" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 28, 2023

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

ဧရာဝတီ
28 September 2023

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်က အရပ်သားများကို တိုက်ခိုက်မှု များ တိုးချဲ့ လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံအခြေအနေ ပျက်စီးယိုယွင်းနေကြောင်း ကုလသ မဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။


“ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်နေ့) ကအထိ စစ်တပ်နဲ့ စစ်တပ်နဲ့ ပတ်သက်သူတွေရဲ့ လက်ချက်နဲ့ လူပေါင်း ၄,၁၀၈ ဦး သေဆုံးတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုထားတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်လ်ကာ တာ့ခ်က မြန်မာနိုင်ငံဆိုင်ရာ အ ထူးအစည်းအဝေးတွင် ပြောကြားလိုက်ပြီး မြန်မာအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ချဉ်းကပ်မှု လမ်းကြောင်းသစ်များကို ထောက်ခံကြောင်း ပြောသည်။

“အရပ်သားတွေကို ပစ်မှတ်ထားဖို့ နည်းလမ်း သုံးခုကို အသုံးပြုနေတယ်။ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ရွာတွေကို မြေလှန်မီးရှို့တာပဲ” ဟု မစ္စတာ တာ့ခ်က ပြောသည်။

ထိုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် ပါဝင်ခြင်း မရှိပေ။

အစားအစာ၊ ဆေးဝါးနှင့် နေအိမ်များ၊ ဘဝများကို ပြန်လည်ဆောက်ရန် လိုအပ်သော ပစ္စည်းများ အမြဲ တမ်း ကင်းမဲ့နေသည့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်း အပါအဝင် ရခိုင်ပြည်နယ်မှ ပြည်သူများကိုမစ္စတာ တာ့ခ်က ကိုးကားပြောဆိုသည်။

အရပ်သားအုပ်ချုပ်ရေး ပျောက်ကွယ်

မြန်မာတွင် အရပ်သားအုပ်ချုပ်ရေး ပျောက်ကွယ်နေပြီး စစ်တပ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် အုပ်ချုပ် ရေးနှင့် တရားဥပဒေကို ဖျက်ဆီးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် တသန်းကျော် ရောက်ရှိစေ ကြောင်း မစ္စတာ တာ့ခ်က ပြောသည်။

“လက်တွေ့ မြေပြင်အခြေအနေ လေးနက်မှုနဲ့ အပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဒီအခြေအနေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပြောင်းပေး ဖို့ ကျနော့်ရဲ့ တောင်းဆိုမှုကို ထပ်မံ တောင်းဆိုလိုပါတယ်” ဟုလည်း ၎င်းက ပြောသည်။

လွတ်လပ်သော သို့မဟုတ် မျှတသော တရားခွင် အခွင့်အရေးများမရှိဘဲ လူပေါင်း၂၄,၈၃၆ ဦးကို ဖမ်း ဆီးခဲ့ပြီး ၁၉,၂၆၄ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်းနှင့် ၎င်းတို့အနက် ၁၅၀ ခန့်ကို စစ်တပ် ထိန်း ချုပ် တရားရုံးများက သေဒဏ်ပေးထားကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်များက ပြောသည်ဟု လူ့အခွင့်အရေးအကြီးအကဲက ပြောသည်။

“မြေပြင်စစ်ဆင်ရေးတွေမှာ လူ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၂ မှုကို မှတ်တမ်း တင်ထားတယ်” ဟုလည်း မစ္စတာ တာ့ခ်က ပြောသည်။

စစ်ဆင်ရေး အများအပြားတွင် စစ်ကောင်စီ စစ်သားများသည် ကျေးရွာများသို့ဝင်ရောက်လာပြီးထွက်မ ပြေးသေးသူများကို ဖမ်းဆီးကာ သတ်ဖြတ်ကြောင်း သက်သေခံချက် အများအပြားက ဖော်ပြနေသည်။

“သူတို့တွေ (စစ်ကောင်စီ) က သူတို့ဖမ်းမိသူတွေကို အရှင်လတ်လတ် မီးရှို့တာ၊ ကိုယ်အင်္ဂါအစိတ်အ ပိုင်း ဖြတ်တောက်တာ၊ အဓမ္မ ပြုကျင့်တာ၊ ခေါင်းဖြတ်တာနဲ့ ထုသတ်တာတွေ အပါအဝင် စဉ်းစားလို့ တောင် မရနိုင်တဲ့ နာကျင်မှုတွေ ဖြစ်စေသလို ရွာသားတွေကိုဖမ်းပြီး တိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေ ကာကွယ်ဖို့ လူသားဒိုင်းအဖြစ် သုံးတာတွေ လုပ်ကြတယ်” ဟုလည်း မစ္စတာ တာ့ခ်က ပြောသည်။

“ဒါဟာ အယုတ်မာဆုံး လူမဆန်မှုပဲ” ဟုလည်း ၎င်းက ပြောသည်။

အညှာတာကင်းမဲ့သော ဖိနှိပ်မှု

ပြည်သူထံမှ ချမ်းသာကြွယ်ဝမှု လုယူပြီး အာဏာရှင်လူနည်းစု အကျိုးစီးပွားကိုသာ ထိန်းသိမ်းထားရန် လူ့အဖွဲ့အစည်းကို ထိခိုက်စေပြီး မြန်မာပြည်သူများကို အတင်းအကျပ် ကျွန်ပြုသော အညှာတာကင်းမဲ့ သည့် စနစ်ဖြစ်ကြောင်း မစ္စတာ တာ့ခ်က ပြောသည်။

မေလက ဆိုင်ကလုန်းမိုခါကြောင့် ဖြစ်လာသည့် အပျက်အစီးများ နောက်ပိုင်းတွင် လူသားချင်းစာနာမှု အကူအညီများ ကန့်သတ်ခြင်းက စစ်တပ်သည် အသက်ကယ် အကူအညီ လွန်စွာ လိုအပ်နေသည့် ပြည်သူများ ဘဝသာယာစိုပြေရေးထက် ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွားကိုသာ ဦးစားပေးကြောင်း ပြသနေသည်ဟုလည်း ၎င်းက ပြောသည်။

You may also like these stories:

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */