" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 7, 2024

ကူတုပါလောင် စခန်းမှာ မီးလောင်

BBC
၂၀၂၄ ဇန္နဝါရီလ(ရ)ရက်။

ဒုက္ခသည် လေးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

ကောက်ဆက်ဘဇားက ကူတူးပလောင် ဒုက္ခသည်စခန်းမှာ မီးလောင်လို့ ရိုဟင်ဂျာ ဒုက္ခသည် လေးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

အနည်းဆုံး တဲအိမ် ခုနစ်ရာ လုံးဝ လောင်ကျွမ်းသွားပြီး စာသင်ကျောင်း ငါးကျောင်းပါ မီးလောင်သွားတယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မီဇန်နူရ် ရာမန်က ပြောပါတယ်။

အသေအပျောက် ရှိတယ် မကြားရသလို မီးကို လုံးဝ ထိန်းချုပ်နိုင်ပြီလည်း ဖြစ်ပါတယ်။

မီးလောင်တဲ့ အကြောင်းရင်းကိုတော့ စုံစမ်းဆဲ ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ ရာသီမှာ ရိုဟင်ဂျာ စခန်းတွေမှာ မီးလောင့်လေ့ ရှိပေမယ့် ပြိုင်ဘက်အုပ်စုတွေကြား ဆူပူမှုတွေ က နေ မီးလောင်တာတွေလည်း ဖြစ်တတ်ပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */