" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂမ်ဘီယာ. Show all posts
Showing posts with label ဂမ်ဘီယာ. Show all posts

Thursday, June 11, 2020

ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ၊ ရဲခေါင်မြင့်မောင်
2020-06-10


ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက်  မြန်မာနိုင်ငံကို ICJ နိုင်ငံ  တ ကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာ ရေး လွတ် လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Monday, May 25, 2020

ICJ ထံ မြန်မာတင်သွင်းတဲ့ အစီရင်ခံစာ ဂမ်ဘီယာ သုံးသပ်

VOA
ဗွီအိုအေ (မြန်မာဌာန)
25 မေ၊ 2020
ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou. (ဒီဇင်ဘာ ၁၀၊ ၂၀၁၉)
 
 ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံထားရမှုအတွက် မြန်မာနိုင်ငံက နိုင်ငံ တကာတရားရုံး (ICJ) ထံ တင်သွင်းတဲ့ ပထမဆုံး အစီရင်ခံစာကို ဂမ်ဘီယာဘက်က သုံးသပ်နေကြောင်း ဂမ်ဘီ ယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ဗွီအိုအေကို ပြော ဆိုပါတယ်။

Monday, March 9, 2020

ဂမ်ဘီယာ ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ VOA တွေ့ဆုံ မေးမြန်းခန်း

VOA

ဗွီအိုအေ (မြန်မာဌာန)
ဗွီဒီယို
မသိင်္ဂီထိုက်
09 မတ်၊ 2020
ရခိုင်ပြည်နယ်တွင်း အင်တာနက်ဖြတ်တောက်ထားတာက ICJ မှာ ကြားဖြတ် အရေးပေါ်စီမံချက်တွေ အ တိုင်း ဆောင်ရွက်မှု အခြေအနေကို ပထမဆုံးအစီရင်ခံစာ တင်ရတော့မယ့် မြန်မာအတွက် ကောင်းတဲ့ အ ချက်မဟုတ်ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambadou က သတိပေးလိုက် ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် ပြောပြပါမယ်။

Link : Here

Thursday, February 27, 2020

ရိုဟင်ဂျာအရေး မော်လဒိုက်က ဂမ်ဘီယာကိုအားဖြည့်၊ အမားလ်ကလူနီကို ရှေ့နေငှား

Frontier 
MYANMAR
Thursday, February 27, 2020 
အေအက်ဖ်ပီ
Amal Clooney participates in the Press Behind Bars: Undermining Justice and Democracy event during the 73rd session of the United Nations General Assembly in New York on September 28, 2018. (AFP)

ကိုလံဘို_ ကမ္ဘာလှည့်ခရီးသွားများ၏အပန်းဖြေခရီးသွားနိုင်ငံ မော်လဒိုက်သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စ လင် များအရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် နိုင်ငံ့ကိုယ်စားပြုအဖြစ် နာမည်ကြီး လူ့အခွင့် အရေးရှေ့နေ အမားလ်ကလူနီ ကို ငှားရမ်းထားသည်။

Sunday, January 26, 2020

ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ



ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆိုလျှောက်ထားမှု ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြားဖြတ် အစီအမံ ( Provisional Measures) ချမှတ်မည်ဟု သိရှိရသည်။

Friday, January 24, 2020

ဂမ်ဘီယာက တရားစွဲဆိုမှုတွင် မြန်မာဘက်က အချက် ၄ ချက် လုပ်ဆောင်ရန် ICJ အမိန့်ချ

TheVoiceWeekly Journal 
သည်ဟိဂ်၊ ဇန်နဝါရီ ၂၃
ဂမ်ဘီယာနိုင်ငံက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားချက်ကို နှစ်ဖက်လျှောက်လဲခဲ့ကြ ပြီး ကနဦး ကြားဖြတ်အစီအစဉ်များ ရှိသင့်၊ မရှိသင့် အမိန့်ချရာတွင် ဂမ်ဘီယာဘက်က တောင်းဆိုချက်ကို တရားရုံးကလက်ခံလိုက်ပြီး မြန်မာဘက်က ဆောင်ရွက်ချက်လေးခု ဖော်ဆောင်ပါရန် တရားသူကြီးများက တညီတညွတ်တည်း အမိန့်ချလိုက်သည်။

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာအကြံပေး Dr.Waker Uddin တုံ့ပြန်ချက်

VOA
ဗွီအိုအေ (မြန်မာဌာန
စုမြတ်မွန်
23 ဇန္နဝါရီ၊ 2020  
ဂမ်ဘီယာ တရားရေးဝန်ကြီးနှင့် Dr.Waker Uddin (Wakar Uddin facebook)
 

ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရဘက်က လိုက်နာဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့် ကြောင်း တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ အကြံပေး ဒေါက်တာ ဝါကာ အူဒင်က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာခုံရုံးဆုံး ဖြတ်

VOA 

ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
23 ဇန်နဝါရီ၊ 2020
မြန်မာနိုင်ငံတွင်း ကျန်နေတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရေး ကိစ္စတွေကို ချက်ချင်းဆောင်ရွက်ဖို့ လို တယ် လို့ ယူဆတဲ့အကြောင်းနဲ့၊ ဒီအတွက် ဂျီနိုဆိုဒ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်မဖြစ် ဆိုတာ ငြင်းဖို့ တရား ရုံးက အဖြေထုတ်တဲ့အထိ စောင့်နေစရာ မလိုဘူးလို့လည်း ICJ တရားရုံးက သုံးသပ်ပါတယ်။

Tuesday, January 14, 2020

ကြားဖြတ်လုပ်ဆောင်မှုဆိုင်ရာ ဆုံးဖြတ်ချက် ၂၃ ရက်နေ့ ICJ ချမှတ်မည်

VOA 
ဗွီအိုအေ (မြန်မာဌာန)
15 ဇန်နဝါရီ၊ 2020 
ICJ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာကိုယ်စား ထွက်ဆိုနေစဉ်။ 

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး မြန်မာနိုင်ငံက ကြား Nဖတ် လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက် အပေါ် လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ က ဆုံးဖြတ်ချက် ချတော့မယ်လို့ ဂမ်ဘီယာ တရားရေးဌာနက Twitter မှာ အင်္ဂါနေ့က ကြေညာပါတယ်။

Saturday, December 14, 2019

မြန်မာ-ဂမ်ဘီယာ ICJ အမှုမှာ ဂမ်ဘီယာအားသာလို့ သုံးသပ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
ကိုနေမျိုးထွန်း
2019-12-13

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ဘက်က ဥပဒေပညာရှင်တွေ၊ နိုင်ငံကိုယ်စားပြုသူတွေ ၃ ရက်ကြာ လျှောက်လဲချက်တွေကို အပြိုင်အဆိုင်ချေပ တင်သွင်းခဲ့ကြတာကို ဥပဒေရှုထောင့်အရ သုံးသပ်တဲ့ အခါ ဂမ်ဘီယာနိုင်ငံဘက်က အားသာနေတယ်လို့ ပြည်တွင်း ဥပဒေပညာရှင်တချို့က ပြောပါတယ်။

အိုင်စီဂျေက ထုတ်ပြန်လိုက်တဲ့ မြန်မာဂမ်ဘီယာ နှစ်နိုင်ငံ တောင်း ဆိုချက်တွေက ဘာတွေလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
13 ဒီဇင်ဘာ 2019
အမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက ကြားနာမှုသုံးရက်တာအပြီးမှာ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီး အဲဒီမှာ ဂမ်ဘီယာက တောင်းဆိုတဲ့အချက် ၆ ချက်နဲ့ မြန်မာနိုင်ငံက တောင်းဆိုတဲ့အချက် ၂ ချက်တို့ကို ဖော်ပြထားပါတယ်။

Wednesday, December 11, 2019

ICJ မှာ ဂမ်ဘီယာလျှောက်လဲချက်အပေါ် အမေရိကန်ပါ မောက္ခတဦး၏ သုံးသပ်ချက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
11 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
ICJ နိုင်ငံတကာတရားရုံးမှာ အင်္ဂါနေ့က ဂမ်ဘီယာနိုင်ငံရဲ့ တင်ပြလျှောက်လဲချက်တွေထဲမှာ အဓိကအားဖြင့် မြန် မာနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် စစ်တပ်က ရက်ရက်စက်စက် ဘယ်လောက်အထိ ကျူးလွန်ခဲ့သလဲ၊ နိုင်ငံတော်အစိုးရ ဘက်က အကာအကွယ်ပေးဖို့ ဘယ်လောက်အထိ ပျက်ကွက်ခဲ့သလဲ ဆိုတာတွေကို အထောက်အထားတွေနဲ့ တင်ပြသွားခဲ့တာ ဖြစ်ပါတယ်။

Tuesday, December 10, 2019

ICJ အမှုမှာ ဂမ်ဘီယာကို ကနေဒါနဲ့ နယ်သာလန် ကူညီမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
10 ဒီဇင်ဘာ၊ 2019
နယ်သာလန်နိုင်ငံ နိုင်ငံတကာတရားရုံး ICJ မြင်ကွင်း(VOA မြန်မာပိုင်းသတင်းဓာတ်ပုံ)

လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ Gambia နိုင်ငံကို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက အကူအညီပေးမယ်လို့ ထုတ်ဖော် ပြော ကြားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star အွန်လိုင်း သတင်းတစ်ရပ်က ပြောပါတယ်။

Monday, December 9, 2019

ကြားဖြတ်အစီအမံကြားနာမှု - မြန်မာနဲ့ ဂမ်ဘီယာအမှု အိုင်စီ ဂျေမှာ ဘာတွေလုပ်မှာလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
2019-12-09
 မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နယ်သာလန် နိုင်ငံ သည် ဟိဂ်မြို့ နိုင်ငံတကာ တရားရုံး ICJ မှာ ဒီဇင်ဘာ ၁၀ ရက်က ၁၂ မှာ ကြားနာမှာ ဖြစ်ပါတယ်။

Saturday, December 7, 2019

ICJ တရားရင်ဆိုင်မှုအပေါ် အမြင်ကွဲပြားမှု ကြီးမား

VOA
ဗွီအိုအေ (မြန်မာပိုင်း)
စုမြတ်မွန်
07 ဒီဇင်ဘာ၊ 2019
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တရားစွဲ ထား တဲ့အမှုဟာ အမှန်တရားပေါ်ဖို့ ခြေလှမ်းတခုဖြစ်တယ်လို့ မွတ်ဆလင်အများစုက မြင်နေကြတဲ့အ ကြောင်း အစ္စလာမ် ဓမ္မဗိမာန် အကြီးအကဲက ပြောပါတယ်။ Gambia နိုင်ငံက တရားစွဲထားတဲ့အမှုကို ရှေ့ သီတင်းပါတ်ထဲမှာ စတင်ကြားနာတော့မယ့် အချိန်မှာ ပဲ အခုလိုပြောလိုက်တာပါ။

Friday, December 6, 2019

ICJ မှာ စွဲဆိုတာ လူသားတရပ်လုံးနဲ့ သက်ဆိုင်ဟု ဂမ်ဘီ ယာ ယူဆ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်ကျော်သိန်း
06 ဒီဇင်ဘာ၊ 2019

ဂမ်ဘီယာ တရားရေးဝန်ကြီး Tambadou က ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုအပြီး

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲတဲ့ကိစ္စဟာ အစ္စလာမ်မစ်ကိစ္စရပ်တခုထက် ကျော်လွန်ပြီး လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Tambadou က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းမယ့် အပေါ်မှာလည်း ဝမ်းမြောက်ကြောင်း ဂမ်ဘီယာနိုင်ငံဘက်နေ ဦးဆောင် လျှောက်ထားမယ့် မစ္စတာ Tambadou ကပြောပါတယ်။ ဂမ်ဘီယာနိုင်ငံ၊ Banjul မြို့တော်မှာ မစ္စတာ Tambadou ကို တွေ့ဆုံမေးမြန်းထားတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြော ပြပါမယ်။

ICJ မှာ ဂမ်ဘီယာဘက်က လိုက်ပါမယ့် ရှေ့နေရဲ့ သဘော ထား

VOA
ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
ဦးကျော်ဇံသာ
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက လက်ခံ ကြား နာဖို့ ခိုင်လုံတဲ့အထောက်အထားတွေ ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ Paul Reichler ကပြောကြားလိုက်ပါတယ်။

Friday, November 22, 2019

မြန်မာကို တရားစွဲဆိုမှု၌ ခိုင်မာသည့်အထောက်အထားများ ပေါများစွာရှိသောကြောင့် ဂမ်ဘီယာ အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ရှေ့နေ ပြောကြား

ELEVEN 
23 NOVEMBER 2019
REF: RFA


 ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး၌ မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုရာတွင် ဂမ်ဘီယာ နိုင်ငံအား ကူညီနေသည့် ရှေ့နေတစ်ဦးက ဘင်္ဂါလီမွတ်စလင်များအပေါ် တပ်မတော်က ရက်စက်ကြမ်း ကြုတ်မှုများ ကျူးလွန်ခဲ့မှုနှင့်ပတ်သက်၍ ခိုင်မာသည့်အထောက်အထားများ ပေါများစွာရှိသောကြောင့် ဂမ်ဘီယာနိုင်ငံ အနိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း နိုဝင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။

ICJ အမှု - မြန်မာနဲ့ မစိမ်းတဲ့ ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ ဖိုလီ ဟော့ဂ်

B B C
ဘီဘီစီ မြန်မာပိုင်း
22 နိုဝင်္ဘာလ 2019

ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာကို တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ဥပဒေ ရေးရာ အဖွဲ့ ကို  ဖိုလီဟော့ဂ် Foley Hoag ဆိုတဲ့ အမေရိကန် ရှေ့နေ အဖွဲ့က ဦးဆောင်မှာ ဖြစ်ပါတယ်။

Friday, November 15, 2019

ICJ တွင် တရားစွဲဆိုခံရမှု ဥပဒေကြောင်းအရ ဖြေရှင်းမည်ဟု မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ပြောကြား

7DAY DAILY
By ထက်အာကာကျော်
Tuesday, November 12, 2019
-
ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာချိုးဖောက်ခြင်းမရှိ၊ နိုင်ငံရေးအရ လုပ်ဆောင်ဟု သုံးသပ်

 
 ရခိုင်ပြည်နယ် အရေး နှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး (ICJ)တွင်ဂမ်ဘီယာ နိုင်ငံက မြန် မာ နိုင်ငံ အပေါ် တရားစွဲဆိုထားမှုကို နိုင်ငံတော်အကျိုးစီးပွားအတွက် လုပ်ဆောင်စရာ ရှိသည်ကို ဆက်လက် လုပ် ဆောင်မည်ဖြစ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း နယူးယောက်မြို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက 7Day Daily သတင်းစာအား   ယမန်နေ့တွင် ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */