" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 20, 2023

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

ဧရာဝတီ
13 October 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် အစ္စရေးက ဂါဇာကို လက်တုံ့ပြန်တိုက်ခိုက်စဉ် / AFP

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန် လည် ပေါ်ပေါက်စေသည်။

အရှေ့တောင်အာရှမှ မွတ်ဆလင်အများစု နိုင်ငံများသည် သမိုင်းကြောင်းအရ ပါလက်စတိုင်းကို ထောက်ခံ ကြ သည်။ လက်နက်ဝယ်ယူခြင်း အပါအဝင် ကုန်သွယ်ရေး အကျိုးစီးပွားကြောင့် အခြား နိုင်ငံများက အစ္စရေးဘက် မှ ရပ်တည်ကြသည်။

လက်ရှိအချိန်အထိ ဖြစ်ပွားနေသော အကြမ်းဖက်မှုများတွင် အရှေ့တောင်အာရှ နိုင်ငံသား ၂၀ ကျော် သေဆုံးပြီး ဖြစ်ကာ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်များနှင့် အစ္စလမ်မစ် ဂျီဟတ်များက တိုက်ခိုက်မှု အတွင်း ပိတ်ဆို့ထားသည့် ဂါဇာဒေသသို့ ဓားစာခံများ ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် ထပ်မံသေဆုံးမည် ဟု မျှော်လင့်ရသည်။

ထိုင်းအာဏာပိုင်များ၏ အဆိုအရ သေဆုံးသူများတွင် ထိုင်းနိုင်ငံသား အနည်းဆုံး ၂၀ ဦး ရှိကြောင်း သိရပြီး အစ္စ ရေးတွင် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား ခန့်မှန်းခြေ ၃ သောင်းအနက် ပြန်လိုလူများကို ဘေးလွတ်ရာ သို့ ကယ်ဆယ်မည်ဖြစ်ကြောင်း ပြောသည်။ ထိုပဋိပက္ခအတွင်း ကမ္ဘောဒီးယား နိုင်ငံသားတဦးနှင့် အင်ဒိုနီးရှား စေ တနာ့ဝန်ထမ်း ဆေးဝန်ထမ်းတဦး သေဆုံးသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်နိုင်ငံသား ခုနစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ပြောသည်။

အစ္စရေးက ဂါဇာကို ဆက်လက် တိုက်ခိုက်နေပါက ထိုဓားစာခံများကို ကွပ်မျက်မည်ဟု ဟားမတ်စ်ကအောက်တို ဘာလ ၉ ရက်နေ့တွင် ခြိမ်းခြောက်လိုက်သောအခါ ၎င်းတို့ရင်ဆိုင်နေရသည့် အခက်အခဲ လေးနက်မှုကိုမီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

ထိုပဋိပက္ခသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွင်း ၂၀၂၁ ခုနှစ်က မြန်မာတွင် စစ်အာဏာ သိမ်းမှုအတွက် ဖြစ်လာသည့် အငြင်းပွားမှုကြောင့် လွန်စွာ ပါးလွှာနေပြီးဖြစ်သော ညီညွတ်မှုကို ထပ်မံ ထိခိုက် စေ သည်။ မလေးရှားနှင့် အင်ဒိုနီးရှားမှ မွတ်ဆလင် နိုင်ငံရေးသမားများက ပါလက်စတိုင်း အခွင့်အရေးများကို ထုတ်ဖော်ပြောဆိုနေပြီး စင်ကာပူက အစ္စရေးကို ထောက်ခံကာ ဟားမတ်စ်ကို ရှုတ်ချသည်။ ထိုင်းနှင့် ဗီယက်နမ် ဘက်မှ တုံ့ပြန်မှု အသံမကြားရသလောက်ပင် ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက အစ္စရေးအနေဖြင့် ဟားမတ်စ်တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းသည် အရှေ့အလယ်ပိုင်းကို ပြောင်းလဲသွားစေမည်ဟု အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောသောအခါ မလေးရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုရပ်ရေး အလျင်အမြန် လုပ်ဆောင်ရန် တိုက်တွန်းသည်။

“ဘာကြောင့် အမြင်ချင်းမတူကြတာလဲ” ဟု မလေးရှား ဒုတိယ ဝန်ကြီးချုပ် အာမက် ဇာဟစ် ဟာမီဒီက ဝန်ကြီး အဖွဲ့ ကြေညာချက်တွင် ပါလီမန်ကို ပြောသည်။ “ဥပမာအားဖြင့် ပြောရရင် ယူကရိန်း အကျပ်အတည်းအတွင်း အနောက်နိုင်ငံတွေက ချက်ချင်း ထောက်ခံမှုပေးကြတယ်။ ပါလက်စတိုင်းနဲ့ ပတ်သက်ရင်တော့ လုံးဝ လျစ်လျူ ရှုထားတယ်” ဟုလည်း ၎င်းကပြောသည်။

အစ္စရေးက ဂါဇာအား တိုက်ခိုက်သည်ကို ဒေါသထွက်ပြီး မလေးရှား လူမှုကွန်ရက်တွင် လွန်စွာဆူညံနေကာ အစ္စ လမ္မစ် ပါလီမန် ကိုယ်စားလှယ်များက အစ္စရေးကို ဆန္ဒပြ ကန့်ကွက်ရန်နှင့် သံတမန်ရေး အထီးကျန် ထားစေရန် တောင်းဆိုကြသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က ဂါဇာကမ်းမြှောင် တောင်ဘက်တွင် နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်ပြီး အစ္စရေး တင့်ကားတစီးကို သိမ်းပိုက်ထားသည့် ပါလက်စတိုင်းများ / AFP


“ဘယ်နိုင်ငံဖြစ်ဖြစ် အာရပ်နိုင်ငံဖြစ်ရင်တောင်မှ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားရင် သစ္စာ ဖောက်ပဲ” ဟု မလေးရှား အစ္စလမ္မစ်ပါတီ ပါလီမန်ကိုယ်စားလှယ် အာမက် ဖာဒလီ ရှာရီက ပါလီမန်တွင် ပြော ကြားပြီး ဆော်ဒီအာရေးဗီးယားက အစ္စရေးနှင့် ဆယ်စုနှစ်များစွာကြာသော သံတမန်ရေး အမုန်းတရား အဆုံး သတ်ရန် ကြိုးစားမှုများကို သွယ်ဝိုက် တိုက်ခိုက်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးကို အောက်တိုဘာလ ၈ ရက်နေ့တွင် အပြစ်တင်ပြီး ထို ပဋိပက္ခ၏ အရင်းအမြစ်မှာ ပါလက်စတိုင်း ပိုင်နက်များကို အစ္စရေးက ဝင်ရောက် သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုကိစ္စ ကို ကုလသမဂ္ဂတွင် သဘောတူထားသည့် စံနှုန်းများအရ ဖြေရင်းရမည်ဟု ပြောသည်။

ပါလက်စတိုင်းနှင့် အစ္စရေးအကြား ပဋိပက္ခမြင့်မားလာခြင်းကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပြီး နောက်ထပ် လူသားသေဆုံးမှု ရှောင်ရှားရန် အကြမ်းဖက်မှု ချက်ချင်း အ ဆုံးသတ်ရန် တောင်းဆိုသည်။

သို့သော် အင်ဒိုနီးရှား ဘာသာရေးဆရာများက ပိုမို ကျယ်ကျယ်လောင်လောင် ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။ အင်ဒိုနီးရှားနိုင်ငံ ထိပ်တန်း အစ္စလမ္မစ် ပညာရှင်အဖွဲ့ဖြစ်သည့် ယူလီမာကောင်စီမှ ဆူဒါနိုတို အဗ္ဗဒူလာ ဟာခမ် က ဟားမားစ်၏ တိုက်ခိုက်မှုသည် ပါလက်စတိုင်း ပြည်သူများနှင့် နိုင်ငံအချုပ်အခြာအာဏာ ပိုင်မှုကို စနစ်တကျ ဖျက်ဆီးနေသည့် အစ္စရေး၏ လုပ်ရပ်များကို တုံ့ပြန်ခြင်းသာဖြစ်သည်ဟု ပြောသည်။

အင်ဒိုနီးရှား အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မကြာသေးမီက ဖွဲ့စည်းလိုက်သည့် လေဘာပါတီ ခေါင်း ဆောင် ဆက်ဒ် အစ်ဂဘယ်လ်က အလုပ်သမား ရာပေါင်းများစွာသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ရှိ အမေရိကန် သံရုံးနှင့် ကုလသမဂ္ဂရုံးများပြင်ပတွင် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြပြီးစစ်ပွဲရပ်ရန်တောင်း ဆိုသည်ဟု ပြောသည်။ 

“စစ်မှာ အောင်ပွဲမရှိဘူးလို့ ကျနော်တို့ ယုံကြည်ပြီး ဒေသတွင်း ရေရှည်တည်ငြိမ်မှု ထူထောင်ဖို့ တွေ့ဆုံဆွေး နွေး ဖို့ပဲ ဖြစ်တယ်” ဟု ပြောသည်။

“ပြဿနာအားလုံး ပါလက်စတိုင်း လွတ်လပ်ရေးကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်း တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းရမယ်။ စစ်ကို အားကိုစရာ မလိုဘဲ ပါလက်စတိုင်း လွတ်လပ်ရေးကို လေဘာပါတီက ထောက်ခံတယ်” ဟုလည်း ၎င်းကပြောသည်။

အပြစ်မဲ့ အရပ်သားများစွာကို သေဆုံး ဒဏ်ရာရစေသည့် အစ္စရေးအား တိုက်ခိုက်မှုကိုပြင်းထန်စွာရှုတ်ချကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစောင်တွင် ဖော်ပြသည်။

အစ္စရေးတောင်ပိုင်း ဆဒီရော့တွင် M16 မောင်းပြန်ရိုင်ဖယ် လွယ်လျက် ဈေးဝယ်ထွက်လာသည့် အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်က တွေ့ရစဉ် / AFP

စင်ကာပူနိုင်ငံ၏ အကျိုးစီးပွားတွင် တကမ္ဘာလုံးမှ အကြမ်းဖက်သမားများ အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ပြီး အ ကြမ်းဖက်မှု ကျူးလွန်နိုင်သည်ဆိုသည့် အမြင်ကို အဆုံးသတ်ခြင်းလည်း လိုအပ်ကြောင်း ၂၀၁၆ ခုနှစ်က စင်ကာ ပူမှ ဘာတန်တွင် ဟားမတ်စ် လှုံဆော်သည့် ဒုံးကျည်ပစ်ခတ်ရန် မအောင်မြင်သည့် ကြိုးစားမှုကို ကိုးကားပြော ကြားသည်။

စင်ကာပူသည် အစ္စရေး၏ သက်တမ်းအရှည်ဆုံးနှင့် အရေးအပါဆုံး စစ်ရေးမဟာမိတ်များအနက် တနိုင်ငံဖြစ် သည်။ ၁၉၆၅ ခုနှစ်တွင် စင်ကာပူက မလေးရှားမှ ခါးခါးသီးသီး ခွဲထွက်ပြီးသောအခါ အစ္စရေးသည် စင်ကာပူကို စစ်တပ်တည်ဆောက်ရေးအတွက် အကူအညီပေးသည်။ ထိုကိစ္စသည် အိန္ဒိယနှင့် အီဂျစ် အပါအဝင် ပိုမိုကြီးမား သော အင်အားကြီးနိုင်ငံများက ပယ်ချခဲ့သောကိစ္စ ဖြစ်သည်။

စင်ကာပူသည် အနောက်ဘက် ကမ်းခြေကို အုပ်ချုပ်သည့် ရာမာလာမှ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နှင့် ဆက် ဆံရေး ထူထောင်ထားပြီး လွန်ခဲ့သောနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်သည် ပါလက်စ တိုင်း လွတ်မြောက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့သည်။

ဗုံးဒဏ်ကြားက ကားဖြတ်မောင်းလာသော ပါလက်စတိုင်းမိသားစု/AFP
အရှေ့တောင်အာရှမှ မွတ်ဆလင်အများစုနိုင်ငံ သုံးနိုင်ငံဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းမှအပ ဒေ သ တွင်းမှ အစိုးရများသည် အစ္စရေးက ဂါဇာဒေသခံများကို ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး အနည်းငယ်သာ ဝေဖန် ခဲ့ပြီး အစ္စရေးနှင့် ကုန်သွယ်ရေး၊ လုံခြုံရေးဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းထားသည်။

ထိုပဋိပက္ခနှင့် ပတ်သက်သည့် ဘန်ကောက်က ကြားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘဟီဒါ နုကာရာက အောက်တိုဘာလ ၈ ရက်နေ့တွင် ပြောသည်။ ထိုင်းနိုင်ငံသည် မည်သည့်ဘက်ကိုမျှ မရှုတ်ချသော် လည်း မည်သည့် ပုံစံရှိသည့် အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်သည်ဟု ပြောသည်။

တချိန်တည်းတွင် ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြမ်းဖက်မှု မြင့်မားလာခြင်းကို နက်ရှိုင်းစွာ စိုးရိမ် ကြောင်း ပြောကြားပြီး သက်ဆိုင်သူအားလုံးအနေဖြင့် ချုပ်တည်းကြရန်၊ အခြေအနေကို ပိုမိုရှုပ်ထွေးစေမည့် လုပ်ရပ်များရှောင်ကျဉ်ရန်နှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန်ဆွေးနွေးပွဲများ မကြာမီကျင်းပရန် တောင်းဆိုသည်။

ဗီယက်နမ်သည် အစ္စရေး၏ တတိယအကြီးဆုံး လက်နက်တင်ပို့သည့် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံသည် ယခုလ အစော ပိုင်းတွင် လွတ်လပ်သော ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုထားသည်။

(South China Morning Post ပါ Joseph Sipalan, Kimberly Lim နှင့် Amy Sood တို့၏ Israel-Hamas war divides Southeast Asia as trade, religion determine responses ကို ဘာသာပြန်သည်။)

You may also like these stories:

Link : Here







No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */