" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 11, 2020

ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ၊ ရဲခေါင်မြင့်မောင်
2020-06-10


ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက်  မြန်မာနိုင်ငံကို ICJ နိုင်ငံ  တ ကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာ ရေး လွတ် လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCIRF က ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့ စိုးရိမ်ပူပန်ရတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ပြီး သတ်မှတ်ထားတာ တွေ့ရပါတယ်။

ဝါရှင်တန်ဒီစီမှာ မနေ့က ပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  ၂၀၁၉ ခုနှစ်အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဘာ သာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ တိုးပွားနေတာ တွေ့ရကြောင်းနဲ့ အခုနှစ် ကိုရိုနာကပ်ရောဂါ  ဖြစ် ပွားနေတဲ့ ကာလအတွင်းမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ တိုးလာတာတွေ့ရကြောင်း နိုင် ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောခဲ့ပါတယ်။

အခုနှစ်မှာ အမေရိကန်အစိုးရက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ အ ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အိုင်စီဂျေ နိုင် ငံတကာ တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး ဒါဟာ ရဲဝံ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုလစောပိုင်းကတင်ပဲ အမေရိကန် အစိုးရအဖွဲ့ တစ်ခုလုံးအနေနဲ့  ဘာ သာရေးလွတ်လပ်ခွင့်အခြေအနေ တိုးတက်အောင်  ဦးစားပေးလုပ်ဆောင်ဖို  သီးသန့် ညွှန်ကြားချက် တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန အနေနဲ့လည်း အခုနှစ်မှာ နိုင်ငံတကာ ဘာ သာရေး လွတ်လပ်ခွင့် မဟာမိတ်အဖွဲ့ကို  ဖွဲ့စည်းနိုင်ခဲ့သလို၊  အမေရိကန်သံတမန်တွေကို ဘာသာရေး လွတ် လပ်ခွင့်အရေးနဲ့ ပက်သက်လို့ နက်နက်နဲနဲ နားလည်သိရှိစေဖို့ သင်တန်းပို့ချနေတယ် နေတယ်လို့လည်း  နိုင်ငံ ခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောခဲ့ပါတယ်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samuel Brownback က ဘာသာ ရေးလွတ်လပ်ခွင့်နဲ့ ပက်သက်လို့ စိုးရိမ်ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာအခုနှစ်အ တွင်း ရိုဟင်ဂျာအကျဉ်း သား တစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဟာ  ကြီးမားတဲ့ အောင်မြင်မှုတစ် ခုဖြစ်တယ်လို့ ပြောပါတယ်။

၂ဝ၁၉ အတွက် ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့  နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ  မြန်မာ နိုင်ငံကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗီးယားနဲ့ ဗီ ယက်နမ် စတဲ့ နိုင်ငံတွေနဲ့အတူ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ပူပန်ရတဲ့ နိုင်ငံစာရင်းမှာ ဆက် လက်ထည့်သွင်းထားဖို့ အမေရိကန်အစိုးရကို  အကြံပြုထားပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCIRF  ရဲ့ ဘာသာရေး လွတ် လပ်ခွင့် အစီရင်ခံစာထဲမှာ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ နိုင်ငံအနှံ့ ဆက်ဖြစ်နေပြီး၊ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေမှာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို ချိုးဖောက်ခံနေရကြောင်း၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသက ခရစ်ယာန် ဘာသာ ဝင်တွေ အပေါ်မှာလည်း တပ်မ တော်နဲ UWSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိနှိပ်မှုတွေ ကြုံခဲ့ရကြောင်း၊ မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ လူနည်းစုတွေနဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ချိမှုနဲ့ အမုန်းစကား ဖြန့်ချိမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်နေတာတွေ့ရကြောင်း ဖော်ပြထားပါ တယ်။

အမေရိကန် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင် တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့နဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ဒါမှမဟုတ် လူ သားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်း ရှိမရှိ တရား ဝင် ထုတ်ပြန်ပေးဖို့လည်း အကြံပြုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */