" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 6, 2023

တစ်နှစ်တာအတွင်း နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်ပွားမှု ၅၈ ရာခိုင်နှုန်းတိုးမြင့်လာ

DMG
အောက်တိုဘာ ၅ ၂၀၂၃

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွား မှုမှာ ယခင်က ထက် ၅၈ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရ သည်။ 

နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်ပွားမှုမှာ ယခင်ကာလများနှင့်နှိုင်းယှဉ်လျှင် တောင်တန်းမြေပြန့်ဒေသ အားလုံး တွင် ပိုမိုကျယ် ပြန့်လာနေပြီး တိုက်ပွဲပြင်းထန်လာခြင်းမှာလည်း ခုခံတော်လှန်စစ် အရှိန်မြှင့်လာခြင်း ကြောင့်ဟု BNI က ဖော်ပြ သည်။

 “အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG စတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ မြို့ပြဒေသ အလိုက် PDF တွေပေါင်းစည်းပြီးတော့မှ စစ်မျက်နှာအစုံဖွင့်ပြီး ခုခံတော်လှန်စစ်ကို အရှိန် မြှင့် နေတယ်။ တစ်ဖက်က စစ်အရှိန်မြှင့်လာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ပြန်ပြီး ထိုးစစ်တွေ၊ လေကြောင်းတိုက်ခတ်မှုတွေ လုပ်တဲ့ အတွက် တိုက်ပွဲတွေ ပိုပြီးများပြားလာတာဖြစ်တယ်” ဟု BNI-Myanmar Peace Monitor တာဝန်ခံက ပြော သည်။ 

ယခုနှစ်အတွင်း နွေဦးတော်လှန်ရေးအင်အားစုများအချင်းချင်းကြား စစ်ရေးအရပူးပေါင်း ဆောင်ရွက် မှု သိသိ သာ သာ အားကောင်းလာနေ၍ တိုက်ပွဲဆက်လက်ပြင်းထန်မည့် အလားအလာရှိနေကြောင်း BNI က သုံးသပ်ထား သည်။ 

နွေဦးတော်လှန်ရေး အရှိန်အဟုန် ပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီက လေကြောင်းမှတစ် ဆင့် ဗုံးကြဲတိုက် ခိုက်မှု ပိုမိုမြှင့်တင်လုပ်ဆောင်လာနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နန်ဝါရီလမှ စက် တင်ဘာ လ ၂၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃၂၆ ကြိမ်အထိရှိခဲ့ကြောင်း BNI ၏ မှတ် တမ်းများက ဖော်ပြသည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှု ၄၆ ကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင် ၁၈၇ ကြိမ်ရှိခဲ့သ ဖြင့် ပြီးခဲ့သည့် ၂ နှစ်တာကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီလေကြောင်းတိုက် ခိုက် မှု ပိုများလာနေသည်။ လေ ကြောင်းတိုက်ခိုက်မှုများ၏ ဦးတည်ရာနှင့်ပစ်မှတ်ထားမှုသည်ခုခံ တော်လှန် ရေးအင်အားစုများထက် လက်နက်မဲ့ အရပ်သားပြည်သူများကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်သည်ကို တွေ့ရကြောင်း BNI မှတ်တမ်းများက ဖော်ပြထား သည်။ 

စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက်လုံးက အငြိုးအတေးများနှင့် တိုက်ခတ်မှု ဖြစ် နေ သဖြင့် တည်ငြိမ်ရန်မလွယ်ကူသည့် အခြေအနေဖြစ်ပြီး ယခုအတိုင်းဆက်သွားနေလျှင် နိုင်ငံ ချွတ်ခြုံကျသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ 


“တိုက်ပွဲတွေလည်း ပိုပြင်းထန်လာနိုင်တယ်။အဆုံးအဖြတ်တိုက်ပွဲဆိုတာကတော့ဖြစ်လာနိုင်မှာမဟုတ်ဘူး။ တစ် ဖက်နဲ့တစ်ဖက် အထိနာလာရင်၊ ဒါမှမဟုတ် တစ်ဖက်ဖက်ကအထိနာလာရင်အခြား အဖွဲ့ အ စည်း၊ တခြားနိုင်ငံတွေ ရဲ့  ကမကထလုပ်မှုတွေကြောင့် ဆွေးနွေးမှုဖြစ်လာနိုင်တယ်။ အဲလိုမှမဟုတ်ဘဲ အဆုံးစွန်ထိ တိုက်ကြမယ်ဆိုရင် တော့ နိုင်ငံတောင်ပြိုကွဲသွားနိုင်တယ်” ဟု နိုင် ငံရေးသမားဦးဖေသန်း က ပြောသည်။ တိုက်ပွဲပြင်းထန်လာ သည် နှင့်အမျှ နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်သူဦးရေလည်း တိုးလာနေပြီး လက်ရှိမှာ မြန်မာနိုင်ငံအတွင်း စစ်ဘေး ရှောင်ပြည်သူစုစု ပေါင်း ၂ သန်းကျော်အထိ ရှိ နေကြောင်း BNI က စာရင်းအရ သိရသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်အထိကြာမြင့်လာပြီဖြစ်ကာ မြန်မာ့ဒီမိုကရေစီအ ခင်း အကျင်း ဆိတ်သုဉ်းနေရပြီး ဒေသခံပြည်သူများမှာ သေနတ်သံ၊ ဗုံးသံများကြား နေ့စဉ်နှင့်အမျှ ပြေး လွှားနေကြရသည်။ 


ဓာတ်ပုံ - Sagaing People Defence Force Battalion 3 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */