" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 28, 2023

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၅)

ဧရာဝတီ
အေးချမ်းဆု
ဆောင်းပါး
23 October 2023

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)/ ဧရာဝတီ

(ခ) PDF နှင့် ဒီမိုကရက်တစ်အင်အားစုများကို အပြည့်အဝ အကူအညီပေးလျက်ရှိပြီး ရေရှည်တွင် မြန်မာစစ်တပ်အား တိုက်ခိုက်မည့်အလား အလာရှိသည့် EAO တပ်ဖွဲ့များ


(၁) ULA / AA ရခိုင်ပြည်နယ်

ULA ဥက္ကဋ္ဌနှင့် AA စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တာဝန်ယူပြီး ULA အတွင်းရေးမှူးနှင့် AA ဒု စစ်ဦးစီးချုပ်တာဝန်အား ဗိုလ်မှူးချုပ် ညိုထွန်းအောင်က တာဝန်ယူသည်။ AA ခေါင်းဆောင်ပိုင်းတွင် ဗိုလ်မှူးကြီး ကျော်ဟန်နှင့် AA ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးခိုင်သုခတို့အား လူသိများသည်။

အခြားခေါင်းဆောင်နှင့် တာဝန်များအား ထုတ်ဖော်ကြေညာခြင်း မရှိပါ။ သို့သော် စစ်မြေပြင်တပ်မှူးများအဖြစ် ဗိုလ် မှူးကြီး ဒေါင်းရန်၊ ဗိုလ်မှူးကြီး လင်းသစ်၊ ဗိုလ်မှူးကြီး ထွန်းဝေ တို့က ရခိုင်လူထုကြားတွင် လူသိများသည့် အမည်များဖြစ်၏။

ကုလားတန်မြစ်ဖျား ပလက်ဝဒေသမှသည် ရခိုင်မြောက်ပိုင်း မယူမြစ်ဝှမ်း၊ ကုလားတန်မြစ်ဝှမ်း၊ လေးမြို့မြစ်ဝှမ်း၊ အမ်းတောင်တန်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်ဒေသများအား ဖြန့်ကြက်စိုးမိုးထားသည်။ သံတွဲ၊ ဂွဒေသ များ သို့ ထိုးဖောက်လှုပ်ရှားသည့် မြေပြင်သတင်းများလည်း ကြားရသည်။ ရခိုင်တွင် AA လက်နက်ကိုင်လှုပ်ရှားမှု မရှိ သည့် မြို့မှာ မာန်အောင်ကျွန်းသာ ရှိပုံရတော့သည်။ မာန်အောင်ပင်လျှင် ULA ထိုးဖောက်စည်းရုံးမှု ရှိသည်။

ရခိုင်တွင် AA လက်နက်ကိုင်လှုပ်ရှားမှု မရှိသည့်မြို့မှာ မာန်အောင်ကျွန်းသာ ရှိပုံရတော့သည်။ မာန်အောင်ပင်လျှင် ULA ထိုးဖောက်စည်းရုံးမှု ရှိသည်။
မြေပြင်သတင်းများအရ အယ်ဖာ ၁၊ ၂၊ ၃၊ ဘီတာ ၁၊ ၂၊ နိုဗာ ဟူသောအမည်များဖြင့် စစ်ဒေသများ ဖွဲ့စည်းထားပြီး စစ်ဒေသ ခြောက်ခုနှင့် အထူးဇုန်များ ဖွဲ့ထားသည်ဟု သိရသည်။ စစ်ဒေသတခုချင်းအား စစ်ဒေသမှူးတဦးစီက ကွပ် ကဲသည်။ စစ်ဒေသအောက်တွင် ဗျူဟာနှင့် တပ်ရင်းများအဆင့်ဆင့် ဖွဲ့စည်းထားသည်။ ဗျူဟာနှင့် တပ်ရင်း များ က သတ်မှတ်ထားသော နယ်မြေအလိုက် စစ်ရေးတာဝန်ယူသည်။

စစ်ဒေသတိုင်းတွင် နိုင်ငံရေးမှူး၊ ဒုနိုင်ငံရေးမှူးများ ခန့်အပ်ထားပြီး ၎င်းတို့က ဒေသအုပ်ချုပ်ရေး တာဝန်ယူသည်။ စစ်ဒေသ အရွယ်အစားကိုလိုက်၍ နယ်မြေ သုံးခု၊ ငါးခု စသည်ဖြင့် ဖွဲ့စည်းထားပြီး နယ်မြေမှူးများအား လေ့ကျင့်ခန့် အပ်ထားသည်။ နယ်မြေမှူးများအောက်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထားရှိသည်။ စစ်ဒေသ များ အပြင် တပ်မဟာ နှစ်ခု သီးခြားဖွဲ့ထားသည်ဟု မြေပြင်သတင်းများအရ သိရသည်။ ဗဟိုက ကိုင်သည့် လှုပ်ရှားတပ် မ ဟာများ ဖြစ်ပုံရပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဓိက လှုပ်ရှားသည်ကို တွေ့ရသည်။ အဆိုပါ စစ်ဒေ သ နှင့် တပ်မဟာများအောက်တွင် တပ်ရင်း ၁၀၀ ခန့် ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။

ရက္ခိုင့်တပ်တော် (AA) ၏ စစ်သင်တန်းဆင်းပွဲတခု/ ဧရာဝတီ
 လက်ရှိအချိန်တွင် ULA / AA ၏ ဖွဲ့စည်းပုံများအား လျှို့ဝှက်ထားရှိရာ အပြည့်အစုံသိရန် မလွယ်ပါ။ လက်ရှိ AA တပ်ဖွဲ့အင်အား စုစုပေါင်းမှာ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေး၊ ရဲ၊ နောက်တန်းဌာနများ အပါ အ ဝင် စုစုပေါင်းအင်အား ၃၀,၀၀၀ ခန့်ရှိနိုင်သည်ဟု ရရှိသည့်သတင်းများအရ သုံးသပ်ရပါသည်။ လက်နက်ခဲယမ်း အခြေအနေကိုမူ သိရှိနိုင်ခြင်း မရှိပါ။

AA တပ်ဖွဲ့များ အများစုသည် ရခိုင်တွင် ရှိနေသော်လည်း အချို့အင်အားများသည် KIA, ကိုးကန့်နှင့် KNU ဒေသများတွင်လည်း ရှိနေသေးသည်ဟု သိရသည်။ လက်ရှိ ရခိုင်တွင် AA တပ်ဖွဲ့တွင်းသို့ ဝင် ရောက်လိုသည့် လူငယ်အများအပြားရှိနေပြီး တပ်သားရေသောက်မြစ် ကောင်းမွန်၏။

လက်ရှိ ရခိုင်၌ AA နှင့် မြန်မာစစ်တပ်ကြား ဒုတိယအကြိမ် လူသားချင်းစာနာထောက်ထားမှု ခေါင်း စဉ်နှင့် အပစ်ရပ်ထားပြီး မည်သည့် နိုင်ငံရေးဆွေးနွေး သဘောတူညီမှုမှ မရှိပါ။ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ပါသည်။

(၂) ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)

PSLF ဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းက တာဝန်ယူပြီး TNLA ၏ စစ်ဦးစီးချုပ်အဖြစ် ဗိုလ် မှူးချုပ် တာဟိုပလန်က တာဝန်ယူသည်။ TNLA စစ်ဦးစီးဌာနအောက်တွင် –

(က) စစ်ဦးစီးရုံး – ဦး/ရေး/ထောက်လုပ်ငန်းများ
(ခ) သတင်းနှင့် ဆက်သွယ်ရေးတပ်ဖွဲ့
(ဂ) တပ်မဟာ (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) နှင့် လက်အောက်ခံ တပ်ရင်းများ
(ဃ) ဌာနချုပ်လုံခြုံရေးဗျူဟာ လက်အောက်ခံတပ်ရင်း ၁၃၄၊ ၂၄၅၊ ၃၅၇
(င) ကွန်မန်ဒိုအထူးတပ်ဖွဲ့
(စ) လက်နက်ကြီးတပ်ဖွဲ့
(ဆ) ပြည်သူ့စစ် တပ်မဟာ
(ဇ) ဒေသကာကွယ်ရေးတပ်ဖွဲ့များ
(ဈ) အမျိုးသမီးတပ်ရင်း
(ည) စစ်ဥပဒေရုံး
(ဋ) လေ့ကျင့်ရေးသင်တန်းကျောင်း
(ဌ) အရာရှိသင်တန်းကျောင်းတို့ ဖွဲ့စည်းထား၏။

စစ်ဦးစီးဌာနချုပ်အောက်တွင် ဒေသအလိုက် တပ်မဟာ တခုလျှင် တပ်ရင်း ငါးရင်းစီပါသော တပ်မဟာ ခြောက်ခု ဖွဲ့စည်း၍ ဖြန့်ခွဲထားရှိပြီး လှုပ်ရှားတပ်မဟာတခုအပါအဝင် စုစုပေါင်း တပ်မဟာ ခုနစ်ခု ဖွဲ့ စည်း ၍ စစ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ၏။ တပ်ရင်းတရင်းလျှင် အင်အား ၁၀၀ မှ ၁၅၀ ကြား ဖွဲ့စည်းထားသည်။

တပ်မဟာ ၁။ ။ လက်အောက်ခံတပ်ရင်း ၁၀၁၊ ၁၁၂၊ ၄၇၈၊ ၅၇၁၊ ၈၇၆ လှုပ်ရှားနယ်မြေ – မူဆယ်၊                      နမ့်ခမ်း၊ မိုင်းဝီးဒေသ။
တပ်မဟာ ၂။ ။ လက်အောက်ခံ တပ်ရင်း ၂၅၆၊ ၄၃၄၊ ၉၈၇၊ ၆၆၆၊ ၇၁၇ လှုပ်ရှားနယ်မြေ – နမ့်ဆန်၊                    မိုင်းငေါ့၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုဒေသ။
တပ်မဟာ ၃။ ။ လက်အောက်ခံတပ်ရင်း ၉၉၉၊ ၇၆၅၊ ၇၇၃၊ ၃၆၇၊ ၆၈၃ လှုပ်ရှားနယ်မြေ – မန်တုံ၊                    မိုးမိတ်ဒေသ။
တပ်မဟာ ၄။ ။ လက်အောက်ခံ တပ်ရင်း ၉၁၉/၁၈၉/၂၃၆/၅၆၈/၅၉၃ လှုပ်ရှားနယ်မြေ –နမ္မတူ၊လားရှိုး                  နမ္မတူ-သီပေါဒေသ။
တပ်မဟာ ၅။ ။ လက်အောက်ခံတပ်ရင်း ၂၂၃၊ ၃၃၅၊ ၄၄၇၊ ၈၁၈၊ ၇၇၇ – လှုပ်ရှားနယ်မြေ – ကြူကုတ်၊                 ကွတ်ခိုင်၊ သိန္နီ၊ တာမိုးညဲဒေသ။
တပ်မဟာ ၆။ ။ လက်အောက်ခံတပ်ရင်း ၃၃၃၊ ၅၇၇၊ ၅၉၅၊ ၆၆၁၊ ၈၈၅ – လှုပ်ရှားနယ်မြေ – လားရှိုး၊                    တန့်ယန်း၊ မိုင်းယော်ဒေသ။
တပ်မဟာ ၇။ ။ လက်အောက်ခံတပ်ရင်း ၁၅၉၊ ၂၆၈၊ ၃၈၇၊ ၄၉၅၊ ၅၆၇ – လှုပ်ရှားနယ်မြေ –                            လှုပ်ရှားတပ်မဟာ

သို့ဖြစ်ရာ လက်ရှိအချိန်တွင် TNLA တပ်ဖွဲ့တွင် တပ်မဟာ ခုနစ်ခု၊ ဗျူဟာတခုနှင့် လက်အောက်ခံ တပ် ရင်း ၃၈ ရင်း၊ ကွန်မန်ဒိုတပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့၊ အမျိုးသမီးတပ်ရင်း၊ ပြည်သူ့စစ် တပ်မဟာတို့ ဖွဲ့ စည်းထားနိုင်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ကျယ်ပြန့်သောနယ်မြေအား ထိန်းချုပ်လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ် ၏။ TNLA ၏ စုစုပေါင်းအင်အားမှာ ၈,၀၀၀ ခန့်ရှိ၏။
TNLA တပ်ဖွဲ့တွင် တပ်မဟာ ခုနစ်ခု၊ ဗျူဟာတခုနှင့် လက်အောက်ခံတပ်ရင်း ၃၈ ရင်း၊ ကွန်မန်ဒိုတပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့၊ အမျိုးသမီးတပ်ရင်း၊ ပြည်သူ့စစ် တပ်မဟာတို့ ဖွဲ့စည်းထားနိုင်ပြီးရှမ်းပြည်မြောက် ပိုင်းတွင် ကျယ်ပြန့်သောနယ်မြေအား ထိန်း ချုပ် လှုပ်ရှားနိုင်ခဲ့ပြီ
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစ၍ TNLA နှင့် မြန်မာစစ်တပ်ကြား ကွတ်ခိုင်၊ မူဆယ်၊ မိုးကုတ်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး နောင်ချို၊ မိုးကုတ်ဒေသများတွင် PDF များနှင့် ပူးတွဲတိုက်ခိုက်နေသည်ကို တွေ့ရ၏။

(၃) မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ (MTJNP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)

ကိုးကန့်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ MNDAA ၏စစ်ဦးစီချုပ်နှင့် ကိုးကန့်အုပ်ချုပ်ရေး ကော်မ တီ၏ ဥက္ကဋ္ဌအဖြစ် ဖုန်တရွှင် (ဖုန်ကြားရှင်၏ သား) က တာဝန်ယူထားသည်။

လက်ရှိ MNDAA တွင် တပ်မဟာ လေးခုရှိ၏။

(က) တပ်မဟာ ၂၁၁ – မူပန်ခရိုင် (သိန္နီခရိုင်) တွင် ဖြန့်ခွဲပြီး ကွန်လုံ၊ သိန္နီ ကားလမ်း၏ တောင်မြောက်                         တွင် လှုပ်ရှားစေခဲ့၏။
(ခ) တပ်မဟာ ၃၁၁ – မူရင်း ကိုးကန့်ဒေသအတွင်း ဟုန်အိုင်၊ ချင်ရွှေဟော်အနီး နန့်ဖာတောင်၊                               မော်ထိုက်၊ ကုန်းကြမ်း ပတ်လည်တွင် ဖြန့်ခွဲလှုပ်ရှား၏။
(ဂ) တပ်မဟာ ၅၁၁ အား ထပ်မံဖွဲ့စည်းပြီး မုံးကိုးခရိုင်ဟု သတ်မှတ်သည့် မုံးကိုး၊ ဖောင်းဆိုင်၊                                   မုံးပေါ်ကြီး၊ မုံးယား၊ မုံးဟောင်ဒေသများတွင် ဖြန့်ခွဲလှုပ်ရှားသည်။
(ဃ) တပ်မဟာ ၆၁၁ – ကွတ်ခိုင်ခရိုင်တွင် လှုပ်ရှားရန် ရည်ရွယ်ခဲ့သော်လည်း ၂၀၂၁ စစ်တပ် အာဏာ                         သိမ်းပြီးနောက် ပေါ်ထွက်လာသော PDF, PLA, BPLA, KNDF စသည့်                                အင်အား တထောင်ကျော်အား လေ့ကျင့် လက်နက်တပ်ဆင်ပေးထား၏။                            ယခုအခါ တပ်ပေါင်းစု တပ်မဟာဟု ခေါ်၏။ AA တပ်ရင်းများလည်းရှိ၍                                အင်အားအတောင့်တင်းဆုံး တပ်မဟာဖြစ်၏။

MNDAA အနေနှင့် နိုင်ငံရေးဌာန၊ စစ်ဦးစီးဌာန၊ ထောက်ပံ့ရေးဌာန၊ အမြောက်တပ်ရင်းတို့ကိုပါ တိုးချဲ့ ဖွဲ့စည်းထားခဲ့သည်ကို တွေ့ရ၏။ သို့ဖြစ်သောကြောင့် ကိုးကန့်တို့၏ MTJNP / MNDAA ၏အင်အားမှာ အနည်းဆုံး ၅,၀၀၀ နှင့်အထက် ရှိမည်ဟုခန့် မှန်းရ၏။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ စစ်သားတဦး/ ဧရာဝတီ

အထက်ပါ AA, TNLA, MNDAA တပ်ဖွဲ့သုံးဖွဲ့လုံးသည် PDF များအပြင် ပြည်မမှ အင်အားစုများ၊ ချင်း နှင့် ကရင်နီမှ အင်အားစုများကို ကူညီလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့က တရားဝင် ထုတ်ဖေါ်ခြင်း မရှိဘဲ ဆောင် ရွက်နေသကဲ့သို့ NUG နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိကြ၏။
AA, TNLA, MNDAA တပ်ဖွဲ့သုံးဖွဲ့လုံးသည် PDF များအပြင် ပြည်မမှ အင်အားစုများ၊ ချင်းနှင့် ကရင်နီမှ အင်အားစု များကို ကူညီလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့က တရားဝင်ထုတ်ဖေါ်ခြင်း မရှိဘဲ ဆောင်ရွက်နေ သကဲ့သို့ NUG နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိကြ၏
(ဂ) စစ်ကောင်စီနှင့် PDF နှစ်ဖက်လုံးအား မှန်တန်းဆက်ဆံရေး ထူထောင်ထားသော်လည်း တိုင်းရင်း သား အင် အားစုနှင့် တော်လှန်ရေး အင်အားစုများအား စာနာသည့်တပ်ဖွဲ့များ၏ အင်အား။

(၁) UWSP / UWSA

လက်ရှိ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ၏ အထွေထွေအတွင်းရေးမှူးနှင့် UWSA တပ် မှူးကြီးမှာ ပေါက်ယူချမ်း ဖြစ်၏။ ဒုတပ်မှူးကြီးနှင့် စစ်ဦးစီးချုပ်မှာ ကျောက်ကျုံးတန်း ဖြစ်၏။

UWSA ဌာနချုပ်ကို ဝ နယ် ပန်ဆန်းတွင် အခြေပြုပြီး တပ်မဟာ ၃၁၈၊ တပ်မဟာ ၄၁၈၊ တပ်မဟာ ၄၆၈၊ တပ်မဟာ ၆၁၈ ဟူ၍ အဓိက တပ်မဟာ လေးခုဖွဲ့စည်းထားပြီး ပြည့်သူစစ်တပ်မဟာ နှစ်ခု ဖွဲ့စည်းထားသည်ဟု သိရသည်။

ထို့ပြင် UWSA ဌာနချုပ်တွင် ကင်းတပ်မဟာ၊ အထူးတပ်မဟာ၊ အမြောက်တပ်မဟာ၊ ဒုံးကျည် တပ် ဆင် ထားသည့် ဒရုန်းတပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ သံချပ်ကာတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့၊ ဗိုလ်သင်တန်းကျောင်း၊ စစ်သင်တန်းကျောင်းများ ဖွဲ့စည်းထားရှိပြီး ဖွဲ့စည်းပုံ အတိအကျကို သိရှိရန် မလွယ်ကူပေ။
 
MNDAA တပ်ဖွဲ့ဝင်များ/ Global Times



UWSA ထိန်းချုပ်နယ်မြေအတွင်း အဓိက တပ်မဟာ လေးခုကို တပ်ဖြန့်ခွဲထားရှိ၏။

တပ်မဟာ ၃၁၈ သည် မိုင်းမောတွင် အခြေပြုပြီး ဟိုပန်၊ ပန်လုံ၊ ကွန်လုံ၊ ချင်းရွှေဟော်တို့တွင် အခြေပြု သည့် မြန်မာစစ်တပ်နှင့် ရင်ဆိုင်ထား၏။

တပ်မဟာ ၆၁၈ သည် မိုင်းလင်းခရိုင်၊ နောင်ခေတ်တွင် အခြေပြု၏။ အဓိက မန်မန်းရှန် စစ်မျက်နှာရှိ တန့်ယန်းမြို့နယ်၊ မန်ကန်မြို့နယ်ခွဲတို့တွင် အခြေပြုသည့် မြန်မာစစ်တပ်နှင့် ရင်ဆိုင်ထား၏။

တပ်မဟာ ၄၁၈ သည် ပန်ဆန်းအနီးတွင် အခြေပြုပြီး တပ်အချို့အား ပန်ယန်းတွင် ဖြန့်ခွဲပြီး မော်ဖာဒေ သရှိ မြန်မာစစ်တပ်နှင့် ရင်ဆိုင်ထား၏။

တပ်မဟာ ၄၆၈ သည် မိုင်းပေါက်တွင် အခြေပြုပြီး မိုင်းခတ်၊ မိုင်းယန်းဒေသတွင် အခြေပြုသည့် မြန် မာ စစ်တပ်နှင့် ရင်ဆိုင်ထားသည်။ ထို့ပြင် တပ်မဟာ ၄၆၈ မှ တပ်အချို့သည် မိုင်းလားဒေသခံစစ်စခန်း တချို့တွင်ပါ ဝင်ရောက်နေရာယူပြီး မိုင်းလားဒေသခံစစ်အား အားဖြည့်ထား၏။

ထိုတပ်မဟာ လေးခုသည် တပ်မဟာတခုလျှင် တပ်ရင်း ၁၂ ရင်းခန့်အထိ ရှိနိုင်ပြီး အမြောက်တပ်ရင်း နှင့် သံချပ်ကာ တပ်ဖွဲ့များပါ တွဲဖက်ပေးထား၏။ တပ်မဟာတခုလျှင် ပျမ်းမျှအင်အား ၃,၀၀၀ နှင့်အ ထက် ရှိသည်ဟု ခန့်မှန်းရပါသည်။

                       ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)/ ဧရာဝတီ

ထို့ပြင် မိုင်းမောတွင် ပြည်သူ့စစ်တပ်မဟာ တခု၊ မိုင်းပေါက်တွင် ပြည်သူ့ စစ်တပ်မဟာတခု ဖွဲ့စည်းထား ၏။ ဝ ဒေသတွင် စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးသည်ဖြစ်ရာ ပြည်သူ့စစ်အများစုမှာ စစ်မှုထမ်း ဆောင်ဖူးသူများဖြစ်၍ စစ်တပ်နှင့် မစိမ်းလှပေ။ ထိုပြည်သူ့စစ် တပ်မဟာများကို တနှစ်လျင်နှစ်ကြိမ်ခန့် အထိ စုဖွဲ့လေ့ကျင့်လေ့ ရှိသည်။

ဝ ဒေသတွင် စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးသည်ဖြစ်ရာ ပြည်သူ့စစ်အများစုမှာ စစ်မှုထမ်းဆောင် ဖူး သူများဖြစ်၍ စစ်တပ်နှင့် မစိမ်းလှပေ။

ပန်ဆန်းဗဟိုပြု ဝ နယ်တွင် UWSA အင်အား အများဆုံး ၂၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရ၏။

မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်ရှိ ၁၇၁ စစ်ဒေသတွင် စစ်နယ်မြေ သုံးခုနှင့် တပ်မဟာ ငါးခု ဖွဲ့စည်းထား၏။

-အမှတ် (၁) စစ်နယ်မြေ
မိုင်းကျွတ် – တပ်မဟာ ၇၇၂
ခိုင်လုံ – တပ်မဟာ ၇၇၈

-အမှတ် (၂) စစ်နယ်မြေ
ဟွေအော – တပ်မဟာ ၇၇၅
ဝမ်ဟုန်၊ ဟိုပန်-ဟိုရွက် – တပ်မဟာ ၂၄၈

-အမှတ် (၃) စစ်မျက်နှာ
မိုင်းယွန်း – တပ်မဟာ ၅၁၈

၁၇၁ စစ်ဒေသရှိ တပ်မဟာ တခုလျှင် တပ်ရင်း ခြောက်ရင်းစီဖြင့် ဖွဲ့စည်းထား၏။ ထို့ပြင် စစ်ဒေသ၌ ကင်းတပ်၊ အမြောက်တပ်၊ မော်တော်ယာဉ်တပ်နှင့် အခြား လက်ရုံးတပ်များ တွဲဖက်ထား၏။ ၁၇၁ စစ် ဒေသတွင် ပြည်သူ့ စစ်တပ်ရင်း နှစ်ရင်းရှိပြီး စုစုပေါင်း စစ်အင်အား ၉,၀၀၀ ခန့်ရှိပါသည်။

UWSA ၏ လက်ရှိ စစ်အင်အားမှာ စုစုပေါင်း ၃၀,၀၀၀ ခန့်အထိ ရှိမည်ဟု ခန့်မှန်းတွက်ဆရပါသည်။ ဝ တို့သည် ဒေသခံရွာများတွင် ပြည်သူစစ်များ ဖွဲ့စည်း၍ အခြေခံစစ်သင်တန်းများ ပေးထားရာ လိုအပ် လျှင် စစ်သားစုဆောင်းရန် လျင်မြန်လွယ်ကူသည်ဟု ဆိုပါသည်။

UWSA ၏ လက်နက်တပ်ဆင်မှုမှာ မူလ M22 ကို အခြေခံ၍ မွမ်းမံထားသည့် Type 81 ဟုခေါ်သည့် ၈၁ ပုံစံ မောင်းပြန်ရိုင်ဖယ်ကို တပ်ဆင်ထားပြီး စနိုက်ပါသေနတ်၊ စက်ကလေး၊ အာပီဂျီလောင်ချာ၊ ပွိုင့် ၅ တို့အပြင် ၁၀၇ မမ၊ ၆၀ မမ၊ ၈၂ မမ၊ ၇၅ မမ၊ ၁၀၅ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ စသည့် အကူပစ် လက် နက်ကြီးများ၊ FN6 / FN 7 အမျိုးစား လေယာဉ်ပစ် ဒုံးများ၊ သံချပ်ကာယာဉ်များ တပ်ဆင်ထား၏။

ဝ နယ်အတွင်း၌ လက်နက် ငယ်စက်ရုံ၊ လက်ပစ်ဗုံးစက်ရုံ၊ ကျည်ဆန်စက်ရုံများအပြင် ၁၂၀ မမ၊ ၁၂၂ မမ လက်နက်ကြီး ထုတ်လုပ်သည့် စက်ရုံများ ရှိနေပြီဟုသိရပြီး တိုင်းရင်း သားတပ်ဖွဲ့များထဲတွင် လက် နက်အင်အား အတောင့်တင်းဆုံး ဖြစ်၏။

(၂) SSPP / SSA

ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP / SSA) ကို ဥက္ကဋ္ဌ စဝ်ပန်ဖ ဦးစီးပြီး စစ်ဦးစီး ချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စဝ်ခင်မင်က တာဝန်ယူပါသည်။ SSPP / SSA ဌာနချုပ်အား ဝမ်ဟိုင်းတွင် ဗဟိုပြုသည်။

SSPP / SSA သည် ဝမ်ဟိုင်းကို ဗဟိုပြု၍ မိုင်းရှူး၊ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းနောင်၊ ကျေးသီးမန်စံ၊ လား ရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုးမိတ်ဒေသတို့တွင် ဖြန့်ခွဲလှုပ်ရှားနေသည်ကို တွေ့ရသည်။ ရှမ်းပြည် မြောက် ပိုင်း ရော တောင်ပိုင်းပါ အခြေပြုလှုပ်ရှားသည်။
SSPP / SSA သည် ဝမ်ဟိုင်းကို ဗဟိုပြု၍ မိုင်းရှူး၊ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းနောင်၊ ကျေးသီးမန်စံ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုးမိတ်ဒေသတို့တွင် ဖြန့်ခွဲလှုပ်ရှားနေသည်

လက်ရှိ SSPP / SSA သည် အုပ်ချုပ်ရေးခရိုင် ကိုးခု ဖွဲ့စည်းထားသည်။

ခရိုင်အမှတ် (၁) တန့်ယန်း၊ မိုင်းရှူး၊ မိုင်းကောင်ဒေသ
ခရိုင်အမှတ် (၃) မိုင်းနောင်၊ ကျေးသီး၊ ဝမ်ဟိုင်းဒေသ
ခရိုင်အမှတ် (၄) စိန်ဂျော့၊ နောင်မွန်၊ နားမခေါ် ဒေသ
ခရိုင်အမှတ် (၅) မိုင်းရယ်၊ မိုင်းတုံ၊ မိုင်းပန်၊ ဝမ်လီဒေသ
ခရိုင်အမှတ် (၆) သီပေါ၊ ကျောက်မဲ၊ မိုးမိတ်ဒေသ
ခရိုင်အမှတ် (၇) နောင်ချို ၊ ပုံဝိုးဒေသ။
ခရိုင်အမှတ် (၈) မိုင်းယန်၊ နမ္မတူဒေသ
ခရိုင်အမှတ် (၉) နမ့်ခမ်း၊ မူဆယ် ၊ ပန်ဆိုင်းဒေသ
ခရိုင်အမှတ် (၁၀) သိန္နီ၊ မိုင်းယော်၊ လားရှိုးဒေသတို့ဖြစ်သည်။

ခရိုင်အမှတ် (၂) မထားရှိပါ။ စုစုပေါင်း ခရိုင် ကိုးခု ဖွဲ့စည်းထားသည်။ ခရိုင် (၁) ခုအောက်တွင် မြို့နယ် သုံးခုစီ ဖွဲ့စည်းထားပြီး စုစုပေါင်း မြို့နယ် ၂၇ ခု ဖွဲ့စည်းထားသည်။ ၂၀၂၂ ခုနှစ် RCSS နှင့်တိုက်ပွဲအပြီး သီပေါ၊ ပင်လုံ၊ မိုင်းကိုင်မြို့နယ်များနှင့် ရပ်စောက်၊ ဟိုပုံးမြို့နယ်များရှိ ရှမ်းရွာများသို့ပါ အုပ်ချုပ်ရေး၊ စည်းရုံးရေး ဖြန့်ကြက်လာသည်ကို တွေ့ရ၏။

SSPP အမျိုးသမီးရဲဘော်တဦး / SS-Army

တကယ်တမ်း SSPP / SSA အပြည့်အဝ ထိန်းချုပ်လှုပ်ရှားသည့် ဒေသမှာ နောင်ချို၊ လာရှိုး၊ တန့်ယန်း ကားလမ်းနှင့် တောင်ကြီး၊ ကျိုင်းတုံ ကားလမ်းကြား ရှမ်းတောင်ဒေသ ဖြစ်၏။ ထိုနယ်မြေအတွင်း အ ခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ မရှိပါ။

SSA တပ်ဖွဲ့စည်းပုံအနေနှင့် SSPP / SSA ဌာနချုပ် ဝမ်ဟိုင်းတွင် ဌာနချုပ်လုံခြုံရေး တပ်ရင်း နှစ်ရင်း၊ အထူးတပ်ရင်း တရင်း၊ အရန် သုံးရင်း စုဖွဲ့ထားရှိသည်။ ထို့ပြင် တပ်မ သုံးခု ဖွဲ့စည်းထားပြီး ထိန်းချုပ် နယ်မြေများအတွင်း ဖြန့်ခွဲထားရှိသည်။

-တပ်မ ၉၉၉ တပ်မဟာ ၁ (လက်အောက်ခံ ရင်း လေးရင်း)၊ တပ်မဟာ ၁၅၃ (လက်အောက်ခံ ရင်း                               သုံးရင်း)၊ တပ်မဟာ ၆၁၂ (လက်အောက်ခံ ရင်း လေးရင်း)
-တပ်မ ၉၀၉ တပ်မဟာ ၇၂ (လက်အောက်ခံ ရင်း ငါးရင်း)၊ တပ်မဟာ ၇၄ (လက်အောက်ခံ ရင်း                                   ငါးရင်း)
-တပ်မ ၉၁၈ တပ်မဟာ ၃၆ (လက်အောက်ခံ ရင်း လေးရင်း)၊ တပ်မဟာ ၂၇ (လက်အောက်ခံ ရင်း                               လေးရင်း)၊ တပ်မဟာ၇၀၂ (လက်အောက်ခံ ရင်း လေးရင်း)

စုစုပေါင်း တပ်မဟာ ရှစ်ခုပါဝင်သော တပ်မ သုံးခုနှင့် တိုက်ခိုက်ရေးတပ်ရင်း စုစုပေါင်း ၄၀ ခန့် ဖွဲ့စည်း ထားရှိသည်။

၂၀၂၂ ခုနှစ် RCSS နှင့် တိုက်ပွဲများအပြီး တပ်မတခု ထပ်မံ ဖွဲ့စည်းရန် လေ့ကျင့်၊ ပြင်ဆင်နေသည်ဟု သိရ၏။ ထို့ပြင် မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်တပ်များ ဖွဲ့စည်းထားရှိသည်။ ၎င်းတို့ထိန်း ချုပ်ရာ ဒေသအတွင်း ငါးနှစ် စစ်မှုထမ်းရန် သတ်မှတ်ထားသည်ဟုသိရသည်။ တိုက်ခိုက်ရေးအင်အား အပြင် ဒေသအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး နောက်တန်းဌာန အင်အားများပါ ပေါင်းပါက စုစု ပေါင်းအင်အား ၁၀,၀၀၀ မှ ၁၂,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ အခြေခံအားဖြင့် ၎င်း တပ်ဖွဲ့အား လက်နက် တပ်ဆင်ထားနိုင်ပါ သည်။

(၃) PSC / NDAA

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ / အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(PSC/ NDAA) ထိန်းချုပ်ရာဒေသသည် ရှမ်းအရှေ့ မိုင်းယန်း၊ မိုင်းခတ်မြို့များ၏ အရှေ့ဘက်၊ ကျိုင်းတုံမြို့၏ အရှေ့ မြောက်ဘက်၊ မိုင်းယောင်း-မိုင်းယုမြို့များ၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက် တရုတ်နယ်စပ် တ လျှောက်တွင် တည်ရှိ၏။ မြောက်ဘက်တွင် တရုတ်နယ်စပ်နှင့် ၃၄၂ ဒသမ ၅ ကီလိုမီတာ ထိစပ်နေ၏။ အရှေ့ဘက်တွင် မဲခေါင်မြစ်ကြောင်းအတိုင်း လာအိုနှင့် ကီလိုမီတာ ၁၀၀ ကျော် ဆက်စပ်နေသည်။ နယ်မြေ အကျယ်အဝန်းမှာ ၄,၉၅၂ စတုရန်းကီလိုမီတာရှိပြီး တောတောင်ထူထပ်၏။

NDAA တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်/ ဧရာဝတီ

PSC / NDAA ၏ ဌာနချုပ်ကို မိုင်းလားတွင် အခြေပြုပြီး ၎င်းထိန်းချုပ်ရာ နယ်မြေအား အုပ်ချုပ်ရေး ဒေသ သုံးခုအဖြစ် ပိုင်းခြားထား၏။

(က) နန့်ပန်းဒေသ၊ (ခ) မိုင်းလားဒေသ၊ (ဂ) ဆီလူးဒေသတို့ ဖြစ်၏။

PSC / NDAA ၏ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလင်းက တာဝန်ယူပြီး တပ်မှူးအဖြစ် လော်ချန်းပေါင်းက တာဝန် ယူ၏။ သို့သော် ယခုအခါ နေ့စဉ်လုပ်ငန်းအား လူငယ်များအား လွှဲပြောင်းပေးထားသည်ဟု သိရ၏။ စစ်ရေးကော်မတီ ဖွဲ့စည်းထားပြီးကော်မတီ၏ အောက်တွင် စစ်ဦးစီးဌာန၊ ထောက်ပံ့ရေးဌာန၊ စည်းရုံး ရေးဌာန၊ ဒေသလက်နက်ကိုင် (ပြည်သူ့စစ်) နှင့် တပ်မဟာများ ဖွဲ့စည်းထားရှိ၏။

PSC / NDAA ၏ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလင်းက တာဝန်ယူပြီး တပ်မှူးအဖြစ် လော်ချန်းပေါင်းက တာဝန် ယူ၏။ သို့သော် ယခုအခါ နေ့စဉ်လုပ်ငန်းအား လူငယ်များအား လွှဲပြောင်းပေးထားသည်ဟု သိရ၏။
တပ်မဟာများ ဖွဲ့စည်းထားရှိမှုမှာ အောက်ပါအတိုင်း ဖြစ်၏။

(က) ဌာနချုပ် ကင်းတပ်မဟာ – မိုင်းလားဌာနချုပ်- ခြေလျင်တပ်ရင်း နှစ်ရင်း၊ အမြောက်တပ်ရင်း                                     တရင်း
(ခ) တပ်မဟာ ၈၉၆ – မိုင်းလားဒေသ – ခြေလျင်တပ်ရင်း သုံးရင်း
(ဂ) တပ်မဟာ ၃၆၉ – ဆီလူးဒေသ – ခြေလျင်တပ်ရင်း လေးရင်း
(ဃ) တပ်မဟာ ၉၁၁ – နန့်ပန်းဒေသ – ခြေလျင်တပ်ရင်း ငါးရင်း။

တပ်မဟာအလိုက် ဌာနချုပ်တပ်ခွဲ၊ အမြောက်တပ်ခွဲ၊ မော်တော်ယာဉ်တပ်ဖွဲ့များ ဖွဲ့စည်းထားရှိ၏။ လက် နက်ကိုင်တပ်ဖွဲ့၊ ဒေသန္တရ အုပ်ချုပ်ရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့အပါအဝင် စုစုပေါင်း အင်အား ၆၀,၀၀ ခန့် ရှိပြီး ပြည်သူ့ စစ်အင်အား ထောင်ဂဏန်း ရှိနိုင်ပါသည်။ စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ထားသော မိုင်း လားနယ်မြေ ခံစစ်စည်းတွင် UWSA တပ်ရင်း အနည်းဆုံး လေးရင်းခန့် ခံစစ်တာဝန် အားဖြည့် ယူထား ပါသည်။

အထက်ပါ UWSA, SSPP, NDAA အဖွဲ့သုံးဖွဲ့သည် စစ်ကောင်စီနှင့် ပုံမှန် တွေ့ဆုံဆွေးနွေးလျက် ရှိ သော်လည်း စစ်ကောင်စီတပ် လိုလားသည့် အပစ်အခတ်ရပ်စဲရေး NCA ရေးထိုးထားခြင်း မရှိပါ။ ထို့ပြင် NUG / PDF များအား အကြမ်းဖက်အဖြစ် ကြေညာရန် စစ်ကောင်စီတပ်၏ တောင်းဆိုချက်ကို ပယ်ချထားပါသည်။ UWSA, SSPP, NDAA တို့သည် KIA, AA, TNLA, MNDAA တို့နှင့် နိုင်ငံရေးမ ဟာမိတ်ဖွဲ့စည်းထား၏။

UWSA, SSPP, NDAA, MNDAA တို့သည် ယခင် ဗကပ ခေတ်ကာလ ကတည်းက ပေါင်းစည်းသည့် သွေးသောက်ညီနောင် ဖွဲ့မှုကို ၂၀၂၃ ခုနှစ်အတွင်း ထပ်မံပြုလုပ်သည်ကို တွေ့ရ၏။

AA, TNLA, MNDAA သုံးဖွဲ့သည် စစ်ရေးမဟာမိတ် ဖွဲ့စည်းထားသကဲ့သို့ KIA နှင့် AA ကြားတွင်လည်း ခိုင်မာသည့် ဆက်ဆံရေးရှိသည်။

(ဆက်လက်ဖော်ပြပါမည်)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:


Link  : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */