" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 23, 2023

ကျိုးပျက်သွားသည့် အနောက်တံခါး – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

မြန်မာ့သံတော်ဆင့်
The Maynmar Herald 

(ဆောင်းပါး )


ဥရောပတွင် မျိုးချစ်စိတ် ပြင်းထန်သည့် နာဇီဝါဒီများ ခေါင်းထောင်လာခြင်းမှာ ထိုကိစ္စကြောင့်ပင်ဖြစ်သည် မျိုး ခြားတို့ အရေးသည် တားနိုင်ရန်မလွယ်တော့သဖြင့် ထားနိုင်ရန် စဉ်းစားစရာဖြစ်လာသည် အဂတိတရားကိုလက် ကိုင်ထားကာ အနာဂတ်သည် ၎င်းတို့မြင်ရသည့် အရာမဟုတ် . . .

အနောက်တံခါး လုံခြုံရေးဆိုလျှင် ရခိုင်နှင့် ဆက်စပ် နယ်ခြား ဒေသ လူဝင် လူထွက် ပြဿနာကို ဖော်ညွှန်ခြင်း ဖြစ် ကြာင်း ရခိုင် တိုင်းရင်း သားတိုင်းက သိ ကြသည်။ ရခိုင် သမိုင်းတွင် ဘင်္ဂေါဒေသ ၁၂နယ်ကို ထိန်းသိမ်း အုပ် ချုပ်ရန် အတွက် ရခိုင် ဘုရင်က ၎င်းင်း၏ စိတ်အချရဆုံးသား တော်၊ ညီတော်များကိုသာ ခန့်ထားလေ့ ရှိသည်။ စစ်သည် အင်အား အတောင့်တင်း ဆုံးဖြင့် အုပ်ချုပ်ရသူဖြစ်သဖြင့် ဘုရင် တစ်ဆူပမာ အင်အားကြီး မား ခြင်း ကြောင့်သမိုင်းတွင် အနောက် ဘုရင်ဟု ရေးသားခဲ့ သည်အထိ ထင်ရှား လှသည်။ ရခိုင်တို့ လွှမ်းမိုး အုပ်ချုပ်ခဲ့ သည့် ဘင်္ဂေါ ၁၂နယ် သည် ရခိုင်သမိုင်းတွင် အရေးပါ လှသည်။ ထိုဒေသမှ ဖမ်းဆီးခေါ်ေ ဆာင် လာသူများ ကို ၁၆/၁၇ရာစုနှစ် တစ်လျှောက်တွင် ကျယ်လာသည့် ကျွန်ဈေးကွက် တွင် ရောင်းချသည်များ ရှိသကဲ့သို့ ဘုရား ကျွန်များ အဖြစ်လည်းကောင်း၊ လယ်ယာလုပ် ငန်းနှင့် နန်းတွင်းလုပ်ငန်းများ အတွက် လည်းကောင်း အသုံးပြု သည်များ လည်းရှိ ခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်လာသူ များကို အရေအတွက်နှင့် တကွနေပြည်တော်သို့ တင်ပြ ရပြီး နန်းတွင်း အစီအမံဖြင့် အစီအစဉ်တကျ ခွဲဝေအသုံးချခဲ့သည်ဟု သိရှိရ သည်။ ဖမ်းဆီးလာသူများ အနက် မှ ပညာတတ်များ၊ သန်မာသည့် ကျွန်များကိုနန်း တွင်း အသုံးပြုရန်ချန်ထားပြီး ကျန်သည့် ကျွန်များကို ကျွန်ဈေး ကွက် တွင် ရောင်းချရာပေါ်တူဂီ၊ ဒတ်ချ်တို့က လာရောက်ဝယ် ယူကြပြီး ၎င်းင်းတို့ သိမ်းပိုက်ထားသည့်ဒေသများ ရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးချခဲ့သည်။ အသန်မာဆုံး ကျွန်တစ်ယောက်၏ ပေါက်ဈေးသည် ၃၅ကျပ် ဝန်းကျင်ဖြစ်သည်။ ထို့ကြောင့်လည်း ရခိုင်သည် အရှေ့တောင် အာရှတွင် ၁၇ ရာစုအတွင်း အထင်ရှား ဆုံး ကျွန် ဈေးကွက်အဖြစ် တည်ရှိခဲ့သည်။ တစ်ချိန်က ရခိုင်တို့ပိုင်ဆိုင်ခဲ့ပြီး အနောက်ဘုရင်က သွားရောက် အုပ်ချုပ်ခဲ့ သည့် ဒေသမှ ရခိုင် ဒေသတွင်းသို့ ယခုနောက်ပိုင်း ကာလများ တွင် အများအပြား ဝင်ရောက်လာခြင်း ကြောင့် ရခိုင်တို့က အနောက် တံခါးလုံခြုံ ရေးဟူသည့် စကားကိုအလေးထားပြော လာကြခြင်း ဖြစ် သည်။ …

၁၈၂၄ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမ စစ်ဖြစ်ပြီးနောက် မြန်မာတို့ စစ်ရှုံးသွားသည့်အခါ ရခိုင်နှင့် တနင်္သာရီသည် အင်္ဂလိပ်တို့ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် နေရာဖြစ်လာခဲ့သည်။ ရခိုင်ကို သိမ်းပိုက် ပြီးနောက် များပြား လှ သည့် လယ်ယာမြေ များကိုလုပ်ကိုင်နိုင်မည့် လူဦးရေလုံ လောက်မှုမရှိသည့် ပြဿနာနှင့် ရင်ဆိုင် လာရသဖြင့် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး ဖြစ်သည့် ဘင်္ဂေါနယ်မှ ဘင်္ဂါလီအများအပြား ကို မေယုလွင်ပြင် တစ် လျှောက် လုပ်ကိုင် ခွင့်ပြုစေခြင်းဖြင့် တစ်ဖက်နိုင်ငံမှ လူဦးရေ အများအပြား ယာယီလုပ်သားအဖြစ် စတင်ရောက်ရှိလာ သည်။ ရေမြေအနေ အထားကောင်းသည့် ဒေသဖြစ်ခြင်း ကြောင့်ကြာလာသည့် အခါအခြေချနေထိုင်သူများ ပြားလာသည်။ ကိုလိုနီခေတ် တစ်လျှောက်လုံး စစ်တွေမြို့သည် ကမ္ဘာ့ဆန်မြို့ကြီးအဖြစ် ထင်ရှား ခဲ့ရာ ရခိုင် ဒေသအတွင်း ပျံ့နှံ့နေထိုင်လာကြသည့် ဘင်္ဂေါဒေသမှ ဝင်ရောက်လာသူများမှာ များပြား လာခဲ့ပြန် သည်။

လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်ထက်တွင် နိုင်ငံရေး အတွက်အသုံးချ ခဲ့ခြင်းကြောင့် တစ်ဖက် နိုင်ငံမှ လူမျိုးများ ပို၍ပင် ဝင်ရောက်ခွင့် ရရှိလာခဲ့ ရာ ရခိုင်သမိုင်း ပညာရှင်တစ်ဦးက ““စုပြုံ ရောက်ရှိလာသော ဗိုင်းရပ်စ်များ””ဟူ၍ အင်္ဂလိပ်လို ဆောင်းပါး တစ်စောင် ရေးသား သတိပေး တင်ပြသည်အထိဖြစ် ခဲ့ပေသည်။ သက်ဆိုင်ရာ အစိုးရများ၊ ပါတီများ အတွက် သတိပြုစရာပင်။ ကိုယ့်ပါတီ၊ ကိုယ့်အစိုးရ အောင်မြင်ရေးအတွက် နိုင်ငံရေးအရ အသုံးချရာတွင် လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်ခြင်းသည် အလွန်နိမ့်ကျသည့် နိုင်ငံရေးပင်ဖြစ် သည်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို နိုင်ငံရေး ကစားသည့် အပြင် နယ်ခြားမှ အတား အဆီး မရှိဝင်ရောက် နေထိုင်သူများကို အခွင့်အရေးပေးကာ နိုင်ငံရေး ကစားကွက်အတွင်း ကိုယ်အသာစီးရဖို့ထည့်သွင်း ဆောင်ရွက်သည့် လုပ်ရပ်များသည် သမိုင်းတစ်လျှောက် မြင်ရပေါင်းများ နေပေ သည်။ ယနေ့တိုင်လည်း ကြား နေရ ဆဲဖြစ်သည်။ ယနေ့နိုင်ငံတွင် ထင်ရှားသည့် ထိပ်တန်း ပါတီကြီးများပင်လျှင် ထိုသို့သော နိုင်ငံရေး ကစား ကွက်ကို ကစားကြရန် ပြင်ဆင် စည်းရုံးနေသည်ကို ကြား နေရသည်။ ရခိုင်အရေးအပေါ် တစ်နိုင်ငံလုံး အုန်းအုန်း ကျွက်ကျွက် ရှိနေကြချိန်တွင် ထိုပါတီကြီးများက ရေငုံနှုတ်ပိတ်၊ ခပ်မဆိတ် နေကြသည်မှာ မည်သည့် အတွက် ကြောင့် ဟု ပြောရန်ပင် မလိုတော့ချေ။

ရခိုင်ဒေသ၏ နယ်မြေ တည်ငြိမ်ရေးတွင် အနောက်တံခါး လုံခြုံရေးသည် အလွန် အရေးကြီးသကဲ့သို့ ရခိုင် တိုင်း ရင်းသားတို့၏ ကြံ့ကြံ့ခံထားသည့် အုတ်တံတိုင်းအဖြစ် သမိုင်းတစ်လျှောက် ဆောင်ရွက် နိုင်ခဲ့ခြင်း သည်လည်း အရေးပါခဲ့ပေသည်။ ထိုတံတိုင်းက ပြည်မအတွက် များ စွာအရေးပါသည့် ဆောင်ရွက်မှုလည်းဖြစ် ပေသည်။ ၎င်းတို့ကသာ ထိုကဲ့သို့ တောင့်ခံမထားနိုင်လျှင် ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် မည်သို့ ဖြစ်လာမည်ကို မသိနိုင်ချေ။ သို့သော် ထိုတံတိုင်းကို မကြာခဏ ဖြိုခွင်းရန် ကြိုးပမ်းသူများမှာ တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာ သူများထက် နိုင်ငံရေး သမားများနှင့် အဂတိလိုက်စား ကြသည့် ဝန်ထမ်းများပင်ဖြစ်သည်။ အရာ ရာတွင် ငွေဖြင့် အဆုံးအဖြတ် ပေးသည့် ခေတ်ကာလများက အဆုံးမသတ်သေး သဖြင့် အဂတိလိုက် စားကြသူ များ ကြောင့် အနောက် တံခါးလုံခြုံမှုသည် ခံနိုင်ရည် မရှိတော့ရာ သမိုင်းတွင်အတိမ်း အစောင်း များ ဖြစ်လာ မည့် အနာဂတ် ကို တစ်နေ့တွင် ရင်ဆိုင်ရတော့ မည်ဖြစ်သည်။

မကြာခင်က ဖြစ်ပျက်ခဲ့သည့် လူမျိုး ရေးပြဿနာကြောင့် အတူယှဉ်တွဲနေထိုင် ရေးမှာလည်း ပိုမိုခက်ခဲ လာပေ သည်။ တစ်ချိန်က အတူနေကြသော်လည်း ၎င်းတို့အတွင်း အင်အား ချိန်ခွင်ညှာကို ညှိနိုင် သည့် သူတို့နည်း၊ သူ တို့ဟန်ဖြင့်ရပ် တည်နေကြခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ် နိုင်ငံတကာ အဖွဲ့အစည်းများ ၏ မမျှမတ ဆောင်ရွက်မှုများ အပေါ် တိုင်းရင်းသားများက မကျေမနပ်ဖြစ်ပေါ် လာခြင်းကြောင့် အခြေအနေကို ပိုမိုဆိုးဝါး စေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း အချို့မှာလည်း အမှန်တကယ် လူသားချင်း စာနာသည့် လုပ်ငန်းထက် ထို လုပ်ငန်းကို အကြောင်းပြကာ လုပ်ကိုင်စားသောက်အသက်အမွေးနေသူများ၊ လူမျိုးရေး အစွန်း ရောက် သူများ က အများအပြားပင်။ ၎င်းင်း တို့အပြုအမူများကြောင့် နှစ်ဖက် မျက်နှာ ချင်းဆိုင်၍ မရအောင် ဖြစ်လာ သည်။ မကြာသေးသော ကာလက ရန်ကုန်မှ အဖွဲ့အစည်းတစ်ခုအား နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခုက ရခိုင်ဒေသ တွင်း အခြေ အနေကို စစ်တမ်းပြုစု တင်ပြခိုင်းရာ စာရင်းပြုစုသူများကို ပြည်တွင်းအဖွဲ့ အစည်း မှ တာဝန်ရှိသူက နိုင်ငံခြားက လိုချင်သော အနေအထားအတိုင်းရအောင် ဆောင် ရွက်ပေးရန် တစ်ခါတည်း လမ်းညွှန်လိုက် သည် ဟုဆို၏။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေမှန်ထက် သတင်းမှား များက ကမ္ဘာတွင် ပျံ့နှံ့နေသဖြင့် တိုင်းပြည်ကို ဒုက္ခရောက်အောင် ဖန်တီးနေသူများတွင် ပြည်တွင်းမှ ငွေနောက်လိုက် သည့် အလိုတော်ရိ အဖွဲ့ အစည်းများလည်း ပါဝင်နေပေသည်။ ထိုသို့သော အဖွဲ့ အစည်းများ သာမက ဝန်ထမ်း များထဲမှ အဂတိ လိုက် စားသူများ ကြောင့်လည်း တိုင်းရင်းသားတို့အတွင်း နာကြည်းစရာ များဖြစ်လာ သည်ဟု သိရသည်။ တင်းမာ သည့် အခြေအနေများကြောင့် လုံခြုံစိတ် ချရသည့် မြေပြန့်သို့ရောက်အောင်၊ တစ်နည်းအားဖြင့် မြန်မာပြည်မ ထဲသို့ ရောက်အောင် အနောက်တံခါးမှ ဝင်ရောက်လာသူ အများအပြားက ငွေကြေး အမြောက်အမြားသုံးကာ တရားမဝင် နည်းလမ်းများဖြင့် ကြံစည်လာကြသည်ကို တွေ့ရသည်။

ပြည်မသို့ဝင်ရန်အတွက် ဝင်ပေါက် များက အများအပြားရှိရာ ထိုဝင်ပေါက် များမှ တသွင်သွင် ဝင်ရောက် လာ မှုများကို သတင်းစာများတွင် ဖမ်းဆီးရမိသည့် သတင်းများအရ သိနိုင်ပေသည်။ မြစ်၀ ကျွန်းပေါ်ဘက်သို့ ဝင် ရောက် သူများသည် လူသူနည်းပါးသည့် ကျွန်းများတွင် စတင် နေထိုင်ကြပြီးမှ မြို့ပေါ်သို့ အဆင့်ဆင့် တက် လာကြသည်။ မြို့ပေါ်တွင် ပထမဦးစွာ ၎င်းတို့နှင့် ဆက်နွှယ်သည့် ဘာသာရေး အဖွဲ့အစည်းများ အကူအညီဖြင့် အခြေချ နိုင်အောင် ကြိုးပမ်းကြသည်။ ထို့အတူ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ တို့တွင်လည်း အတော် ပင် ဝင်ရောက်နေ ထိုင်လာကြပေသည်။ ဆက်နွှယ်နေသည့် လူမျိုးများ ရှိပြီးသားဖြစ် သဖြင့် အနေရ အထိုင်ရ ချောင်ပုံ ရသည်။ မကြာခင်က သတင်းစာများတွင် ပုသိမ်-မုံရွာ လမ်း မကြီးမှ ဝင်ရောက်လာသူများကို ဖမ်းဆီး ရမိကြောင်း ပါရှိလာရာမည်မျှ လွတ်ထွက် သွားသည်ကို မသိနိုင်သော်လည်း ထိုလမ်း ကြောင်းမှ ဝင်ရောက်လာ သူများ အများ အပြားရှိပုံရသည်။ ထို့အတူ ထိုင်းဘက်သို့ အရောက် သွားပြီး မှ မြဝတီမှ တစ်ဆင့် ရန်ကုန်ဝင်လာ သူများမှာလည်း အများ အပြားဖြစ်ကြောင်းသိရပြန်သည်။ နယ်ခြား ဒေသ တွင် အခြေချနေသည့် တိုင်းရင်းသား အဖွဲ့အစည်း အချို့ကပင် ငွေကြေးဖြင့် မြန်မာပြည်ထဲ ရောက်အောင် ဆောင်ရွက် ပေးသည်ကို ကြားရပေသည်။ ကိုယ့်လူမျိုး တစ်မျိုးအတွက်သာ စဉ်းစားခြင်းထက် ကိုယ့်နိုင်ငံ အရေးဆိုသည်ကို စဉ်းစားဖို့ တော့လိုပေသည်။ တိုင်းပြည်ချစ်စိတ် ဆိုသည်မှာ တစ်ပြည်နယ်တည်း တည်တံ့ ရန်အတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး တည်တံ့နိုင် ရေး နှင့်လည်း ဆက်နွှယ်နေ ပေသည်။ အမြင်ကျဉ်းဖို့ မသင့်ပေ။

မကြာခင်က ကလေး၊ မုံရွာဘက်တွင် အများအပြား ဖမ်းဆီးရမိပြန်ရာ ပလက်ဝမှ တစ်ဆင့် အိန္ဒိယဘက်မှ ပတ် ကာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင်လည်း အတော် ပင် ဝင်ရောက်နေရာယူပြီး ဖြစ်နေသည် ကိုသိ ရှိနိုင် သည်။ ထို့အတူ ရွှေလီဘက် အထိတက်ကာ တရုတ်နယ်ဘက်တွင် စီးပွားသွားရှာပြီး ကချင်ပြည်နယ် အတွင်း အခြေချရန်ကြိုးပမ်းခြင်း၊ ကျောက်စိမ်း ထွက်ရာ ဖားကန့်တွင် အခြေချခြင်းတို့ကို လည်း တွေ့ရသည်။ ဖားကန့် တွင် နိုင်ငံစုံမှ လူမျိုးပေါင်းစုံသည် မည်သည့် အထောက်အထား စာရွက်မှမရှိဘဲ စိတ် ကြိုက်နေထိုင် စီးပွား ရှာ နိုင် သည့် နေရာဟု သိရသည်။ ဤဟိုတယ်မှာ တည်းခိုလျှင် နေထိုင်မှု လုံခြုံရေးအတွက် အပြီးတိုင် တာဝန်ယူ ပေးသည် ဟူသည့် ဟိုတယ်များ ပင်ရှိသည်ဟု သိရသည်။ ဤနေရာထက် လုံခြုံသောနေရာ မရှိနိုင် တော့ချေ။ အသားထဲက လောက်ကောင်များက အ များသား။ အဂတိလိုက်စားမှုကို မဖြိုနိုင် သရွေ့ မည်သည့် အစိုးရမှ နိုင်ငံ ကောင်း အောင်မဆောင်ရွက်နိုင်ချေ။ ယနေ့ တရုတ်ပြည်တွင် တက်လာသည့် သမ္မတ၏ အဓိက လုပ်ဆောင် ချက်သည် နိုင်ငံတကာတွင် အပြောများနေသည့် အဂတိ လိုက်စားမှုကို အပြုတ်တိုက်ရေးပင်ဖြစ်သည်။ 

ထင်ရှားသည့် အရာရှိကြီးများပါ အပြစ်ပေး ခံရသည်ကို တွေ့ရသည်။အောက်ခြေက အဂတိလိုက်စား သူဆိုသည် မှာ အဆင့်ဆင့် ပသနေရခြင်း၏အကျိုးဆက်နှင့် ပတ်သက်နေပေရာ တရုတ် နိုင်ငံတွင် ဆောင်ရွက် ချက်က မြန် မာနိုင်ငံအတွက် နမူနာယူစရာပင်။ သို့ သော် မြန်မာနိုင်ငံတွင် ဝမ်းရေးအတွက် ထင်းခုတ်သူက အပြစ်ပေး အရေး ယူခံရ သော်လည်း တစ်တောလုံး တစ်တောင်လုံး အပြောင်ရှင်းသည့် လုပ်ငန်းရှင်မှာ ဟန်မ ပျက်နေနိုင်ပြီး၎င်းတို့ အတွက် ဥပဒေက အကျုံးမဝင်သလိုမျိုးတော့ မဖြစ်သင့်ပေ။

ရခိုင်ဒေသမှ ထွက်ပြေးလာသူများ အတွက် အစိုးရယာဉ်များ၊ အဖွဲ့အစည်း ယူနီဖောင်းများကို အသုံးပြုကာ ဝန် ထမ်း များကိုယ်တိုင်က ခိုးထုတ်ပေးမှုများ ပင်ရှိ ကြောင်း ကြားသိရသည်မှာ နိုင်ငံအတွက် စိတ်မချမ်းသာ စရာ ဖြစ်သည်။ ရန်ကုန်သို့ အများအပြားပင် ဝင်ရောက်လာရာ ၎င်းတို့ အနေဖြင့် ရန်ကုန်ရောက်လျှင် လွတ်မြောက် နယ်မြေ ရောက်ပြီဟု သတ်မှတ်ကြ သည်ဟုသိရသည်။ ရန်ကုန်သည် ငွေပေးလျှင် အကုန်ပြီးသည့် နေရာဟု သိ ထားပုံ ရသည်။ ကားများ၊ သင်္ဘောများ၊ ဆိုင်ကယ် ကယ်ရီများ၊ စက်လှေများဖြင့် ဝင်လာမစဲ တသဲသဲ ဖြစ်နေ သည့် အပေါ် အစိုးရက စနစ်တကျ စီမံချက်ချကာလုပ် ဆောင်သင့်သော်လည်း စိတ်ဝင်စား ကြပုံမပေါ်။တာဝန်ရှိ သူများအနေဖြင့် အာဏာ နှင့် နေရာအတွက် လွန်ဆွဲပွဲများတွင် အာရုံ များနေပုံရသည်။ ထိုအခြေအနေက တရား မဝင် ဝင်လာသူတို့အတွက် မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ ကာလပင်ဖြစ် သည်။ တစ်ချိန်ကဆိုလျှင် လေ ယာဉ်ဖြင့် ပင်လူနာအသွင်ဖြင့် ခေါ်လာသည် အထိ အဖွဲ့ပေါင်းစုံ ပူးပေါင်းလုပ်ကိုင် စား သောက်ကြသည့် အဂတိ လိုက်စားမှုများ ရှိခဲ့သည့်သတင်းများ စစ်တွေတွင် မကြားချင်အဆုံး။ ရခိုင်တို့က မြေပြန့် ကလာသည့် အစိုးရ ဝန် ထမ်းများ မျိုးချစ်စိတ် မရှိဟု ဆိုသည်။ သူတို့က သူတို့ဒေသတွင် လက်တွေ့ မြင်နေရသည့် အဂတိ လိုက်စား မှု များအပေါ် အခြေခံကာ ဝေဖန်ကြခြင်း ဖြစ်သည်။ တိုင်းရင်းသား လူမျိုး အချင်းချင်း စိတ်ရင်း ကောင်းရန်တော့ လိုပေမည်။ လူမျိုးကြီးဝါဒကျင့်သုံးခြင်းရှိသည်ဟု အပြော မခံလိုလျှင် ကိုယ်ကိုယ်တိုင်က အမျိုးသား စိတ်ဓာတ်ရှိ စွာဖြင့် တိုင်းရင်းသားအချင်း ချင်းတန်းတူ စိတ်ဓာတ်၊ စာနာ စိတ် ဓာတ် ထားရှိရန် လိုမည်ဖြစ်သည်။

ယခုအခါတွင် ဂယ်ပေါက် အများ အပြားမှ ပြည်မအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဗိုင်းရပ်စ်များကို မည် သို့မျှ မထိမ်းနိုင်တော့ချေ။ ရခိုင်တိုင်းရင်း သားများ နှစ်ပေါင်းရာချီကာ ထိန်းသိမ်း ကာဆီးပေးခဲ့သည့် အ နောက်တံခါးသည် ကျိုးပေါက်သွားပြီဖြစ်သည်။ ဘယ်သူမပြု မိမိမှုပင်။ သူတို့ထိန်းပေးထားခဲ့သဖြင့် လျှံ ထွက်မ လာသည်ကို ကျေးဇူးမတင်၊ အဂတိ လိုက်စားမှု တစ်ပုံတစ်ပင်ဖြင့် လုပ်ချင် တိုင်းလုပ်ခဲ့ခြင်းကြောင့် တံခါး ကျိုး ပေါက် ခဲ့ရပြီး တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပေပြီ။ တာကျိုးသွားသည်နှင့် မခြားတော့ဘဲနေရာ အနှံ့ပျံ့နှံ့ သွားပေပြီ။ သို့တိုင်အောင်လည်း ဂရုမမူဘဲ ရောက်သည့်နေရာ၊ ရောက် သည့်အရပ်တွင် ငွေပေးကာ ဖြေရှင်း ခွင့် ပြုနေဦး မည်ဖြစ်သည်။ ရခိုင်သမိုင်းပညာ ရှင်ပြောကြားခဲ့သည့် ဗိုင်းရပ်စ်များစု ပြုံ လျှံထွက်လာခြင်းပင်။ အဖြေရှာဖို့ မ လွယ်ချေ။ အနာဂတ်အတွက် ရင်လေးစရာ။ တစ်နေ့က ရန်ကုန်မြို့်ထဲမှအပြန်တွင် တက္ကစီ ငှားစီး လာရာ မောင်း သူမှာ သင်္ဃန်းကျွန်း တွင် နေထိုင်သည့်အသက် ၆၀ အရွယ် ဘာသာခြားတစ်ဦးဖြစ်သည်။ ကားပေါ် တွင် စကား ပြောမိကြရင်းက သူ့ထံမှစကား တစ်ခုကြားရသည်။ သူက ““အခုတလော ဘာဖြစ်နေ သလဲ မသိပါဘူးဆရာကြီး ရာ၊ ကျွန်တော်တို့ သင်္ဃန်းကျွန်းမှာ ဘယ်တုန်း ကမှ မရောင်းရတဲ့ဈေးနဲ့ အိမ်တွေ ရောင်း ထွက်နေတယ်။ ကန်ထ ရိုက်တိုက် အလုံး ၁၀၀ လောက်ဆောက်နေတာလည်း အကုန် လုံးအခန်းကုန်ပြီ၊ အရင်တုန်းက သိန်း ၁၀၀နဲ့ ရောင်း မထွက်တဲ့အိမ်ဟာ အခုသိန်း ၃၀၀လောက်နဲ့ ရောင်းထွက်သွားတယ်။ တိုက် ခန်း တွေလည်း မဆောက်ရ သေးခင် က ကုန်နေပြီ၊ ရန်ကုန်မြို့ထဲက လာဝယ် ကြတာ””ဟု ပြောသွား သည်။ သူက အနေကြာလာသဖြင့် သူလိုကိုယ်လို အ တွေးဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အမည် ခံ၍ ဝယ်ပေး ထားခြင်း ဖြင့် လျှံထွက်လာ သော ဗိုင်းရပ်စ်များအတွက် အခြေချနိုင် စရာရရှိမည် မဟုတ်ပါလား။ ကျန်တာ တွေက လည်း ရန်ကုန်တွင်ငွေရှိလျှင် အခက်အခဲ မရှိနိုင်။ ယနေ့ကမ္ဘာတွင် လူမျိုး ပေါင်းစုံနေထိုင်သည့် ကမ္ဘာကြီး ဖြစ်အောင် ကြိုးပမ်းနေကြဆဲမှာပင် အနောက်နိုင်ငံ များတွင် ပြင်ပမှဝင်ရောက်လာသူများ အ တွက် ခေါင်းခဲစရာ ဖြစ်နေသဖြင့် အနာ ဂတ်အတွက် စဉ်းစားနေရသည်။ ဥရောပ တွင် မျိုးချစ်စိတ်ပြင်းထန်သည့် နာဇီဝါဒီများ ခေါင်းထောင်လာခြင်းမှာ ထိုကိစ္စ ကြောင့် ပင်ဖြစ်သည်။ မျိုးခြားတို့ အရေး သည်တားနိုင်ရန် မလွယ် တော့သဖြင့် ထားနိုင်ရန် စဉ်းစားစရာ ဖြစ် လာသည်။ အဂတိတရားကို လက်ကိုင်ထားကာ အ နာဂတ် သည် ၎င်းတို့မြင်ရသည့် အရာမဟုတ်ဟူသည့် အ တွေးများ လွှမ်းမိုးထား သူများအပေါ် မထိန်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ့ အရေးသည်လည်း ရင်လေးစရာပင်။ ထို့အတူ မြန်မာ တိုင်းရင်းသား ပြည်သူများ အတွက်လည်း ရင်မအေး စရာပင်။

ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)
Share this:

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */