" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 15, 2019

ICJ တွင် တရားစွဲဆိုခံရမှု ဥပဒေကြောင်းအရ ဖြေရှင်းမည်ဟု မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ပြောကြား

7DAY DAILY
By ထက်အာကာကျော်
Tuesday, November 12, 2019
-
ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာချိုးဖောက်ခြင်းမရှိ၊ နိုင်ငံရေးအရ လုပ်ဆောင်ဟု သုံးသပ်

 
 ရခိုင်ပြည်နယ် အရေး နှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး (ICJ)တွင်ဂမ်ဘီယာ နိုင်ငံက မြန် မာ နိုင်ငံ အပေါ် တရားစွဲဆိုထားမှုကို နိုင်ငံတော်အကျိုးစီးပွားအတွက် လုပ်ဆောင်စရာ ရှိသည်ကို ဆက်လက် လုပ် ဆောင်မည်ဖြစ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း နယူးယောက်မြို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက 7Day Daily သတင်းစာအား   ယမန်နေ့တွင် ပြောသည်။

လူမျိုးတုံးသတ်ဖြတ်ခြင်း ရာဇဝတ်မှုတားဆီး ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာ နိုင် ငံက ချိုးဖောက်သည်ဆိုကာ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သော အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာက ICJ သို့ နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုခြင်းအပေါ်  မြန်မာသံအမတ်ကြီးက ယင်းသို့ ကနဦးမှတ်ချက်ပြု သုံးသပ်ခြင်း ဖြစ်သည်။

‘‘ဥပဒေကြောင်းနဲ့ ပတ် သက်တာ ဥပဒေကြောင်းနဲ့ ပြန်လည်ချေပရမယ်။ မဟုတ်ဘူး ဆိုတာကို မဟုတ်ဘူး ဆို တဲ့အ ကြောင်း ပြန်ပြီးချေပရမှာပေါ့’’ ဟု ဦးဟောက်ဒိုဆွမ်းက ပြော သည်။

ICJ သည် ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး ပဋိညာဉ်စာချုပ်အရ နိုင်ငံအ ချင်းချင်း အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးရကာ   များ သောအားဖြင့်   နှစ်နိုင်ငံ   ကုန်း၊ ရေ နယ်နိမိတ် အငြင်းပွားမှုများ၊ နှစ်နိုင်ငံ စာချုပ်စာတမ်း အငြင်းပွားမှုများကို ဖြေရှင်းပေးရလေ့ရှိ ကြောင်းနှင့် ယခုကဲ့သို့ လူသား ချင်းစာနာထောက်ထားမှု၊ ကြီးလေးသည့် ရာဇဝတ်မှုများအပေါ် ဝင်ရောက်ဖြေရှင်း ပေးခြင်းမျိုး မရှိကြောင်း မြန်မာသံအမတ်ကြီးက ဆိုသည်။

‘‘သူတို့စွဲချက်က ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး စွဲတာကိုး။ ကျွန်တော်တို့ က ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုး ဖောက်တာ မရှိဘူးလေ။ အခုဟာ က၊ ရခိုင်ပြည်နယ် ဖြစ်သွားတာ က အကြမ်းဖက်မှုကို တန်ပြန်နှိမ် နင်းရေး လုပ်ရင်းနဲ့ အစုလိုက် အပြုံလိုက် ဟိုဘက်ကို ပြေးသွားတဲ့ ကိစ္စပဲ။ အဲဒါကို ဖြေရှင်းဖို့ လည်း နှစ်နိုင်ငံ သ ဘောတူ စာချုပ်ချုပ်ပြီး လုပ်ဆောင်နေတယ်။ ဂျီနိုဆိုက်လုပ်တယ်ဆိုရင် ဒီကိစ္စကို နှစ် နိုင်ငံဖြေရှင်းပြီးဟိုဘက် ထွက်သွားတဲ့ လူတွေကို ပြန်လာဖို့အတွက် လုပ်စရာဘာအကြောင်းမှ မရှိဘူး’’ ဟု ဦးဟောက်ဒိုဆွမ်းက ရှင်းပြ သည်။

ထို့အပြင် ဂမ်ဘီယာနိုင်ငံ၏ မြန်မာအပေါ် စွပ်စွဲချက်တွင် မြန်မာနိုင်ငံ၌ ကျန်ရှိနေသည့် ဘင်္ဂါလီများ၏ အသက် အန္တရာယ် ရှိ သည်ဟု ပါဝင်ပြီး ယင်းအချက်လည်း မှားယွင်းကြောင်းနှင့် အ သက်အန္တရာယ် ခြိမ်း ခြောက်မှု မရှိသည်မှာ ကုလအဖွဲ့အစည်း များ အပါအဝင် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် နိုင်ငံတကာ အ သိုင်းအဝိုင်းများ သိရှိထားပြီးဖြစ် ကြောင်း သံအမတ်ကြီးက ဆက် လက်ပြောသည်။

‘‘ရှင်းရှင်း လင်းလင်းပြောရင် OIC က တင်တယ်ဆိုကတည်းက နိုင်ငံရေးအရ လုပ်တာ။ OIC က လုပ်ရ အောင် လည်း OIC  ဆိုတဲ့ အဖွဲ့အစည်းကလည်း အဖွဲ့ဝင်နိုင်ငံအနေနဲ့ ပါတာမဟုတ်ဘူး။ ဂမ်ဘီယာက ကိုယ်စားလုပ်တယ်။ ဂမ်ဘီယာနဲ့ ကျွန်တော်တို့နဲ့ ကလည်း ဘာမှမဆိုင်ဘူး။ ရခိုင်အရေးကလည်း ဂမ်ဘီ ယာနဲ့ ဘာမှမဆိုင်ဘူး။ နှစ်နိုင်ငံချင်းအရ ဘာမှ ပြဿနာရှိတဲ့ ကိစ္စမဟုတ်ဘူး’’ ဟု ဦးဟောက်ဒိုဆွမ်းက ပြောသည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်ခြင်း ရာဇဝတ်မှုတားဆီး ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို ၁၉၄၈ ဒီဇင်ဘာ ၉ ရက်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် သံတမန်ရေးအရ ဖိအားပေးမှုဖြစ်ပြီး ရခိုင်အရေးသည် ဂျီနိုဆိုက် (လူမျိုးတုံး သတ်ဖြတ်ခြင်း) မဟုတ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

‘‘မြန်မာပြည်မှာ တစ်ခါမှမရှိခဲ့ဖူးဘူး။ ပတ်ဝန်းကျင်နိုင်ငံ တွေမှာလည်း မရှိခဲ့ဖူးဘူး။ ကြံဖန်ပြီး စွဲတဲ့သူက စွဲမှာပဲ။ အဲဒီမှာ ပြည်တွင်း၊ ပြည်ပ ဥပဒေတွေမှာ စွဲတိုင်းနိုင်ရမယ်ဆိုတာ မရှိပါဘူး’’ဟု ၎င်းက ပြောသည်။

လက်ရှိကမ္ဘာပေါ်တွင် မြန်မာနိုင်ငံထက် ဆိုးရွားသည့် ဖြစ်ရပ်များစွာ  ရှိသော်လည်း မြန်မာကို ဦးတည် လာခြင်းသည် ယင်းနိုင်ငံများ၏ အကျိုးစီးပွား မည်သို့ ရှိသည်ကို စဉ်းစားရန် လိုအပ်ကြောင်း ဒီချုပ်အမတ် တရားလွှတ် တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

‘‘ဒီဘက်ကို အာရုံစိုက်လာ အောင် ကျင့်သုံးတဲ့နည်း၊ ပရိယာယ် တစ်ခုလို့တော့ မြင်ပါတယ်’’ ဟု ၎င်းကဆို သည်။

ယင်းသို့ တရားစွဲဆိုခြင်းက မြန်မာနိုင်ငံအကြောင်း လုံးဝမသိ ရှိသည့်   နိုင်ငံများအတွက် တုန်လှုပ်ချောက်ချားပြီး ဆက်ဆံရေး ကျဲလာနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရခက်ခဲစေရန် ရည်ရွယ်သည့် နည်းဗျူဟာလည်း ပါဝင်နိုင်ကြောင်း ဦးအောင်သိန်းက သုံးသပ်သည်။

အထက်ပါ တရားစွဲဆိုထား မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံက အလေးအနက်ထား   တုံ့ပြန်ဖြေရှင်းသင့်ကြောင်းနှင့် အလေးအနက် မထားပါက အရေးယူခြင်းများ  ဖြစ်လာနိုင်ကြောင်း   နိုင်ငံရေး သုတေသီ ဒေါက်တာတင်မောင်သန်းက အကြံပြုသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */