" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 14, 2020

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် စုံစမ်းရေးခရီးထွက်မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2020 
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ တာဝန်သက်တမ်း မကုန်ဆုံးခင်နောက် ဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို ဒီသီတင်းပတ်ကစလို့ သီတင်းတပတ်ကြာ သွား ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ဆက်လက် ငြင်းပယ်ခံထားရတဲ့အတွက် အိမ်နီးချင်း နိုင်ငံတွေကို မနက်ဖြန် ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သွားရောက်ပြီး အချက်အလက် စု ဆောင်းမှုတွေနဲ့ သက် ဆိုင်သူတွေကို တွေ့ဆုံမှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ သတင်းထုတ်ပြန် ခဲ့တာပါ။


လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ တဖက်သတ်ဆန်ပြီး ှမျှတမှု မရှိဘူးဆိုပြီး မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရက ဝင်ခွင့်မပေးပေမဲ့လည်း နိုင်ငံတကာ အသိုင်းအဝန်းအတွက် သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံနဲ့ ဘက်လိုက် မှုမရှိဘဲ တင်ပြနိုင်ဖို့ တတ်နိုင်သမျှ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee က ထုတ်ပြန်ချက်မှာ ပြောဆိုထားတာပါ။

သူ့တာဝန်သက်တမ်း ကုန်ဆုံးပြီး နောက်ဆုံးခရီးစဉ်အဖြစ် သွားမယ့်အချိန်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အ တွက် အရေးကြီးတဲ့ အချိန်အခါလည်း ဖြစ်နေပြီး၊ အခြေအနေတွေ တိုးတက်အောင် တတ်အားသမျှ ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ခရီးစဉ်အဆုံးသတ်အဖြစ် ရှေ့သီတင်းပတ် ကြာသပ တေးနေ့ကျရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */