" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 9, 2023

စစ်အာဏာသိမ်းပြီးနောက် နေအိမ် ၇ သောင်းခွဲ မီးရှို့ဖျက် ဆီးခံရ

MoeMaKa
(မိုးမခ)
စက်တင်ဘာ ၉ ၊ ၂၀၂၃ 

 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော်ကာလအတွင်း အရပ်သားအဆောက်အဦ ၇ သောင်းခွဲကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ခုရက်ပိုင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်း စပ်ညှိနှိုင်းရေးရုံး (UNOCHA) ရုံးက ထုတ်ပြန်လိုက်ပါတယ်။ အရပ်သား အဆောက်အဦလို့ သုံးနှုန်း ထားတဲ့ စကားလုံးကို ရှင်းလင်းဖွင့်ဆိုရရင် လူနေအိမ်တွေ၊စျေးဆိုင်စာသင်ကျောင်းဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း၊ ပုဂ္ဂလိကလုပ်ငန်းဆောက်အဦနဲ့ ရုံးတွေပါဝင်တာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးခံရတာရဲ့ ၉၀ ရာနှုန်းကျော် အများစုကတော့ ကျေးရွာတွေက နေအိမ်တွေဖြစ်ပါတယ်။ မြို့ အနေနဲ့ ဆိုရရင် ထန်တလန်မြို့ တမြို့လုံးနီးပါး တကြိမ်ပြီးတကြိမ် မီးရှို့ဖျက်ဆီးခံရတဲ့ အဖြစ်အ ပျက်က ထင်ရှားတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ထန်တလန် အပြင် အခြားမြို့တွေမှာ မီးရှို့ဖျက်ဆီးခံ ရတာ အရေအတွက် အနည်းငယ်သာရှိမှာ ဖြစ်ပြီး အများစုက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီ တိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက အချို့ဒေသတွေ ဖြစ်ပါတယ်။

နေအိမ်မီးရှို့တဲ့ လုပ်ရပ်ကို အများစုကျူးလွန်တဲ့ အဖွဲ့က စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ဖြစ် ပြီး အနည်းငယ်မျှသော အရေအတွက်တွေကတော့ ကျေးရွာတွေမှာပဲ စစ်ကောင်စီဘက်ကို ထောက် ခံသူတွေရဲ့ နေအိမ်တွေကို လက်တုံ့ပြန်မီးရှို့ဖျက်ဆီးတာတွေ ဖြစ်နိုင်ပါတယ်။

စစ်ကောင်စီကတော့ ကျေးရွာတွေက နေအိမ်တွေ မီးရှို့ခြင်းကိုမဟာဗျူဟာတရပ်အနေနဲ့လုပ်ဆောင် တာ ဖြစ်ပြီး စစ်ကောင်စီ ကို လက်နက်ကိုင်ဆန့်ကျင်တဲ့ PDF တွေဖွဲ့စည်းထားတဲ့ ကျေးရွာ၊ ထောက် ခံအားပေးတဲ့ ကျေးရွာ၊ စစ်ကောင်စီတပ်ကို ချောင်းမြောင်းတိုက်ခိုက်တာ၊ မိုင်းခွဲတိုက်ခိုက်တာ ကျေး ရွာ အနီးမှာဖြစ်ပွားခဲ့ရင် ကျေးရွာအနေနဲ့ တာဝန်ရှိတယ်ဆိုတဲ့ သဘောနဲ့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ မီးရှို့တာ ဖြစ်သလို နောက်တချက်က နေအိမ်တွေ၊ စပါး၊ ပဲ၊ စတဲ့ ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးအားဖြင့် ထောက်ပံ့ခြင်း မပြုနိုင်တော့အောင် ဖျက်ဆီးတဲ့ ရည်ရွယ်ချက်လည်း တွဲလျှက်ပါရှိတာတွေ့ရမှာ ဖြစ် ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ PDF တွေကို ကျေးရွာအများစုက ထောက်ခံနေကြတာ၊ ကျေးရွာသားတွေကိုယ်တိုင် PDF အဖြစ်ပါဝင်ဖွဲ့စည်းထားတာ ဖြစ်လို့ PDF ထောက်ခံတဲ့ကျေးရွာနဲ့ ကြံ့ခိုင်ရေး၊ စစ်တပ်ထောက်ခံတဲ့ ကျေးရွာ အနေနဲ့ ခွဲခြားပြီး မီးရှို့ဖျက်ဆီးတာတွေလည်း ရှိသလို အ ချို့သော ကျေးရွာတွေမှာ တခြမ်းစီကွဲနေကြတဲ့ အခါမျိုးမှာ အနီ လို့ခေါ်တဲ့ NLD/PDF ထောက်ခံသူ တွေရဲ့ နေအိမ်တွေကို ညွှန်ပြခိုင်းပြီး မီးရှို့တာမျိုးလည်း ရှိနေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ စစ်ကိုင်း တိုင်းထဲက အချို့သော မြို့နယ်တွေမှာ ကြံ့ခိုင်ရေး၊ စစ်တပ်ကို ထောက်ခံတဲ့ ကျေးရွာအချို့ရှိနေပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ PDF တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ လက်နက်တပ်ဆင်ကာ လေ့ကျင့်ပေးထား တာလည်း တွေ့ရပါတယ်။

စစ်ကောင်စီ တနည်းအားဖြင့် စစ်တပ်အနေနဲ့ အခုလို ရန်သူနဲ့ ရန်သူကို အားပေးကူညီသူလို့ သတ် မှတ်တဲ့ အရပ်သားတွေကို ဖမ်းဆီး နှိပ်စက်ဖို့၊ သတ်ဖြတ်ဖို့ ဝန်မလေးသလို ထောက်ခံသူ အားပေးသူ တွေရဲ့ နေအိမ်တွေကို ဖျက်ဆီးဖို့လည်း ဝန်မလေးပါဘူး။ နေအိမ်မီးရှို့တဲ့ သမိုင်းအစဥ်အလာတွေက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေ မှာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ ကျေးရွာတွေကို မီးတိုက်ခဲ့တဲ့ အဖြစ် အပျက်တွေ ရှိသလို၊ ၂၀၁၈-၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာပဲ အေအေ နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတွေမှာ ရခိုင်ကျေးရွာတွေ ကိုလည်း မီးရှို့ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာ ကျေးရွာတွေကို မီးရှို့စဥ်က အစိုးရက ထုတ်ပြန်တဲ့သတင်းတွေထဲမှာရိုဟင်ဂျာ တွေက ၄င်းတို့နေအိမ်တွေကို ၄င်းတို့ဘာသာ မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုပြီး စစ်တပ် ဘက်က ထုတ်ပြန်တဲ့ သတင်းတွေကိုကိုးကားက ဖေ်ပြခဲ့ကြဖူးပါတယ်။ အလားတူ ၂၀၁၈-၁၉ ခုနှစ် AA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း ကျောက်တော်မြို့အနီးက ဘုရားပေါင်းကျေးရွာ မီးရှို့ခံရတဲ့ အ ဖြစ်အပျက်မှာလည်း စစ်တပ်ရဲ့ လက်ချက်ဖြစ်တာကို နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖုံးကွယ်ဖေ် ပြခဲ့ကြဖူးတာလည်း ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေ မတိုင်ခင် ဆယ်စုနှစ်တွေမှာတော့ ၉၀ ပြည့်နှစ် အလယ်ပိုင်းကာလတွေမှာ ရှမ်း ပြည်နယ် တောင်ပိုင်း အရှေ့ပိုင်းတွေမှာ ကျေးရွာတွေအများအပြားကို နဝတစစ်တပ်ရဲ့ စစ်ဆင်ရေး အတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ အဖြစ်တွေရှိသလို အဲဒီဆယ်စုနှစ်အတွင်းမှာပဲ ကရင်ပြည်နယ်မှာလည်း ကျေးရွာတွေ အများအပြားကို စစ်ဆင်ရေးအတွင်း နဝတ စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးကရင်ကျေးရွာ တွေက လူပေါင်း သိန်းနဲ့ချီ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ကြရတဲ့အဖြစ်အပျက်တွေကယနေ့ထက် တိုင် အကျိုးဆက်တွေ တွေ့မြင်နိုင်သေးတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

ချုပ်ပြောရရင် လက်နက်ကိုင်တိုက်ပွဲတွေမှာ ရပ်ရွာတွေမှာ ရှိတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တဲ့ အစဥ်အလာက မြန်မာစစ်တပ်အဖို့ မဟာဗျူဟာအရရော လက်တွေ့ကျင့်သုံးနေကျ နည်းနာ အရပါ ယဥ်ပါးနေတဲ့ အစဥ်အလာတရပ် ဖြစ်ပြီး အခုတကြိမ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ တ နိုင်ငံလုံး မျက်မြင်ကိုယ်တွေ့ ကြုံကြရတဲ့ ဖြစ်ရပ်တခု ဖြစ်လာတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */