" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, November 6, 2023

လူတကာပါးစပ်ဖျားရောက် ရှမ်းမြောက်စစ်ပွဲ အကြောင်းရင်း ခံနှင့် အလားအလာ

Myanmar Now
November 4, 2023
 


စစ်ရေးနှင့် နိုင်ငံရေးအရ အလှည့်အပြောင်းတစ်ခုကို ဦးတည်စေနိုင်သည့် ရှမ်းမြောက်စစ်ပွဲများနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းရင်းများ ရှိနေသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ လတ်တလောလွှမ်းမိုးနေသော အကြောင်းအရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ် ပွဲများပင်။​ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ ရုတ်တရက်စစ်ဆင်ရေးကြောင့် အာဏာ သိမ်း စစ်တပ် အရေးမလှဖြစ်နေကာ စစ်စခန်းများစွာလည်း လက်လွတ်ဆုံးရှုံးထားသည်။

Monday, October 30, 2023

ပြိုကျသွားခဲ့သည့် အစ္စရေး၏ သံမဏိတံတိုင်းကြီး

CNI
ဆောင်းပါး
CNI Article
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇


ဇီယွန်ဝါဒ သို့မဟုတ် အစ္စရေးထွန်းကားရေးဝါဒ၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး အချက် သည် ဂျူးလူမျိုး များအတွက် ဘေးကင်းလုံခြုံသည့် နေရာတစ်ခုကို ဖန်တီးပေးရန် ဖြစ်သည်။

ဥရောပအနှံ့ရှိ လူနည်းစုများသည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေး လွတ်လပ်ခွင့်တို့ကို စိတ်ချ သေချာစေရန် နည်းလမ်းပေါင်းစုံဖြင့် ပုံဖော်လုပ်ဆောင်ခဲ့သည့် ကာလအတွင်း ထိုအယူဝါဒ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

ဧရာဝတီ
အေးချမ်းဆု
26 October 2023


(ဃ) စစ်ကောင်စီနှင့် NCA ရေးထိုးထားသော အဖွဲ့များ

(၁) RCSS / SSA

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS / SSA) ကို ဥက္ကဋ္ဌ စဝ်ရွက် ဆစ်၊ ဒုဥက္ကဋ္ဌ (၁) စိုင်းယီ၊ ဒုဥက္ကဋ္ဌ (၂) နှင့် စစ်ဦးစီးချုပ် စဝ်ခေးငင်းတို့ ဦးဆောင်သည်။ ရှမ်းအရှေ့ထိုင်း နယ်စပ် လွယ်တိုင်းလျံတွင် ဌာနချုပ်ထားရှိပြီး အနည်းဆုံး တပ်မဟာ တခု တပ်စွဲထားသည်။

လွယ်တိုင်းလျံတွင် လေ့ကျင့်ရေးကျောင်း၊ မူယစ်ဆေးဝါးဖြတ်သည့် စခန်းများရှိသည်ဟု သိရသည်။ RCSS / SSA လက်အောက်တွင် စစ်ဒေသ / တပ်မဟာ အနည်းဆုံး ၁၀ ခု ဖွဲ့စည်းထားရှိသည်ဟု သတင်းများအရ သိရသည်။ အကြမ်းပြင်းအားဖြင့် ၂၀၂၂ ခုနှစ်ဆန်းအထိ အောက်ပါအတိုင်း ဖြန့်ခွဲ အခြေပြု လှုပ်ရှားနေသည်ဟု သိရှိရသည်။

Sunday, October 29, 2023

စစ်ကောင်စီ တပ်စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဟု MNDAA ပြော

ဧရာဝတီ
28 October 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုအား ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၂ ရက်အတွင်း စုစုပေါင်း စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပြောသည်။

Saturday, October 28, 2023

ဘာအတွက် တော်လှန်နေတာလဲ

DVB
September 26, 2023

စစ်ကောင်စီတပ်တွေကို ကျုပ်တို့ ဘာအတွက် တော်လှန်နေကြသလဲ။ တချို့က ပြည်သူ့ခေါင်းဆောင်တွေကိုဖမ်း ဆီးသွားလို့ တော်လှန်တယ် ပြောမယ်။ တချို့က ပြည်သူတွေရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုလို့တော် လှန်တယ် ပြောမယ်။ တချို့က ဘယ်တုန်းကမှ ကောင်းကျိုးမပေးတဲ့ စစ်တပ်ဖြစ်လို့ တော်လှန်တယ် ပြောကြ မယ်။ အဖြေအမျိုးမျိုး ဖြစ်ပေမဲ့ အဲဒီအကြောင်းပြချက်တွေ အားလုံးဟာ အကုန်အမှန်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းပြချက်တွေအားလုံးရဲ့ နောက်ကွယ်မှာ အဓိကကျတဲ့ အကြောင်းအရင်းကြီးတခု ရှိပါတယ်။ ဘာ လဲဆိုရင် လက်နက်အားကိုးနဲ့ လက်နက်မဲ့ ပြည်သူတွေအပေါ် ဗိုလ်ကျချင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ စစ်တပ် ဆိုတဲ့ အဖွဲ့အစည်းဟာ တလျှောက်လုံး အဲဒီအယူအဆကို ကိုင်စွဲလာခဲ့တာပါ။ အဲဒီဝါဒနဲ့ပဲ တိုင်းပြည်ကို တ လျှောက်လုံး အနိုင်ကျင့် လွှမ်းမိုးခဲ့တာပဲ ဖြစ်ပါတယ်။ ငါတို့မှာ လက်နက်ရှိတယ်။ ငါတို့ ကြိုက်သလို စီမံလို့ရ တယ်။ တိုင်းပြည်က ပြည်သူတွေဟာ ငါတို့လက်ခုပ်ထဲကရေ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုလည်း အဲဒီ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့ ဖိနှိပ်ခဲ့တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် တုန်းကလည်း ဒီမိုကရေစီအစိုးရကို အဲဒီလိုနည်းနဲ့ပဲ ပြန်ပေးဆွဲပြီး ပြည်သူလွှဲအပ်ထားတဲ့ အာဏာကို လုယူခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူရွေးကောက်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကိုပဲ အဲဒီလိုလုပ်ခဲ့တာ မဟုတ်ပါ ဘူး။ နိုင်ငံတော်အာဏာကို ပိုင်ရှင်‌တွေဖြစ်ကြတဲ့ ပြည်သူတွေကိုလည်း လက်နက်အားကိုးနဲ့ ခေတ်အဆက်ဆက် အနိုင်ကျင့်ခဲ့တာပါ။ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၇ ဆိုတဲ့ ထင်ရှားကြီးမားတဲ့ အဖြစ်အပျက်တွေက သမိုင်းသက် သေတွေပဲ ဖြစ်ပါတယ်။ အဲဒီ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေး ဝါဒကြောင့်သာ တိုင်းပြည်ဟာ သွေးအလိမ်း လိမ်း လူးခဲ့ရ၊ လွတ်လပ်ခွင့်တွေ ပျောက်ဆုံးခဲ့ရတယ်။ အရှိန်ရစပြုလာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာလည်းတခဏ ချင်းအတွင်း အငွေ့ပြန်သွားခဲ့ရတယ်။ ဘဝတွေ၊ အိပ်မက်တွေ၊ အသက်တွေဟာ အဲဒီ လက်နက်အားကိုး ဗိုလ်ကျ စိုးမိုးရေးဝါဒအောက်မှာ ကွဲကြေပျက်စီးခဲ့ရတယ်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

ဧရာဝတီ
အေးချမ်းဆု
ဆောင်းပါး
23 October 2023

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)/ ဧရာဝတီ

(ခ) PDF နှင့် ဒီမိုကရက်တစ်အင်အားစုများကို အပြည့်အဝ အကူအညီပေးလျက်ရှိပြီး ရေရှည်တွင် မြန်မာစစ်တပ်အား တိုက်ခိုက်မည့်အလား အလာရှိသည့် EAO တပ်ဖွဲ့များ

Friday, October 20, 2023

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

ဧရာဝတီ
13 October 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် အစ္စရေးက ဂါဇာကို လက်တုံ့ပြန်တိုက်ခိုက်စဉ် / AFP

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန် လည် ပေါ်ပေါက်စေသည်။

အရှေ့တောင်အာရှမှ မွတ်ဆလင်အများစု နိုင်ငံများသည် သမိုင်းကြောင်းအရ ပါလက်စတိုင်းကို ထောက်ခံ ကြ သည်။ လက်နက်ဝယ်ယူခြင်း အပါအဝင် ကုန်သွယ်ရေး အကျိုးစီးပွားကြောင့် အခြား နိုင်ငံများက အစ္စရေးဘက် မှ ရပ်တည်ကြသည်။

ရာဖာဟာ ဂါဇာအတွက် ဘာကြောင့် အသက်သွေးကြောလို အရေးကြီးတာပါလဲ

BBC
၂၀ အောက်တိုဘာ ၂၀၂၃ 

ရာဖာနယ်စပ်ဖြတ်ကျော်စခန်းဟာ ဂါဇာကနေအထွက် တောင်ဘက်စွန်းပိုင်းမှာဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ ဆိုင်နိုင်းကျွန်းဆွယ်နဲ့လည်း နယ်စပ်လည်းထိစပ်နေပါတယ်။

Wednesday, October 18, 2023

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

ဧရာဝတီ
17 October 2023
in ဆောင်းပါး

ဂါဇာရှိ ပါလက်စတိုင်း ဂျာဘာလီရာ စခန်းအား အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှု မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် / AFP

ယခင် ရက်သတ္တပတ်ကုန်က လူ ၁,၄၀၀ သေဆုံးသည့် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့် အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေစဉ် ဂါဇာမြို့တော်မှ အရပ်သားအားလုံး တောင်ပိုင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးက ပြောကြားထားသည်။

Sunday, October 15, 2023

အစ္စရေးရဲ့ ဂါဇာ မြေပြင်ထိုးစစ် ဘယ်လိုပုံစံ ဖြစ်မလဲ

BBC
ဂျိုနသန် ဘေးလ်
ရာထူးတာဝန်, စစ်ရေးသတင်းထောက်
၁၄ အောက်တိုဘာ ၂၀၂၃

ဂါဇာနယ်စပ်မှာ အစ္စရေး စစ်သားတွေ တင်ဆောင်လာတဲ့ တင့်ကားတစ်စင်း

အစ္စရေးက ဂါဇာကို မြေပြင်ကနေ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါပြီ။

ဂါဇာ မြောက်ပိုင်းက လူတွေကို ၂၄ နာရီအတွင်း တောင်ပိုင်းကို ရွှေ့ပြောင်းကြဖို့ အစ္စရေး စစ်တပ်က ပြောနေပါတယ်။

အဲဒီအချိန်မှာပဲ ထောင်ချီတဲ့ တပ်ဖွဲ့အင်အားတွေ၊ တင့်ကားတွေ၊ အမြောက်တွေကို နယ်စပ်နားကို အစ္စရေး စစ်တပ်က အမြောက်အမြား ပို့နေပါတယ်။

Friday, October 6, 2023

တစ်နှစ်တာအတွင်း နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်ပွားမှု ၅၈ ရာခိုင်နှုန်းတိုးမြင့်လာ

DMG
အောက်တိုဘာ ၅ ၂၀၂၃

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွား မှုမှာ ယခင်က ထက် ၅၈ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရ သည်။ 

နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်ပွားမှုမှာ ယခင်ကာလများနှင့်နှိုင်းယှဉ်လျှင် တောင်တန်းမြေပြန့်ဒေသ အားလုံး တွင် ပိုမိုကျယ် ပြန့်လာနေပြီး တိုက်ပွဲပြင်းထန်လာခြင်းမှာလည်း ခုခံတော်လှန်စစ် အရှိန်မြှင့်လာခြင်း ကြောင့်ဟု BNI က ဖော်ပြ သည်။

Thursday, September 28, 2023

ဒေါက်တာအေးမောင်နှင့် ဒေါ်စန္ဒာမင်းတို့ ဂျပန်သို့သွား ရောက် ပြီး စစ်ကောင်စီအတွက်ဝါဒဖြန့်ပေးဟု People’s Spring က သတင်းဖော်ပြ

Narinjara
ရေးသူ: Web Master (NN 16)
ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃ 

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ထုတ်ပယ်ခံထားရသည့် ဒေါ်စန္ဒာမင်း အပါအဝင် ၃ ဦးသည် ဂျပန်နိုင်ငံသို့သွားရောက်ပြီး စစ်ကောင်စီ အတွက် ဝါဒဖြန့်ပေးခဲ့သည်ဟု People's Spring က သတင်း ဖော်ပြထားသည်။

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

ဧရာဝတီ
28 September 2023

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်က အရပ်သားများကို တိုက်ခိုက်မှု များ တိုးချဲ့ လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံအခြေအနေ ပျက်စီးယိုယွင်းနေကြောင်း ကုလသ မဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။

Monday, September 25, 2023

ကုလသမဂ္ဂ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက် လက်တာဝန်ယူဖို့ ဆုံးဖြတ်၊ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ၇၄ သန်း ထောက်ပံ့ဖို့ ကြေညာ

မိုးမခ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၃
 

၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဆက်တာဝန်ယူဖို့ ကုလ ကိုယ်စားပြုမှု အတည်ပြုရေးကော်မတီက ဆုံးဖြတ်ခဲ့တဲ့ အတိုင်း ၂၀၂၃ ခုနှစ်မှာလည်း ဒုတိ ယအကြိမ်အဖြစ် ဆက်လက် အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့ ဒီနေ့ သတင်းတွေမှာ ဖေါ်ပြထားကြ ပါတယ်။ Credential Committee လို့ခေါ်ဆိုတဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုတက်ရောက်ခွင့်ရှိတဲ့ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပေးတဲ့ ကော်မတီက နိုင်ငံအချို့ရဲ့ အငြင်း ပွားစရာ ကိုယ်စားပြု သံအမတ်ခန့်အပ်မှုနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပေးခွင့်ရှိတာ ဖြစ်ပြီးမြန်မာ နိုင်ငံက စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ စစ်ကောင်စီကို ကိုယ်စားမပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ်နဲ့ ရပ်တည်ခဲ့တာ ခု ဆိုရင် ကာလအားဖြင့် ၂ နှစ်ခွဲကျော်၊ ကုလညီလာခံအနေနဲ့ တတိယအကြိမ်မြောက် ရှိပြီဖြစ်ပါ တယ်။

Saturday, September 23, 2023

ကွဲပြားသည့်ရှုမြင်ပုံများကြားက ကမ္ဘာ့တရားရုံးရောက် မြန်မာ့အရေး

Frontier
MYANMAR
December 10, 2019 

လွန်မင်းမန် နှင့် အင်ဒရူးနာခမ်ဆန် ရေးသည်။ 


နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ ၌ အ ပြည် ပြည်ဆိုင်ရာတရားရုံးကြားနာပွဲများကို မြန်မာနိုင်ငံကိုယ်စား ဦးဆောင်နေသည်။ ယင်းသည် မြန်မာနိုင် ငံ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ခြင်းဖြစ်နိုင်သကဲ့သို့ ၎င်း၏ပုံရိပ်ကိုလည်း ပြန်လည် မွမ်း မံ ခြင်းဖြစ်နိုင် သည်ဖြစ်ရာ နိုင်ငံတကာသုံးသပ်သူများနှင့် ပြည်တွင်းရှိ လူထုအကြားတွင် အမြင်အ မျိုးမျိုး ဖြစ်ပေါ် လျက် ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများကို မျိုးတုန်းသတ်ဖြတ်သည်ဟု စွပ်စွဲကာ မွတ်စလင်နိုင်ငံတစ်ခုဖြစ်သည့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ကိုယ်စား နိုဝင်ဘာလ ၁၁ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာကို တရားစွဲဆိုခဲ့သည်။

စိတ်ကြွဆေး ကုန်သွယ်မှု၊ ရိုဟင်ဂျာ အကြပ်အတည်းနဲ့ ကိုယ်ကျိုးစီးပွား ဆက်နွယ်မှုတွေ

Frontier Myanmar
May 11, 2018

Aidan JONES၊ Sam JAHAN နှင့် လှလှဌေး/ အေအက်ဖ်ပီ ရေးသားသည်။


ဘင်္ဂလားဒေရှ့်နဲ့ ရခိုင်ပြည်နယ် နယ်စပ်ဒေသမှာ စိတ်ကြွဆေးပြား ကုန်သွယ်မှုတွေ မြင့်တက် လာ နေ သလို ငွေရလွယ်တဲ့ ဒီလိုတရားမဝင်လုပ်ငန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ မူးယစ်ဆေးဂိုဏ်း တွေနဲ့ မြန်မာလက်နက်ကိုင်တွေလည်း ပါဝင်ပတ်သက် ဆက်နွယ်နေပါတယ်။

မြောက်များလှတဲ့ ‘မက်တာ ဖက်တမင်း’ (ယာဘ) စိတ်ကြွဆေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည် စခန်းတွေမှာ မတည်မငြိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အလုပ်အကိုင်မရှိတဲ့ ရိုဟင်ဂျာတွေဟာ တရားမဝင် မူးယစ် ဆေး ကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အသုံးချမှုကို ခံနေကြရပြီး ဒီဂိုဏ်းကွင်းဆက်တွေဟာ မြန်မာနိုင်ငံထဲ အထိ ရောက်သွားကာ ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်သားတွေထံအထိ ကွင်းဆက်မိသွားကြပါ တယ်။

ကျိုးပျက်သွားသည့် အနောက်တံခါး – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

မြန်မာ့သံတော်ဆင့်
The Maynmar Herald 

(ဆောင်းပါး )


ဥရောပတွင် မျိုးချစ်စိတ် ပြင်းထန်သည့် နာဇီဝါဒီများ ခေါင်းထောင်လာခြင်းမှာ ထိုကိစ္စကြောင့်ပင်ဖြစ်သည် မျိုး ခြားတို့ အရေးသည် တားနိုင်ရန်မလွယ်တော့သဖြင့် ထားနိုင်ရန် စဉ်းစားစရာဖြစ်လာသည် အဂတိတရားကိုလက် ကိုင်ထားကာ အနာဂတ်သည် ၎င်းတို့မြင်ရသည့် အရာမဟုတ် . . .

Thursday, September 14, 2023

သတိထားရမည့် ရခိုင်နှင့် မွတ်ဆလင်တို့၏ ပဋိပက္ခ

Western News- WN
ဂေါင် - ရေးသားသည်။
25 ဒီဇင်ဘာ 2021


ဆောင်ပါးအနှစ်ချုပ်
ဤဆောင်းပါးတွင် လူမျိုးစုနှစ်ခုကြား ပဋိပက္ခအသွင်ဆောင်လာသည့် ဖြစ်စဉ်များ၊ ပြည်သူတို့၏ သံသ ယ၊ ယခုရပ်ပိုင်း ထူးခြားလာမှု၊ ULA က သတိပေးချက်၊ IDP စခန်းနေသူတို့ သဘောထား၊ယခင် က ပဋိပက္ခဖြစ်ရပ် သုံးသပ်ချက်၊ မွတ်ဆလင် AA စစ်ကောင်စီတို့၏ လက်ရှိဆက်ဆံရေး အခြေ အ နေစ သည်တို့ကို ဖော်ပြရေးသား ထားသည်။

Saturday, September 9, 2023

စစ်အာဏာသိမ်းပြီးနောက် နေအိမ် ၇ သောင်းခွဲ မီးရှို့ဖျက် ဆီးခံရ

MoeMaKa
(မိုးမခ)
စက်တင်ဘာ ၉ ၊ ၂၀၂၃ 

 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော်ကာလအတွင်း အရပ်သားအဆောက်အဦ ၇ သောင်းခွဲကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ခုရက်ပိုင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်း စပ်ညှိနှိုင်းရေးရုံး (UNOCHA) ရုံးက ထုတ်ပြန်လိုက်ပါတယ်။ အရပ်သား အဆောက်အဦလို့ သုံးနှုန်း ထားတဲ့ စကားလုံးကို ရှင်းလင်းဖွင့်ဆိုရရင် လူနေအိမ်တွေ၊စျေးဆိုင်စာသင်ကျောင်းဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း၊ ပုဂ္ဂလိကလုပ်ငန်းဆောက်အဦနဲ့ ရုံးတွေပါဝင်တာ ဖြစ်ပါတယ်။

မိုခါမုန်တိုင်းအလွန် ဝမ်းရေးသာမက၊ နေရေးပါ ခက်လာ သည့် ရိုဟင်ဂျာများ

Myanmar Now
ရောင်နီ
September 8, 2023


အရပ်ခပ်ပုပု၊ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနှင့် အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး လိုင်လာဘေဂါမ့်ကို မြင်ရသည်မှာ စိတ်ဓာတ်ကြံ့ခိုင်သန်မာလှသည်ဟု ထင်ရသည်။ လင်ဆုံး၊ သားဆုံးဖြစ်ခဲ့ရသည့် သူ့ ဇာတ် ကြောင်းကို ပြန်ပြောင်းပြောပြသည့်အချိန်တွင်တော့ စိတ်ဓာတ်ကြံ့ခိုင်လှသည် ထင်ရသော ထို အမျိုးသမီး ငိုယိုနေတော့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */