" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 7, 2019

လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန် သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 နိုဝင်ဘာ၊ 2019
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊၂၀၁၈)
 
ဘင်္ဂလားဒေ့ရှ် အစိုးရက လူမှောင်ခိုမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ဘူး ဆို ရင် အမေရိကန်က အကူအညီ အထောက်အပံ့တွေ ဖြတ်တောက်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells နဲ့အတူ ဘင်္ဂ လားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ (USAID) ဒုတိယ အကြီးအကဲ Bonnie Glick က ဗွီအိုအေ ဘင်္ဂလားဒေ့ရှ် ဌာနကို ပြောဆိုလိုက်တာပါ။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနဲ့ ရလဒ်ထွက်အောင်လုပ်ဖို့ တကယ့်ကို အရေးကြီးပါတယ်။ ရလဒ်တွေကို ကျမ တို့ မတွေ့ရဘူး ဆိုရင်တော့၊ ကျမနဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတို့ ရဲ့ တာ ဝန်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးနေတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာတဝန်း လူမှောင်ခိုမှုတွေရဲ့ သားကောင်တွေကို အကာအကွယ်ပေးဖို့လည်း ကျမတို့နိုင်ငံရဲ့ ဥပဒေမှာ ပြဌာန်း ထားပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ လူမှောင်ခိုမှုတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို စောင့်ကြည့်စာရင်းမှာ ထည့်သွင်းထားတာ ၃ နှစ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်း လူမှောင်ခိုမှုဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာမှာ ဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သတ်မှတ်ထားတဲ့ အဆင့်အတန်းသတ်မှတ်ချက်ကို မမှီဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေနောက် ဆက်တွဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ လူမှောင်ခိုတွေရဲ့ သားကောင်ဖြစ်ကြရတာ သားကောင် ဖြစ်နိုင်တဲ့ အန္တရာယ်တွေ ရှိနေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ လူ့အခွင့်အ ရေး အဖွဲ့တွေကလည်း သတိပေးထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လက် ခံ ဖို့ ကတိပြုထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */