" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 23, 2023

ကွဲပြားသည့်ရှုမြင်ပုံများကြားက ကမ္ဘာ့တရားရုံးရောက် မြန်မာ့အရေး

Frontier
MYANMAR
December 10, 2019 

လွန်မင်းမန် နှင့် အင်ဒရူးနာခမ်ဆန် ရေးသည်။ 


နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ ၌ အ ပြည် ပြည်ဆိုင်ရာတရားရုံးကြားနာပွဲများကို မြန်မာနိုင်ငံကိုယ်စား ဦးဆောင်နေသည်။ ယင်းသည် မြန်မာနိုင် ငံ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ခြင်းဖြစ်နိုင်သကဲ့သို့ ၎င်း၏ပုံရိပ်ကိုလည်း ပြန်လည် မွမ်း မံ ခြင်းဖြစ်နိုင် သည်ဖြစ်ရာ နိုင်ငံတကာသုံးသပ်သူများနှင့် ပြည်တွင်းရှိ လူထုအကြားတွင် အမြင်အ မျိုးမျိုး ဖြစ်ပေါ် လျက် ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများကို မျိုးတုန်းသတ်ဖြတ်သည်ဟု စွပ်စွဲကာ မွတ်စလင်နိုင်ငံတစ်ခုဖြစ်သည့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ကိုယ်စား နိုဝင်ဘာလ ၁၁ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာကို တရားစွဲဆိုခဲ့သည်။

မြန်မာအစိုးရကမူ လူမျိုးတုံးသတ်ဖြတ်ကြောင်းစွပ်စွဲချက်များကို ကျူးလွန်ခြင်းမရှိဟု ငြင်းဆန်သည့်အပြင် နိုင်ငံ တ ကာတရားရုံးများ၏ ဝင်ရောက်စီရင်ပိုင်ခွင့်ကို ပြည်ပစွက်ဖက်မှုအဖြစ် ပယ်ချထားသည်။ လူ့အခွင့်အရေး ချိုး ဖောက်မှုများသည် မြန်မာ့တပ်မတော်ကကျူးလွန်ခြင်းမဟုတ်ဘဲ အာဆာ ကသာ ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုချိန်တွင် ယင်းသို့လုပ်ဆောင်ခြင်းသည် နိုင်ငံရေးပယောဂ ပါဝင်သည့် နိုင်ငံတကာဖိအားပေးသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂသံအမတ် ဦးဟောက်ဒိုဆွမ်က ဗွီအိုအေသတင်းဌာနကို ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံဘက်က ဥပဒေကြောင်းအရ ရင်ဆိုင် ရန် ပြင်ဆင်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းကိုယ်တိုင်ဦးဆောင်၍ တပ်မတော်၏ ပူးပေါင်းမှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ သွားရောက်ရင်ဆိုင်မည်ဟုဆုံးဖြတ်ခဲ့ခြင်းက လူအများ အပြားကို အံ့အားသင့် စေခဲ့သည်။

သည်ဟိဂ် ရောက် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-AFP)

သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဦးဆောင် ခြင်းက လိုအပ်သည့်အတွက်လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ယူဆကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြော ခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Frontier သတင်းဌာနသို့ ပြောသည်။

ရေပိုင်နက်အငြင်းပွားမှုတွင် ကုလသမဂ္ဂခုံရုံးတစ်ခု၏ ဖြေရှင်းမှုအရ ရှင်မဖြူကျွန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၂ ခုနှစ်ကလက်လွှတ်ဆုံးရှုံးခဲ့ရသည့်အဖြစ်မျိုး ပြန်မဖြစ်ပွားစေရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး ဆောင်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒီတစ်ချိန်မှာတော့ အမှားအယွင်းမဖြစ်အောင်နဲ့ ပိုပြီးစနစ်တကျဖြစ်အောင်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်တိုင်သွားရောက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုမှ သုတေသနညွှန်ကြားရေးမှူး ဒေါက်တာအင်ဒရူးငွန် ကျုံး လျန်ကမူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဦးဆောင်ခြင်းထက် ပြည်ထောင်စု ရှေ့နေချုပ်ကို စေ လွှတ်ခဲ့သင့်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ထက်စာလျှင် ဥပဒေပညာရပ်ကျွမ်းကျင်သူများသာ သွားရောက်သင့်ကြောင်း သူကပြော ပြီး “အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုတာ ကမ္ဘာသိ လူလေးစားခံရတဲ့ တရားသူကြီးတွေက နိုင်ငံတွေအကြား ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေကို ဆုံးဖြတ်ပေးတဲ့နေရာဖြစ်ပြီး သံတမန်တွေမိန့်ခွန်း ခြွေတဲ့နေရာမဟုတ်ပါ ဘူး”ဟု ဒေါက်တာအင်ဒရူးက ပြောသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်တွင်းမှတုံ့ပြန်သံများကမူ အရှိန်အဟုန်ဖြင့် ကြီးထွားနေသကဲ့သို့ လူ အများ၏ အမျိုးသားရေးစိတ်ဓာတ်ကိုလည်း လှုပ်နှိုးလိုက်ဟန်ရှိသည်။ ယခင်က လူ့အခွင့်အရေး စံပြပုဂ္ဂိုလ် အ ဖြစ်နိုင်ငံတကာကရှုမြင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ဆန္ဒထုတ် ဖော်ပွဲများသည် လူမျိုး တုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုမှုစတင်ပြီး အချိန် အနည်းငယ်အတွင်းတွင် ရှေ့ဆင့် နောက်ဆင့်ဆိုသလို အလျင်အမြန်စတင်လာသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုစတင်ကြားနာသည့် ဒီဇင်ဘာ ၁၀ ရက် က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သော ထောက်ခံပွဲက အကြီးဆုံးဖြစ်ပြီး လူသိန်းဂဏန်းအထိရှိခဲ့သည်။ဓာတ်ပုံ-သူရဇော်

လွန်ခဲ့သည့်ရက်သတ္တပတ်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ရက်ဂေးအဆိုတော် စောဖိုးခွား၏ သီဆိုဖျော် ဖြေ မှုနှင့်အတူ ထောက်ခံအားပေးသူများက မြန်မာနိုင်ငံတော်အလံများကို ဝှေ့ရမ်းခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။ လူအုပ်ကြားမှတိုးထွက်လာပြီး ဒေါ်အောင် ဆန်းစုကြည်၏ ဓာတ်ပုံကို ပွေ့ချီကာ ထောက်ခံကြောင်းပြသသည့် သီလရှင်တစ်ဦးကိုလည်း မြင်တွေ့ခဲ့ရသည်။

လွန်ခဲ့သည့် အစိုးရရုံးပိတ်ရက်များတွင် တောင်ငူနှင့်နေပြည်တော်မြို့များတွင် ထောက်ခံ ပွဲများ ပြုလုပ်ခဲ့ကြပြီး ဒေသခံထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ အလားတူ အရွယ်အစား ကြီးမားသည့် ဆန္ဒဖော်ထုတ် ပွဲ များကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် နေရာအနှံ့တွင် ထောက်ခံသူများက ဆက်လက်ကျင်းပလျက် ရှိသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုစတင်ကြားနာသည့် ဒီဇင်ဘာ ၁၀ ရက် က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သော ထောက်ခံပွဲက အကြီးဆုံးဖြစ်ပြီး လူသိန်းဂဏန်းအထိရှိခဲ့ကာလူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ လည်း ပါဝင်သည်။
ဒီဇင်ဘာ ၁၀ ရက် က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သော ထောက်ခံပွဲတွင် လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံပါဝင်သည်။ဓာတ်ပုံ-သူရဇော်

ယခုသီတင်းပတ်တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ဆန္ဒပြပွဲများတွင် ပါဝင်သွား မည် ဟု အသက် ၇၅နှစ်ရှိပြီဖြစ်သည့် ရန်ကုန်မြို့ခံ ဦးစိန်ဝင်းကပြောသည်။ ဒေါ်အောင်ဆန်း စုကြည်၏ အပြည်ပြည် ဆိုင်ရာတရားရုံးတွင် ကိုယ်တိုင်သွားရောက်၍ တရားရင်ဆိုင်ခြင်းက တရားမျှတမှုကို ဆောင်ကျဉ်းပေးလိမ့် မည် ဟု ယုံကြည်ကြောင်း သူက ပြောသည်။

“ဘယ်သူက လူကောင်းလဲ၊ ဘယ်သူက လူဆိုးလဲဆိုတာ ဒီအမှုက အဆုံးအဖြတ်ပေးပါလိမ့်မယ်” ဟု ဦးစိန်ဝင်းက ပြောသည်။
အမျိုးသားရေးစိတ်ဓာတ်တက်ကြွသည့် ဆန္ဒပြထောက်ခံပွဲများက သတင်းစာမျက်နှာများကို လွှမ်းမိုးထားခဲ့သော် လည်း လက်ရှိအခြေအနေသည် အဖြူအမည်းသဖွယ် သဲကွဲခြင်းမရှိဟု ရှုမြင်သူများလည်း ရှိနေသည်။

အမှန်တကယ်ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း မြန်မာနိုင်ငံအတွင်း သတင်းအမှား ဖြန့် ဝေမှုများရှိသကဲ့သို့ ယင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာတွင် အမှန်တကယ်ဖြစ်ပွားသည့်အတိုင်း အတာထက် ပိုမိုချဲ့ကားပြောဆိုသူများလည်း ရှိသည်ဟု ယူဆကြောင်း ရန်ကုန်မြို့ခံ ကိုအောင်က ဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တပ်မတော်တွင် တာဝန်ရှိသူဟု သူကယူဆပြီး ဒေါ်အောင်ဆန်း စုကြည် က နိုင်ငံကိုအကောင်းဆုံးကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း သူကဆိုသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုထားမှုကို ပြန်လည်တုံ့ပြန်ရန်စီစဉ်ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည့် အစည်းအဝေး (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
“အရပ်ဘက်အစိုးရအဖွဲ့က စစ်တပ်လွှမ်းမိုးထားတဲ့ ဝန်ကြီးဌာနတွေကို မထိန်းချုပ်နိုင်ပေမဲ့ ဒီလိုကိစ္စမျိုးမှာ နိုင်ငံ ကို ကိုယ်စားပြုနိုင်မယ့်သူက ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ဘယ်သူရှိဦးမှာလဲဗျ။ ကျွန်တော့် အနေနဲ့ဆန္ဒဖော် ထုတ်ပွဲတွေမှာ ပါဝင်မှာမဟုတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ထောက်ခံ ပါတယ်” ဟု သူက ပြော သည်။

မြို့ခံအချို့ကမူ နိစ္စဓူဝကိစ္စရပ်များဖြင့် လုံးပန်းနေရသည့်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးရောက် မြန်မာ့အ ရေး စိတ်ဝင်စားရန် အချိန်မပေးနိုင်ကြောင်းဆိုသည်။ ယင်းအနက်တွင် အငှားယာဉ် မောင်း ကိုဝင်းကျော်ဌေး လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ နိုင်ငံတကာက အမှုထက်စာလျင် ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု(YBS)စီမံ ခန့်ခွဲမှုအလွဲကြောင့် ဖြစ်ပေါ်သည့် ကားပိတ်မှုက သူ့အတွက် တစ်နေ့တစ်နေ့ စိတ်ရှုပ်စရာ ဖြစ်စေသည်ဟု သူက ဆိုသည်။

ထောက်ခံဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်ရန် ပါတီဝင်များကို ညွှန်ကြားထားခြင်းမရှိဘဲ ဦးဆောင်သူများ ရှိပါက ပါဝင်ဝန်းရံရန်သာ ပြောကြားထားကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြပွဲများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အမာခံ ဝန်းရံသူများ ကိုသာမက နိုင်ငံ့ဂုဏ်သိက္ခာကိုကာကွယ်ခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင် မတူညီသော ကိုးကွယ်ရာဘာသာ အသီးသီးမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးအယူအဆကွဲပြားသူများကိုပါ စည်းလုံးစေခဲ့သည်။ 
 
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုစတင်ကြားနာသည့် ဒီဇင်ဘာ ၁၀ ရက် က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သော ထောက်ခံပွဲ။(ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး)

တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စတင်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည် သင့် မြတ်ရေးကြိုးပမ်းချက်များထက်စာလျှင် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်များက နိုင်ငံရေးအယူဝါဒ ကွဲပြား မှု များသည့် နိုင်ငံအတွင်းမှ အင်အားစုများကိုပင် စည်းလုံးစေခဲ့သည်ဟုပင် ဆိုနိုင် ပေသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနှင့် ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တစ်ဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ထုတ်ပြန် ခဲ့သည်။

အစိုးရနှင့် အပြည့်အဝအပစ်ရပ်ထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ကလည်း အလားတူပင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။ ယင်းတို့အနက် ရှမ်းပြည်တိုးတက်ရေးပါတီပါဝင်သလို တရုတ်မြန်မာနယ်စပ်က အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်နှင့် ၎င်း၏မဟာမိတ် မိုင်းလားအဖွဲ့ တို့လည်း ပါဝင်သည်။

မြန်မာ့အရေး အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဇာတ်ရှိန်မြင့်နေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ သူ များ၊ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးသူများအနက် ထင်ရှားသည့် ဘာသာရေး ခေါင်းဆောင်များ လည်း ပါဝင်လာသည်။
ပြည်တွင်းခရစ်ယာန်အသိုင်းအဝိုင်းတွင် အရှိန်အဝါကြီးမားသည့် ဘာသာရေးခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှား သော ကာဒီနယ်ချားလ်စ်မောင်ဘိုက လူမျိုးတုန်းသတ်ဖြတ်မှု (Genocide)၊ လူမျိုးတုန်းသန့်စင်ရေး (Ethnic Cleansing) တို့ကဲ့သို့သော ပြင်းထန်သည့်အသုံးအနှုန်းများဖြင့် မြန်မာ့အရေးဖြေရှင်း ရန်ကြိုးပမ်း မှုများကို သတိ ပေးခဲ့သည်။

ယင်းသို့လုပ်ရပ်များက မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီခရီးကို အထောက်အကူမပြုကြောင်း၊ မြန်မာ ပြည်တစ်ခုလုံး ဒုက္ခရောက်စေမည့် အပြစ်ပေးသည့်ပုံစံကိုလည်း မပြုလုပ်ရန် ကာဒီနယ် ချားလ်စ် မောင်ဘိုက နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံခဲ့သည်။

လွန်ခဲ့သည့်စနေနေ့က ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ကိုထောက် ခံသူအချို့က အစာရှောင်ဆုတောင်းပွဲ ဆင်နွှဲခဲ့ကြသည်။ (အစာရှောင် ဆုတောင်းခြင်းသည် ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ကိုးကွယ်ခြင်းဆိုင်ရာ အလေ့အကျင့်တစ်ခုဖြစ်သည်။)

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ရင်ဆိုင်ခြင်းသည် သတ္တိရှိသည့်လုပ်ရပ်ဟု မြန်မာမွတ်စလင် ကွန် ရက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြင့်သိန်းက ဆိုသည်။

ဒီဇင်ဘာ ၁၀ ရက် က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သော ထောက်ခံပွဲက အကြီးဆုံးဖြစ်ပြီး လူသိန်းဂဏန်းအထိရှိခဲ့ကာ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံလည်းပါဝင်သည်။ဓာတ်ပုံ-သူရဇော်

ခရီးသွားအေဂျင်စီအချို့ကလည်း အပြည်ပြည်ဆိုင်ရာတရားရုံးရှိရာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့သို့သွား ရောက်လိုသူများကို လျှော့ဈေးဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး နေရာထိုင်ခင်းအတွက် စီစဉ်ပေးလျက်ရှိသည်။၂၀၂၀ ရွေးကောက်ပွဲနီးလာပြီဖြစ်သဖြင့် ပြည်တွင်းတွင် လူထုထောက်ခံမှုမြှင့်တက်လာစေရန် သည်ဟိတ်ဂ် မြို့သို့ ဒေါ် အောင်ဆန်းစုကြည်က ကိုယ်တိုင်သွားရောက်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ချက်များကိုမူ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ငြင်းဆိုသည်။
“ကျွန်တော်တို့ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘယ်တော့မှ နိုင်ငံရဲ့ ပုံရိပ်ကိုအသုံးမချပါဘူး” ဟု သူက ပြော သည်။ 

နိုင်ငံတကာ တုန့်ပြန်မှုများ

သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လက်ရှိအခြေအနေကို ရှုမြင်ချက် က နိုင်ငံ့ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူမည့်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်တွင်းမှထောက်ခံ သူများ၏ အမြင်နှင့်ကွာခြားလွန်းလှသည်။ 

Link : Here







No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */