VOA
ဗွီအိုအေ (မြန်မာဌာန)
၀၆ ဒီဇင်ဘာ၊ ၂၀၂၃
ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းအတွင်း ရန်ဖက်လက်နက်ကိုင် အဖွဲ့ကြား ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီးသတင်းတွေကဖော်ပြပါ တယ်။ ARSA အဖွဲ့ နဲ့ RSO ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကြား မနေ့ညက ၁ နာရီလောက်ကြာ အ ပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံး၊၂ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲမှူး Shamim Hossain (ရှာမင် ဟိုဆန်) ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ARSA နဲ့ RSO အဖွဲ့တွေဖက်က တစုံတရာ မပြောပေမဲ့ ရန်ဘက်ရိုဟင်ဂျာ အ ဖွဲ့ ၂ဖွဲ့ကြား ဒုက္ခသည်စခန်းတွေထဲမှာ မကြာခဏ ပစ်ခတ်မှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။ ARSAအ ဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ မကြာသေးခင်ကစ နှိမ်နင်းလာချိန်မှာပဲ RSO အဖွဲ့နဲ့လည်း ထိပ် တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ တိုက်ခိုက်မှု တွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ဒီနှစ်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၆၀ ကျော် သေဆုံးခဲ့ ရ တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။
Link : Here
Link : Here

No comments:
Post a Comment