" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 26, 2020

ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ



ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆိုလျှောက်ထားမှု ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြားဖြတ် အစီအမံ ( Provisional Measures) ချမှတ်မည်ဟု သိရှိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ICJ နှင့် မြန် မာနိုင်ငံ စကားဝိုင်း ကို ထုတ်လွှင့်ခဲ့သည်။

အဆိုပါစကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကိုကို(စက်မှုတက္ကသိုလ်)က ဆောင်ရွက်ပြီး နိုင်ငံတော် အ တိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (ပူးတွဲကိုယ်စားလှယ်၊ မြန်မာကိုယ်စား လှယ်အဖွဲ့)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ရှေ့နေကောင်စီ၏ အသိအမှတ်ပြုရှေ့နေ ဦးသီဟန်မျိုးညွန့် (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) နှင့် ဝါရှင်တန်ဒီစီအခြေစိုက် Law Firm တွင် ရှေ့နေ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ၊ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ဦးကျော်တင် (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ် အ ဖွဲ့)တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ICJ နှင့် မြန်မာနိုင်ငံစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များကို ဖော်ပြအပ်ပါ သည် -

ဦးကိုကို ။ ။ ဇန်နဝါရီလ၂၃ ရက်နေ့မှာတော့ ကြားနာမှုနဲ့ပတ်သက်ပြီး ICJ က အမိန့်ချမှတ်မယ်ဆိုတဲ့သတင်း ရရှိပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ်ဆောင်ရွက်ထားတယ်ဆိုတာ သိချင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက စတင်ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဦးကျော်တင့်ဆွေ ။ ။ ဆရာဦးကိုကို ပြောသလို ICJ ကိစ္စဟာ ပြည်သူလူထု အများကြီး စိတ်ဝင်စားနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းနိုးရာရာ ပြောနေ၊ ပြုနေတဲ့ ပုဂ္ဂိုလ် တွေလည်း အများကြီး ရှိပါတယ်။ ဇန်နဝါရီ လ၂၃ ရက်နေ့မှာ ICJ မှာ Provisional Measures လို့ခေါ်တဲ့ ဂမ်ဘီယာနိုင်ငံကနေတင် သွင်းထားတဲ့ကိစ္စကို ဆုံးဖြတ်ချက်ချဖို့ ရှိပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ချမယ့်ကိစ္စမှာ လည်း ကျွန်တော်တို့ နိုင်ငံက ကိုယ်စား လှယ်အဖွဲ့ ဖွဲ့ပြီးတော့ သွားရောက်ဖို့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် လိုက်ပါစရာမလိုတဲ့အတွက် လိုက်ပါမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ပူးတွဲကိုယ်စားလှယ် အ ဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူတူ စကားဝိုင်းမှာရှိနေကြတဲ့ ဒီပုဂ္ဂိုလ်သုံးဦးဟာလည်း ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ်ပါမှာ ဖြစ်ပါတယ်။

အဲဒါအပြင် ကျွန်တော်တို့ငှားထားတဲ့ နိုင်ငံတကာဥပဒေပညာရှင် ရှေ့နေများအနေနဲ့လည်း ICJကို လာ ရောက်မှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို ရှင်းပြသင့်တဲ့ အချက်တွေကို ရှင်းပြနိုင်ခွင့်ရှိမှာ ဖြစ်တဲ့အတွက်လည်း များစွာကျေးဇူးတင်ပါတယ်။ ရှင်းပြဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုနက ကျွန်တော်ပြောသလိုပဲ ကောင်းနိုးရာရာ ပြောနေတဲ့ ကိစ္စတွေက မှန်တာလည်း ရှိတယ်၊ စိတ်ကူး နဲ့ပြော တာလည်း ရှိတယ်၊ ဘာသာရပ်ကျွမ်းကျင်မှုမရှိတဲ့အတွက် ပြောတာလည်းရှိတယ်။ အဲဒီတော့ ပြည် သူတွေ တကယ့် အခြေအနေမှန်သိအောင် အခုလိုစကားဝိုင်းလေးလုပ်ခြင်းဟာ များစွာ အကျိုးရှိတယ်လို့ ထင်ပါတယ်။

ဦးကိုကို ။ ။ ICJ နဲ့ မြန်မာနိုင်ငံစကားဝိုင်းဆိုတော့ ကျွန်တော်တို့ ရှေ့ပိုင်းမှာလည်း ပြောထားပါတယ်။ အခုထပ်ပြီးတော့ ပြည်သူတွေလည်း သိစေချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ ICJ လို့ ပြောပြောနေတဲ့ ICJ ဆိုတာဘာလဲ၊ ICJ မှာ ကိစ္စတစ်ခုခုဖြစ်လာရင် ဘယ်လိုမျိုးဖြေရှင်းကြသလဲ၊ အဆင့်ဆင့် ဆောင်ရွက်ပုံပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ဦးသီဟန်မျိုးညွန့် နည်းနည်းလောက် ဆွေးနွေးပေးပါ။

ဦးသီဟန်မျိုးညွန့် ။ ။ ဒီမေးခွန်းကို ကျွန်တော် ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ ICJ Provisional Measures ဆိုပြီး ကြားနေတာတွေ အများကြီးပါပဲ။ ကျွန် တော် ဘာစဉ်းစားမိလဲဆိုတော့ ကျွန်တော့်အစ်ကိုကြီး တစ်ယောက် ပြောလေ့ပြောထရှိတဲ့ ကိစ္စတစ်ခု ရှိ ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ညနေပိုင်း ကစားရင် မိဘတွေက ကလေးတွေ အိမ်ထဲပြန်လာစေ ချင်ရင် ဒေဝေါကြီး လာဖမ်းသွားမယ်။ ဒေဝေါကြီးရှိတယ်ဆိုပြီးတော့ ခြိမ်းခြောက်တာလေးတွေရှိတယ်။ အဲ ဒီတော့ ICJ တို့၊ Provisional Measures တို့ ဆိုတာ ကလည်း ဒေဝေါကြီးနဲ့ ဒေဝေါလေးပေါ့ဗျာ။ အဲဒီလိုမျိုး မြင်နေကြတာလေးတွေရှိတယ်။ ဒါကြောင့် ICJ Procedures ကို ရှင်းပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Provisional Measures ဆိုတာကို လွန်ခဲ့တဲ့လက လည်း အများပြည်သူ တော်တော်များများက TVမှာ တွေ့ ရပါမယ်။ ကျွန်တော်တို့ သည်ဟိတ်ဂ်မြို့မှာ ကြားနာမှုဆိုင်ရာကို သွားခဲ့ပါတယ်။ ဒါက Provisional Measures Stageဆိုတော့ အမှန်တကယ်က ပွဲတောင်မစသေးဘူး။ ဒါပြီးမှ နောက်အဆင့်က ဘာဖြစ်လာမလဲ ဆိုတော့ Preliminary Objections တွေ၊ ကျွန်တော်တို့ကန့်ကွက်ချင်တာတွေ ကန့်ကွက်လို့ ရပါသေးတယ်။ ကျွန်တော်တို့က ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုစဉ်းစားရမလဲဆိုတော့ ICJ တရားရုံးအနေနဲ့ရော တရားစီ ရင် ပိုင်ခွင့်ရှိ သလား၊ မရှိဘူးလားဆိုတာကို ကျွန်တော်တို့က သေသေချာချာ Contest လုပ်ရပါမယ်။ ပြီး တော့မှ ကျွန်တော်တို့ရဲ့ဘောလုံးပွဲက စမှာပါ။ ပြီးတော့မှ နောက်ဆုံးအဆင့်မှာမှ ကျွန်တော်တို့ရဲ့ အထောက် အ ထားတွေ၊ သူတို့ရဲ့အထောက် အထားတွေ သွင်းရပါမယ်။ သူတို့ကလည်း သူတို့ရဲ့အထောက်အထား တွေ သွင်းမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ကျွန်တော်တို့မှာရှိတဲ့ Facts တွေ၊ ဘယ်ဥပဒေတွေ သုံးရမလဲ။ ဘယ်လိုမျိုးနည်းနဲ့ စဉ်းစားရမလဲဆိုတာကအစ သွင်းပြီးမှ နောက်ဆုံး အဆင့်မှာမှ ဆုံးဖြတ်ချက်ချမှာပါ။

ဦးကျော်တင့်ဆွေ ။ ။ ဦးသီဟန်မျိုးညွန့် ပြောတော့မှ နောက်ဆုံး ဒေဝေါကြီး၊ ဒေဝေါကြီးဆိုတော့ ကျွန်တော် က ဘာကိုသွားသတိရတုန်းဆိုတော့ ငယ်ငယ်က သင်ရတဲ့ စာအုပ်ထဲမှာ ဆင်ဆိုသည်မှာ ဆိုတာကို ခုနကပုံ အတိုင်း ထင်မြင်ယူဆချက်တွေ အများကြီး ပြောနေတာရှိပါတယ်။ အဲဒီတော့ ကျွန်တော်က အကုန်လုံး မှား တယ်မပြောပါဘူး။

ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီး တင်ပြတာက ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်နဲ့ ဆင်ကြီးကိစ္စထင်တယ်။

ဦးကျော်တင့်ဆွေ ။ ။ မှန်ပါတယ်။ မျက်မမြင်တဲ့အတွက် ဆင်ရဲ့နှာမောင်းကြီး ကို ကိုင်ပြီးတော့ ဆင်ဆိုသည်မှာ မြွေပါလားလို့ ပြောတာလည်းရှိတယ်။ အဲဒီ အခါကျတော့ ကိုယ့်အပိုင်း၊ ကိုယ့်အပိုင်းနဲ့ပြောတော့ မှန်တာ လည်းရှိမယ်၊ မှားတာလည်း ရှိမယ်၊ ခြုံငုံပြီးပြောတော့မှ တ ကယ့်ဆင်ဆိုတာ ဘာဆိုတာပေါ်မှာပါ။

ဦးကိုကို။ ။ ဝန်ကြီးဆိုလိုတာက The Whole Picture ကြည့်တတ်ဖို့ လိုတယ်၊ တစ်ခုချင်းစီ ပြောနေမယ့်အစား စုစည်းပြီးတော့ မြင်တတ်ဖို့ လိုမယ်လို့ ပြောချင်တဲ့ မက်ဆေ့ချ်ပါ။ အခုကိစ္စကလည်း Provisional Measures နဲ့ပတ်သက်တော့ ဆရာမ ဒေါက်တာသီတာဦးက Provisional Measures ကို နိုင်ငံတကာ ဥပဒေ တွေနဲ့ လေ့လာထားတော့ အဲဒါနဲ့ ပတ်သက်ပြီး သဘောသဘာဝလေးတွေ ထပ်ပြီးတော့ ရှင်းပြပေးပါဦး။

ဒေါက်တာသီတာဦး ။ ။ ပြီးခဲ့တဲ့ စကားဝိုင်းတုန်းက ကျွန်မတို့ ဆွေးနွေးခဲ့သလိုပါပဲ။ Provisional Measures ချတယ်ဆိုတာက အမှုနိုင်ခြင်း၊ ရှုံးခြင်းနဲ့ မဆိုင်ပါဘူး။ အမှုကစတောင်မစ ရသေးပါဘူး။ ကျွန်မတို့ ပြီးခဲ့တဲ့ ခရီး စဉ်တုန်းက သွားခဲ့တာက Provisional Measures နဲ့ပတ်သက်ပြီး ရှင်းလင်းဖို့သွားပြီး ရင်ဆိုင်ခဲ့တာပါ။ အခု ၂၃ရက်နေ့မှာ ကျွန်မတို့ကို Provisional Measures ချမှတ်ရန် သင့်၊ မသင့်ဆိုပြီး ဆုံးဖြတ်မှာကို ကျွန်မတို့က ဒုတိယခရီးစဉ်အနေနဲ့ သွားဖို့ရှိတာပါ။ ဂမ်ဘီယာနိုင်ငံအနေနဲ့က ICJ မှာ မြန်မာနိုင်ငံကို ရင်ဆိုင်ဖြေ ရှင်းဖို့ တောင်းဆိုထားတဲ့ ခေါင်းစဉ်က ဂျီနိုဆိုက် (Genocide) ပါ။ လူမျိုးပြုန်းတီးမှု ရပ်ဆိုင်းရေး ဆိုင်ရာ ကွန် ဗင်းရှင်းလို့လည်း ပြောလို့လည်းရပါ တယ်။

သူ့ခေါင်းစဉ်ကတော့ အကြီးကြီးပေါ့။ ဒါပေမယ့် သူကိုယ်တိုင်က သူ့ Application လျှောက်လွှာရဲ့ အပိုဒ် ၁၁၉၊ ၁၂၆၊ ၁၂၉ပေါ့။ အထူးသဖြင့် အပိုဒ် ၁၁၉ ကို ဖတ်လိုက်ရင် ရေးထားတာက ရှင်းပါတယ်။Provisional Measures ချဖို့ဆိုတာ သူတို့တင်ထားတဲ့ Application ပေါ်မှာပဲ ချထားတဲ့အချက်တွေပေါ်မှာကြည့်ပြီးတော့ တရားရုံးက ဆုံးဖြတ် ပေးပါ။ တရားရုံးက ဂျီနိုဆိုက် မြန်မာနိုင်ငံမှာ ကျူးလွန်ခြင်း ရှိ၊ မရှိတို့၊ တရားရုံးက စီရင် ပိုင် ခွင့် ရှိ၊ မရှိတို့၊ တရားရုံးက ဒီအမှုကို လက်ခံ စစ်ဆေးခွင့် ရှိ၊ မရှိတို့နဲ့ကို အတိအကျသုံးသပ် ရန်မလိုပါဘူး ဆိုပြီး အပိုဒ် ၁၁၉ မှာ သူတို့ ကိုယ်တိုင် ရှင်းထားတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ခေါင်း စဉ်တပ်ထားတဲ့အခါကျတော့ လူမျိုးပြုန်းတီးမှု ရပ်တန့်ရေးဆိုင်ရာ ကွန်ဗင်းရှင်းဆိုတော့ ခေါင်းစဉ်က အကြီးကြီးပါ။ ဒါပေမယ့် Provisional Measures ချဖို့ဆိုတာကလည်း ICJ ရဲ့ Statute Article 41 မှာ လိုအပ် တယ်လို့ ထင်မြင်ယူ ဆလို့ရှိရင် Provisional Measures ချဖို့ ICJ မှာ အခွင့်အာဏာရှိပါတယ်။

ဒီတော့ နိုင်ငံတကာ ဥပဒေတွေအရ Provisional Measures ချဖို့ဆိုတဲ့ Criteria တွေက Prima facie Jurisdiction ဆိုတဲ့ ထင်သာရုံ၊ မြင်သာရုံနဲ့ ချနိုင်တယ်တို့၊ နောက်တစ်ခုက Plausible ယုတ္တိတန်လား၊ မတန် လားပေါ့။ တစ်ခုလောက်ကိုပဲ တရားရုံးက တွေ့လို့ရှိရင် ချလို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေ နိုင်ငံတကာဥပဒေမှာ ရှိပါတယ်။ အဖြစ် အပျက်တစ်ခု ဖြစ်ခဲ့တယ်။ ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့ အချက်အပေါ်မူတည်ပြီး ခေါင်း စဉ်က ဂျီနိုဆိုက်ဆိုတော့ လူမျိုးပြုန်းတီးမှုဆိုတာ တော်တော်ကြီးကို အရေး ကြီးတဲ့အတွက်ကြောင့် ဒါကဖြစ် ကောင်းဖြစ် နိုင်တယ်ဆိုပြီးတော့ တရားရုံးကချမယ်ဆို ချလိုက်နိုင်တဲ့အခွင့်အရေးကို ပေးထားတာပါ။

ဦးကျော်တင့်ဆွေ ။ ။ တစ်နည်းပြောရရင် သာမန်တရားရုံးမှာ ဆုံးဖြတ်တဲ့ သူ့သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ Provisional Measuresအတွက် လိုအပ်တဲ့ သတ်မှတ်ချက်မတူပါဘူး။ Provisional Measures အတွက် လို အပ် တဲ့ သတ်မှတ်ချက်က အင်မတန်မှ နိမ့်ပါတယ်။ ဖြစ်ကောင်း ဖြစ်နိုင်သည်ဆိုတဲ့အချက်ကို ဖော်ပြနိုင်ရင် Provisional Measures ချလို့ရတယ်။ ဖြစ်ကောင်းဖြစ်နိုင်သည်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အခက်အခဲကလည်း ဘာ လဲဆိုတော့ လုံးဝကို အခြေအမြစ်မရှိတဲ့ အချက်တွေအပေါ်ကို မူတည်ထားတဲ့ FFM Report ပဲ ဖြစ်ပါ တယ်။ FFM Report က ကုလသမဂ္ဂကနေပြီးတော့ လူ့အခွင့်အရေးကောင်စီကလုပ်ထားတဲ့ အတွက် ကုလသမဂ္ဂ Report လို့ ထင်ထားမြင်ထားတဲ့ အချက်က ရှိပါတယ်။ သို့သော် ဒီအချက်တွေက မှန်သလား မမှန် ဘူးလားဆိုတာကို တကယ့်ကို စနစ်တကျစိစစ်မှုမရှိဘဲ ချထားတဲ့ အစီရင်ခံစာပါ။ ဒီအစီရင်ခံစာကို အသုံးပြုထားတဲ့အတွက် ကုလသမဂ္ဂအစီရင်ခံစာလို့ လက်ခံလိုက်မယ်ဆိုရင် သူတို့အတွက် Prima facie ဆိုတဲ့ လို အပ်ချက်က ပြည့်စုံသွားမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် သူတို့ ရှေ့နေတွေက အင်မတန်မှ ကျွမ်း ကျင် တယ်။ ICJ ရဲ့Procedures ကလည်း အခြား Proce - dures နဲ့မတူတာမို့ တစ်နည်းအားဖြင့် ပြောရရင် သူ တို့သာကိုသာနေတဲ့ နည်းလမ်းရှိတဲ့ အတွက် Prima facie လောက် ပြနိုင်ရုံလောက် ကို သူတို့က အားယူပြီး တော့ Provisional Measures ကို တင်သွင်းခြင်းဖြစ်ပါတယ်။

ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီးနဲ့ ရှေ့နေချုပ်ရုံးက ဆရာမတို့ ပြောတဲ့အတိုင်းဆို သတ်မှတ်ချက်ကတော်တော် နှိမ့်ထားတယ်။ Genocide ရဲ့ သတ်မှတ်ချက်က မြင့်တယ်။ Provisional Measures က နိမ့်တယ်။ ဒါကို နိုင်ငံတ ကာဥပဒေ အတွေ့အကြုံရှိတဲ့ ဦးကျော်တင်အနေနဲ့ ဆက်ပြီးဆွေးနွေး ပေးပါ။

ဦးကျော်တင် ။ ။ မြန်မာနိုင်ငံအနေနဲ့Genocide Convention ကို ၁၉၅၆ ခုနှစ်ကတည်းက စဝင်တာပါ။ အဲဒီ အ ထဲမှာရှိတဲ့ Obligation တွေအားလုံးကို ကျေပွန်စွာတာဝန်ယူပြီး ထမ်းဆောင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ ကို ဂမ်ဘီယာနိုင်ငံက တရားစွဲပြီးတော့ Genocide ဖြစ်ပါတယ်၊ Genocide Convention ကို ချိုးဖောက် မှုဖြစ် ပါတယ်လို့ တရားစွဲလာတာပါ။ ကျွန်တော်တို့ နောက်မှသိရတာက OIC က ကြံဖန်ပြီးတော့ လုပ်တဲ့ ကိစ္စ ပါ။ ခုက Provi- sional Measures တောင်းခဲ့တယ်။ အခု ၂၃ ရက်နေ့ကျရင် အမိန့်ကိုချမယ်။ အဲဒီမှာ သတ်မှတ် ချက်က နိမ့်လွန်းတော့ Provisional Measures ကို Indicate လုပ်ကောင်းလုပ် နိုင်တယ်။ ချမှတ် ကောင်း ချမှတ်နိုင်မယ်။ အဓိကအချက်ကိုမရောက်သေးဘူး။ ကျွန်တော် နှိုင်းယှဉ်ပြီး ပြောနိုင်တာက ဘော လုံး ပွဲလို ပေါ့။ ဘောလုံးပွဲကစတောင်မစရသေးဘူး။ အခုမှ ဒိုင်လူကြီးက နှစ်ဖက်ကိုခေါ်ပြီး ပြောတယ်။ Genocide Convention အရဆိုရင်Obligation တွေရှိတယ်။ တာဝန်တွေရှိတယ်။ ပြန်ပြောမယ် ဒီတာဝန်တွေ က ဒါတွေ ပဲဆိုတာကို ပြောသေးတဲ့ အဆင့်ပဲရှိတယ်။ ဘောလုံးပွဲက စတောင်မစသေးဘူး။ အဲဒါလေးကို မိဘပြည် သူ တွေကို နည်းနည်းရှင်းပြချင်ပါတယ်။

ဦးကိုကို။ ။ ဦးကျော်တင် ဆွေးနွေးသွားတဲ့အထဲကနေ စကားလုံးလေးတစ်လုံးရလိုက်တယ်။ Indicate ဆိုတဲ့စ ကား လုံးလေးပါ။ Provisional Measures နဲ့ Indicateက ဘယ်လိုဆက်စပ်နေပါသလဲ။

ဦးသီဟန်မျိုးညွန့်။ ။ Provisional Measures Stage ဆိုတာက နောက်ဆုံးပိတ်ချတဲ့ ချမှတ်ချက်မဟုတ်ဘူး။ Indicate Provisional Measures ဆိုတာ ချပြတာပါ။ ဒီလိုမျိုး Provisional Measures တွေကို ချမှတ်ဖို့ဆိုပြီး Indicate ပဲလုပ်တာ။ ဘာကြောင့်လဲဆိုတော့ Provisional Measures တွေချရခြင်းက ဘာကြောင့်လဲဆိုတာ က ICJ Statute တွေမှာ ရေးထားတာက To Protect the Rights of the Parties ၊ ဂမ်ဘီယာပဲဖြစ် ဖြစ်၊ မြန်မာ နိုင်ငံပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Rights တွေကို ကာကွယ်ပေးဖို့ပါ။ ဂမ်ဘီယာ ကတောင်းဆိုတဲ့ Rights တွေကို ကာကွယ်ဖို့ပါ။ နောက်တစ်ချက်က Provisional Measures ကို Indicate လုပ်ရခြင်းအားဖြင့်၊ Provisional Measures ချရခြင်းအားဖြင့် ဘာဖြစ်လဲဆိုတော့ ဒါက တရားရုံးကိုကာကွယ်တာနဲ့လည်း အတူတူပဲ။ တကယ် လို့ ဂျီနိုဆိုက်မဟုတ်ဘူးပဲ ထားဦး။ တရားရုံးအနေနဲ့က ဒီအမှုဖြစ်နေတဲ့ကာလအတွင်းမှာ ကျွန်တော်တို့ မြန် မာ နိုင်ငံအတွင်းမှာ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် သူ့တာဝန်ဖြစ်မှာလည်း မလိုလားဘူးလေ။ Provisional Measures ချခြင်းအား ဖြင့် တရားရုံးကို ကိုယ့်ဘာသာကိုယ် ကာကွယ်တဲ့ သဘောလည်းရှိတယ်။ ပြီးတော့ နောက်တစ်ခု ထပ်ထည့်ချင်တာက ဂျီနိုဆိုက်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ဂျီနိုဆိုက်နဲ့ ပတ်သက်တဲ့အမှု၊ Bosnia against Serbia၊ Croatia against Serbia ဒီအမှုတွေမှာလည်း Provisional Measures ကို တရားလိုနိုင်ငံဘက်က တောင်း ခဲ့ရင် တရားရုံးအနေနဲ့က Provisional Measures ကို တရားရုံးအနေနဲ့က အမြဲတမ်းလိုလို ချပေးလေ့ ရှိပါတယ်။

ဦးကိုကို။ ။ ဒါနဲ့ဆက်စပ်ပြီး ၂၃ ရက်နေ့မှာ အမိန့်ချမယ်လို့ ပြောကြတဲ့အခါ Provisional Measures ချကောင်း ချနိုင်တယ်ဆိုပြီး သုံးသပ်မှုတွေရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျာ။

ဦးသီဟန်မျိုးညွန့်။ ။
ကျွန်တော့်အနေနဲ့ ပြောရရင်လည်း Provisional Measures ကို ချကောင်းချနိုင်တယ်။ ဂမ်ဘီယာက တောင်းဆိုတာ အကုန်လုံးဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ နားလည်ရမှာက Provisional Measures ချလိုက်တိုင်း ကျွန်တော်တို့က ဒီအမှု ကို ရှုံးသွားတာ မဟုတ်ဘူး။ Provisional Measures ချလိုက်လို့ ပိုပြီးစိတ်ပျက်သွားတာ၊ စိုးရိမ်လာတာတို့ ဖြစ် စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတာ အခုနက ဦးကျော်တင် ဆွေးနွေးတဲ့အထဲမှာလည်း ပါပါတယ်။

ကျွန်တော်ကလည်း ထပ်ပြီးတော့ ဆွေးနွေးလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘီယာက တောင်းဆိုတဲ့ Provisional Measures တွေကို ကြည့်မယ်ဆိုရင် အချက် ၁ နဲ့ ၂ နဲ့၊ သူတို့တောင်းဆိုထားတာက မြန်မာနိုင် ငံအနေနဲ့ ဂျီနိုဆိုက်မဖြစ်အောင် ကာကွယ်ပေးပါ။ မြန်မာနိုင်ငံရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်မတော် ပဲဖြစ် ဖြစ်၊ တခြား Paramilitary Units တွေပဲဖြစ်ဖြစ်၊ သူတို့ကနေ ဂျီနိုဆိုက် မလုပ်အောင် ကာကွယ်ပေးပါ။ ဒါက ၁ နဲ့ ၂ ပဲနော်။ ဒီ Obligation တွေ၊ ကျွန်တော်တို့ရဲ့ တာဝန်တွေက ခုနက ဦးကျော်တင်ပြောသလိုပဲ၊ ကျွန်တော် တို့ ဂျီနိုဆိုက်ကွန်ဗင်းကို ၁၉၅၆ ခုနှစ် ကတည်းက ပါဝင်လက်မှတ်ရေးထိုးလိုက် ကတည်းက ကျွန်တော် တို့ မှာ နဂိုကတည်းကရှိ တဲ့ တာဝန်တွေဖြစ်ပါတယ်။ ဒါတွေက အထူး မဟုတ်ပါဘူး။ ထပ်ပြီးတော့ လုပ်ရမယ့် တာဝန်တွေလည်း မဟုတ်ပါဘူး။ ပြီးတော့ အဲဒီထဲမှာ ပါတဲ့ အချက်နံပါတ် ၄ ပါ။ အဲဒါကလည်း Bosnia၊ Serbia ကိစ္စပါတဲ့ Provisional Measures တစ်ခုဖြစ်ပါတယ်။ အဲဒီတုန်းကကျတော့ တစ်ဖက်နဲ့တစ်ဖက် စစ် တိုက်နေတော့ တစ်ဖက်နဲ့တစ်ဖက် အရှိန်တွေပိုပြီးတော့ မမြင့်လာအောင်လို့ တရားရုံးကနေပြီးတော့ ဒီတ ရားရင်ဆိုင်မှု ရှိနေပေမယ့် နှစ်နိုင်ငံအရှိန်တွေ လျှော့ထားပါဆိုတဲ့ သဘောရှိပါတယ်။

အဲဒါမျိုးလေးတွေကျ ကျွန်တော်တို့ အနေနဲ့က Provisional Measures တွေ ချလိုက်လို့၊ ကျွန်တော်တို့ အမှု ကြီး ရှုံးသွားပါပြီ၊ အဲဒီလိုမျိုး မဟုတ်ပါဘူး။ အဲဒါတင်ပဲမကဘူး။ တရားရုံးက Provisional Measures ကို ချ တာနဲ့ သူတို့ ရဲ့ Opinion ထဲမှာ ဘာရေးထားသလဲဆိုတော့ ဒီ Provisional Measures တွေချလိုက်တိုင်း မြန်မာနိုင်ငံအနေနဲ့ ဒီအမှုကိုကျူးလွန်နေတာလို့ သူတို့မထင်ပါဘူး။ သူတို့က Merits တွေ ဘာတွေကိုတောင် မကြည့်ရသေးဘူး။ အမှန်တကယ်ပြောရရင် ကျွန်တော်တို့ ဘက်ကတင်သွင်းရမယ့် Facts တွေ၊ Evidence တွေ၊ ဥပဒေတွေကိုဘယ် လိုနည်းမျိုးနဲ့ ကြည့်သင့်ပါတယ်၊ International Legal Precedents တွေကိုဘယ်လို နည်းနဲ့ သုံးသပ်သင့်ပါတယ်၊ ဒါတွေက ဒီအဖြေတွေကို ဘာမှမသွားရသေးဘူး။ ခုနက ဦးကျော်တင်ပြောသ လိုပဲ စစချင်းလေးပဲ ရှိသေးတယ်။ စစချင်းမှာ ဒိုင်လူကြီးက နှစ်ဖက်ဘောလုံး အသင်းကို ဘောလုံးကန်တဲ့အ ချိန်မှာ ကောင်းကောင်းကန်ဖို့၊ မညစ်ဖို့ အဲဒါမျိုးခေါ်ပြီး ပြောတဲ့အဆင့်ပဲ ရှိပါသေးတယ်။

ဦးကျော်တင့်ဆွေ။ ။ ကျွန်တော ်ဒီProvisional Measures နဲ့ပတ်သက်ပြီး ထပ်ပြီးတော့ပြောချင်ပါသေးတယ်။   ခုနက ဦးသီဟန်မျိုးညွန့်ပြောသလိုပဲ Provisional Measuresကို တောင်းထားတဲ့ ကိစ္စတွေက ကျွန်တော်တို့ လုပ်နေတာတွေကို တောင်းထားတာ။ သဘောကတော့ ကျွန်တော်ဒီမှာ ထိုင်နေတယ်။ ထိုင်နေတဲ့ဥစ္စာကို Provisional Measures က ဒီမှာထိုင်ပါလို့ ပြောတဲ့သဘောနဲ့ အတူတူပါပဲ။ ကျွန်တော်ကတော့ ထိုင်နေတဲ့ ကိစ္စ။ ဘာကြောင့်လဲဆိုတော့ တချို့ Provisional Measures မှာ တောင်းဆိုတဲ့အချက်တွေကို ခုနကပြောသလိုပဲ ကျွန် တော်တို့အနေနဲ့ ဒီကွန်ဗင်းရှင်းကို ဝင်ကတည်းကိုက မလုပ်ပါဘူးလို့ ပြောထားတဲ့ကိစ္စ။ လွှတ် တော်ကို ပြောတုန်းကလည်း ကျွန်တော်တို့က ဒီကိစ္စကို အခုလည်း မလုပ်ဘူး၊ နောင်လည်းဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ရှိတယ်လို့ ပြောထားတဲ့ကိစ္စပါ။ တစ်နည်းအားဖြင့်ဆိုရင်တော့ ကိုယ် ထိုင်နေတဲ့ဥစ္စာကို ထိုင်နေလို့ ပြောလိုက်တဲ့အတွက် တို့ပြောလိုက်တာကို ထိုင်နေပြီ၊ တို့နိုင်ပြီဟေ့လို့လည်း ပြောလို့မရပါဘူး။ အဲဒီလို Provisional Measures ကို ချနိုင်သလားဆိုတော့ ချနိုင်တယ် လို့ ပြောရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ ဥပဒေကြောင်းအရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရှေ့နေတွေက သူတို့ တင်ပြ ချက်တွေကို အမြစ်ကနေလှဲပြီးတော့ ပယ်ချနိုင်တဲ့ အဆင့်အထိ လုပ်ထားသော်လည်း ဒီကိစ္စကို လုပ်နေ၊ ကိုင်နေတဲ့ဥစ္စာက တရားရေးသက်သက်၊ ဥပဒေကြောင်းသက်သက် ဟိုဘက်က လုပ်ဆောင်တာ မဟုတ်ပါ ဘူး။ သူတို့က နိုင်ငံရေးဖိအားအနေနဲ့ ပေးနေတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်မှာ ပြော ခဲ့ သလိုပဲ တရားရုံးကိုတောင်ခြိမ်းခြောက် တဲ့ပုံစံမျိုးအနေနဲ့ ပြောခဲ့တာရှိတယ်။ ဒီကိစ္စကို တစ်ကမ္ဘာလုံးက ကြည့်နေတယ်နော်၊ ခင်ဗျားတို့ ဒီကိစ္စကို Provisional Measures မှ မချဘူးဆိုရင်တော့ ဆိုတဲ့သဘောမျိုး ပြောသွားပါတယ်။ မနေ့တစ်နေ့က ဘင်္ဂလားဒေ့ရှ် Camps ၇ ခုမှာ ဆန္ဒပြပါတယ်ဆိုပြီးတော့ Provisional Measures ချပါ စသဖြင့် စာရွက် လေးတွေ ထောင်ပြီးတော့ ဆန္ဒပြမှုတွေကိုလည်း လုပ်ပြပါတယ်။ အင်္ဂလိပ် လိုပြောရင် တော့ State Manage လုပ်တယ်လို့ပြောရမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေလုပ်နေတဲ့အခါ ကျွန်တော် တို့ က ဥပဒေကြောင်းအရ သွားတယ်။ သူတို့က နိုင်ငံရေး၊ ပြီးတော့ Emotion ။ Camps မှာနေ တဲ့သူတွေက သနားစရာပဲ၊ သနားစရာပုဂ္ဂိုလ်တွေက ဒီလိုပြောနေပါတယ်ဆိုပြီး ဆောင်ရွက် နေတာ ဖြစ်တဲ့အတွက် သူတို့ ဘက်ကကြည့်တယ်ဆိုရင်တော့ တို့တော့ Provisional Measures ချနိုင်လိုက်မယ်ဆိုပြီးတော့ သူတို့အနေနဲ့ ယူဆကောင်းယူဆနေမယ်။ အဲဒီလိုချတယ်ဆိုရင်လည်း Provisional Measures ဘယ်လို ဟာမျိုးချတယ် ဆို တဲ့ အပေါ်မူတည်ပြီး ကြည့်ရမှာပါ။ ခုနက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့နိုင်ငံမှာ ဂျီနိုဆိုက်မရှိ ဘူးဆို တာ အမှန်ပဲ။ ဒီအမှန်အတိုင်းလုပ်နေတဲ့ဥစ္စာကို အေး-ခင်ဗျားတို့ လုပ်ကြဟေ့လို့ ပြောတဲ့ Provisional Measures မျိုး ချမယ်ဆိုရင်တော့လည်း ချနိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဒေါက်တာသီတာဦး ။ ။ ကျွန်မအနေနဲ့လည်း ဖြည့်စွက် ဆွေးနွေးရမယ်ဆိုရင် Provisional Measures က ကျွန်မတို့ကို ၆ ချက်တင်ထားတာပါ။ ဂမ်ဘီယာ က ၆ ချက်တင်ထားတာပါ။ ဒီ ၆ ချက်စလုံး ထဲမှာ တရားရုံး ကအ ကုန်ချတာ သို့တည်းမဟုတ် တချို့ကိုပဲ ချမှတ်တာ၊ ဒီ Provisional Measures မှာမပါတဲ့ တရားရုံးက သင့်သည် ထင်မြင်တဲ့ဟာ ချမှတ်တာ ဒီလိုမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ရှေ့နေကြီးတွေ ဆွေး နွေးသွားတဲ့အထဲမှာ မစ္စတာရှေးဘတ်စ်နဲ့ မစ္စဖီဘီဆွေးနွေးသွားတဲ့အထဲမှာ ခုနက ပြည်ထောင်စုဝန်ကြီး အ မိန့်ရှိသလိုမစ္စတာ ရှေးဘတ်စ်ကတော့ ဂျီနိုဆိုက် လုံးဝမဟုတ်ဘူးဆိုတဲ့အကြောင်းကို အမြစ်ကလှန် ထုတ် ပြီး တစ်ခါတည်း ဖြေရှင်းလိုက်ပြီ။ အပြီးသတ်မှာတော့ ကျွန်မတို့နိုင်ငံဟာ ဂျီနိုဆိုက် ကျူးလွန်နေတဲ့ နိုင် ငံ မဟုတ်ဘူးဆိုတဲ့ အဖြေထွက်လာဖွယ်ရှိပါတယ်။ ထွက်လာမယ် လို့ လည်း ယူဆပါတယ်။ UN နဲ့ ပူးပေါင်း ဆောင်ရွက်ပါ။ လက်ရှိမှာ UN ရဲ့ အဖွဲ့အစည်းတွေ အကုန်လုံးက ဟိုမှာအခြေစိုက်ပြီးတော့ UNDP၊ UNFPA တို့၊ ICRC အဖွဲ့ဝင်တွေ အကုန်လုံးက ဒီမှာ ပူးပေါင်းဆောင်ရွက်နေတာ လက်တွေ့မှာ ရှိပါတယ်။

ဦးကိုကို ။ ။ သူတို့ကယူဆချက်တစ်ခု ယူချင်တာပါ။ ရှင်းပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ပြီးသား ကိစ္စ တွေကို ဆောင်ရွက်ပါလို့ ပြောနေတယ်။ အဲဒီတော့ ကျွန်တော်တို့က သူတို့တစ်စုံတစ်ခု ချမှတ်လိုက်တဲ့ အပေါ်မှာ ကျွန်တော်တို့က ပြန်လည် တုံ့ပြန်ဖြေရှင်းခွင့်၊ ဖြေရှင်းနိုင်တာ၊ Provisional Measures အပေါ် ပြောင်းလဲနိုင်တဲ့ကိစ္စတွေကျွန်တော်တို့မှာ ဆောင်ရွက်ခွင့်ရှိသလား။

ဦးကျော်တင့်ဆွေ ။ ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်ပါတယ်။ ICJ ကချတဲ့ ဆုံးဖြတ်ချက်တွေ အားလုံး က စောဒကတက်လို့မရဘူး၊ အယူခံဝင်လို့မရဘူး။ အဲဒီအချက်ကတော့ အရေးကြီးတဲ့အချက်ပါ။ ICJ မှာ ကျွန်တော်တို့ ဒီအမှုရောက်တယ်ဆိုတဲ့ ဥစ္စာကိုက နိုင်ငံအတွက် အင်မတန်ဂုဏ်သိက္ခာကျပါတယ်။ ပိုပြီး တော့ စိတ်ထိခိုက်ဖွယ် ကောင်းတယ်ဆိုတာက ကျွန်တော်တို့ မလုပ်တဲ့ကိစ္စ၊ မဟုတ်တဲ့ကိစ္စကို စွပ်စွဲခံရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစိုးရကိုစွပ်စွဲတာလည်းမဟုတ်ဘူး၊ နိုင်ငံကို စွပ်စွဲတာပါ။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ အင်မတန်မှ ထိခိုက်တဲ့ကိစ္စ၊ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အင်မတန်မှ ထိခိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒါမျိုး အမှုကိစ္စဟာ ၅ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်ကြာတယ်။ အဲဒီအပိုင်းကို Merits Stage လို့ခေါ်တယ်။ Merits Stage ဆိုရင်တော့ ကျွန်တော် ပြောရဲတယ်။ ကျွန်တော်တို့နိုင်မှာပဲ။ အခု Provisional Measures ဆိုတာက အဲဒီဟာက နှစ်ပေါင်းများစွာကြာမှာဖြစ်တဲ့အတွက် အခြေအနေမဆိုး အောင်လိုရမည်ရ ဒီအချက်တွေကို ချမှတ်ပေးပါဆိုပြီး တောင်းထားတာပါ။ အခုနက ကျွန်တော်ပြောသလိုပဲ သူရဲ့သတ်မှတ်ချက်ကတော့ နိမ့်တဲ့အတွက် Provisional Measures ချကောင်း ချနိုင်တယ်။ သို့သော် ကျွန် တော်တို့သိရမယ့်ဥစ္စာက အမှုတောင်မစသေးဘူး။ အဆင့်တွေ အများကြီးသွားရဦးမယ်။ အဲဒီတော့ Provisional Measures ချတာကို မကြိုက်ရင် jurisdiction Challenge ဆိုတာ လုပ်လို့ရတယ်။ ဆိုလိုတာက တရားရုံးက ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိဆိုတာ ကျွန်တော်တို့က လျှောက်လဲလို့ရတယ်။ အဲဒီတော့ တရားရုံး ကရှိ တယ်လို့ ဆုံးဖြတ် ရင်တော့ Provisional Measures က အတည်ဖြစ်သွားမယ်။ အဲဒီကျမှ တကယ့် အမှုကစ မှာ။ အခုအမှုက မစသေးဘူး။ ကျွန်တော်တို့က Merits Case ရောက်လာရင်တော့ ဂျီနိုဆိုက် ဖြစ်ပေါ်ခြင်း လုံး ဝ မရှိတဲ့အတွက် အမှန်တရားက ပေါ်လာမှာပဲ။ ကျွန်တော်တို့ နိုင်မှာပဲ။ အဲဒီအပိုင်းကတော့ အသေအချာ ပါ ပဲ။

ဦးသီဟန်မျိုးညွန့် ။ ။ ကျွန်တော် ထပ်ပြီး ဖြည့်စွက်ချင်တာက ဒီ Provisional Measures အဆင့်ပြီးသွားတော့ Preliminary Objections ပြီးရင်တောင်မှ ပြီးမှ ကျွန်တော်တို့ရဲ့ Evidence တွေ သွင်းရ တာပါ။ အဲဒီမှာမှ ကျွန် တော်တို့ရဲ့ Counter Memorial လို့ခေါ် တယ်။ Counter Memorial သွင်းပြီးတော့မှ ဒီ Merits Stage မှာ ကျွန် တော်တို့က ဟိုဘက်နဲ့ ဒီဘက် ဘယ်ဟာက အမှန်တရားလဲဆိုတာ တရားရုံးက ဆုံးဖြတ်တာပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် ICJ ကို သွားလဲဆိုတာ မေ့လို့မရပါဘူး။ ဘာဖြစ် လို့ လဲဆိုတော့ အပြင်မှာ မြင်နေရတဲ့အမြင်က ဒီ FFM Report အပေါ်မှာ အခြေခံ ပြီး မြင်နေရတဲ့အမြင်။ အ ရင် တုန်းကရှိခဲ့တဲ့ မြန်မာနိုင်ငံကို ဘယ်လိုသုံးသပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာရှိတဲ့ အမြင်တွေနဲ့ အပြင်ကကြည့် ရင် သူတို့က မြန်မာနိုင်ငံအကြောင်း သေချာသိချင်မှသိမယ်။ ဆိုတော့ အဲဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ မြန်မာ နိုင် ငံအနေနဲ့ ဘာက အမှန်တရားလဲဆိုတာကို ကျွန်တော်တို့က ICJ မှာ Evidence တင်သွင်းပြီး ပြောချင်တဲ့ အတွက် ICJ တရားရုံးကို သွားရောက်ခြင်း ဖြစ်ပါတယ်။ အဲဒီလိုပြောပြီးတော့မှပဲ ကျွန်တော်တို့သည် Genocide လုပ်တဲ့ နိုင်ငံမဟုတ်ပါဘူး၊ ဘာကြောင့် မြန်မာနိုင်ငံမှာ Genocide မရှိတာလဲ၊ သေသေချာချာ အောင်အောင်မြင်မြင် ကျွန်တော်တို့လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်တင့်ဆွေ ။ ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် ပြောချင်တာက ပြီးခဲ့တဲ့အခါမှာလည်း ပြောခဲ့ပါတယ်။ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘာကြောင့် ကိုယ်တိုင် ICJ ကို သွားသလဲ။ ကျွန်တော် အဲဒီတုန်းက ပြောခဲ့ သလိုပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားတယ်ဆိုတာမှာ သူ့မှာ အန္တရာယ်ရှိတယ်။ အန္တရာယ်ရှိတယ် ဆိုတာမှာ ICJ ရုံးစိုက်ရာ သည်ဟိတ်ဂ်မြို့နဲ့ ICC ရုံးစိုက်ရာ သည်ဟိတ်ဂ်မြို့က အတူတူပဲ။ ပြီးတော့ ICC အနေနဲ့ကလည်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဝရမ်းထုတ်နိုင်ပါတယ်။ ဝရမ်းထုတ်ခဲ့တယ်ဆိုရင်လည်း ကြိုတင် သိစရာ မလိုပါဘူး။ သူတို့ အခေါ်အဝေါ် Sealed Warrant လို့ ခေါ်တယ်။ အဲဒီ ဝရမ်းထုတ်ထားပြီး လျှို့ဝှက်ထားလိုက်တယ်။ အဲဒီပုဂ္ဂိုလ် နိုင်ငံတစ်နိုင်ငံကိုသွားရင် အဲဒီ တစ်နိုင်ငံက ICC အဖွဲ့ဝင်ဖြစ်တယ် ဆို ရင် အဲဒီနိုင်ငံကို ဖမ်းပါဆိုပြီး ပြောလို့ရတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရ မယ့် ခရီးစဉ်ကို ပြည်ပနိုင်ငံတချို့က မသွားပါနဲ့၊ အန္တရာယ်ရှိပါတယ်လို့ အဲဒီလိုလာပြီး မေတ္တာရပ်ခံတာ ရှိပါတယ်။ သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်က သူသွားပြီး အခြေအနေကို ရှင်းပြနိုင်ရင် ကျွန် တော် တို့မှာ ဆယ်စုနှစ်နဲ့ရှိခဲ့တဲ့ ပုံရိပ် ဆိုးကြီးက ရှိတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အထင်မှား၊ အမြင်မှား လက်ခံထားတဲ့ အချက်တွေ ရှိတယ်။ Narrative လို့ ခေါ်ပါတယ်။ အဲဒီ Narrative က ဆယ်စုနှစ်နဲ့ချီပြီးရှိနေပြီ၊ အဲဒီဟာကို သူသွားပြောမယ်ဆိုရင် နိုင်ငံတကာက အလေးထား နားထောင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ မ သွားဘူးဆိုရင် နိုင်ငံအပေါ်မှာ တာဝန်မကျေရာ ရောက်လိမ့်မယ်လို့ ယူဆပြီး သူသွားခြင်းဖြစ်တယ်။

အဲဒီလို သွားလိုက်တာကလည်း ထိရောက်သလား၊ ထိရောက်ပါတယ်။ နိုင်ငံတကာမီဒီယာမှာ သူသွား မယ့် အချက်နဲ့ သူပြောတဲ့အချက်တွေကို အမှန်အတိုင်း မီးမောင်းထိုးထားခြင်း မရှိပါဘူး။ သို့သော် နိုင်ငံတ ကာမှာ ရှိတဲ့ Policymaker လို့ ခေါ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ၊ ဝန်ကြီးချုပ်ရုံးတွေ အဲဒီရုံးတွေက သူဘာ ပြော သလဲ ဆိုတာကို အသေးစိတ် လေ့လာတယ်။ လေ့လာပြီးတော့ ဒီပြောတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ပိုပြီး သိလာတယ်။ ဥပမာဆိုရင် ခုနတုန်းက FFM Report ထဲမှာ ကျွန်တော်တို့အနေနဲ့ ရခိုင်မှာ တိုက်ခိုက်နေတဲ့ AA နဲ့ တိုက်ခိုက်နေတဲ့ကိစ္စ၊ လုံခြုံရေးအခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတဲ့ကိစ္စ တစ်ချက်မှ မပါဘူး။ ပိုဆိုး တာက ဒါစဖြစ်တယ်ဆိုတာဟာ ARSA တိုက်တဲ့အတွက် တပ်မတော်အနေနဲ့ ပြန်လည်ကာကွယ်ပြီးတော့ တိုက်ခိုက်တယ်ဆိုတဲ့ အချက်တွေကို လုံးဝမထည့်ထားဘူး။ သို့သော် အခုတော့ တဖြည်းဖြည်းနဲ့ သက်ဆိုင် ရာ နိုင်ငံတွေကလည်း သဘောပေါက်လာကြ တယ်။ နိုင်ငံတကာပညာရှင်တွေကတောင် သဘောပေါက် လာကြတယ်။ တစ်နည်းအားဖြင့် ဆိုတော့ နဂိုက ဆိုးနေတဲ့ပုံရိပ် Narrative ကို Counter- Narrative နဲ့ပြန်ပြီး ကျွန်တော်တို့ လုပ်လိုက် နိုင်တယ်လို့ ယူဆရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခု နိုင်ငံတကာက သဘောပေါက် လာတယ်။ နိုင်ငံတကာမီဒီယာမှာတောင် မနေ့တစ်နေ့က ဆောင်းပါးတစ်ခု ပါလာတဲ့အတွက် ကျွန်တော် တော်တော်လေးကို ဝမ်းသာအားရဖြစ်တယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ထားတဲ့ The UN Smears Myanmar ဆိုပြီးတော့ အဓိက ကတော့ FFM Report ကနေပြီး ဒီအချက်အလက်တွေကို ထိမ်ချန်ပြီး မြန်မာ နိုင်ငံကို မတရား စွပ်စွဲထားတယ်။ မြန်မာနိုင်ငံကို အိုးမည်းသုတ်ထားတယ်ဆိုတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ ဖတ်များ ဖတ်ဖူးကြသလား မသိဘူး။ အဲဒီအတွက်ကတော့ ကျွန်တော်ပြောချင်တယ် ဆိုတဲ့အချက်က ဒီမှာ ဘာတွေပါသလဲ၊ အခုကိစ္စဖြစ်တာက ARSA က စတိုက်တဲ့အတွက် တပ်မတော်ကနေ ကာကွယ်ပြီးတော့ ပြန်လည်တိုက်ခိုက်ရင်းကနေ ဖြစ်တယ်ဆိုတဲ့ အချက်ကို ARSA တိုက်ခိုက်မှုကို လုံးဝမထည့် ထားဘူး။ နောက် ကျွန်တော်တို့ရဲ့ တကယ့်အခြေအနေ၊ ရခိုင်မှာ AA နဲ့ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေ၊ ကျွန်တော် တို့နိုင်ငံ ကိစ္စဟာ လွယ်လွယ်ကူကူ အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူး၊ ထဲထဲဝင်ဝင်ကြည့်မှ သိနိုင်တယ်။ အဲဒီ တော့ မြန်မာနိုင်ငံက မတရားအစွပ်စွဲခံနေရတယ် ဆိုတဲ့အနေနဲ့ ပြောထားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန် တော် Link လေးလည်း ပေးပါမယ်။ ဒီပရိသတ်ကိုလည်း အဲဒီ Link မှာ ဖတ်ကြည့်ကြပါလို့ ကျွန်တော့်အနေ နဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။

ဦးကျော်တင် ။ ။ ကျွန်တော် ဖတ်တော့ နည်းနည်း တချို့အချက်အလက်လေးတွေကို မြင်သွားတာပေါ့နော်။ ဘယ်လိုလဲဆိုတော့ ပထမအချက်အနေနဲ့ ဒီဂမ်ဘီယာနိုင်ငံကလေ၊ မြန်မာပြည်နဲ့ ဘာမှ မပတ်သက်တဲ့ ဂမ် ဘီယာနိုင်ငံက ဘာဖြစ်လို့ ဒီ Case ကို ICJ မှာလာပြီး ဖွင့်တာလဲဆိုတာပေါ့နော်။ ဒါရဲ့နောက်ဆက်တွဲ Article မှာလည်း သူရေးထားပါတယ်။ နောက်မှာပါနေတဲ့ OIC ပေါ့။ သူကပဲ ဖန်တီးပြီးတော့ ဒါတွေ အားလုံးကို Playbook လုပ်တာပေါ့နော်။ ဒီဂမ်ဘီယာကို မင်းတို့ တရားသွားစွဲ၊ ဒီကိစ္စနဲ့ ဆိုင်ပြီးတော့ အဲဒါကို ငါတို့ Fund တွေ ရှာပေးမယ်။ ဒါတွေ အားလုံးက သူကအရင်တုန်းက Planning တွေက လုပ်ထားပြီးသားပါ။ အဲဒါက ခုနက ပြည်ထောင် စုဝန်ကြီး ပြောသလိုပဲ။ ဒီ ARSA အကြောင်းလည်း ဘာမှ မပြောဘူး။ Mention မလုပ်ဘူး။ ပြီးတော့ မြန်မာပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ AA နဲ့ ဖြစ်တဲ့ကိစ္စတွေကိုလည်း FFM Report မှာ ဘာမှ ဖော်ပြခြင်း မလုပ်ပါဘူး။ ပြီးတော့ နောက်တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် ဒါမြန်မာပြည်ကို အနိုင်ကျင့် တာ ပေါ့နော်။ OIC အနေနဲ့ အနိုင်ကျင့်တာလည်းရှိတယ်။ ပြီးတော့ UN ကို အသုံးပြုပြီး အနိုင်ကျင့်တာလည်း ရှိတယ်။ အဲဒီနှစ်ချက်ကို ကျွန်တော် အဓိ ကအချက်အနေနဲ့ ဒီဆောင်းပါးထဲမှာ မြင်လိုက်ပါတယ်။

ဦးသီဟန်မျိုးညွန့် ။ ။ဒီဆောင်းပါးက ပြည်ထောင်စုဝန်ကြီး ပြောသလိုပဲ။ ဒါကျွန်တော်တို့ရဲ့ Counter-Narrative ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက Single-Narrative ဆိုတဲ့ ကျွန်တော် တို့ဆီမှာ တစ်ဖက် ပြောပဲရှိနေတာပါ။ အခုလည်း အပြင်မှာကြည့်ရင် တစ်ဖက်ပြောများတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြည်းဖြည်း၊ဖြည်း ဖြည်းချင်း ကျွန်တော်တို့က Counter-Narrative ကို Build Up လုပ်ဖို့လိုပါတယ်။ ဘာဖြစ် လို့ လဲဆိုတော့ ခုနက ကိုကျော်တင် ပြောသွားသလိုပဲ ကျွန်တော်တို့က UN တစ်ခုလုံးကို မပုတ်ခတ်ချင် ပါ ဘူး။ ဒါပေမယ့် ဘာရှိသလဲဆိုတော့ ကျွန်တော်တို့က ဒီတစ်နိုင်ငံနဲ့ တစ်နိုင်ငံနဲ့ ဆက်စပ် စစ်တိုက်ရင် Warfare ပေါ့ဗျာ။ အခုကျတော့ ကျွန် တော်တို့ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ဒီ ICJ နဲ့ပဲဖြစ်ဖြစ်၊ ICC နဲ့ပဲ ဖြစ် ဖြစ် ကြုံတွေ့နေရတဲ့ပြဿနာက ကျွန်တော် တို့က Lawfare လို့ ခေါ်လို့ရတယ်။ ဒါက နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာမှာရှိတဲ့ Mechanisms သုံးပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်ဆင်တဲ့ပုံစံမျိုးဆိုတော့ Lawfare ဆိုပြီး ကျွန်တော်တို့အနေနဲ့ အဲဒါမျိုးပြောလို့ရပါတယ်။ ဒါကျွန်တော်တို့ကို အကျဉ်းအကျပ်ရောက်တဲ့ နေရာ ကို ပို့နေတာပါ။ ဒါတွေက ကျွန်တော်တို့ကို United Nations က လုပ်တယ်လို့ ကျွန်တော်တို့ ပြောလို့မရ ပါ ဘူး။ ဒါပေမယ့် United Nations Mechanisms တွေကို အသုံးချပြီး၊ ICC Mechanisms တွေကို အသုံးချပြီး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း ဖြစ်ချင်ဖြစ်မယ်၊ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံတစ်နိုင်ငံ တောင် ဖြစ်ချင်မှ ဖြစ်မယ်၊ ကျွန်တော်တို့ကို သူတို့ရောက်ချင်တဲ့နေရာကို တွန်းပို့နေတဲ့ပုံစံမျိုး၊ အဲဒါမျိုး ကျ တော့လည်း ကျွန်တော်တို့အနေနဲ့က ဒါကိုပြန်ပြီး Fight ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့သိ က္ခာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာ ဏာ ဒါတွေကလည်း ကျွန်တော်တို့ တန်ဖိုး ထားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ပြီးတော့ ICJ ကို သွားခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ခဲ့လို့ရှိရင် Counter-Narrative ကို ICJ မှာချပြရင်း၊ ကျွန်တော်တို့ ICJ တရားရုံး မှာပဲ ကျွန်တော် တို့လုပ်ရင်း Counter-Narrative ကို ဒီထက်မက ပိုပြီးကောင်းအောင် ပြန်ပြင်ဖို့ လိုပါတယ်။

ဦးကျော်တင့်ဆွေ ။ ။ ကျွန်တော်ဆိုလိုတာက ICJ သွားခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အဖြစ်မှန်တွေကို နိုင်ငံ တ ကာကို ပြောပြလို့ရမယ်။ ခုနက ကုလသမဂ္ဂနဲ့ပတ်သက်ပြီး UN Smears Myanmar ဆိုပြီး ပြောတဲ့အခါ ကျတော့ ကျွန်တော် ကုလသမဂ္ဂအတွက် စိတ်မကောင်း ပါဘူး။ ဘာကြောင့် စိတ်မကောင်းတာလဲ ဆိုတာ ကုလသမဂ္ဂက ကမ္ဘာမှာ အင်မတန်မှ လိုအပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့လို နိုင်ငံငယ်တွေအတွက် ကုလသမဂ္ဂရှိကို ရှိရမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝါဒမှာလည်း ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင် ရွက်ခြင်းသည် မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးမူဝါဒတစ်ချက် ဖြစ်တယ်။ အဲဒီ တော့ ကုလသမဂ္ဂကို နာမည်ဖျက်နေတာက ခုနက FFM Report မှာပါတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆောင် ရွက်ချက်တွေကြောင့် အဲဒီသူတို့ရဲ့ နဂိုကတည်းကိုက တစ်ဖက်စောင်းနင်းဖြစ်နေ တဲ့ ရှိရင်းစွဲခံယူချက်တွေနဲ့ လုပ်သွားတဲ့ကိစ္စ တွေ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က FFM Report ကို ကျွန်တော်တို့က UN Report လို့ မယူဆပါဘူး။

ဦးကိုကို ။ ။ ဒါပေမယ့် ခုနက ပြည်ထောင်စုဝန်ကြီး ပြောသလို ဒါလေးထွက်လာတာက ဒါဘာပဲပြောပြော ကျွန် တော်တို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားခဲ့တဲ့ ဒီခရီးစဉ်ရဲ့ လက်ငင်းရရှိတဲ့ အကျိုး၊ဒါနား လည်မှု။ နားလည်မှုဆိုတာကတော့ ချက်ချင်း ကြီးတော့ ခုနက ပြောသလိုပေါ့ ဝုန်းခနဲ၊ ဒိုင်းခနဲ အပြည့် မရ နိုင်ဘူးပေါ့။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်းပဲ ကျွန်တော် တို့ ယူသွားမယ်။ ဒါပေမယ့် တစ်ခုရှိတာက ကျွန် တော်တို့ အခု ဒီလိုမျိုးစကားဝိုင်းတွေ လုပ်တယ်။ နားလည်အောင်လို့ ကျွန်တော်တို့က ပြည်ထောင်စုဝန်ကြီး တို့ ကိုယ်တိုင် မ အားလပ်တဲ့ကြားထဲက၊ သူတို့ဆိုလည်း ခရီးတွေ သွားနေကြတဲ့ ကြားထဲကနေပြီးတော့ ရှင်း ပြရင်း တန်းလန်းနဲ့ကိုပဲ တချို့လူတွေကြားထဲမှာ ဝေ့လည်လည်ဖြစ်နေတဲ့ အပိုင်းတွေလည်းရှိတယ်။

ဆွေးနွေးကြတာ၊ ပြောဆို ဆွေးနွေးချင်ကြ တာတွေ အမျိုးမျိုးအဖုံဖုံ ကြားနေရတယ်။ ကြားနေရတဲ့အခါ ကျ တော့ ပြည်သူတွေကျတော့ ဟိုဟာ ဟုတ်နိုးနိုး၊ ဒီဟာ ဟုတ်နိုးနိုး၊ အကုန်လုံးကလည်း ဥပဒေပညာရှင်တွေ၊ ဒီမှာလည်း ဥပဒေ ပညာရှင်တွေ ပြောကြပြန်ပြီ၊ ဟိုမှာလည်း ဥပဒေပညာရှင်တွေ ပြောကြပြန်ပြီဆိုတော့ ဘယ်ဟာယုံရ မလဲလို့ပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်ဟာယုံရမလဲ၊ ဘယ်ဟာ မှန်မလဲ ဆိုတာမျိုး ဖြစ်နေကြတာတွေလည်း ရှိနေပါတယ်ခင်ဗျ။

ဦးကျော်တင့်ဆွေ ။ ။ အဲဒါလေးလည်း ကျွန်တော် ပြောချင်တာရှိပါတယ်။ ကျွန်တော်ပြောချင်တာရှိတယ် ဆို တာကတော့ အားနာနာနဲ့ပဲ ဥပဒေပညာရှင် သုံးယောက်နဲ့ ပတ်သက်ပြီးပဲ ရှေ့မှာပဲ ပြောရမှာပဲ။ ဘာဖြစ်လို့ လဲ ဆိုတော့ ဥပဒေပညာဆိုတာ အင်မတန်မှ ကျယ်ပြန့်ပါ တယ်။ အင်မတန်မှ နက်ရှိုင်းပါတယ်။ ဥပဒေပညာ ရှင်ဆိုတာ ဥပမာဆိုပါတော့ ဘွဲ့မြင့်လာလေလေ သူတို့ခေါ်တဲ့ Specialization လို့ခေါ်တဲ့ စူးစမ်းပြီးတော့ လုပ်တဲ့အချက်က ကျဉ်းမြောင်းလေလေပဲ။ အဲဒီတော့ နိုင်ငံတကာဥပဒေမှာလည်း အမျိုးစုံရှိတယ်။
Constitution Law ဆိုပါတော့။ အဲဒီပုဂ္ဂိုလ် က Constitution နဲ့ပတ်သက်လို့ ကောင်းကောင်းတတ်တယ်။ Patent law ဆိုပါတော့ Patents တွေ ကောင်းကောင်း တတ်တယ်။ ဦးကျော်တင်ဆိုရင် ဒေါက်တာ ဂျူဝစ်ဆို တဲ့ Patents နဲ့ ပတ်သက်ပြီး တကယ့်ပညာရှင်ပါ။ ဦးသီဟန်မျိုးညွန့်ဆိုရင်လည်း International Trade Law နဲ့ ပတ်သက်တဲ့ ပညာရှင်ပါ။ အမြဲတမ်းအတွင်းဝန် ဒေါ်သီတာဦးက International Criminal Law နဲ့ပတ်သက် ပြီး လေ့လာထားတယ်။

အဲဒီတော့ အားလုံးကို International Criminal Law အကုန်တတ်သလားလို့ ပြောတော့ တတ်တယ်လို့ ပြော လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရယ်စရာလေးနဲ့ ကျွန်တော်ပြောပြ မယ်။ ကျွန် တော် တတိယအတွင်းဝန်ဘဝက ကျွန်တော်တို့ မိတ်ဆွေထဲမှာ ဥပဒေဘွဲ့သုံးခုရတဲ့ ပုဂ္ဂိုလ်ရှိတယ်။ အဲဒီ တော့ ကျွန်တော်တို့ အထဲက နိုင်ငံခြားက တစ်ယောက်က Marriage By Proxy လုပ်ချင်တယ်ဆိုတဲ့ အခါ ကျတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးဌာနမှူးကနေ ခေါ်လိုက်တယ်။ ဟေ့လာ ပြောစမ်းဆိုတော့ သူက မပြော နိုင်ဘူး။ ခင်ဗျားဗျာ ဥပဒေဆိုင်ရာ ဘွဲ့သုံးခုလည်း ရသေးတယ်။ ဒါမှမတတ်ဘူးလား ဆိုတော့ သူကလည်း သတ္တိရှိတယ်။ ဘယ်လို ပြောသလဲဆိုတော့ ဥပဒေသမားအနေနဲ့ ဥပဒေအားလုံးကို လေ့လာလို့ရပေမယ့် ဥပဒေတစ်ခုတည်းကိုသာ ကျွမ်းကျင်နိုင်တယ်ဆိုပြီး ပြောပါတယ်။ အဲဒါကြောင့်မို့လို့ Constitution Law မှာ ပါရဂူဘွဲ့ရလာလို့ International Criminal Law ကို ကျွမ်းကျွမ်းကျင်ကျင် တတ်ပြီလားဆိုတော့ တတ်တယ် လို့ ပြောနိုင်တဲ့သူက ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ International Criminal Law ဆိုတဲ့ ဟာကလည်း ဖြစ်ပေါ်မှုကလည်း အင်မတန်မှနည်းတဲ့အတွက် နိုင်ငံတကာမှာလည်း တကယ့်ပညာရှင်ဆိုတာ လက်ချိုးရေ လို့ ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကံကောင်းတာက International Criminal Law မှာ နာမည်ကြီးတဲ့ ၁၀ ယောက်လောက် ထဲက နှစ်ယောက်ကို ကျွန်တော်တို့ ငှားရမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတတ်နိုင်သလောက် ပြောတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ ပြောကြားချက်တွေကို အဓိကထားတာ မဟုတ်ပါဘူး။ ကျွန် တော်တို့ သိထားတာတွေကို ပြောတာ မဟုတ်ပါဘူး။ ဥပဒေပညာရှင်တွေ ပြောထားတဲ့အပေါ်မှာ အခြေခံပြီး ပြောတာပါ။ အဲဒီလို ပြောတဲ့အခါမှာ ကျွန်တော်က လူပိန်းဖြစ်တဲ့အတွက် သူတို့လောက် လွယ်လွယ်ကူကူ မတတ်နိုင်ဘူးပေါ့လေ။

ဦးကိုကို ။ ။ အဲဒီတော့ ကျွန်တော်တို့ စကားဝိုင်းက တော်တော်လေးလည်း ပြီးပြည့်စုံပြီဆိုတော့ ဦးသီဟန်မျိုး ညွန့်အနေနဲ့ နောက်ဆုံးထပ်ပြီး ဆွေးနွေးစရာ ဘာများရှိမလဲခင်ဗျ။

ဦးသီဟန်မျိုးညွန့် ။ ။နောက်ဆုံးအနေနဲ့ ကျွန်တော် ထပ်ပြီး ဆွေးနွေးချင်တာက ICJ မှာ ကြုံတွေ့နေရ တဲ့ ဟာ ခုနက ကျွန်တော်ပြောခဲ့တဲ့ Lawfare ဆိုတာကို လျှော့တွက်လို့ မရဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွက် သိပ်ပြီးအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ICJ မှာ တစ်ခု၊ ICC မှာကလည်း တည်ထားတယ်။ ဆိုတော့ ဒီ ICJ မှာ ကျွန်တော်တို့က ဒါမြန်မာနိုင်ငံရေး မဟုတ်တော့ဘူး။ ဒါသည် နိုင်ငံ့ အ ရေးဖြစ်သွားပြီ။ နိုင်ငံ့အရေး ဖြစ်ရုံတင်မကဘူး၊ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံးရဲ့ အကျိုးစီးပွားကို တိုက်ရိုက် ထိရောက်မယ့်ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ကိစ္စတစ်ခုမှာ ကျွန်တော် တို့က ICJ မှာပဲ Fight လို့ ချလို့မရဘူး။ ပြည်တွင်းမှာလည်း လုပ်သင့်လုပ်ထိုက်တာတွေလည်း လုပ်ရမယ်။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တဲ့ အချိန်မှာလည်း အားလုံးနဲ့ပူးပေါင်းပြီး ဘယ်နဲ့ ညာနဲ့ ညီညီညာညာ ကောင်းကောင်းရှေ့ချီ တက်သွားပြီးတော့၊ အားလုံးပူးပေါင်းပြီးတော့ အောင်မြင်အောင်လုပ်ဖို့ လိုပါတယ်။ အဲဒီလိုအောင်မြင်အောင်လုပ်မှပဲ ICJ မှာလည်း နိုင်မယ်၊ အောင်မြင်အောင်လုပ်နိုင်မှလည်း Genocide ဆိုတဲ့ တကယ့်ကို မကြားသင့် မကြားထိုက်၊ မဟုတ်တဲ့ အနံ့ကြီးလည်း မြန်မာနိုင်ငံနဲ့ ခပ်ဝေးဝေးကို လွှင့်ပစ်လိုက် လို့ ရမှာ။

ဒေါက်တာသီတာဦး ။ ။ နောက်ဆုံး Messageလေးပါ။ မြန်မာနိုင်ငံမှာ Genocide မကျူးလွန်ဘူးဆိုတဲ့ အ ကြောင်းကို ရှင်းအောင် ကျွန်မတို့နိုင်ငံအတွက် သက်သေပြဖို့ တစ်ခုရယ်၊ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံက ကျူးလွန်ကောင်းကျူးလွန်မယ်ဆိုတဲ့ ဟာလေးတွေဖြစ်တဲ့ Crimes Against Humanity လိုမျိုး ပဋိပက္ခကြား ထဲမှာ ဖောက်ဖျက်ကျူးလွန်မှုလေးတွေ ရှိနိုင်တယ်။ ဒါပေမယ့် Genocide ကတော့ မဟုတ်ဘူး။ ခုနက ကျွန်မ တို့ ဆွေးနွေးတဲ့အထဲမှာ Mechanisms တလွဲသုံးပြီး လုပ်တာရှိပေမယ့် UN ကို လေးစားတယ်။ UN ကို အမြဲ တမ်း ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံလည်းဖြစ်တယ်ပေါ့။

ဦးကိုကို ။ ။ ရှင်းနေတဲ့ကိစ္စကို နံပါတ် (၁)က ရှုပ်နေအောင် လုပ်ထားသလို ဖြစ်နေတယ်။ အဲဒါကို ကျွန်တော် က ပြန်ရှင်းအောင် နောက်တစ်ခုက မြန်မာစကားပုံမှာလည်း ရှိပါတယ်။ ထပ်ပြောပါရစေ။ အိပ်ချင်ယောင် ဆောင်နေတဲ့လူက နှိုးရခက်တယ်ဆိုတာလိုပါ။ သူတို့က အိပ်ချင်ယောင်ဆောင်နေကြတယ်။ ကျွန်တော်တို့ က နှိုးနေတယ်၊ အဲဒီလိုမျိုးခံစားရတယ်။ နောက်ဆုံးပိတ်ပေါ့။ ဦးကျော်တင်အနေနဲ့ ဆွေးနွေးခန်းလေးမှာပြော စရာရှိတာလေးတွေ၊ အနားသတ် ဆွေးနွေးစရာရှိတာလေးတွေ ဆွေးနွေးပါ။

ဦးကျော်တင် ။ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက မြန်မာပြည်သူပြည်သားတွေ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စိတ်ဝင်စားစရာစောင့်ပြီး ကြည့်နေမှာပါ။ ကျွန်တော် အဓိကပြောချင်တာက ဘာပဲ ဖြစ်ဖြစ် Main Case က အနိုင်အရှုံးကို ဒီ Stage မှာ ဆုံးဖြတ်မှာ မဟုတ်သေးပါဘူးဆိုပြီး ပြောချင်ပါတယ်။ နောက်တစ်ခုထပ်ပြီး ကျွန် တော် ပြောချင်တာက စောစောကပြောသွားတဲ့ ICJ မှာ စကားလုံးအသုံးအနှုန်းကို ဂရုတစိုက် သုံးပါ တယ်။ Indicate နဲ့မပတ်သက်ဘူးဆိုပြီး သေသေချာချာ နိုင်ငံတကာညှိနှိုင်းပြီး ရွေးထားတဲ့ စကားလုံးတွေပါ။

ဦးကိုကို ။ ။ နိုင်ငံအချင်းချင်းဖြစ်နေတဲ့ ကိစ္စတွေဆိုတာကြောင့် စကားလုံးကအစ အထူးပြုစံနှုန်းသုံးပြီး အ သုံးပြုထားတာပေါ့နော်။ နောက်ဆုံးအနေနဲ့ ပြည်ထောင်စုဝန်ကြီး အနေနဲ့ ဒီ ၂၃ ရက်နေ့ အမိန့်ချမယ့်ကိစ္စကို ကိုယ်တိုင်ကလည်း ဦးဆောင်ပြီးသွားမှာလည်း ဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်တစားရှိတယ်၊ တောက်လျှောက် နားထောင်တာလည်း ရှိတယ်။ ပြည်သူတွေ ကြည့်ရှုနေတဲ့ ရုပ် မြင် သံကြား ဆွေးနွေးပွဲကနေတစ်ဆင့် အခုနားထောင်နေကြတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အားလုံးကို ဘယ်လို Message တွေ ပေးချင်ပါသလဲ။

ဦးကျော်တင့်ဆွေ ။ ။ ကျွန်တော်တို့ ပြည်သူတွေကို ကျွန်တော် ပေးချင်တဲ့ Message ကတော့ နိုင်ငံတော်၏     အတိုင်ပင်ခံပုဂ္ဂိုလ်သွားတဲ့အခါမှာ အပြည့်အဝ ထောက်ခံခဲ့တယ်၊ပြန်လာတဲ့အခါ မှာလည်း တကယ့်ကို အရေး ရယ်၊ အကြောင်းရယ် ရှိလာတဲ့အခါကျတော့ ဒို့နိုင်ငံအတွက်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဦး ဆောင်ပြီး သွားရောက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ထောက်ခံတာကို ကြည့်တဲ့အတွက် အင်မတန်မှ အားရပါ တယ်။ နောက်တစ်ခု ကျွန်တော်တို့ ဆွေးနွေးခဲ့သလိုပဲ ဒီကိစ္စဟာ နိုင်ငံ့အရေးပါ။ နိုင်ငံရေး မဟုတ်ပါဘူး။ ဘယ်သူမဆို ရင်ဆိုင်ပြီးတော့ Main Case တကယ့်အမှုကို စဉ်းစားတဲ့အချိန် ရောက်လာရင်လည်း သူနိုင် ကိုယ်နိုင်ပဲ။ သူတို့ Provisional Measures ချတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အဲဒီကိစ္စကို ဘယ်လို တုံ့ပြန်ရ မလဲဆိုတာကို၊ ရှေ့ နည်း လမ်းတွေကို ဘယ်လိုသွားမလဲ ဆိုတာကို သေသေချာချာ စဉ်းစားပြီး အင်မတန်မှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရင်ဆိုင်မယ်။ အဲဒီလို ရင်ဆိုင်တဲ့အခါမှာ ပြည်သူတွေရဲ့ အင် အားက အင်မတန်မှ လိုပါတယ်။ ဒီကိစ္စက နိုင်ငံ့အရေးဖြစ်တဲ့အတွက် နိုင်ငံမှာရှိတဲ့ ပုဂ္ဂိုလ်အားလုံး၊ ပြည်သူ ပြည်သားတွေ၊ တိုင်းရင်း သား တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါ တီတွေ ရော ဒီကိစ္စက မိမိတို့ နိုင်ငံ့အရေးကိစ္စမှာ ဒို့အားလုံး ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးနဲ့ ဆောင် ရွက်ပေးကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီကိစ္စအမှုမှာနိုင်ကိုနိုင်မယ်။ Provisional Measures Stage သည် အမှုမတိုင်ခင် လိုလိုမည်မည် ဆောင်ရွက်တဲ့ကိစ္စဆိုတဲ့ဟာကို နားလည် သဘော ပေါက်ပြီး Provisional Measures အချခံရရင်လည်း စိတ်ဓာတ် မကျပါနဲ့။ ကျွန်တော် အရင်ကပြောသလိုပဲ ရှုံးတာမဟုတ်ဘူး။ Provisional Measures မချခဲ့ဘူးဆိုရင်လည်း နိုင်ပြီလို့ မတွက်ပါနဲ့ဦး။ အမှုရှိပါသေးတယ်။ ဘယ်သူမဆို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူတို့ ဒီကိစ္စကို ဆုံးဖြတ်ချက်ချရင် ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်ပါ့ မယ်။ ရင်ဆိုင်နိုင်စွမ်းလည်း ရှိတယ်ဆိုတာကို ကျွန်တော်တင်ပြချင် ပါတယ်။

ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီး ယခုလို အဆုံးသတ်လေး ပြည်သူကို Message ပေးရင်း အဆုံးသတ်၊ အ နားသတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စကားဝိုင်းကတော့ တော်တော်များများလေး ပြည့်စုံတဲ့အတွက်ကြောင့် ဒီနေရာမှာပဲ စကားဝိုင်းကို ရပ်နားချင်ပါတယ်။ ထုံးစံအတိုင်း ပြောဆိုဆွေးနွေးခဲ့ တာတွေအားလုံး နိဂုံးချုပ်အနေနဲ့ ပြန်ပြောရမယ်ဆိုရင် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ်ကောင်း ချမှတ်နိုင်တဲ့ Provisional Measures အပေါ် စိုးရိမ်စိတ်မရှိကြပါနဲ့။ ဒါသည် ဒီအမှုကြီးတစ်ခု၏ နိုင်ခြင်း၊ ရှုံးခြင်း မဟုတ်ပါဘူး။ ဒီကိစ္စသည် အမှုအပေါ်မှာ လည်း မည်သို့မျှ လွှမ်းမိုးမှုမရှိပါဘူး။ သို့သော် ပြည်ထောင်စုဝန်ကြီး ပြောသွားတဲ့အထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံ့အရေးဆိုတဲ့ စကားလုံးလေးတစ်ခု မှတ်သားမိပါတယ်။

အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေအားလုံးရဲ့ အင်အားနဲ့ ပူးပေါင်း ဖြေရှင်းမယ်၊ ရပ်တည်သွားမယ်။ ကျွန်တော့်အနေနဲ့ အဆုံးသတ်ချင်တာကတော့ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းဟာ တာဝန်ရှိပါတယ်။ ကိုယ့် နိုင်ငံရဲ့ အရေးကိစ္စကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန် ရှိပါတယ်။ တာဝန်သိတဲ့ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံရေးသမားတွေပဲဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်စေ တာဝန်သိ တဲ့ အဖွဲ့ အစည်းဝင်တွေ အနေနဲ့ တကယ့်ကို နိုင်ငံရဲ့အရေး ကိစ္စပါ။ တာဝန်သိစိတ်အပြည့်နဲ့ ပူးပေါင်း ဆောင် ရွက်ကြ မယ်ဆိုရင် ဆရာမြသန်းတင့် ရဲ့ ဝတ္ထုကောင်းလေးတစ်ခု သတိရလိုက်တယ်၊ ဓားတောင်ကိုကျော်၍ မီးပင် လယ်ကို ဖြတ် မည်ဆိုတဲ့ စကားလုံးကို သွားသတိရတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဓားတောင် ကိုလည်း မ ကြောက်ပါဘူး၊ မီးပင်လယ်လည်း မမှုပါဘူး။ တကယ်လိုအပ်တာက ပြည်သူတွေအားလုံးရဲ့ ပူးပေါင်းပါဝင် မှုနဲ့ စည်းလုံးညီညွတ်မှုပါလို့ ပြောရင်းနဲ့ ကျွန်တော်တို့ရဲ့စကားဝိုင်းကို အဆုံးသတ်ချင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */