Friday, March 6, 2020

ရခိုင်မြောက်ပိုင်း-ဘင်္ဂလားနယ်ခြားက ဒုက္ခသည် နဲ့ ဒေသ ခံတွေအတွက် နောက်ထပ် ဒေါ်လာ ၅၉ သန်း ကန် ကူညီ မည်

VOA
06 မတ်၊ 2020
ဗွီအိုအေ (မြန်မာဌာန)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်များ
 
အကူအညီတွေဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာကြရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းကျော်အတွက် အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို၊ ဒေသခံ လူမှုအသိုင်းအဝိုင်း အတွက်လည်း သုံးစွဲသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဌာနက ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကြား တိုက်ပွဲ တွေကြောင့် ထိခိုက်နေသူတွေ အပါအဝင် တခြားလိုအပ်နေသူတွေအတွက် သုံးစွဲသွားမယ်လို့လည်း ပြောပါ တယ်။ အခုနောက်ဆုံး ပေးအပ်မယ့် အကူအညီအပါအဝင် အမေရိကန် ပြည်ထောင်စုက ရခိုင်ပြည်နယ်မှာ ၂၀၁၇ သြဂုတ်လမှာ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း လူသားချင်းစာနာမှု အထောက်အပံ့တွေဟာ ဒေါ်လာသန်း ၈၂၀ နီးပါး ရှိနေပါပြီ။

တချိန်တည်းမှာပဲ အတင်းအကျပ် ရွှေ့ပြောင်းခဲ့ကြရတဲ့ ဒုက္ခသည်တွေ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့လည်း မြန်မာနိုင်ငံကို ထပ်မံတိုက်တွန်းခဲ့တာပါ။ လိုအပ်နေ သူတွေအတွက် စာနာမှုအကူအညီတွေ ပေးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမ ထားပေမဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားပြီး၊ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်လာသူ ရာဂဏန်းအထိ ရှိနေကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */