" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 30, 2023

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

ဧရာဝတီ
အေးချမ်းဆု
26 October 2023


(ဃ) စစ်ကောင်စီနှင့် NCA ရေးထိုးထားသော အဖွဲ့များ

(၁) RCSS / SSA

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS / SSA) ကို ဥက္ကဋ္ဌ စဝ်ရွက် ဆစ်၊ ဒုဥက္ကဋ္ဌ (၁) စိုင်းယီ၊ ဒုဥက္ကဋ္ဌ (၂) နှင့် စစ်ဦးစီးချုပ် စဝ်ခေးငင်းတို့ ဦးဆောင်သည်။ ရှမ်းအရှေ့ထိုင်း နယ်စပ် လွယ်တိုင်းလျံတွင် ဌာနချုပ်ထားရှိပြီး အနည်းဆုံး တပ်မဟာ တခု တပ်စွဲထားသည်။

လွယ်တိုင်းလျံတွင် လေ့ကျင့်ရေးကျောင်း၊ မူယစ်ဆေးဝါးဖြတ်သည့် စခန်းများရှိသည်ဟု သိရသည်။ RCSS / SSA လက်အောက်တွင် စစ်ဒေသ / တပ်မဟာ အနည်းဆုံး ၁၀ ခု ဖွဲ့စည်းထားရှိသည်ဟု သတင်းများအရ သိရသည်။ အကြမ်းပြင်းအားဖြင့် ၂၀၂၂ ခုနှစ်ဆန်းအထိ အောက်ပါအတိုင်း ဖြန့်ခွဲ အခြေပြု လှုပ်ရှားနေသည်ဟု သိရှိရသည်။


-လွယ်တိုင်းလျံ – တပ်မဟာ တခု – လွယ်ကောင်-မုန်းမိန်း (ထိုင်း- မယ်ဟောင်ဆောင် မျက်နှာချင်းဆိုင်) – တပ်မဟာ တခု။
-လွယ်တိုင်းလျံနှင့် ဟိုမိန်းကြား – တပ်မဟာ တခု – သက်ကယ် (ငယ်) စခန်း (မုံးထနှင့် မိုင်းပန်ကြား) – တပ်မဟာ တခု။
-လွယ်ဆမ်စစ်( ထိုင်းနယ်စပ် ဘီပီ ၂ အနီး) – တပ်မဟာ တခု။
-လွယ်ကော်ဝမ်း – စဝ်ကွမ်းကျင်း ဦးစီး ကျိုင်းတုံစစ်ဒေသ။
-မိုင်းပျဉ်းနှင့် မိုင်းပုအွန် ဒေသအတွင်း – တပ်မဟာ ၁ ခု။
-မိုင်းကိုင်ဒေသ – တပ်မဟာ ၁၉၈။
-ကျောက်မဲဒေသ – တပ်မဟာ ၆၀၆။
-နမ့်ခမ်း၊ မူဆယ်၊ ကြူကုတ်ဒေသ – ၇၀၁ တပ်ဖွဲ့။

RCSS သည် SSPP / TNLA တို့နှင့် ၂၀၂၁၊ ၂၀၂၂ ခုနှစ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မိုင်း ကိုင်ဒေသ -တပ်မဟာ ၁၉၈၊ ကျောက်မဲဒေသ တပ်မဟာ ၆၀၆၊ နမ့်ခမ်း၊မူဆယ်၊ ကြူကုတ်ဒေသရှိ ၇၀၁ တပ်ဖွဲ့တို့ ဆုတ်ခွာပေးခဲ့ရ၏။

နောက်တန်း အုပ်ချုပ်ရေးနှင့် အခြား အထွေထွေ အင်အားများပါ ပါဝင်ပါက RCSS / SSA အင်အား သည် ၁၀,၀၀၀ မှ ၁၂,၀၀၀ ခန့်အထိ ရှိနိုင်ပါသည်။ SSPP ထက် ထူးခြားသည်မှာ RCSS တွင် ရှမ်း ပညာ တတ် ပါဝင်မှု ပိုများသည်အချက်ဟု ဆိုရပါမည်။ RCSS / SSA သည် ရှမ်းအရှေ့တွင် ဩဇာပိုမို ကြီးမားပြီး တပ်အများစုမှာ ရှမ်းအရှေ့တွင် ရှိသည်ဟု သုံးသပ်ရသည်။

 

                                                RCSS / SSA တပ်ဖွဲ့ဝင်များ/ဧရာဝတီ

နောက်တန်း အုပ်ချုပ်ရေးနှင့် အခြား အထွေထွေ အင်အားများပါ ပါဝင်ပါက RCSS / SSA အင်အားသည် ၁၀,၀၀၀ မှ ၁၂,၀၀၀ ခန့်အထိ ရှိနိုင်ပါသည်။ SSPP ထက် ထူးခြားသည်မှာ RCSS တွင် ရှမ်းပညာတတ် ပါဝင်မှု ပိုများသည်အချက်ဟု ဆိုရပါမည်။

၂၀၁၅ နောက်ပိုင်းမှစ၍ RCSS သည် အင်အား ၃,၀၀၀ မှ ၄,၀၀၀ ခန့် အသုံးပြုပြီး ရှမ်းမြောက်သို့ သိ သိသာသာ ပြန်လည် ထိုးဖောက်ခဲ့၏။ သို့ သော် ၂၀၂၁၊ ၂၀၂၂ အတွင်း SSPP, TNLA တို့နှင့် တိုက်ပွဲ များဖြစ်ခဲ့ပြီး အားလုံးနီးပါး ဆုတ်ခွာပေးခဲ့ရ၏။ RCSS အနေနှင့် သူ၏တပ်ဖွဲ့ဝင်များအား လက်နက် အပြည့်အစုံ တပ်ဆင်ထားနိုင်ပြီး နိုင်ငံခြားသားများက RCSS စစ်သားများအား လာရောက်လေ့ကျင့် ပေးနေသည်ကို သတင်းများတွင် တွေ့ရပါသည်။

RCSS သည် နိုင်ငံရေးရည်မှန်းချက် ကြီးမားသည့်အပြင် အင်အားတစုံတရာရှိ၏။ SSPP နှင့် ဖြစ်ပွား သော ပဋိပက္ခတွင် မြန်မာစစ်တပ်နှင့် SSPP ကြား မညပ်အောင် ရပ်တည်နေပုံရသည်။ မြန်မာစစ် တပ် နှင့်ပေါင်း၍ နွေဦးအင်အားစုများကို တိုက်မည့်အလားအလာ နည်းသည်။ သို့သော် RCSS နှင့် SSPP, TNLA တို့ကြား၊ အထူးသဖြင့် TNLA နှင့် ပဋိပက္ခကမူ ရှောင်လွှဲ၍ မရနိုင်ပေ။

(၂) NMSP / MNLA

မွန်ပြည်သစ်ပါတီ / မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (NMSP / MNLA) ၏ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ စစ်ဦးစီးချုပ် ဗညားမဲ့စမ်း၊ ဒုစစ်ဦးစီးချုပ် ဗညားချမ်းနွံတို့ ဦးစီးသည်။ NMSP / MNLA ဌာန ချုပ်အား ရေးချောင်းဖျား၊ ထိုင်းနယ်စပ်တွင် အခြေပြု၏။

NMSP / MNLA ဖြန့်ခွဲထိန်းချုပ်နယ်မြေများ
-သထုံခရိုင်- ကော့ကရိတ်၊ ကျိုက်မရော၊ ဘားအံမြို့နယ်များ
-မော်လမြိုင်ခရိုင် – ကြာအင်း၊ ဘုရားသုံးဆူ၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်များ
-ထားဝယ်ခရိုင်- ရေး၊ ရေဖြူမြို့နယ်များ
-မြိတ်ခရိုင်- ပရာဂျွတ် (ထိုင်းနယ်စပ်)

တပ်ဖြန့်ခွဲမှု

MNLA ဌာနချုပ်လက်အောက်တွင် ဗဟိုလုံခြုံရေးတပ်၊ ရင်း ၁၁၁၊ ရင်း ၇၇၇ တို့ ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်များတွင် ပြောက်ကျားတပ်ဖွဲ့များ ဖြန့်ခွဲထားသည်။ လက်ရှိ NMSP / MNLA ၏လက်ရှိအမြဲတမ်း အင်အားမှာ တိုက်ခိုက်ရေးရော နောက်တန်းပါ ၁,၅၀၀ ခန့်သာ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

၁၉၉၅ ခုနှစ် အပစ်ရပ်ပြီး အင်အား ၈,၀၀၀ ခန့်မှ ၁,၅၀၀ ခန့်အထိ ကျဆင်းလာခဲ့သည့် အင်အားအ လျော့ ကျဆုံး တပ်ဖွဲ့ဟု ဆိုရမည်။ အပစ်ရပ်ကာလအတွင်း နိုင်ငံရေးသဘောထား ကွဲလွဲခြင်း၊ နဝတ၊ နအဖ၏ ဖိအားပေးမှုခံရခြင်း၊ လက်နက်ချသွားသူများ ရှိခြင်းတို့အပြင် ဘဏ္ဍာရေးအကြပ်အတည်းတို့ ကြောင့် အင်အားလျော့ကျခဲ့သည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် အမြဲတမ်းအင်အား လျော့ကျသည်ကို ဖာထေးနိုင်ရန်အတွက်သော်လည်းကောင်း၊ လိုအပ်လျှင် တပ်အင်အား ဖြည့်တင်းနိုင်ရန်အတွက်သော်လည်းကောင်း ရည်ရွယ်ပြီး NMSP / MNLA သည် တနှစ်လျှင် စစ်သင်တန်း နှစ်ကြိမ်မှ သုံးကြိမ်အထိပေးပြီး အရန်အင်အားများကို စုဖွဲ့ထားရှိပါ သည်။

အပစ်ရပ်ကာလအတွင်း နိုင်ငံရေးသဘောထား ကွဲလွဲခြင်း၊ နဝတ၊ နအဖ၏ ဖိအားပေးမှု ခံရခြင်း၊ လက်နက်ချသွားသူများ ရှိခြင်းတို့အပြင် ဘဏ္ဍာရေးအကြပ် အတည်းတို့ကြောင့် အင်အားလျော့ကျခဲ့သည်ကို တွေ့ရသည်
လက်ရှိတွင် NCA အပစ်ရပ်စာချုပ်အတိုင်း မြန်မာစစ်တပ်နှင့် ဆွေးနွေးနေသော်လည်း PPST တွင် ပါဝင်ခြင်း မရှိတော့ဘဲ သီးခြားဆွေးနွေးနေသည်ကို တွေ့ရ၏။ မြန်မာစစ်တပ်အား EAO အားလုံးတိုက် လျှင် မွန်ပြည်သစ်လည်း ဝင်တိုက်မည်ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ပြောဆိုသော်လည်း မွန်ပြည်သစ်သည် တိုက်စိတ်ခိုက်စိတ်ရော၊ စစ်အင်အားပါ လျော့ကျနေသည်။

(၃) ပအိုဝ်းဒေသမှ PNLO / PNLA

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက်လာသောအဖွဲ့များနှင့် PNO မှ သဘောထားကွဲလာသူများ စုစည်းထားသောအဖွဲ့ ဖြစ်၏။ PNLO/ PNLA ဥက္ကဋ္ဌအဖြစ် ခွန်သူ ရိန်က တာဝန်ယူ၏။ အင်အား ရာဂဏန်းမျှသာ ရှိမည်။ မောက်မယ်မြို့နယ်အတွင်း အခြေချ၏။ လက် ရှိ RCSS နှင့် ပဋိပက္ခရှိနေပြီး RCSS နှင့် PNO ပအိုဝ်းပသစ မဟာမိတ်ဖွဲ့မှုကြား ညပ်နေ၏။

(၄) ရခိုင်ပြည်နယ်မှ ALP / ALA

ရခိုင်မှ သမိုင်းအစဉ်အလာရှိသော လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်ခဲ့သော်လည်း လက်ရှိ  ALP ခေါင်း ဆောင် များသည် ထိုအစဉ်အလာကို မထိန်းသိမ်းနိုင်ပါ။ လက်ရှိ ALP ခေါင်းဆောင်ပိုင်းတွင် ဗဟိုကော် မတီ သုံးခု၊ ဥက္ကဋ္ဌ သုံးယောက် ကွဲပြားနေ၏။ လက်နက်ကိုင်တပ် မယ်မယ်ရရ မရှိပါ။ လက်ရှိစစ်ကောင် စီ ဆွေးနွေးပွဲတွင် စောမြရာဇာလင်း ဦးစီးသည့် အစုအဖွဲ့တက်နေ၏။ နိုင်ငံရေးအရရော၊ စစ်ရေးအရ ပါ လုပ်နိုင်စွမ်းနှင့်ဩဇာ မရှိတော့ပါ။

(၅) ပြည်ပအခြေစိုက် LDU

စစ်ကောင်စီနှင့် ဆွေးနွေးမှုအပေါ် သဘောထားကွဲပြီး မူလ လားဟူ LDU ဥက္ကဋ္ဌက အတွင်းရေးမှူး ဆော်လမွန်အား LDU မှ ထုတ်ပယ်ပစ်ခဲ့၏။

သို့သော် ဆော်လမွန်ကလည်း LDU အမည်ဖြင့် စစ်ကောင်စီနှင့် ဆက်လက် ဆွေးနွေးနေ၏။ LDU နှစ် ဖွဲ့ကွဲနေပြီး နှစ်ဖွဲ့လုံး ထိုင်းနိုင်ငံတွင် အခြေပြုကာ လက်နက်ကိုင်တပ် မရှိပါ။

(၆) ကရင်ပြည်နယ်မှ KNU / KNLA – PC

KNU မှ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ခွဲထွက်သော တပ်မဟာ ၇ မှူး စောဌေးမောင် ခေါ် ဗိုလ် ထိန်မောင်အဖွဲ့ ဖြစ်သည်။ ယခုအခါ စောဌေးမောင် ကွယ်လွန်သွားပြီ ဖြစ်သည်။ လက်ရှိတွင် နော်က ပေါ်ထူး (ဗိုလ်ထိန်မောင်၏ သမီး) က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ အင်အား ရာဂဏန်း ခန့်သာ ရှိသည်ဟု ဆိုသည်။ လက်နက်ကိုင်အင်အား နည်းပါးသည်ဟု ယူဆရ၏။ ဗျူဟာတခု ဖွဲ့စည်း ထားပြီး တပ်ရင်း ၇၀၇၊ ၇၀၈ တို့ ဖွဲ့စည်းထားသည်ကို တွေ့ရ၏။

(၇) DKBA

၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်သည့်အဖွဲ့ ဖြစ်သည်။ ၂၀၀၈၊ ၂၀၁၉ ခုနှစ် နယ်ခြားစောင့်တပ် (BGF) ဖွဲ့ခြင်းကို လက်မခံခဲ့၍ BGF ဖွဲ့ခြင်းကို လက်ခံသော စောချစ်သူတို့နှင့် ထပ်မံကွဲထွက်သော အဖွဲ့ဖြစ် သည်။ ထိုစဉ်က အင်အား ၁,၅၀၀ ခန့်ရှိသော်လည်း DKBA အချင်းချင်း ထပ်မံကွဲထွက်၍ အင်အား လျော့ သွားသည်။ လက်ရှိတွင် NCA လက်မှတ်ရေးထိုးထား၏။

DKBA ၏အင်အား ရာဂဏန်းအချို့ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင်စောမိုးရှေးခေါင်းဆောင် သည့် DKBA သည် စစ်ကောင်စီနှင့် ဆွေးနွေးလျက်ရှိသော်လည်း DKBA မှ ဗိုလ်ကျော်သက်၊စောစလုံး စသည့် အင်အားအချို့က KNU, PDF တို့နှင့် ပေါင်း၍ စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက် လျက် ရှိ၏။

DKBA ၏အင်အား ရာဂဏန်းအချို့ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင် စောမိုးရှေး ခေါင်းဆောင်သည့် DKBA သည် စစ်ကောင်စီနှင့် ဆွေးနွေးလျက်ရှိသော်လည်း DKBA မှ ဗိုလ်ကျော်သက်၊ စောစလုံးစသည့် အင်အားအချို့က KNU, PDF တို့နှင့်ပေါင်း၍စစ်ကောင် စီ တပ်အား ပြန်လည်တိုက်ခိုက်လျက်ရှိ၏

ချုပ်၍ ဆိုရလျှင် လက်ရှိ NCA ထိုးထားသော အဖွဲ့ ၇ ဖွဲ့၌ RCSS တဖွဲ့သာ အင်အား လောက်လောက် လားလား ရှိသည်။ ထိုအဖွဲ့များသည် စစ်ကောင်စီတပ်အား ပြန်လည် တိုက်ခိုက်နိုင်ခြေ မရှိသကဲ့သို့ စစ် တပ်နှင့် ပူးပေါင်းပြီး နွေဦးတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်နိုင်ခြေ နည်းပါးသည်။ 

(င) ယခင်အခါက တိုင်းရင်းသားအဖွဲ့ များဖြစ်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်နှင့် BGF ဖြစ်သွားသော်လည်း နိုင်ငံရေးအရရော စစ်ရေးလှုပ်ရှားနိုင်စွမ်းအရပါဂရုပြုရမည့်အဖွဲ့များ

(၁) ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ် တပ်မတော် (KNLP / KNLA)

၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အဖြစ် ပြောင်းသည်ဟု ကြေညာပြီး မြန်မာစစ်တပ်က ကယန်း ပသစ ဟု သတ်မှတ်ထားသော်လည်း ပြည်သူ့စစ်ပုံစံမျိုး မရပ်တည်ဘဲ ကယန်းပြည်သစ်အနေနှင့်သာ ရပ်တည်ခဲ့ ၏။

လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ ဦးသန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ် တော်လှန်ရေး ကောင်စီ (KNLRC) ကို ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် မြားနို ဖြစ်သည်။ ကယန်းပြည်သစ်ပါတီသည် ဆီဘူးတွင် အ ခြေစိုက်ပြီး ယခင် တပ်ရင်း လေးရင်းသာ ဖွဲ့စည်းထားရာမှ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တပ်ရင်း နှစ် ရင်း တိုးချဲ့ဖွဲ့စည်းသဖြင့် တပ်ရင်း ခြောက်ရင်းဦ အင်အား ၁,၀၀၀ ခန့်ရှိ၏။ ၎င်းထိန်းချုပ်ရာဒေသတွင် ဩဇာရှိ၏။

ကယန်းပြည်သစ် တပ်ဖွဲ့ဝင်များ

လက်ရှိအချိန်အထိ ကယန်းပြည်သစ်ပါတီသည် ကရင်နီတော်လှန်ရေး အင်အားစုများအား ကူညီမှုရှိ သော်လည်း အတိအလင်း ပူးပေါင်းခြင်း မရှိသေးသကဲ့သို့ စစ်ကောင်စီတပ်နှင့်လည်း ပူးပေါင်းခြင်း မရှိ ပါ။ စစ်ကောင်စီတပ်က ကယန်းပြည်သစ် စခန်းများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၏။ ကယန်း ပြည်သစ်ပါတီသည် ကရင်နီတော်လှန်ရေး အင်အားစုများဘက်သို့ ယိမ်းပြီး စစ်တပ်နှင့်ပူးပေါင်း၍ ကရင်နီတော်လှန်ရေး အင်အားစုများအား တိုက်ခိုက်ခြင်း မပြုပါ။

(၂) ကချင်ပြည်နယ်မှ ပန်ဝါ ပသစ နှင့် BGF များ

ကချင်ပြည်နယ်၊ ပန်ဝါဒေသ အခြေပြုပြီး ပန်ဝါ၊ ကန်ပိုက်တီ၊ ဖီမော်ဒေသတွင် ပန်ဝါ ပသစ နှင့် BGF တပ်ရင်း သုံးရင်း မပခ နယ်မြေထဲတွင် ရှိ၏။ ယခင် ဇခုံတိန့်ယင်း ဦးစီးသည့် NDAK မှ ၂၀၀၉ တွင် ပြောင်းလဲဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်၏။ ဒေသတွင်း လချိတ် ခေါ် လရှီလူမျိုးများ ကြား ဩဇာရှိ၏။ ဒေသလက္ခဏာဆောင်သည့် အင်အားစုတခုဖြစ်၏။ ၂၀၁၂ ခုနှစ်အတွင်း လောခေါင်၊ ဖရယ်၊ လဂွေဒေသသို့ ထိုးဖောက်ဝင်ရောက်လာသည့် KIA တပ်မဟာ ၇ နှင့် ရင်ဆိုင်ထား၏။

(၃) ကောင်းခါး ပြည်သူ့စစ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်အနီး ကောင်းခါးတွင် အခြေပြုသည့် ကချင် ပသစအဖွဲ့ဖြစ်၏။ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေထဲတွင် ရှိ၏။ ယခင် KIA တပ်မဟာ ၄ မှ ခွဲထွက်လာသည့် မထုနော် ဦးစီးသည့် KDA အား ၂၀၀၉ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းထား၏။

ယခင်က တပ်မဟာ နှစ်ခု၊ တပ်ရင်း ငါးရင်းအထိ ဖွဲ့စည်းထား၏။ ၂၀၂၀ ပြည့်နှစ်ခန့်တွင် မူးယစ်ဆေး ဝါး နှင့် ပတ်သက်ပြီး ခေါင်းဆောင်အချို့အား စစ်တပ်က ဖမ်းဆီးခဲ့ပြီး လက်နက်အလက် ၈၀၀ ခန့်ဖြုတ် သိမ်းခံခဲ့ရ၏။ ယခုနောက်ပိုင်းတွင် ပြန်လည် လက်နက်တပ်ဆင်ပေးထား၏အားပျော့သွားသော်လည်း ရှမ်းမြောက်ဒေသခံ ကချင်များကြား ဆက်နွယ်မှုနှင့် အတန်အသင့် ဩဇာရှိ၏။

(၄) စိန်ဂျော့ ပသစ၊ ကာလိ ပသစ

ယခင် SSA တပ်မဟာ ၃ သည် စိန်ဂျော့ ပသစ အဖြစ်လည်းကောင်း၊ ယခင် SSA တပ်မဟာ ၇ သည် ကာလိ ပသစ အဖြစ်လည်းကောင်း ၂၀၀၉ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းထားခြင်း ဖြစ်၏။ စိန်ဂျော့ ပသစ သည် သီပေါမြို့နယ်အတွင်း ရမခ နယ်မြေတွင်ရှိ၏။

ကာလိ ပသစ သည် ကွန်ဟိုင်းမြို့နယ်အတွင်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နယ်မြေ တွင် ရှိ၏။ ယခင် SSA မှ တပ်ဖွဲ့များဖြစ်၍ SSPP / SSA နှင့် ဆက်ဆံရေး ကောင်းသည်။ သူနယ်မြေ နှင့် သူ အထိုက်အလျောက် ထိန်းချုပ်ထားနိုင်သည်။ နယ်မြေလူထုအတွက် ဖွံ့ဖြိုးရေးများ လုပ်ဆောင်ပေး ကြ ၏။ SSPP / SSA နှင့် စစ်ကောင်စီကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပါက စစ်ကောင်စီဘက်က ပါ မည့် အဖွဲ့များ မဟုတ်ကြဘဲ ကြားနေမည့်အဖွဲ့များ ဖြစ်၏။

ကာလိ ပသစ သည် ကွန်ဟိုင်းမြို့နယ်အတွင်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ)  နယ်မြေတွင် ရှိ၏။ ယခင် SSA မှ တပ်ဖွဲ့များဖြစ်၍ SSPP / SSA နှင့် ဆက်ဆံရေး ကောင်းသည်။ သူနယ်မြေနှင့်သူ အထိုက်အလျောက် ထိန်းချုပ်ထားနိုင်သည်။
(၅) PNO ပအိုဝ်း ပသစ

ဦးအောင်ခမ်းထီ ဦးစီးသည့် ပအိုဝ်း ပသစ အဖွဲ့ဖြစ်၏။ ယခင် PNO / PNA အား ၂၀၀၉ ခုနှစ်တွင် ပသစ အဖြစ် ပြောင်းလဲဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်၏။ ပအိုဝ်းနယ်မြေဖြစ်သည့် ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးဒေသတွင် တစုံတရာဩဇာရှိပြီး ထိန်းချုပ်ထားနိုင်၏။

လက်ရှိတွင် ပသစ အင်အားများ တိုးချဲ့နေ၏။ အင်အား ၃,၀၀၀ ခန့်ထိ တိုးချဲ့မည်ဟု ကြားသိရ၏။ စစ် သားသစ်များအား ပအိုဝ်းနယ်မြေအတွင်း ကောက်ခံနေပြီး တပ်သားသစ်များအတွက် ရိက္ခာဖိုး၊ သေ နတ်ဖိုးပါ ကျေးရွာများမှ အခွန်ကောက်နေသည်ကို တွေ့ရရာ စစ်ကောင်စီ၏ အထောက်အပံ့ မလုံ လောက်၍လည်း ဖြစ်နိုင်သကဲ့သို့ စစ်ကောင်စီ သတ်မှတ်သည်ထက်ပို၍ စစ်သားစုဆောင်း သည် လည်း ဖြစ်နိုင်၏။

လက်ရှိတွင် RCSS နှင့် အပေးအယူပြုလုပ်၍ မောက်မယ်နယ်အတွင်း RCSS စခန်း သုံးခုခန့် ဖွင့်လှစ် ရန် သဘောတူထားပြီး ထိုင်းနယ်စပ်တွင် PNO စခန်းတခု ပြန်လည် ဖွင့်လှစ်ထားသည်ဟု သိရ၏။ ထိုင်းနယ်စပ်မှ လက်နက်ဝယ်ယူရန် ပြင်ဆင်ပုံရ၏။

လက်ရှိ ပအိုဝ်းနိုင်ငံရေး၊ စစ်ရေးအင်အားစုများထဲတွင် PNO သည် အင်အား အတောင့်ဆုံး ဖြစ်၏။ လက်ရှိတွင် PNO ပသစ များသည် ပအိုဝ်းနယ်မြေ အပြင်မထွက် ဆိုသည့် မူနှင့်ရပ်တည်ထား၏။ PNO သည် လက်ရှိ စစ်တပ်လက်အောက်တွင် ရှိနေသော်လည်း ပြည်မမှနိုင်သည့်သူနှင့် ပေါင်းမည့် သဘောထားရှိပုံရ၏။ သူတို့အတွက် အလေးထားသည်မှာ ပအိုဝ်းအမျိုးသားရေး၊ ပအိုဝ်းနယ်မြေ အ ရေးသာ ဖြစ်၏။ PNO သည် ပအိုဝ်းပြည်သူ့စစ်ဟု ဆိုသော်လည်း ပအိုဝ်းနယ်မြေ၊ ပအိုဝ်းလူမျိုး အ တွက် နိုင်ငံရေးရည်မှန်းချက် ရှိ၏။

(၆) ကရင်ပြည်နယ်မှ BGF တပ်ဖွဲ့များ

ယခင် KNU မှ ခွဲထွက်သည့် DKBA တပ်ဖွဲ့မှ ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ် လက်အောက်ခံ BGF အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်တွင် BGF တပ်ရင်း ၁၁ ရင်း အင်အား ၂,၀၀၀ ခန့်ရှိ၏။ ၁၉၉၄ ခုနှစ် KNU မှ DKBA အဖြစ်ခွဲထွက်စဉ်က မြန်မာစစ်တပ်နှင့်ပေါင်း၍ KNU အား တိုက်ခိုက်စဉ်ကကဲ့သို့ ယခုအခါ စစ်တပ်နှင့် တက်ကြွစွာ ပူးပေါင်းတိုက်ခိုက်သည့် အခြေအနေမျိုးတွင် မရှိပေ။

KNU က ဦးစီးပြုလုပ်နေသည့် ကရင်ညီညွတ်ရေးတွင် ပါဝင်နေသကဲ့သို့ မြဝတီတဝိုက်တွင်တရုတ်များ နှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းကြီးများ ပြုလုပ်နေသည့် ကရင် BGF များသည် မြန်မာစစ်တပ်နှင့် ရော KNU နှင့် အဆင်ပြေအောင် ဆက်ဆံနေသည်ကို တွေ့ရ၏။

(၇) SNA

ရှမ်းနီအမျိုးသားတပ်မတော် (ခေါ်) SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၀ နောက်ပိုင်းမှစသည့် ရှမ်းနီ နိုင်ငံရေးလှုပ်ရှားမှုများ၏ အဆက်ဖြစ်ပုံရသည်။ ၂၀၁၅ ခုနှစ်မှစ၍ SNA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်သည်ကို တွေ့ရသည်။

SNA လှုပ်ရှားမှုကို ခန္တီး၊ ဟုမ္မလင်းစသည့် ချင်းတွင်းမြစ်ရိုးတလျှောက်တွင် တွေ့ရသည်။ ၂၀၂၀ပြည့်နှစ် အတွင်း ချင်းတွင်းမြစ်ရိုးတွင်း သွားလာသည့် စက်လှေ၊ မော်တော်များအား အခွန်အကောက်သည့် သ တင်း၊ ဗန်းမောက်နယ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်သည့်သတင်းများ ကြားရသည်။

ထို့နောက် မြန်မာစစ်တပ်မှ ထိုဒေသတွင် စစ်ဆင်ရေးဝင်သည့် သတင်းများ ကြားရသော်လည်း တိုက်ပွဲ ဖြစ် သည်ကိုတော့ မကြားရပါ။ တပ်မှ SNA အား လက်နက်စွန့် လက်နက်ချရန်၊ ပသစ အဖြစ် ပြောင်း လဲဖွဲ့စည်းရန် လိုက်လံစည်းရုံး လှုံ့ဆော်နေသည်ဟူသည့် သတင်းများ ကြားရသည်။ တပ်အနေနှင့် SNA နှင့် ဆွေးနွေးဖက် EAO အဖွဲ့တခုအဖြစ် သဘောထားရှိပုံ မရပါ။
SNA လှုပ်ရှားမှုကို ခန္တီး၊ ဟုမ္မလင်းစသည့် ချင်းတွင်းမြစ်ရိုးတလျှောက်တွင် တွေ့ရသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ချင်းတွင်းမြစ်ရိုးတွင်း သွားလာသည့် စက်လှေ၊ မော်တော်များအား အခွန်အကောက်သည့်သတင်း၊ ဗန်းမောက်နယ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်သည့် သတင်းများ ကြားရသည်။
လက်ရှိ SNA ကို ဥက္ကဋ္ဌ စဝ်သန်းမြင့်၊ ဒုဥက္ကဋ္ဌ ခွန်အောင်တို့ ခေါင်းဆောင်ပြီး တပ်မဟာ လေးခုဖွဲ့စည်း ကာ ဒေသ လေးခု ဖြန့်ခွဲလှုပ်ရှားသည်။

တပ်မဟာ ၈၉၁-ခန္တီးဒေသ၊ အိန္ဒိယနယ်စပ်
တပ်မဟာ ၉၇၂-ဥရုချောင်းရိုး၊ နန့်လစ် – ပတ်ကလာဂွင်၊ ဆယ်ဇင်း
တပ်မဟာ ၇၅၃-ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ရွှေပြည်အေးမြို့နယ်၊                    ချင်းတွင်းမြစ်တလျှောက်
တပ်မဟာ ၆၁၄-စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ် စသည်တို့တွင်                        လှုပ်ရှားသည်။

SNA ၏ စုစုပေါင်း အင်အားသည် အနည်းဆုံး ၁,၀၀၀ အထက် ရှိနိုင်ပါသည်။ တပ်အင်အား တိုးချဲ့နေ သည်ကို တွေ့ရ၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားအဖွဲ့အစည်းအဖြစ် အ သိအမှတ်ပြုရန် ကြိုးစားခဲ့ပြီး နေပြည်တော်အထိ လာရောက် ဆွေးနွေးခဲ့သော်လည်းစစ်ကောင်စီတပ် က လက်မခံဘဲ ပြည်သူ့စစ်အဖြစ်သာ သဘောထားသည်ကို တွေ့ရ၏။ ထို့နောက် ၂၀၂၂ ခုနှစ်မှစ၍ SNA သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားပြီး KIA, PDF များနှင့် တိုက်ပွဲဖြစ်ပွားနေသည်ကို ဟုမ္မ လင်း၊ ဗန်းမောက်နယ်များတွင် အများဆုံး တွေ့ရ၏။

ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီး၊ မိုးညှင်း၊ မိုးကောင်းရှိ ရှမ်းနီအချို့မှာမူ PDF, KPDFများအဖြစ်ရပ်တည်ကြ ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေရာ ရှမ်းနီများအတွင်း စစ်ကောင်စီတပ်ကို တိုက်သော ရှမ်းနီနှင့် စစ်ကောင်စီတပ်နှင့် ပေါင်းသော ရှမ်းနီဟု နှစ်ပိုင်းကွဲသွားခဲ့၏။ SNA ကမူ စစ်ကောင်စီတပ်နှင့် ပေါင်း၍ နွေဦးတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်သည့် ရှမ်းနီတပ်ဖွဲ့ ဖြစ်သွား၏။

သို့သော်လည်း SNA သည် ရှမ်းနီအမျိုးသားရေးအမြင်ကို ကိုင်စွဲသည့် နိုင်ငံရေးရည်မှန်းချက် ရှိ၏။
စစ်တပ်လက်အောက်ခံ ပသစ များ

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက် ချက် ထားရန် လိုအပ်၏။

(၁) ပသစ ဟောင်းများ

စစ်တပ်အာဏာမသိမ်းခင် ဖွဲ့စည်းထားသော ပသစ ဟောင်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင် အတွေ့များ၏။

ကချင်ပြည်နယ်

ပူတာအိုဒေသ၌ ရဝမ် ပသစ၊ မြစ်ကြီးဒေသ၌ လီဆူး ပသစ၊ တနိုင်း၊ ဖားကန့်ဒေသ၌ ရှမ်းနီ ပသစများ ကို တွေ့ရ၏။ မြန်မာစစ်တပ်၏ သစ္စာရှိ ပသစများဖြစ်၏။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပန်ဆေး ပသစ၊ နမ့်ခမ်းမြို့မ ပသစ၊ မူဆယ်မြို့မ ပသစ၊ မုန်းပေါ် ပသစ၊ ကွတ်ခိုင် ပသစ၊ တာမိုးညဲ ပသစ၊ ရှောက်ဟော် ပသစ၊ လုံထန် ပသစ၊ ဖောင်းဆိုင် ပသစ၊ ဘိုမွန် – မန် ပန် ပသစ၊ ကွန်လုံ ပသစ၊ ကိုးကန့် ပသစ၊ တန့်ယန်းဒေသ ပသစ များ စသည့် ပသစ အဖွဲ့များအနက် ဘိုမွန် ပသစ ကမူ တိုင်းရင်းသား အဖွဲ့များနှင့် အဆင်ပြေအောင် ဆက်ဆံလေ့ရှိ၏။ ကျန် ပသစ အဖွဲ့ များ က မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ လောင်းကစား၊ မူးယစ်ဆေးဝါးကိစ္စများနှင့် ဆက်စပ် ပတ်သက် နေကြသည့် မြန်မာစစ်တပ်၏ သစ္စာရှိ လူယုံများဖြစ်၏။

ရှမ်းပြည်တောင်ပိုင်းရှိ အက်စ်သုံးလုံး၊ နာရိုင်း၊ မတ်ကျန်း၊ နားပွဲ ပသစများ

ရှမ်းပြည်နယ်တောင်ပိုင်း ရလခ နယ်မြေတွင် အခြေပြုသည့် ရှမ်း ပသစများဖြစ်၏။ မဟာဂျာ ဦးစီး သည့် အက်စ်သုံးလုံး ပသစ သည် ယခင် ခွန်ဆာဦးစီးသော MTA မှ လက်နက်ချလာသည့်အဖွဲ့ဖြစ်ပြီး အင်အား အတန်အသင့်ရှိကာ ဟိုမိန်းတွင် အခြေစိုက်၍ မိုင်းပန်၊ လင်းခေး၊ နမ့်စန် တလျှောက် ပသစ အဖွဲ့များ ဖြန့်ကြက်ထား၏။ နားပွဲ ပသစမှာ ယခင် RCSS တပ်မဟာ ၇၅၈ မှ လက်နက်ချလာသော အဖွဲ့ များ ဖြစ်၏။ ထိုအဖွဲ့အားလုံးသည် စစ်တပ်အာဏာပိုင်များနှင့်ပေါင်း၍ မူးယစ်ဆေးဝါး အပါအဝင်စီးပွား ရေးလုပ်ငန်များ လုပ်နေကြသော အဖွဲ့များဖြစ်၏။ စစ်တပ်အား ရိုကျိုး၍ သစ္စာစောင့်သိကြ၏။
ရှမ်းအရှေ့တွင် အားကောင်းသည့် ပသစ များမှာ အာခါနှင့် လားဟူ ပသစ များဖြစ်၏။ အမျိုးသားရေး လက္ခဏာအချို့ ရှိသော်လည်း လောင်းကစား၊ မူးယစ်ဆေးဝါး စီးပွားရေး ကိစ္စများနှင့် ပတ်သက်ပြီး မြန် မာ စစ်တပ်နှင့် ဆက်စပ်နေပြီး မြန်မာစစ်တပ်၏ အမာခံများ ဖြစ်ကြ၏။
ရှမ်းအရှေ့တွင် အားကောင်းသည့် ပသစ များမှာ အာခါနှင့် လားဟူ ပသစ များဖြစ်၏။ အမျိုးသားရေး လက္ခဏာအချို့ ရှိသော်လည်း လောင်းကစား၊ မူးယစ်ဆေးဝါး စီးပွားရေးကိစ္စများနှင့် ပတ်သက်ပြီး မြန် မာစစ်တပ်နှင့် ဆက်စပ်နေပြီး မြန်မာစစ်တပ်၏ အမာခံများ ဖြစ်ကြ၏။

အဆိုပါ ပသစ အဖွဲ့များအားလုံးလိုလို တိုက်ခိုက်ရည် ကောင်းစွာ မရှိကြသော်လည်း ထိုနယ်မြေ အ တွင်း စစ်တပ်အတွက် သတင်းပေး၊ လမ်းပြ၊ အမာခံများအဖြစ် ရပ်တည်ပြီး ကောင်းစွာ အလုပ်ကြွေးပြု သူများ ဖြစ်၏။ နိုင်ငံရေးရည်မှန်းချက်ထက် စီးပွားရေးရည်မှန်းချက်က ပိုများကြသည့်အဖွဲ့များ ဖြစ် သည်။ မြန်မာစစ်တပ်ကလည်း ပသစ အဖွဲ့များ စုစည်းမှုကို လက်မခံဘဲ နယ်မြေအလိုက် ပသစ အဖွဲ့ ငယ်များအဖြစ် ခွဲထားပြီး သူ၏ တပ်ရင်းစစ်ကြောင်းများဖြင့် တွဲဖက်ထား၏။

ကရင်နီပြည်နယ်

ကရင်နီပြည်နယ်ရှိ ပသစ အဖွဲ့မှာ သုံးဖွဲ့ခန့်သာရှိပြီး တဖွဲ့လျှင် အင်အား ဆယ်ဂဏန်းမျှသာ ရှိ၏။ သို့ သော် ထိုအဖွဲ့များသည် စစ်တပ်နှင့် အတိအလင်း ပူးပေါင်းသော်လည်း ကရင်နီတော်လှန်ရေးအင်အား စုများကို တိုက်ခိုက်ခြင်း မပြုပေ။

ရှမ်းနှင့် ကချင်ပြည်နယ်ရှိ ပသစ အင်အားကို အတိအကျသိရန် မလွယ်ကူပါ။ ခန့်မှန်ခြေ အင်အား သောင်းဂဏန်းအချို့ ရှိနိုင်ပါသည်။

(၂) ပသစ အသစ်များ (ဝါ) ပျူစောထီးများ

နွေဦးတော်လှန်ရေး စတင်ပြီးနောက်ပိုင်းတွင် ကျန်တိုင်းနှင့် ပြည်နယ်များတွင်ပါ ပသစ (ဒေသအခေါ်) ပျူစောထီးများ ဖွဲ့စည်းသည်ကို တွေ့ရ၏။

 

                            ပျူစောထီးခေါင်းဆောင် ဦးဝါသဝနှင့် ပျူစောထီးတပ်

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း တို့ တွင်ပါ ပသစ ဖွဲ့စည်းသည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ပသစ သာမက ရွာအလိုက် ပျူစောထီးရွာများ ဖွဲ့စည်းသည်ကို တွေ့ရ၏။ အရေအတွက် မသိရသော်လည်း စစ်ကိုင်းတိုင်း အချို့မြို့ နယ်များတွင် ပျူစောထီးရွာများသည် မြို့နယ်တခုလုံး၏ ၁၀ ရာခိုင်နှုန်းအထိ အများဆုံးရှိသည်ကို တွေ့ ရသည်။

ကရင်၊ မွန်၊ ချင်း၊ ကရင်နီ၊ ရခိုင်တို့တွင် စစ်ကောင်စီတပ်မှ ပျူစောထီးခေါ် ပသစ  အသစ်များထပ်မံဖွဲ့ စည်း နိုင်ခြင်း မရှိပါ။ မွန်တွင် ယခင် လက်နက်ချအဖွဲ့ အဖွဲ့တဖွဲ့အား ပသစ အဖြစ် ဖွဲ့စည်းပွဲထုတ်သော် လည်း လူအင်အား မရှိပါ။

ကရင်၊ မွန်၊ ချင်း၊ ကရင်နီ၊ ရခိုင်တို့တွင် စစ်ကောင်စီတပ်မှ ပျူစောထီးခေါ် ပသစ အသစ်များ ထပ်မံဖွဲ့စည်းနိုင်ခြင်း မရှိပါ။ မွန်တွင် ယခင် လက်နက်ချအဖွဲ့ အဖွဲ့တဖွဲ့အား ပသစ အဖြစ် ဖွဲ့စည်းပွဲထုတ်သော်လည်း လူအင်အား မရှိပါ။
၂၀၂၁ ခုနှစ် နောက်ပိုင်း ထပ်မံဖွဲ့စည်းသည့် ပျူစောထီး အင်အားကို မသိရပါ။ တပြည်လုံးအနေနှင့် သောင်းဂဏန်းအချို့ ရှိနိုင်၏။ ထို့ထက်လည်း ပိုနိုင်၏။ သို့သော် လက်နက်တပ်ဆင်မှု အားမကောင်းပါ။ စစ်ကောင်စီတပ် စစ်ကြောင်းများ၊ စခန်းများတွင် အင်အားဖြည့် လှုပ်ရှားသည်ကို တွေ့ရ၏။ သီးခြား လှုပ်ရှားနိုင်စွမ်း မရှိပါ။ စစ်ကောင်စီတပ် စစ်ကြောင်းများတွင် အင်အားဖြည့်နိုင်သည့်အတွက် စစ်အင် အား လျော့နည်းနေသည့် စစ်တပ်အတွက် တအားတော့ ဖြစ်စေပါသည်။ 


အခြား လက်နက်ကိုင်အဖွဲ့များ

(၁) ZRO / ZRA

ဇိုမီးတော်လှန်ရေးတပ်ဦး / ဇိုမီးတော်လှန်ရေး တပ်မတော် (ZRO / ZRA) သည် ချင်းပြည်နယ်မြောက် ပိုင်း တီးတိန်၊ တွန်းဇံနှင့် အိန္ဒိယနယ်စပ်တွင် လှုပ်ရှားပြီး နှစ်ဖက်နိုင်ငံများတွင် နေထိုင်ကြသော ဇိုမီး များ လည်း ပါဝင်စုစည်းစုဖွဲ့ကြသည်ဟု သိရသည်။

၁၉၈၈ နောက်ပိုင်း လှုပ်ရှားမှုအချို့တွေ့ရပြီး အိန္ဒိယနယ်ထဲတွင် အခြေပြုသည်။အိန္ဒိယအစိုးရထောက် ပံ့မှု ရရှိသည်ဟု သိရ၏။ ယခု ၂၀၂၁ ခုနှစ်တွင် ZRO / ZRA (Eastern) အမည်နှင့် ချင်းပြည်နယ် မြောက်ပိုင်းတွင် ဝင်ရောက်လှုပ်ရှားပြီး CDF တပ်ဖွဲ့များကို တိုက်ခိုက်နေသည်ကို တွေ့ရ၏။ ZRO / ZRA နှင့် နွေဦးတော်လှန်ရေး အင်အားစုများကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်၏။

(၂) နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K)

NSCN မှ ခွဲထွက်ပြီး မြန်မာပြည်တွင်း အခြေစိုက်သော အဖွဲ့ဖြစ်၏။ သို့သော် သူတို့၏ အဓိကရန်သူမှာ အိန္ဒိယအစိုးရဖြစ်ပြီး မြန်မာစစ်တပ်နှင့် တိုက်ခိုက်ခြင်း မရှိပါ။ ထို့ကြောင့်လည်း NSCN-K က သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး (Bilateral) ထိုးပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မပါဝင်တော့ပေ။

၂၀၁၇ ခုနှစ်၊ ဇွန်လတွင် NSCN-K ဥက္ကဋ္ဌ ဦးကပ်ပလန် ကွယ်လွန်ခဲ့ပြီးနောက် ဦးခမ်းငေါ် ဦးစီးသည့် NSCN-K/KN အဖွဲ့၊ ဦးယုံးအောင် (Yung Aung) ဦးစီးသည့် NSCNK / YA အဖွဲ့၊ နီကီဆူမီ ဦးစီးသည့် NSCN-K / NK အဖွဲ့၊ ဦးအန်းမိုင် ဦးစီးသည့် NSCN-K / AM လေးဖွဲ့ ကွဲထွက်ပြီး ဦးခမ်းငေါ် ဦးစီး သည့် အဖွဲ့နှင့် နီကီဆူမီ ဦးစီးသည့်အဖွဲ့ နှစ်ဖွဲ့သည် အိန္ဒိယသို့ ပြောင်းရွှေ့ပြီး အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေး ယူသွားခဲ့၏။ NSCN –K / YA နှင့် NSCN- K / AM နှစ်ဖွဲ့သာ မြန်မာပြည် နာဂတောင်တန်းတွင် ကျန် ရစ် ၏။ ထိုနှစ်ဖွဲ့သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းခြင်း မရှိသကဲ့သို့ တိုက်ခိုက်ခြင်းလည်း မရှိပါ။

ဆက်လက်ဖော်ပြပါမည်။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */