" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 20, 2023

ရာဖာဟာ ဂါဇာအတွက် ဘာကြောင့် အသက်သွေးကြောလို အရေးကြီးတာပါလဲ

BBC
၂၀ အောက်တိုဘာ ၂၀၂၃ 

ရာဖာနယ်စပ်ဖြတ်ကျော်စခန်းဟာ ဂါဇာကနေအထွက် တောင်ဘက်စွန်းပိုင်းမှာဖြစ်ပြီး အီဂျစ်နိုင်ငံရဲ့ ဆိုင်နိုင်းကျွန်းဆွယ်နဲ့လည်း နယ်စပ်လည်းထိစပ်နေပါတယ်။


ပုံမှန်အားဖြင့် ပါလက်စတိုင်းတွေဟာ ရာဖာကနေတဆင့် ဂါဇာကို ထွက်ဖို့ မလွယ်ကူပါဘူး။ထွက်ခွာလို တဲ့ သူတွေဟာ ပါလက်စတိုင်းဒေသန္တရအာဏာပိုင်တွေကို သီတင်း ၄ ပတ်ကြို စာရင်းပေးရပြီးပါလက် စတိုင်း ဒါမှမဟုတ် အီဂျစ်အာဏာပိုင်တွေဟာ အကြောင်းပြချက်မရှိ ပယ်ချတာမျိုးခံရနိုင်ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောက်ထဲအဝင်အထွက်ကိုနယ်စပ်ဖြတ်ကျော်နေရာတွေအားလုံးကိုပိတ်လိုက် ပြီးတဲ့နောက်မှာ ရာဖာဟာ အခုတော့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် ဖြတ်သန်းရမယ် အခရာကျနေရာဖြစ်လာပါတယ်။

အစ္စရေးက မြေပြင်ထိုးစစ်ထိုးမယ်လို့ ပြောထားချိန်မှာပဲ ဂါဇာမြောက်ပိုင်းက ထောင်နဲ့ချီတဲ့လူတွေဟာ တောင်ပိုင်းမှာရှိတဲ့ ရာဖာဖြတ်ကျော်စခန်းအနီးမှာ စုဝေးရောက်နေတာ ရက်နဲ့ချီကြာလာပြီဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ နယ်စပ်ဖွင့်တာနဲ့ အစားအသောက်နဲ့ ဆေးဝါးထောက်ပံ့ရေးပစ္စည်းတွေကို အသင့် ပြင် နေပါတယ်။

ဂါဇာကလူတွေအသက်ရှင်ဖို့ ပိုအရေးကြီးလာတဲ့ ရာဖာနယ်စပ်ဂိတ် အကြောင်း ဝင်ရောက်ဖတ်ရှု နိုင် ပါ တယ်။


မေးခွန်းတွေ ရှိနေတဲ့ ဂါဇာကိုဝင်မယ့် အကူအညီပေးရေးသဘောတူ ညီချက်


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မနေ့က ကြေညာခဲ့တဲ့ အကူအညီပေးရေးသဘောတူညီချက်ဟာ ဂါဇာ ကမ်းမြောင်အတွင်းမှာ ပိတ်မိနေပြီး အကူအညီတွေအရေးတကြီးလိုအပ်နေတဲ့ ပါလက်စတိုင်း ၂ သန်း ကျော်အတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့ လမ်းတွေပြင်ပြီးတာနဲ့ အကူအညီပေးရေး ကား အစီး ၂၀ ဂါဇာကို မနက်ဖြန် မှာ စဝင်မယ်လို့ပြောပါတယ်။

အဲဒီအစီအစဥ်ချောချောမွေ့မွေဖြစ်မယ်ဆိုရင် နောက်ထပ် ကားအစီးရေ ဆယ်ချီ ဆက်ဝင်မှာဖြစ်ပါ တယ်။

ဒါပေမဲ့ မေးခွန်းတွေ ဆက်ရှိနေပါတယ်။

အကူအညီတွေ ဘယ်ကို ဦးတည်မှာပါလဲ။ မနေ့တုန်းကတော့ အစ္စရေး စစ်တပ်က ပါလက်စတိုင်းတွေ အနေနဲ့ ရာဖာနယ်စပ်ဂိတ်နဲ့အနီး ကမ်းခြေဘက်က အရပ်ဖြစ်တဲ့ အယ်လ် မာဝါဆီ အရပ်ကို ရွှေ့ဖို့ ပြော ခဲ့ပါတယ်။

အဲဒီမှာ အစ္စရေးပြောတာက ‘‘နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ပါမယ်’’ လို့ ပြောပါတယ်။

ဂါဇာကမ်းမြောင် အထက်နဲ့အောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲဆိုတဲ့သတင်းတွေ ဆက် ပေါ် ထွက်နေချိန်မှာ ပါလက်စတိုင်း ဘယ်လောက်များများ အယ်လ် မာဝါဆီ အရပ်ကို အရောက်သွား နိုင်မှာပါလဲ။

ဒီအကူအညီတွေဟာ အစ္စရေးဘက်ကပြောနေတဲ့ ‘‘ဟားမတ်စ်အဖွဲ့ရဲ့လက်ထဲမရောက်သွားအောင်’’ ဘယ်လိုယန္တရားတွေနဲ့ သေချာအောင် လုပ်ထားပါသလဲ။ ဒီလိုမေးခွန်းတွေ ရှိနေပါတယ်။

အစ္စရေးဘက်ကတော့ အစားအစာ၊ရေနဲ့ ဆေးဝါးတွေကိုသာ မပြတ်အကူအညီပေးမယ်လို့ ပြောပါ တယ်။ ဒါပေမဲ့ အစ္စရေးက ပိတ်ဆို့ထားတာကြောင့် ဂါဇာမှာ လျှပ်စစ်မီး ပြတ်လိုက် လာလိုက်ဖြစ်နေ သလို လောင်စာလည်း အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂဘက်က ပြောထားပါတယ်။



‘‘သူတို့မှာ အလောင်းထည့်တဲ့အိတ်တွေတောင် ကုန်နေပြီ’’ - အကူအညီ ပေးရေးလုပ်သူတွေ 

ရာဖာ နယ်စပ်ဖြတ်ကျော်စခန်း ဖွင့်တာနဲ့ ဂါဇာဘက်ခြမ်းမှာ အရေးပေါ် အကူအညီပစ္စည်းတွေ ဖြန့်ဝေ ဖို့ အီဂျစ်နယ်စပ်မှာ အကူအညီပေးရေးလုပ်သားတွေ စောင့်ဆိုင်းနေတာ ရက်နဲ့ချီကြာမြင့်နေပြီဖြစ် ပါတယ်။

အီဂျစ်အစားအသောက်ဘဏ်တိုက်က အကူအညီပေးရေးလုပ်သား မိုဆန် ဆာဟန်ကတော့ ဂါဇာနဲ့ နယ်စပ်မှာ အကူအညီပေးရေးကုန်ကားကြီး ၁၂၀ အထိရောက်နေပြီး ‘‘တူရကီကနေလာတဲ့ ထောက်ပံ့ ရေးပစ္စည်းတွေပါတဲ့ ကုန်တင်လေယာဥ်ကလည်း ၇ စီး၊ ၈ စီး’’ လောက်ရှိပြီလို့ ဘီဘီစီ Radio 4 ရဲ့ ဒီက နေ့ အစီအစဥ်မှာ ပြောပါတယ်။

သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက် အကူအညီပေးရေးလုပ်သားတွေဟာ ဂါဇာထဲ ဝင်ပြီး အကူအညီဝင်ပေးလို့ မရတဲ့ အခြေအနေကို ဒေါသဖြစ်နေမိတယ်လို့ ဆာဟန်က ထပ်လောင်းပြောပါတယ်။

‘‘ဟိုဘက်အခြမ်းက လူတွေမှာ သောက်စရာရေလည်းကုန်သွားပြီ။ ကုန်ကုန်ပြောရရင် အလောင်း ထည့် တဲ့အိတ်တွေတောင်ကုန်နေပြီ ဆိုတာ ကျွန်တော်တို့ သိရတော့ အတော်လေးကို မချိဒေါသ ဖြစ်ရ တယ်’’

ဆာဟန်ကတော့ သူနဲ့ သူ့အဖွဲ့သားတွေဟာ ဂါဇာထဲကို ဝင်ပြီး အရေးပေါ် အကူအညီပေးရေး ပစ္စည်း တွေ မဖြန့်ဝေနိုင်မချင်း နယ်စပ်ကနေ ခွာမှာမဟုတ်ဘူးလို့ပြောပါတယ်။

‘‘ဟိုဘက်ကို ဝင်နိုင်ဖို့ သတ်ဖြတ်မှုတွေ ရပ်သွားစေချင်ပြီ’’ လို့ သူက ပြောပါတယ်။

ဂါဇာ-အီဂျစ်နယ်စပ်က အခြေအနေတွေအကြောင်း ဒီစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */