" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 5, 2019

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘင်္ဂလားဒေရှ့် ဂျပန် အကူ အညီတောင်းခံ

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ဂျပန်အစိုးရက အကူအညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Shahriar Alam က ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Toshiko Abe ကို ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောက်ပေးထားတဲ့ နေအိမ်တွေရှိရာ ဘာဆန်ချား ကျွန်းကို Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ တသိန်းပြောင်းရွှေ့ရေးမှာပါ အကူညီပေးဖို ပန်ကြားလိုက်တာပါ။
မော်လဒိုက်နိုင်ငံ မာလီမြို့မှာ စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျင်းပတဲ့ ၄ ကြိမ်မြောက် အိန္ဒိယသမု ဒ္ဒရာဒေသတွင်း ညီလာခံမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုဝန်ကြီး Alam က အခုလို ပန်ကြားခဲ့တာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေအတွက်က အခုဆို တသန်းကျော်လာနေပြီဖြစ်ပြီး သူတို့ခိုလှုံနေထိုင်ရာ စခန်းတွေရဲ့ လုံခြုံရေးကို အထူးစိုးရိမ်ကြောင်း ဒုဝန်ကြီး Alam က ပြောကြားခဲ့တာပါ။ ဒါ့ကြောင် ဒီဒုက္ခသည်တွေကို ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ပို့ရေး အတွက်ရော ဒုက္ခသည် စခန်းတွေမှာ နေသူတွေထဲက တ သိန်း အတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေရှိရာ ဘဆန်ချားကျွန်းကို ပြောင်းရွှေ့ပေးရေးအတွက်ပါ ဂျပန်အစိုးရရဲ့ အကူအညီကို လိုအပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဒုဝန်ကြီးက ပြောကြား ခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ ၂ နိုင်ငံ သဘောတူညီထားတဲ့အတိုင်း ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ပြင်ထားပေမယ့်လည်း အခုအချိန်ထိ မအောင်မြင်သေးပါဘူး။ ၂၀၁၈ နိုဝင် ဘာ ၁၅ ရက်နေ့က တကြိမ် နဲ့ အခု ၂၀၁၉ သြဂုတ်လ ၂၂ ရက် နေ့တွေမှာ ဒုတိယအကြိမ်အဖြစ် ဒုက္ခသည်တွေ ဌာနေပြန်ရေး ကြိုးပမ်းမှုတွေဟာ အထမမြောက်ခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ယမုံနာမြစ်ကို ဖြတ်သန်းဆောက်လုပ်မယ့် ရထားသွား တံတားသစ်အတွက် လည်း ဂျပန်အစိုးရက အကူညီပေးဖို့ ဘင်္ဂလားဒေရှ့် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပန်ကြားခဲ့သလို ဂျပန် နိုင်ငံခြား ရေး ဒုတိယ ဝန်ကြီး ကလည်း မြစ်ကူးတံတားသစ် ဆောက်လုပ်ရေးအတွက် အကူအညီပေးမှာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အာမခံ ပြောကြားခဲ့တာပါ။
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */