" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 15, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းမှာ ပထမဆုံး COVID-19 ကူးစက်သူတွေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 မေ၊ 2020
ရိုဟင်ဂျာစခန်းတခု

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ပထမဆုံး COVID-19 ရောဂါကူးစက်မှု ကိုတွေ့ ရှိရတာဟာ စိုးရိမ် ချောက်ချားဖွယ် အခြေအနေတစ်ရပ်ကို အစပျိုးလိုက်တာဖြစ်လို့ နောက်ထပ်ရောဂါ မပျံ့ ပွားရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြင်ဆင်မှု တွေ အလျှင်အမြန် လုပ်ပေးဖို့ Refugees International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းနီးပါးရှိတဲ့ အဲဒီ စခန်းတွေဟာ နယူးယောက် မြို့ကြီးထက် လူဦးရေ ပိုသိပ်သည်း သ လို ဆိုးရွားလှတဲ့ ကျန်းမာရေးနဲ့ မသန့်ရှင်းမှုစနစ် အောက်မှာ မကြာမီရောက်လာမယ့် မုတ်သုံရာသီနဲ့ ရေ ကြီးမှုတွေကြား ဗိုင်းရပ်စ်အန္တရာယ်က ကြီးထွားလာမှာဖြစ်ကြောင်းလည်း Refugees International အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းအရာရှိ Danial Sullivan က ပြောပါတယ်။



SEE ALSO:
Covid-19 ကပ်ဘေးကြောင့် ရိုဟင်ဂျာနေရပ်ပြန်ရေး အစီအစဉ် နှောင့်နှေး


ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်စခန်း တွေ မှာ တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ပိတ် ထားတာကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ကိုလည်း SULLIVAN က မေလ ၁၄ ရက်စွဲနဲ့ ကြေညာချက်မှာ ထည့် သွင်းတောင်းဆိုထားပါတယ်။ အဆက်အသွယ်တွေ ဖွင့်ပေးတာက ရောဂါ တိုက်ဖျက်ရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်း ရေး ပညာပေးနိုင်ဖို့အတွက် အခရာကျကြောင်းနဲ့ ရိုဟင်ဂျာ လူမှု အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့် ပိုပေးဖို့ လိုကြောင်းလည်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်က ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့အတူ ကျန်းမာရေး သင်တန်းတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပညာပေးလုပ်ငန်းတွေနဲ့ သီးခြားခွဲခြားထားဖို့ နေ ရာတွေ ထားရှိပေမဲ့ အခုထက်ပို အရှိန်မြှင့် လုပ်ဖို့ လိုတယ်လို့လည်း SULLIVAN က ပြောပါတယ် ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးနဲ့ စခန်းပြင်ပက လူတစ်ဦး COVID-19 ကူးစက် ခံ ရကြောင်းကို ဘင်္ဂလားဒေ့ရှ် အဆင့် မြင့် အရာရှိတစ်ဦးနဲ့ ကုလသမဂ္ဂ ပြောခွင့်ရတို့က ကြာသပတေးနေ့က အတည်ပြု ပြောကြားထားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေရာမှာ အခုအချိန်အထိ ကူးစက် မှု ပေါင်း ၁၉၀၀၀ နီးပါးရှိပြီး သေဆုံး သူ ၂၈၀ ကျော်ရှိပါတယ်။ သာမန်မြို့ကြီးတွေထက် လူနေထူထပ်တဲ့ Cox's Bazar က ဒုက္ခသည်စခန်းတွေထဲ ရောဂါကူးစက်မှုကြီးတွေ ဖြစ်ပေါ်လာနိုင်တာနဲ့ ပတ်သက်ပြီး အကူ အညီပေးရေး ဝန် ထမ်းတွေကလည်း သတိပေးထားပါတယ်။

၂၀၁၇ ခုနှစ်ထဲ မြန်မာ စစ်တပ်က ARSA ရိုဟင်ဂျာ လက်နက်ကိုင်တွေကို နယ်မြေ ရှင်းလင်းရေးလုပ်ချိန်က ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက် မခံတဲ့ မြန်မာအစိုးရကတော့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်ကို နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင် နေရချိန်မှာပဲ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ ဆောင်ရွက်ထားကြောင်း ပြောဆိုထားပြီး ပြန် လည် လက်ခံမယ်လို့လည်း ကတိပေးထားပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */