" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 25, 2020

ICJ ထံ မြန်မာတင်သွင်းတဲ့ အစီရင်ခံစာ ဂမ်ဘီယာ သုံးသပ်

VOA
ဗွီအိုအေ (မြန်မာဌာန)
25 မေ၊ 2020
ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou. (ဒီဇင်ဘာ ၁၀၊ ၂၀၁၉)
 
 ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံထားရမှုအတွက် မြန်မာနိုင်ငံက နိုင်ငံ တကာတရားရုံး (ICJ) ထံ တင်သွင်းတဲ့ ပထမဆုံး အစီရင်ခံစာကို ဂမ်ဘီယာဘက်က သုံးသပ်နေကြောင်း ဂမ်ဘီ ယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ဗွီအိုအေကို ပြော ဆိုပါတယ်။

နိုင်ငံတကာတရားရုံး (ICJ) ရဲ့ ညွှန်ကြားချက်ကို မြန်မာဘက်က လိုက်နာဆောင်ရွက်မှုကို သုံးသပ်နေပြီလို့ ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ဗွီအိုအေနဲ့ Skype ကနေ သီး သန့် ဆက်သွယ်မေးမြန်းမှုမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်က အဓိက ၃ ချက်ကို လေ့လာနေကြောင်း၊ လူမျိုးတုံး သတ်ဖြတ်မှုကို ကာကွယ်တားဆီးနိုင် ရေး၊ လူမျိုးတုံး သတ်ဖြတ်မှုကို ရှောင်ကြဉ်မှု၊ နောက် သက်သေအထောက်အထားတွေကို ထိန်းသိမ်း ဆောင်ရွက်မှုတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အစီရင်ခံစာထဲမှာ လေ့လာသုံးသပ်နေကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

နိုင်ငံတကာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ မြန်မာဘက်က အစီရင်ခံစာ တင်သွင်းမှုဟာဆိုရင် အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် ကြိုဆိုရမှာ ဖြစ်ကြောင်းလည်း ဂမ်ဘီယာ တရားရေးဝန်ကြီးက အသိအမှတ် ပြု ပြောကြားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင် ကြား ထားတာပါ။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက်ကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး က ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။


ICJ တရားရုံးက ချမှတ်ထားတဲ့ မြန်မာအစိုးရ လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်စီမံချက် ၄ ချက်ထဲမှာ တော့ ၁၊ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့၊ ၂၊ မြန်မာ့တပ်မတော်နဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှု မလုပ်ဖို့၊ ၃၊ သက်သေ အထောက်အထားတွေ မပျောက်ပျက် အောင် ထိန်းသိမ်းထားဖို့၊ ၄၊ အမိန့်ချမှတ်တဲ့ နေ့ကစပြီး ၄ လအတွင်း မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်း ဖို့နဲ့ အဲဒီနောက်ပိုင်း ဒီအမှုကြီးအတွက် အပြီးသတ်အမိန့် မချမချင်း ၆ လတခါ အစီရင်ခံစာ တင်သွင်းရေး ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ် မပြုပါဘူး။

(ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့် ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာလည်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */