" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 27, 2023

ရိုဟင်ဂျာ ၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၁ ဦးတို့ကို လူမှောင်ခိုကူးမှု ဖြင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ ဖမ်းဆီး

DVB
December 27, 2023

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်ဆီကို ရိုဟင်ဂျာဒုက္ခသည်တွေ လူမှောင်ခိုကူးခံရ တာနဲ့ ပတ်သက်လို့ သံသယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက်နဲ့ ရိုဟင်ဂျာတယောက်တို့ကို ဖမ်းဆီးထား တယ် လို့ ဒီဇင်ဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သံသယရှိသူ ဒီပုဂ္ဂိုလ် ၂ ဦးဟာ ဒီဇင်ဘာလ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေကနေ ရိုဟင် ဂျာ ၄၀၀ ထက်မနည်းကို လူမှောင်ခိုကူးမှုအတွက် တာဝန်ရှိတဲ့ စက်လှေသမားတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြော ကြားခဲ့ပြီး သူတို့ဟာ အင်ဒိုနီးရှားကမ်းရိုးတန်းကို ဆိုက်ရောက်လာခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဖမ်းဆီးခံခဲ့ရ တာပါ။

အာချေးပြည်နယ် ရဲအရာရှိ ဖာဒီလာအာဒိတယာ ပရာတာမာက “ရိုဟင်ဂျာဒုက္ခသည်တွေဟာ အကူအညီမဲ့နေ တာမျိုး မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ကနေ အင်ဒိုနီးရှားကို ရည်ရွယ်ချက်ရှိရှိ ခိုးသွင်းတာဖြစ်ပြီး ဒါဟာ သူတို့တွေ့ရှိ ရတဲ့ ရာဇဝတ်မှုဖြစ်ကြောင်း အတည်ပြုလို့ရတယ်” လို့ ဆိုပါတယ်။

အစောပိုင်းမှာ ဖမ်းမိခဲ့တဲ့ တရားခံတွေဆီကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ် က နေ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေ ပို့ဆောင်ပေးနိုင်ရင် တာကာငွေ ၇၀,၀၀၀ ဒါမှမဟုတ် ၆၃၆ ဒေါ်လာ ပေးချေရ မယ် လို့ ကတိရှိထားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလကစလို့ အင်ဒိုနီးရှားမှာ ရိုဟင်ဂျာ ၁,၂၀၀ ကျော် ဆိုက်ရောက်လာခဲ့တယ်လို့ကုလသမဂ္ဂဒုက္ခသည်များ ဆိုင် ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေကို အင်ဒိုနီးရှားမှာ ဒေသခံတွေက လက်မခံလိုဘဲ ရန်လိုမှုတွေနဲ့လည်းကြုံတွေ့နေ ရ သလို အာချေးကမ်းခြေတွေဆီကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် စက်လှေတွေ အရေအတွက် ထပ်တိုးလာ နေတာတွေကိုလည်း စိတ်ပျက်နေကြပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */