" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 27, 2020

ဒုက္ခသည်များအား ရေလျှံတတ်သည့် ကျွန်းသို့ ပို့မည့် အစီအစဉ် ဘင်္ဂလားဒေ့ရှ် ပြန်သုံးသပ်နေ

မြန်မာတိုင်းမ်နေ့စဉ်
အေပီ
27 FEB 2020
ကော့စ်ဘဇားနားရှိ ဒုက္ခသည်စခန်းတစ်ခု။ အီးပီအေ

ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှ စက်လှေဖြင့် နာရီပေါင်းများစွာသွားရပြီး ရေကြီးရေလျှံမှုလည်း မကြာခဏရှိတတ်သည့် ကျွန်းတစ်ကျွန်းသို့ ဘင်္ဂါလီဒုက္ခသည်များကို နေရာရွှေ့ပြောင်းပေးရေး အစီအစဉ်ကို ပြန်လည်သုံးသပ်နေကြောင်း ဘင်္ဂလားဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့် လူမှုကယ်ဆယ်ရေး အငယ်တန်းဝန်ကြီး အဲ နာမူ ရာမန်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။
မြန်မာနယ်စပ်နား ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ အဆမတန်များပြားနေ သဖြင့် ဘင်္ဂလားပင်လယ်အော်ထဲရှိ ဗာဆန်ချားကျွန်းသို့ ဒုက္ခသည် ၁၀၀၀၀၀ ကို နေရာရွှေ့ပြောင်းရန် စီစဉ်ထားခြင်းဖြစ်သည်။ ရေကြီးရေလျှံမှုမကြာခဏဖြစ်တတ်သည့် ကျွန်းသို့ ဒုက္ခသည်များကို ရွှေ့ပြောင်းမှု ကြာင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းရှိလာနိုင်ကြောင်း လူ့အခွင့်အရေး ကျွမ်း ကျင် သူများက သတိပေးပြောဆိုခဲ့သည်။ အဆိုပါကျွန်းတွင် လူနေထိုင်ရန်သင့်မသင့်ကို သံသယဝင် မိ ကြောင်း ယမန်နှစ်တွင် လာရောက်စစ်ဆေးခဲ့သည့် ကုလကိုယ်စားလှယ်တစ်ဦးကပြောဆိုခဲ့သည်။

နောက်ဆုံးဆုံးဖြတ်ချက်မချရသေးသော်လည်း ဒုက္ခသည်များကို ရွှေ့ပြောင်းပေးရန် စိတ်မဝင်စားတော့ ကြောင်း ရာမန်က ပြောဆိုခဲ့သည်။ ယင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်များအား လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိဖြင့် နေရပ်ပြန်ပို့ပေးနိုင်ရေးကိုသာ အဓိကထားပြီး ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရေး အတွက် တရုတ်သည် မြန်မာအစိုးရနှင့် ဆွေးနွေးနေကြောင်း ၎င်းကပြောဆိုခဲ့သည်။

နယ်စပ်မြို့ ကော့စ်ဘဇားနားရှိ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ တစ် သန်းကျော် ခိုလှုံနေကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကပြောဆိုခဲ့သည်။ လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ် သည် ဒုက္ခ သည်ဦးရေ ပိုမိုများပြားလာသည့်အတွက် ဝန်နှင့်အားမမျှသလိုရှိနေပြီဖြစ်သည်။ ဒုက္ခသည် ထောင် ပေါင်းများစွာတို့အား မြန်မာသို့ သြဂုတ်တွင် ပြန်ပို့ရန် ဒုတိယအကြိမ်ပျက်ကွက်ခဲ့ပြီးနောက် ဒေသခံ များသည် ဒုက္ခသည်များအပေါ် မလိုလားသည့် လက္ခဏာများပြလာခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */