" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Thursday, May 21, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ဆန္ဒပြ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | မေးမြန်းခန်း
2016-05-21

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ် ဘဇား Cox’s Bazar ခရိုင်ရှိ Nayapara နရာပယာ ဒုက္ခသည်စခန်းမှာ မြန်မာ နိုင် ငံ ရခိုင်ပြည်နယ်က သွားရောက်ခိုလှုံနေတဲ့ ရိုဟင်ဂျာမူစလင်တွေ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။

Friday, May 15, 2020

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိ

မဇ္ဈိမ
မေ ၁၅ ၂၀၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကို ပထမဆုံး အကြိမ် စတင်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းမှာ ပထမဆုံး COVID-19 ကူးစက်သူတွေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 မေ၊ 2020
ရိုဟင်ဂျာစခန်းတခု

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ပထမဆုံး COVID-19 ရောဂါကူးစက်မှု ကိုတွေ့ ရှိရတာဟာ စိုးရိမ် ချောက်ချားဖွယ် အခြေအနေတစ်ရပ်ကို အစပျိုးလိုက်တာဖြစ်လို့ နောက်ထပ်ရောဂါ မပျံ့ ပွားရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြင်ဆင်မှု တွေ အလျှင်အမြန် လုပ်ပေးဖို့ Refugees International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Friday, May 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွား နိုင်ခြေများနေ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-07
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့အချိန်အတောအတွင်း ထိခိုက်အလွယ်ဆုံး လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသင့်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီ စီမြို့တော်မှာ မနေ့က အင်တာနက်တာနက်ကတဆင့်ကျင်းပခဲ့ပြီး အဲဒီမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

Tuesday, May 5, 2020

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ကာတာ လခြမ်းနီအသင်း ကူညီ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-05-05

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ QRCS ကာတာလခြမ်းနီအသင်းဟာ ဒုက္ခသည်စခန်းတွေက ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန်ကူးစက်မခံရသူတွေကို သီးခြားခွဲထားဖို့ ကနဦးအားဖြင့် ဒေါ်လာ ၆ သောင်းခွဲ ကုန်ကျမယ့် ကုတင် ၅၀ ဆန့် အဆောက်အဦးတည်ဆောက်မယ်လို့ သတင်းရရှိပါတယ်။

Sunday, May 3, 2020

ပင်လယ်ထဲမှာ မျောနေတဲ့ ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ် ကယ်တင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 မေ၊ 2020
၂၀၁၂ ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းသည့် လှေစီးပြေး ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ကယ်ဆယ်နေသည့် မြင်ကွင်း။ (ဇွန် ၁၈၊ ၂၀၁၂)
 
 မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားခဲ့ကြပြီးနောက် ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောနေကြတဲ့သူတွေလို့ ယူ ဆရတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေ ၂ စင်းဟာ စနေနေ့မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ဆိုက်ကပ်ခဲ့တယ်လို့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သ တင်းမှာ ဖော်ပြထားပါတယ်။

Thursday, February 27, 2020

ဒုက္ခသည်များအား ရေလျှံတတ်သည့် ကျွန်းသို့ ပို့မည့် အစီအစဉ် ဘင်္ဂလားဒေ့ရှ် ပြန်သုံးသပ်နေ

မြန်မာတိုင်းမ်နေ့စဉ်
အေပီ
27 FEB 2020
ကော့စ်ဘဇားနားရှိ ဒုက္ခသည်စခန်းတစ်ခု။ အီးပီအေ

ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှ စက်လှေဖြင့် နာရီပေါင်းများစွာသွားရပြီး ရေကြီးရေလျှံမှုလည်း မကြာခဏရှိတတ်သည့် ကျွန်းတစ်ကျွန်းသို့ ဘင်္ဂါလီဒုက္ခသည်များကို နေရာရွှေ့ပြောင်းပေးရေး အစီအစဉ်ကို ပြန်လည်သုံးသပ်နေကြောင်း ဘင်္ဂလားဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့် လူမှုကယ်ဆယ်ရေး အငယ်တန်းဝန်ကြီး အဲ နာမူ ရာမန်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။

Wednesday, January 22, 2020

ရိုဟင်ဂျာကလေးပညာရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကို AI တိုက်တွန်း

VOA
ဗွီအိုအေ( မြန်မာပိုင်း)
22 ဇန္နဝါရီ၊ 2020
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာရေးအကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။

Tuesday, January 14, 2020

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် စုံစမ်းရေးခရီးထွက်မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2020 
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ တာဝန်သက်တမ်း မကုန်ဆုံးခင်နောက် ဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို ဒီသီတင်းပတ်ကစလို့ သီတင်းတပတ်ကြာ သွား ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ဆက်လက် ငြင်းပယ်ခံထားရတဲ့အတွက် အိမ်နီးချင်း နိုင်ငံတွေကို မနက်ဖြန် ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သွားရောက်ပြီး အချက်အလက် စု ဆောင်းမှုတွေနဲ့ သက် ဆိုင်သူတွေကို တွေ့ဆုံမှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ သတင်းထုတ်ပြန် ခဲ့တာပါ။

Friday, November 8, 2019

IORA ဝင်ဖို့ မြန်မာလျှောက်ထားမှု ဘင်္ဂလားကန့်ကွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2019 
IORA အမှတ်တံဆိပ်
 
 အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံ ပါဝင်တဲ့ IORA အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ပါ တယ်။

Thursday, November 7, 2019

လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန် သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 နိုဝင်ဘာ၊ 2019
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊၂၀၁၈)
 
ဘင်္ဂလားဒေ့ရှ် အစိုးရက လူမှောင်ခိုမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ဘူး ဆို ရင် အမေရိကန်က အကူအညီ အထောက်အပံ့တွေ ဖြတ်တောက်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

Thursday, October 31, 2019

ဘက်မလိုက် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောစကားကို မြန်မာ ကန့်ကွက်

ဧရာဝတီ
 By ဧရာဝတီ
30 October 2019
ကော့စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတခုအတွင်း ရိက္ခာတန်းစီနေကြစဉ် / Reuter
 
ရခိုင်ပြည်နယ်ပြဿနာကို လူမျိုးစုသုတ်သင်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဘာကူးတွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု (NAM) ဝန်ကြီးအဆင့်အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြားခဲ့ခြင်း ကို နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ကန့်ကွက်လိုက်သည်။

Saturday, October 26, 2019

ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင် ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂ လားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၏ သုံးနှုန်းပြောကြားချက်ကို မြန်မာကန့်ကွက်

ELEVEN
26 October 2019
မင်းနိုင်စိုး
Politics
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေမှုကို တွေ့ရစဉ် (Photo: MOFA)

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ် ဖြတ် ခြင်းဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ သုံးနှုန်းပြောကြားချက်အား ပြင်းပြင်းထန်ထန်ကန့် ကွက် ကြောင်း  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေး ဖိနှိပ်မှုပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ ထို့ပြင် သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံ ဖော်နေကြသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေ ခြင်းလည်း မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

Wednesday, October 23, 2019

ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင် ကြပါဦးမလား

Frontier
MYANMAR
Wednesday, October 23, 2019
စည်သူအောင်မြင့် ရေးသားသည်။


ဒုက္ခသည်တွေ နေရပ်ကိုဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးမှာ အပြုသဘောဆောင်ဖြေရှင်းနည်းလိုအပ်သလို နိုင်ငံရေးကစားတာမျိုး မလုပ်ကြဖို့လည်း လိုပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်မှာ အာဆာအဖွဲ့ ARSA က အကြမ်းဖက် တိုက်ခိုက်မှု လုပ်ခဲ့တာ ၃ နှစ် ပြည့်ခဲ့ပါပြီ။

Thursday, September 5, 2019

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘင်္ဂလားဒေရှ့် ဂျပန် အကူ အညီတောင်းခံ

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ဂျပန်အစိုးရက အကူအညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Shahriar Alam က ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Toshiko Abe ကို ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောက်ပေးထားတဲ့ နေအိမ်တွေရှိရာ ဘာဆန်ချား ကျွန်းကို Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ တသိန်းပြောင်းရွှေ့ရေးမှာပါ အကူညီပေးဖို ပန်ကြားလိုက်တာပါ။

Sunday, August 4, 2019

ဘင်္ဂလားဒေ့ရှ်ဟာ ခေတ်သစ်ထွက်မြောက်ရာ နယ်မြေ ဖြစ်နေဟု ဘုန်းတော်ကြီးမောင်ဘိုပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားက ရိုဟင်ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ကာဒီနယ် ချားလ်စ် ဘို ကို ၂ဝ၁၉ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: Caritas Bangladesh

အာရှကက်သလစ်သာသနာပိုင်ချုပ်များ ဖယ်ဒရေးရှင်း ဥက္ကဋ္ဌ ဖြစ်တဲ့ မြန်မာနိုင်ငံ ကက်သလစ် သာသနာပိုင်ချုပ် ဘုန်းတော်ကြီး ချားလ်မောင်ဘို ဦးဆောင်တဲ့ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ် ဆရာတော်တွေပါဝင်တဲ့ အဖွဲ့ဟာ ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွား ရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ ကက်သလစ်သတင်းဌာန Crux က မနေ့က ရေးသားလိုက်ပါတယ်။

Saturday, August 3, 2019

ဘင်္ဂလားဒေ့ရှ်ဟာ ခေတ်သစ်ထွက်မြောက်ရာ နယ်မြေ ဖြစ်နေဟု ဘုန်းတော်ကြီးမောင်ဘိုပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားက ရိုဟင်ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ကာဒီနယ် ချားလ်စ် ဘို ကို ၂ဝ၁၉ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: Caritas Bangladesh

အာရှကက်သလစ်သာသနာပိုင်ချုပ်များ ဖယ်ဒရေးရှင်း ဥက္ကဋ္ဌ ဖြစ်တဲ့ မြန်မာနိုင်ငံ ကက်သလစ် သာသနာပိုင် ချုပ် ဘုန်းတော်ကြီး ချားလ်မောင်ဘို ဦးဆောင်တဲ့ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ်ဆရာတော်တွေ ပါဝင် တဲ့ အဖွဲ့ဟာ ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ကြ ပြီး ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ ကက်သလစ် သတင်းဌာန Crux က မနေ့က ရေးသားလိုက်ပါတယ်။

Thursday, July 4, 2019

ရခိုင်ဒေသတချို့ဘင်္ဂလားဒေ့ရှ် လွှဲပေးရေးအမေရိကန် ပြော ဆိုမှု ကန့်ကွက်ရန် စဉ်းစားနေဟု ဆို

ဧရာဝတီ
By ထက်နိုင်ဇော်
4 July 2019
ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဤသို့တွေ့ရ / ဧရာဝတီ


အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင် ပြည်နယ် က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှိသို့ လွှဲပြောင်းပေးရေး လွှတ်တော် အမတ် တဦး၏ ပြောဆိုမှုကို တရားဝင် ကန့်ကွက်ရန် မြန်မာ အစိုးရက စဉ်းစားနေသည်ဟု ဆိုသည်။

Sunday, June 2, 2019

နတ်မြစ်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ငါးခိုးဖမ်း သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးဖမ်းဆီးရမိ

မြန်မာ့အလင်း
မောင်တော ဇွန် ၂

 မောင်တောမြို့၌ ဇွန် ၁ ရက်နေ့ (၂၁း၁၅) နာရီအချိန်တွင် အမှတ်(၁)ဝင်/ထွက်စခန်း(P0E)တွင် အခြေပြုနေ သော ဓညဝတီရေတပ်စခန်းဌာနချုပ် အကူရေယာဉ်အုပ်(မောင်တော)မှ ဗိုလ်ကြီး ရဲထက်အောင်၊ ငါးမန်းရေ ယာဉ် ဖြင့် ဒုတပ်ကြပ် ငြိမ်းထွန်း တို့ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မောင်နီရွာအနီး နတ်မြစ်အတွင်း လုံခြုံရေး နှင့် ပိတ်ဆို့ရေး တာဝန်ထမ်းဆောင်စဉ် ရေယာဉ်၏ (၁)မိုင်ခန့် အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ မြန်မာ နိုင်ငံဘက်ခြမ်းသို့ ဝင်ရောက် လာသည့် လှေတစ်စင်းအား ရေဒါတွင် တွေ့ရှိရသဖြင့် မီးအချက်ပြခေါ် ယူရာလာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးခဲ့ရာ မန်ကျည်းချောင်းဝအနီးတွင် အမည်မသိ စက်တပ်ငါးဖမ်းလှေ(အလျား ၂၄ပေ၊အနံ ၇ပေ၊ ရေစူး ၃ပေခန့်၊ဂီယာဘောက်တွဲလျက်၊သစ် သားကိုယ် ထည်)တစ်စင်း၊Symphony တံဆိပ် နှင့် Winster တံဆိပ်ပါ လက်ကိုင် ဖုန်း(ဆင်းကဒ်ပါ)(၂)လုံး၊၊ဘင်္ဂလား တာ ကာငွေ(၇၅)တာကာတို့အား အမျိုး သားနှစ်ဦး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။ဖမ်းဆီးရမိသူနှစ် ဦးမှာ (က)အေနာယက်တူလာ(ဘ) လာများ (၂၂)နှစ်၊ဆားပြင်မြောက်ရွာ၊တက္ကနာက်မြို့၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊(ခ)အာယာစ်(ဘ)အဒူရှူ့ (၁၈ )နှစ် ဆားပြင် ကျေးရွာအုပ်စု၊ မိစ်တရီရွာ၊တက္ကနက်မြို့၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ဖြစ်ပြီး၎င်း တို့နှစ်ဦးအား စစ်ဆေး ချက်အရ မြန်မာနိုင်ငံရေပိုင်နက်အတွင်း ငါးခိုးဖမ်းရန်အတွက် ဘင်္ဂလားဒေ့ရှ်၊ တက္က နက် မြို့နယ်၊ ရှင်ဖြူမ ကျွန်း မြောက်ရွာမှ ထွက်ခွားလာပြီး မြန်မာနိုင်ငံရေပိုင်နက် အတွင်း ပိုက်ချငါးခိုး ဖမ်း နေစဉ် ယခု ကဲ့ သို့ ဖမ်းဆီး ခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှစ်အား သက်ဆိုင်ရာနယ်မြေ ရဲစခန်းအား လွှဲပြောင်း အပ်နှံရေး စီစဉ် ဆောင် ရွက် လျှက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)
မောင်တော
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */