" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 29, 2023

စစ်ကောင်စီ တပ်စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဟု MNDAA ပြော

ဧရာဝတီ
28 October 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုအား ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၂ ရက်အတွင်း စုစုပေါင်း စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပြောသည်။

MNDAA ပြောရေးဆိုခွင့်ရှိသူ ကိုရန်ရန်က “ချင်းရွှေဟော်ကို ကျနော်တို့ ဆက်လက်ထိန်းသိမ်း ထား ဆဲ ပါပဲ။ ဒီနေ့မနက် တိုက်ပွဲအခြေအနေကတော့ ၁၀ နာရီ ၄၀ မိနစ်လောက်ထိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ထပ်သိမ်းပိုက်နိုင်ခဲ့တယ်။ မနေ့က ထိုးစစ်စဆင်တာကနေ ခုချိန်ထိဆို ရန်သူတပ်စခန်း ၃၀ ကျော်လောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီ” ဟု ဆိုသည်။

တိုက်ခိုက်သိမ်းပိုက်ထားသည့် တပ်စခန်းနှင့် တည်နေရာအချို့ကို အတည်ပြုထုတ်ပြန်ထားသည်ကို မတွေ့ရသေးသော်လည်း ကင်းစခန်းများကိုပါ ထည့်သွင်းရေတွက်ထားနိုင်ခြေရှိသည်။

ယနေ့ ထပ်မံသိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီစခန်းများမှာ သံလွင်မြစ်အနောက်ခြမ်းဒေသ၊ မုံးကိုး ခ ရိုင်၊ နန်ကျွမ်းဒေသရှိ စခန်းတခုနှင့် နန်ဟာဒေသရှိ တပ်စခန်းနှစ်ခုတို့ဖြစ်ပြီး မနက် ၆ နာရီခွဲနှင့် ၇ နာရီ ခွဲခန့်တို့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများ လည်း သိမ်းဆည်း ရရှိထားကြောင်း ကိုရန်ရန်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

ထိုးစစ်ကြေညာပြီး နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်စခန်းဂိတ်စခန်းများဆက်တိုက် ဆိုသလို လက်လွှတ်ဆုံးရှုံးနေသလို ထိခိုက်သေဆုံးသည့် တပ်ဖွဲ့ဝင်အင်အားမှာလည်း ရာဂဏန်းရှိနေ ပြီ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသတိုက်ပွဲများအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ရ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားပြီး နယ်မြေပြန်လည်တည်ငြိမ် ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ရက္ခိုင့်တပ်တော်(AA)နှင့်ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည်စစ်အာဏာရှင်အမြစ်ဖြတ်တိုက် ဖျက်ရန်နှင့် အွန်လိုင်းလိမ် လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ် ဆင် ရေးကြေညာသည့် ယမန်နေ့ နံနက်ပိုင်းမှစပြီး တပြိုင်နက်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ တိုက်ပွဲ များ ပြင်းထန်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang
ယခုထိုးစစ်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား တိုက်ဖျက်သွားမည့်အပြင် ထိုလုပ်ငန်းများ အား နောက်ကွယ်မှ အကာအကွယ်ပေးနေသည့် အင်အားစုများကိုလည်းချေမှုန်းသွားမည်ဖြစ်ကြောင်း MNDAA ဘက်က ပြောထားသည်။

ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်မိသားစုများ ထိန်းချုပ်ထားရာ လောက်ကိုင်မြို့သည် အွန် လိုင်းလိမ်လည်မှုလုပ်ငန်း များ၊ အွန်လိုင်းလောင်းကစားများစွာ အခြေစိုက်လှုပ်ရှားနေပြီး မကြာသေးမီ ကလည်း ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်း ဆောင်ဟောင်း၊ Fullylight လုပ်ငန်းစု ဥက္ကဋ္ဌ လျိုအာ ပေါက် ၏ညီဖြစ်သူ ကိုးကန့်ထိပ်သီးလုပ်ငန်းရှင် ဦးမောင်မောင်အား တရုတ်အစိုးရက အွန်လိုင်းလိမ် လည်မှုလုပ်ငန်းများနှင့်ဆက်စပ်ပြီး ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းများထံမှ သိရသည်။

ဦးမောင်မောင်သည် စစ်ကောင်စီခန့်အပ်သည့် ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တဦးဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦး လည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

ယမန်နေ့ကလည်း ချင်းရွှေဟော်မြို့ရှိ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်း ပယ်ဆောက် ချိန်မိသားစု ပိုင်ဆိုင် သည့် ဟိုတယ်အား MNDAA က စီးနင်းဖမ်းဆီးခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ “Operation 1027” ထိုးစစ်သည် တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်း ဒေသ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုမှနောင်ချို၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့အထိ ကျယ် ပြန့် ပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သော လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်လမ်းမ ကြီး အား စိုးမိုးခြိမ်းခြောက်လျက်ရှိသည်။

You may also like these stories:


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */