" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 8, 2019

IORA ဝင်ဖို့ မြန်မာလျှောက်ထားမှု ဘင်္ဂလားကန့်ကွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2019 
IORA အမှတ်တံဆိပ်
 
 အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံ ပါဝင်တဲ့ IORA အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ပါ တယ်။
နိုဝင်ဘာလ ၅ ရက် - ၆ ရက် မှာ UAE အာရပ်စော်ဘွားများ ပြည်ထောင်စု Abu Dhabi မှာ ကျင်းပတဲ့ IORA ကောင်စီရဲ့ CSO အကြီးတန်းအရာရှိများရဲ့ ၂၁ ကြိမ်မြောက် အစည်းအဝေး မှာ မြန်မာက အဖွဲ့ဝင်အဖြစ် ဒုတိ ယအကြိမ် ထပ်မံလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု မရှိပဲ IORA နောက်ဆုံးဆွေးနွေး ပွဲ ကျင်းပချိန်ကစပြီး အခုချိန်ထိ ဘာမှ ပြောင်းလဲမှု မရှိသေးဘူးလို့ ပြောပြီး မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်အဖြစ် ထပ်မံလျှောက်ထားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာပါ။

IORA ပဋိဉာဉ်စာတမ်း စာပိုဒ် ၂ (ဂ) အရ ပြဿနာအားလုံးအတွက် တညီတညွတ်ထဲ ဆုံးဖြတ်ရမယ့် ဥပဒေ ချ မှတ်ထားတာ ဖြစ်ပြီး အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် မြန်မာကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ငြင်းဆိုတာ ဖြစ်ပါတယ်။

၁၉ ကြိမ်မြောက် IORA ကောင်စီဝန်ကြီးများအဆင့် ဆွေးနွေးပွဲကိုလည်း ကြာသပတေးနေ့မှာပဲ ကျင်းပမှာ ဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ အလှည့်ကျ ဒုတိယ သဘာပတိအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တရားဝင် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ၂၀၁၉ အောက်တိုဘာကနေ ၂၀၂၁ အောက်တိုဘာအထိ ဒီတာဝန် ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ဒီ ၂ နှစ်သက်တမ်းအတွက် IORA ရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် UAE ကို တရားဝင် လွှဲပေးမှာလည်း ဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */