒါကြောင့် ဒီကဒေသခံ တွေနဲ့တွေ့ဆုံစကား ပြောကြည့်ပြီး သူတို့ ဘာကို မကြိုက်ကြတာလဲဆိုတာကို နားလည်အောင် ကြိုးစားကြည့်ချင်တယ်။ ဒီ ကိစ္စဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး မဟုတ်သေးတာကြောင့် ထိန်းသိမ်းစီမံလို့ ရနိုင်မယ်ထင် ပါ တယ်" လို့ ပြောပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း မကြာသေးမီက လှေစီးဝင်ရောက်မှု တိုးမြင့်လာတဲ့ နောက် ကွယ် မှာ လူကုန်ကူးမှုရှိတယ်လို့ သံသယရှိပြီး ဒီပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာအဖွဲ့ အစည်း တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ကတိပြုခဲ့တယ်လို့လည်း သောကြာနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဉ်နိုဝင်ဘာလ ကနေ ဧပြီလ အတွင်း ပင်လယ်ပြင်တွေ ငြိမ်သက်လာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဆီ သစ်သားလှေတွေနဲ့ ထွက်ခွာကြလေ့ ရှိပါတယ်။

Photo - Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */