" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 6, 2019

ICJ မှာ ဂမ်ဘီယာဘက်က လိုက်ပါမယ့် ရှေ့နေရဲ့ သဘော ထား

VOA
ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
ဦးကျော်ဇံသာ
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက လက်ခံ ကြား နာဖို့ ခိုင်လုံတဲ့အထောက်အထားတွေ ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ Paul Reichler ကပြောကြားလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ The Hague မြို့ ICJ တရားရုံးမှာ ရှေ့သီတင်းပတ် ကြားနာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး Foley Hoag ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ရှေ့နေ Paul Reichler ကို ဦးကျော်ဇံသာက မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ရှေ့နေ Paul Reichler။ ။ ဂမ်ဘီယာရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ်လုပ်ဆောင် နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အပြုအမှုတွေကို ရပ်ဖို့ ၊ ကြားနာမှုအပြီး အချိန်အတိုအတွင်းမှာ ထပ်မ ဖြစ်စေဖို့အ တွက် provisional measures ခေါ် ယာယီလုပ်ဆောင်ချက်တွေ အမိန့်ချဖို့ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဒီအဆင့်မှာ ၂ ဘက် ရှေ့နေတွေ လျှောက်လွှဲချက်ပေးဖို့ လိုအပ်ပါသလား။

ရှေ့နေ Paul Reichler။ ။ လိုအပ်ပါတယ် တရားရုံးရှေ့မှာ နှုတ်အားဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ လ ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာဖြစ်ပါတယ်။ ပထမနေ့ဖြစ်တဲ့ ၁၀ ရက်နေ့ အင်္ဂါနေ့မှာ အမှုလျှောက်ထား တဲ့ နိုင်ငံ ဂမ်ဘီယာက လျှောက်လွှဲချက်ကို သူ့နိုင်ငံကိုယ်စား ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ သူ တို့ရဲ့ ရှေ့နေတို့က ပြောကြမှာပါ။ဒုတိယနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံကိုယ်စားလှယ်နဲ့ ရှေ့နေတို့လျှောက် လဲကြရမှာဖြစ်ပြီး တတိယနေ့မှာတော့ ၂ နိုင်ငံစလုံး တကျော့ပြန် ပြောကြရမှာ ဖြစ်ပါတယ်။ ဂမ်ဘီယာက မနက်ပိုင်းမှာ မြန်မာက မွန်းလွှဲပိုင်းမှာ ပြောမှာပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ အဲဒီ တတိယနေ့ ကျရင် စွဲချက် တင်သင့် ၊ မတင်သင့် လျှောက်လွှဲကြမယ်ဆိုတဲ့ သ ဘောလား။

ရှေ့နေ Paul Reichler။ ။ ကျနော်ကတော့ အဲဒီလို မပြောလိုပါဘူး။ စွဲချက်တင်တယ်ဆိုတာ မသုံးလိုပါဘူး။ ဒါဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ တတိယနေ့မှာ ဒုတိယအကြိမ် လျှောက်လွှဲချက်နဲ့ ပြန်လည်ချေပချက် ဖြစ်ပါတယ်။ မြန်မာရဲ့ လျှောက်လွှဲချက်ကို ၁၂ ရက်နေ့ ကြာသပတေးနေ့ ညနေ ၆ နာရီမှာအဆုံးသတ်ရမှာ ဖြစ်ပါတယ်။ တ ရားသူကြီးတွေလည်း အဲဒါပြီးရင် နားမယ်။ အဲဒါပြီးတဲ့နောက် ၂ ပတ်လောက်အကြာမှာမှ ဂမ်ဘီယာ လျှောက်ထားချက်အတိုင်း provisional measures ခေါ် ယာယီလိုက်နာရမယ့်အချက်တွေ ထုတ်ပြန် သင့်မသင့် အမိန့်ချ မှတ်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ခင်ဗျားက ဂမ်ဘီယာအတွက် ရှေ့နေတယောက်ပေါ့။

ရှေ့နေ Paul Reichler။ ။ ဟုတ်ပါတယ် သူတို့ထဲက တယောက်ပါ။

ဦးကျော်ဇံသာ။ ။ အဲလိုဆိုရင် ဂမ်ဘီယာရဲ့ တိုင်ကြားချက်အတိုင်း သူတို့အခေါ် ရိုဟင်ဂျာတွေကို မြန်မာ ဘက် က လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ခံကြား နာလောက်တဲ့ Prima facie လို့ခေါ်တဲ့ အထောက်အထားတွေ ရှိတယ်ဆိုရင် ဘယ်ဟာတွေလဲဆိုတာ အရင် ဆုံးပြောပြပေးပါ။

ရှေ့နေ Paul Reichler။ ။ သေချာပါတယ် အထောက်အထားတွေ အများကြီးပါပဲ။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တွေရဲ့ ပေါ်လွင်ထင်ရှားတဲ့ အစီရင်ခံစာတွေ ၊ စုစုပေါင်း စာမျက်နှာပေါင်း ၇၇၉ မျက်နှာ အပြင် တခြား ကုလအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ အဲဒါတွေ အားလုံးက ပေါ်လွင်ထင်ရှားတဲ့ အ ထောက်အထားတွေပါ။

ဦးကျော်ဇံသာ။ ။ အစီရင်ခံစာတွေဟာ လူပုဂိုလ်တွေရဲ့ ထွက်ဆိုချက်တွေအပေါ်မှာ အခြေခံထား တာဖြစ် တယ်၊ တကယ့်အထောက်အထား Evidence တွေမရှိဘူးလို့ ဆိုပါတယ်။ တနည်းပြောရရင် Statement တွေ ကိုသာ အခြေခံတယ်၊ Evidence တွေမရှိဘူးလို့ပြောတာရှိပါတယ်။ ဆိုတော့ Evidence တွေမပါတဲ့ Statement တွေကို အခြေပြုတဲ့ အစီရင်ခံစာတွေဟာ တရားရုံးမှာ သက်သေခံ ဝင်ပါသလား။ admissible ဖြစ်မယ်လို့ ထင်ပါသလား

ရှေ့နေ Paul Reichler။ ။ အစီရင်ခံစာတွေဟာ အထောက်အထား Evidence တွေ အပေါ် အခြေခံပါတယ်။ မြန် မာ အစိုးရရဲ့ ကြေညာချက်တွေ တရားဝင် ကြေညာချက်တွေပါ။ စစ်ခေါင်းဆောင်တွေက ထုတ်ပြန်တာ တွေလည်း ရှိပါတယ်။ facebook နဲ့ Twitter တွေမှာလည်း အထောက်အထားတွေရှိပါတယ်။ ဂြိုဟ်တု က ရိုက်ထားတဲ့ ရိုဟင်ဂျာရွာတွေ မီးရှို့တဲ့ အထောက်အထားတွေလည်း ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က ဘယ်လို ခုခံချေပမှုမျိုး Line of defense ယူလာမယ်လို့ဆိုတာ ကြိုတင် တွေးမိပါသလား။

ရှေ့နေ Paul Reichler။ ။ မြန်မာဘက်က ဘယ်လို ခုခံချေပမှုမျိုးလုပ်မလဲဆိုတာ ကျနော်ကြိုတင် မခန့်မှန်း လိုပါဘူး။ ကျနော်မသိပါဘူး။ ဒါ သူတို့ဘက်က ဆုံးဖြတ်ရမှာပါ။

ဦးကျော်ဇံသာ။ ။ နောက်တခုက ICJ မှာ ပုံမှန် တရားသူကြီး ၁၅ ဦး အပြင် အမှုဆိုင်တဲ့ နိုင်ငံ ၂ ခုက ad hoc judge လို့ခေါ်တဲ့ ဒီကိစ္စအတွက် သီးသန့် တရားသူကြီး တနိုင်ငံက တဦးစီ အဆိုပြုနိုင်တယ်လို့ သိရပါတယ်။ ဂမ်ဘီယာဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုပြုခံထားပြီးပြီလို့ သိရပါတယ်။ မြန်မာဘက်ကရော ဒီ အမှုအ တွက် သီးသန့် တရားသူကြီးအဖြစ် ဘယ်သူ့ကို အဆိုပြုထားတယ်ဆိုတာများကြားမိရင်လည်း ပြောပါခင်ဗျ။

ရှေ့နေ Paul Reichler။ ။ ဂျာမန် ဥပဒေ ပါမောက္ခ တယောက်ကို သူတို့ အဆိုပြုထားပါတယ် သူ့နာမည်က Kress ပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ပါမောက္ခ Kress က မြန်မာဘက်က ခန့်ထားတဲ့ ad hoc judge ဖြစ်ပြီးတော့ မြန်မာ ဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေကတော့ ပါမောက္ခ William Schabas ဖြစ်ပါတယ်။

Foley Hoag ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ရှေ့နေ Paul Reichler ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ထားတာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */