" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 4, 2019

ဘင်္ဂလားဒေ့ရှ်ဟာ ခေတ်သစ်ထွက်မြောက်ရာ နယ်မြေ ဖြစ်နေဟု ဘုန်းတော်ကြီးမောင်ဘိုပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားက ရိုဟင်ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ကာဒီနယ် ချားလ်စ် ဘို ကို ၂ဝ၁၉ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: Caritas Bangladesh

အာရှကက်သလစ်သာသနာပိုင်ချုပ်များ ဖယ်ဒရေးရှင်း ဥက္ကဋ္ဌ ဖြစ်တဲ့ မြန်မာနိုင်ငံ ကက်သလစ် သာသနာပိုင်ချုပ် ဘုန်းတော်ကြီး ချားလ်မောင်ဘို ဦးဆောင်တဲ့ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ် ဆရာတော်တွေပါဝင်တဲ့ အဖွဲ့ဟာ ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွား ရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ ကက်သလစ်သတင်းဌာန Crux က မနေ့က ရေးသားလိုက်ပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာအခြေစိုက် ကာဒီနယ်ဘုန်းတော်ကြီးရဲ့ ဖိတ်ကြားချက်အရ မြန်မာနဲ့ ဖိလစ်ပိုင် ကာဒီနယ် ဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့ သွားရောက်ခဲ့တာ ဖြစ်ကြောင်း ဘုန်းတော်ကြီး ချားလ်မောင်ဘိုရဲ့ လက်ထောက် ဆရာတော်တစ်ပါးဖြစ်တဲ့ ဖာဒါဒေါမ နစ် က RFA ကို ပြောပါတယ်။

ဒီအဖွဲ့မှာ ဖိလစ်ပိုင် မနီလာ ကက်သလစ် သာသနာပိုင်ချုပ် ဘုန်းတော်ကြီး လူးဝစ် အန်တိုနီယို တက်ဂဲလ်နဲ့ ဘင်္ဂလားဒေ့ရှ် ကက်သလစ် သာသနာပိုင်ချုပ် ပက်ထရစ် ရိုဇာရီယို ပါဝင်ပြီး ကက်သလစ်ဘုန်းတော်ကြီး အ ပါး ၄ဝ ပါဝင်တယ်လို့ သိရပါတယ်။

ဘုန်းတော်ကြီး မောင်ဘို အနေနဲ့ ဒုက္ခသည်စခန်းတွေထဲက လူတွေနဲ့ စကားပြောခွင့်ရခဲ့ပြီး သူတို့ရဲ့ဒုက္ခတွေ ကို မျှဝေခံစားခဲ့ရကြောင်း၊ ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်လိုပေမယ့် တိကျတဲ့ အာမခံချက်တွေ လိုချင်ကြကြောင်း ဘုန်းတော်ကြီး ဒီရိုဆာရီယိုက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ယနေ့ခေတ်ရဲ့ ထွက်မြောက်ရာနယ်မြေ ဖြစ်နေတာတွေ့ရကြောင်း၊ မိမိအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံကနေ ညီအစ်ကိုတစ်ယောက်အနေဖြင့် ရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံက ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံစောင့်ရှောက်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေရဲ့ နှလုံးသား ကြီးမြတ်မှုကို ကောင်းချီးပေးဖို့ ဆုတောင်းပါကြောင်း ဘုန်းတော်ကြီး ချားလ်မောင်ဘိုက သြဂုတ်လ ၁ ရက်နေ့က ဒါကာမြို့ဆုတောင်းပွဲမှာ ဟောကြားခဲ့တယ်လို့ Crux မှာ ဖော်ပြ ထားပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */