" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Sunday, July 10, 2022

ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

RFA
Radio Free Asia
2022.07.09
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်ကနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေးကို တွေ့ရစဉ် Photo: FABRICE COFFRINI / AFP
 
 သက်ဆိုင်ရာ နိုင်ငံမပါဘဲ ရိုဟင်ဂျာအရေးကို ဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇွန်လ ၁၃ ရက်ကနေ့ကနေ ဇူလိုင် ၈ ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေး မှာ ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေ လူ့အ ခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဖိနှိပ်မှု ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါတွေကို စစ်ကောင်စီက ကန့်ကွက်လိုက်တာပါ။

Friday, July 8, 2022

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကုလလူ့အခွင့်အရေး ကောင် စီ ဆုံးဖြတ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဇူလိုင်၊ ၂၀၂၂

၂၀၁၇၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွါသွားကြတဲ့ ရိုဟင်ဂျာများ။


ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဆန္ဒအရ ဘေးကင်းလုံခြုံ ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေစတင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံကိုတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့် အရေး ချိုး ဖောက်မှုတွေဆက်ပြီးဖြစ်ပေါ်နေတဲ့အကြောင်း ကုလလူ့အခွင့်အရေး ကောင်စီက ဇူလိုင် ၇ ရက်နေ့ မှာ မဲမခွဲဘဲတညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။

Thursday, June 30, 2022

ယနေ့သတင်း (အမြန်ရှာရန်) 2022 ဇွန်လ

 ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )

30.06.2022

ဂျပန်ဘီယာ ကီရင်က သူ့ရှယ်ယာတွေကို မြန်မာစစ်တပ်နဲ့ဖက်စပ်လုပ်ကိုင်နေတဲ့လုပ်ငန်းဆီ ရောင်းချမယ်-BBC

သဘောထားမတူတဲ့ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ပြုဖို့ စာရင်းပြုစုထားတာမျိုးမရှိလို့ NUG ရှင်းလင်း-BBC

ပင်းတယမြို့အထွက် ရဲကင်းစခန်းတစ်ခုပစ်ခတ်ခံရလို့ စစ်သားတစ်ဦးသေဆုံး-BBC

လန်ချန်း-မဲခေါင်အစည်းအဝေးကျင်းပမယ့် ပုဂံမှာ လုံခြုံရေးတင်းကြပ်-BBC

ဥကရိထ စခန်းသိမ်းတိုက်ပွဲ -စစ်တပ်က လေယာဥ်ပစ်ကူ ပိုသုံးလာတယ်လို့ဆို-BBC

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲအခြေအနေ-BBC

မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်ခဲ့သူရဲ့ ထောင်နှစ် ၃၀ ပြစ်ဒဏ်ကို စင်္ကာပူ အယူခံခုံရုံး အတည်ပြု-BBC

တရားမဝင် ဝင်ရောက်သူ လူပေါင်း ၁၆၀ ကျော်ကို ထိုင်းကပြန်လွှဲပေး-BBC

မြန်မာအရေးနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့ ၇၀၀ နီးပါး ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးကို ဝိုင်းဝန်း တောင်းဆို-BBC

စစ်ရဲ့သက်ရောက်မှု ကလေးသူငယ်တွေအပေါ် အများဆုံး ကျရောက်နေ-BBC

ဥကရိထ စခန်းသိမ်းတိုက်ပွဲ - လက်နက်မှန်တဲ့အရပ်သားအချို့ ထိုင်းဘက်ခြမ်းမှာ ဆေးကုနေရ -BBC

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ အာဆီယံအထူးသံနဲ့တွေ့ဆုံဖို့ရှိ -BBC

ပူတာအိုက ရဝမ်လူငယ်အသင်းဥက္ကဋ္ဌ ထောင် ၁၀ နှစ်ချမှတ်ခံရ -BBC

မြန်မာပြည်မြောက်ပိုင်းရောက် မင်းသားရဲ့ တော်လှန်ရေး -BBC

လွတ်ရက်စေ့ မြန်မာအလုပ်သမား ၁၆၀ ကျော် ထိုင်းကနေပြန်ပို့  -VOA

NCA လက်မှတ်ထိုး ၇ ဖွဲ့ အာဆီယံအထူးသံနဲ့ တွေ့ဆုံဖို့ရှိ  -VOA

မင်းတပ် မဒပ်ရွာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး -RFA

စစ်တပ်ရဲ့ အကြမ်းဖက်ခံနေရတဲ့ ကလေးငယ်တွေကို အရေးပေါ် ကယ်တင်ဖို့ ကုလသတိပေး- RFA

မူးယစ်ဆေးထုတ်လုပ်မှုမှာ စစ်တပ် ပါဝင်ပတ်သက်နေလို့ ကျွမ်းကျင်သူတွေ သုံးသပ် - RFA

တရားမဝင် မြန်မာအလုပ်သမား ၁၆ဝ ကျော်ကို နေရပ်ပြန်ပို့- RFA

NLD လွှတ်တော်အမတ် ဒေါ်ဝင်းမြမြ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ- RFA

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တချို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမည် - RFA

လက်ပံတောင်းကြေးနီစီမံကိန်းအနီး လူကိုးဦးထက်မနည်း အသတ်ခံထားရ- RFA

ရခိုင်မှာ အရပ်သား ၄၀ ခန့် အဖမ်းခံထားရကြောင်း AA ပြော-RFA

အာဆီယံအထူးသံ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်စတင်-RFA

စစ်တပ်က အရာရှိ၊ စစ်သည် ၁၈ ဦး NUG ထံမှာ ခိုလှုံလာကြောင်း ထုတ်ပြန်-RFA

စစ်တပ်နဲ့ KNU မြဝတီမြို့အနီး တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်သေဆုံးမှုများ- RFA

ယင်းမာပင်မြို့ လည်ငေါက်ရွာ အိမ်တစ်ရာနီးပါး မီးရှို့ခံရ-RFA

ကျောက်ကြီးနဲ့ မုန်းမြို့မှာ တိုက်ပွဲကြောင့် ရွာသား ၁၆,၀၀၀ ကျော် ထွက်ပြေးနေရ -RFA

မြောင်မြို့ပေါ်တွင် ဒရုန်းစစ်ဆင်ရေးပြုလုပ်ရာ စကစတပ်သား ၇ ဦး သေဆုံး -Mizzima

ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးသပိတ်ပြုလုပ် -Mizzima

အလုံမြို့နယ်ရှိ Sky Way Club & KTV မီးလောင်မှုဖြစ်ပွါး-Mizzima

စစ်တွေမြို့ ကုန်တန်းရက်ကွက်တွင်ဖမ်းဆီးခံခဲ့ရသည့် လူငယ်တစ်ဦး ၈ရက်ကြာသည်အထိ သတင်းအစအန မရဘဲ ပျောက်ဆုံးနေ - Narinjara

ပလက်ဝမှ ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် - Narinjara

ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ပြန်လွှတ်လာသည့်ဆရာမ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရဟုဆို - Narinjara

ဆိုးဝါးစွာပြိုပျက်နေသည့် ရသေ့တောင်ကမ်းနားလမ်းကို ၁ နှစ်ကျော်ကြာသည့်တိုင် ပြုပြင်ပေးမှုမရှိသေး - Narinjara

အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားနှစ်ဦးတို့ကို ၁လနီးပါးတရားရုံးမတင်ဘဲ စစ်ကောင်စီတပ် ကဥပဒေမဲ့ဖမ်းဆီးထား - Narinjara

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်လာသည့် ရခိုင်လူမျိုး၆ ဦး မောင်တောစစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရ - Narinjara

ကျောက်တော်တွင် စစ်ဘေးရှောင်တစ်ချို့ အရေပြားရောဂါဖြစ်ပွားနေ -DMG

ရေယာဉ်ပေါ်တွင် ကန်ကျောက်ခံရသည့် ကျောက်ဆိပ်ရွာသားများ အကျဉ်းထောင်တွင် နှစ်နှစ်ကျော်ကြာ ချုပ်နှောင်ခံထားရပြီဖြစ်သော်လည်း အမိန့်မချသေး-DMG

ရှေးဟောင်းပစ္စည်းများ တူးနေသည့် ဟန်လင်းဇုန်အနီး စစ်ကောင်စီတပ် ချထား- Irrawaddy

စစ်ကောင်စီက ရေကြောင်းသွားလာခြင်းကို ပိတ်ထား၍ ရခိုင်ပြည်သူတို့ အခက်ကြုံ- Irrawaddy

ပို့ကုန်ရငွေ စာရင်းရှင်းရန် ကျန်ရှိကုမ္ပဏီများကို စစ်ကောင်စီ ပြန်တောင်းနေ- Irrawaddy

အာဏာအားပြိုင်မှုကြားက ရခိုင် လူဖမ်းပွဲ- Irrawaddy

ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ - Irrawaddy

ထိုင်း-မြန်မာ နယ်စပ်မှ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် လိုင်စင်ကြေး တိုးမြှင့်-Irrawaddy

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥကရစ်ထ စစ်‌ဘေးရှောင်ပြည်သူများ ထပ်မံတိမ်းရှောင်- DVB

နယ်စပ်ရောက် ကျောင်းသားလူငယ်များနှင့် CDM ဝန်ထမ်းများ ပြန်ဝင်ရောက်ရေး မြန်မာနှင့် ထိုင်းစစ်တပ် ဆွေးနွေး-DVB

သထုံတိုက်ပွဲတွင် PDF ရဲဘော် ၂ ဦး ကျဆုံး -DVB

ဥကရစ်ထတပ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများ -DVB

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၃၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန် -DVB

မိုးတွင်းကာလ အသုံးပြုမည့် လှေဝယ်ယူနိုင်ရန် ကလေး PDF အလှူငွေကောက်ခံ-DVB

ပင်းတယ-ရွာငံသွား တောင်ပေါ်ကြီးလမ်းပိုင်း ယာယီပိတ်ထားဟု ပြောက်ကျားတပ်ဖွဲ့ ကြေညာ-DVB

မြန်မာ့ပြောင်း ပြည်ပတင်ပို့မှု ရပ်တန့်လုနီးပါးဖြစ်နေပြီး စျေးဆက်တိုက်ကျဆင်း- DVB

ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၆,၀၀၀ ကျော် စားနပ်ရိက္ခာ အခက်ကြုံ -DVB

လပွတ္တာမြို့နယ်၊ ကျေးရွာစာသင်ကျောင်းတွင် နေ့စဉ် သန့်ရှင်းရေးလုပ်ခိုင်းနေသဖြင့် ကျောင်းသားများ အိမ်ပြန်နောက်ကျ -DVB

အာဏာသိမ်းကာလ ၁ နှစ်ခွဲခန့်အကြာ စစ်အုပ်စုက ပြည်သူ ၂,၀၄၀ နီးပါးကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၄,၀၀၀ ကျော်ရှိ- DVB

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရွေးကောက်ပွဲအမှုမှ လွတ်မြောက် - DVB

နိုင်ငံတကာရေးရာ

ဖိလစ်ပိုင်မှာ ဒူတာတေးအစိုးရကို ဝေဖန်တဲ့ ရက်ပလာသတင်းဌာနပိတ်ပင်ဖို့ အမိန့်ထုတ်-BBC

နေတိုးထိပ်သီး အစည်းအဝေး- စစ်ရေးမဟာမိတ်အဖွဲ့အတွက် စိန်ခေါ်ချက် ငါးခု-BBC

မြန်မာ့အရေး နိုင်ငံတကာ ကြိုးပမ်းမှုတွေ မလုံလောက် (ကုလအထူးကိုယ်စားလှယ်)  -VOA

ရုရှားနဲ့ တရုတ်အပေါ် ပစ်မှတ်ထားမယ့် မဟာဗျုဟာသစ် နေတိုးအဖွဲ့အတည်ပြု -VOA

ဟိန္ဒူတဦး အသတ်ခံရမှုကြောင့် အိန္ဒိယမှာ တင်းမာမှုတွေပေါ်ပေါက်  -VOA

ထိုင်းရောက် ဝီဂါမွတ်ဆလင်တွေ တရုတ်နိုင်ငံပြန်မပို့ရေး လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို  -VOA

 ရိုဟင်ဂျာမိန်းကလေးများ အာဂျင်တီးနားတရားရုံးမှာ ကြားနာစစ်ဆေးခံမည်-VOA (TK)

လက်ရှိကမ္ဘာအခြေအနေနဲ့စိန်ခေါ်ချက်များ နေတိုးခေါင်းဆောင်တွေဆွေးနွေး  -VOA

သီရိလကာင်္ လောင်စာဆီ ပြတ်တောက်  -VOA

 ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ခရီးစဉ် အကျိုးရလဒ်မမြင်လို့ ဝေဖန်ကြ-RFA

 ကြွေးမြီပျက်ကွက်သည့် သီရိလင်္ကာ၏ စီးပွားရေး ပထမသုံးလပတ်၌ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျုံ့-Mizzima

တရုတ်နိုင်ငံခြားရေးဝန်ကြီး ပုဂံ လာမည် - Irrawaddy

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ဇွန်လ၊ ၂၀၂၂

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါ သည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
30.06.2022
VOA
VOA
VOA
30.06.2022
BBC
BBC
BBC
30.06.2022
RFA
RFA
RFA

အနောက်ဘက်က အော်သံ

DMG
နေမျိုးလင်း
Jun 28, 2022

မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်ရှိသည့် ရခိုင်ပြည်သည် တောတောင်သဘာဝအလှတရားများ၊ ဘုရားပုထိုး စေတီများနှင့် သဘာဝသယံတများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်။ အဝေးကလှမ်းမျှော်ကြည့်လျှင် နေ ချင် စဖွယ်ဒေသတစ်ခုဟု ထင်မြင်နိုင်သော်လည်း ဆယ်စုနှစ်တစ်ခုကြာ ပိတ်လှောင်ခံထားရသူများအတွက် မွန်း ကျပ်မှုများဖြစ်ပေါ်ကာ ဤဒေသက ထွက်ပြေးလွတ်မြောက်ချင်သူများရှိနေသည်။

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) ဇွန်လ ၊၂၀၂၂

၂၀၂၂ ခု ဇွန်လ၊မြန်မာ့အလင်း သတင်းစာ

30.6.2022

Monday, June 27, 2022

ရှင်သန်နေထိုင်ရေးအတွက် အသက်စွန့်နေကြတဲ့ ရိုဟင်ဂျာ တွေဘဝ

VOA
၂၉ မေ၊ ၂၀၂၂
ဆုမွန်
FILE PHOTO: Rohingya refugees continue their journey after crossing the Myanmar-Bangladesh border in Palong Khali, Bangladesh, November 1, 2017. REUTERS/Hannah McKay/File Photo FROM THE FILES - 3RD ANNIVERSARY OF ROHINGYA MUSLIM EXODUS FROM MYANMAR

ဒီသီတင်းပတ်ထဲ ပင်လယ်ပြင်ထဲ စက်လှေမှောက်ပြီး ကလေးငယ်လေးတွေအပါအဝင် လှေစီးပြေး ရိုဟင်ဂျာ တဒါဇင်ကျော် ပင်လယ်ပြင်ထဲ အသက်ဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလမဟာမင်းကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုရိုဟင်ဂျာတွေ ပင်လယ်ထဲ အသက်ဆုံးရတဲ့ ဖြစ်ရပ်တွေ မကြာခဏကြုံရတာ ဘာကြောင့်ပါလဲ။ မျှော်လင့်ချက် အနာဂတ်မဲ့နေတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကန့်သတ်ချက်တွေနဲ့ နေထိုင်ရတဲ့ မြန်မာနိုင်ငံကနေ လွတ်မြောက်ရေး ပင်လယ်ပြင်အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ထွက်ပေါက်လမ်းရှာခဲ့ကြတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်နဲ့ရင်း ဘဝတွေပေးဆပ်ခဲ့ကြရတဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေ ဒုက္ခသည်တချို့ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် စိစစ်ခွင့်ပြုဖို့ ထိုင်းအစိုးရ ကို HRW တောင်းဆို

RFA
2022.06.07
ထိုင်းနိုင်ငံမှာ ဇွန် ၄ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ ရိုဟင်ဂျာများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အန္တရာယ်များလှတဲ့ ရေလမ်းခရီးကို ဖြတ်ကျော်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံက ကျွန်းတစ်ခုမှာ သောင်တင်ခဲ့တဲ့ ရိုဟင်ဂျာအုပ်စုတစ်ခုကို ဒုက္ခသည်အဖြစ် ကူညီဆောင်ရွက်နိုင်ရေး ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက ခိုတောင်ကျွန်းမှာ သောင်နေတဲ့ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်းရေတပ်က စနေနေ့မှာ တွေ့ရှိခဲ့တာပါ။ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦး၊ ယောကျာ်းလေး ၃ ဦး၊ မိန်းကလေး ၂ ဦး ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာလာတာဖြစ်ပြီး သူတို့ကို ခေါ်လာတဲ့ စက်လှေကနေ မလေးရှားနိုင်ငံကိုရောက် ပြီဆိုပြီး ခိုတောင်ကျွန်းပေါ်မှာ ထားပစ်ခဲ့တာလို့ ထိုင်းရေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

HRW ကတော့ - ဒီရိုဟင်ဂျာတွေကို ပြန်ပို့ဖို့မလုပ်ခင် ဒုက္ခသည်အဖြစ် စိစစ်နိုင်ရေး ထိုင်းအစိုးရက ခွင့်ပြုဖို့ တောင်းဆိုခဲ့တာပါ။
                                                                                 

Sunday, June 26, 2022

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ် မှု နိုင်ငံတကာရဲ့ ပြဿနာဖြစ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၆ ဇွန်၊ ၂၀၂၂

ကမ္ဘာ့ဒုက္ခသည်များနေ့အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ စုဝေးဆန္ဒပြနေပုံ။ (ဓာတ်ပုံ ကိုအောင်မြိုင်-ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇))


ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု အတွက် တာဝန်ခံမှု ရှိရေးဟာ နိုင်ငံတကာ နဲ့ အာဆီယန် ရဲ့ ပြဿနာလည်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြား လိုက်ပါတယ်။

ဗွီအိုအေဘင်္ဂလာဌာနနဲ့ ဝါရှင်တန်ဒီစီမှာ လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒါဟာ နိုင်ငံတကာကိစ္စဖြစ်တယ်လို့ သံအမတ်ကြီးက ဇွန်လ (၂၄) ရက်နေ့က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အခြေအနေ ဖန်တီးရေး၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအတွက် တာဝန်ခံမှုရှိ ရေးကို ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာနဲ့ အမေရိကန်က ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍရှိကြောင်း၊ ဒါဟာ အာ ဆီယန်ရဲ့ အရေးကိစ္စလည်း ဖြစ်ပါတယ်။” လို့ သံအမတ်ကြီးက ပြောသွားခဲ့တာပါ။ ရိုဟင်ဂျာတွေအပေါ် ကျူး လွန် ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိ ကန်ပြည်ထောင်စုက သတ်မှတ်ခဲ့တဲ့အတိုင်း ရိုဟင်ဂျာတွေ မြန်မာပြည် ပြန်နိုင်ဖို့အတွက် အမေရိကန်နဲ့ ဘင်္ဂ လားဒေ့ရှ်က အတူတကွ လုပ်နိုင်ကြမယ်လို့ ထင်မြင်ပါသလားဆိုတဲ့ မေးခွန်းကို သံအမတ်ကြီးက ဖြေကြားခဲ့ တာပါ။

Thursday, June 23, 2022

ရိုဟင်ဂျာစခန်းတွင် ပစ်သတ်ခံရသည်ဟု စွပ်စွဲခံထားရသည်

www.jagonews24.com
ခရိုင်ကိုယ်စားလှယ် ကော့ဘဇား
ထုတ်ဝေသည်: ၀၃:၀၁၊ ဇွန် ၂၃၊ ၂၀၂၂ 

ရိုဟင်ဂျာစခန်းတွင် ပစ်သတ်ခံရသည်ဟု စွပ်စွဲခံထားရသည်။

Mohammad Shah ကိုသတ်ခဲ့တယ်။

ကော့ဘဇားရှိ Ukhiya Rohingya စခန်းတွင် နောက်ထပ် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယခုတစ်ကြိမ်တွင် အမည်မသိ လူလိမ်များက လူတစ်ဦးကို ပစ်သတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ (၂၂)ရက်နေ့ ညနေပိုင်းက Camp-17 တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာ AH-84 ရပ်ကွက် Abdullah ၏သား Mohammad Shah (48) နှစ်သည် ယခုဖြစ်ရပ်တွင် သေဆုံးသွား ခဲ့ သည်။

Wednesday, June 15, 2022

ရိုဟင်ဂျာတွေ နေရပ်ပို့ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အဆင့် အွန်လိုင်းက ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၅ ဇွန်၊ ၂၀၂၂
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပ ဉ္စမအကြိမ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပစဉ်။ (၁၄-၆-၂၀၂၂ ရက်၊ နေပြည်တော်)

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအစည်းအဝေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာန အကြီးတန်းအရာရှိတွေ အင်္ဂါနေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။ အတွင်းဝန်တွေဖြစ်ကြတဲ့ ဦး ချမ်းအေးနဲ့ မစ္စတာ မာစွတ် ဘင် မိုမမ် (Mr. Masud Bin Momen) တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

Thursday, June 9, 2022

မြန်မာစစ်အစိုးရသည် ရခိုင်ပြည်နယ်တွင် 'လူမျိုးတုံးသတ်ဖြတ်မှု' လုပ်ဆောင်နေ- အစီရင်ခံစာ

THE DIPLOMAT
Sebastian Strangio
ဇွန် ၀၉၊ ၂၀၂၂ 

( ဘာသာပြန် )

 ထောက်ခံအားပေးရေးအဖွဲ့ Fortify Rights ၏အဆိုအရ၊ ပြည်နယ်၏ အထောက်အထားစာရွက်စာတမ်းများကို ဆိုး ရွားစွာ အသုံးပြုခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှု၏ အ တိတ် အပိုင်းများကို ထင်ဟပ်စေသည်။


ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် လူမျိုးတုံး သတ်ဖြတ်မှု လွယ်ကူချောမွေ့စေရန်အတွက် မြန်မာစစ် အစိုးရက အထောက်အထား စာရွက်စာ တမ်းများ ကဲ့သို့ သော စီမံခန့်ခွဲရေးအစီအမံများကို အသုံးပြုနေသည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့ သည်။

ရိုဟင်ဂျာများ အစီရင်ခံစာသစ်တစ်ခုတွင် အပေါ် မြန်မာ အစိုးရ၏ ပြုမူဆက်ဆံမှုသည် ၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုဟု ထင်ဟပ်စေသည်ဟု ထောက်ခံ အားပေးရေးအဖွဲ့ Fortify Rights က ဆိုသည်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းအား  လက်နက်ကိုင် တိုက်ခိုက်မှုသည် ကြီးမားစွာ ပြီးဆုံးသွားသော်လည်း “လူမျိုး တုံးသတ်ဖြတ်မှု” ကြာမြင့်နေပြီဖြစ်ပြီး ယနေ့တွင် ဆက်လက်လုပ် ဆောင်နေပါသည်” ဟု ထုတ်ပြန်ချက် နှင့်အတူ ပူးတွဲဖော်ပြချက် တစ် ခုအရ သိရသည်။

Monday, June 6, 2022

Commander SHOBBIR HUSSEIN [1941-1998]

Commander SHOBBIR HUSSEIN [1941-1998]



တပ်မှူးရှော်ဗ္ဗီးရ်ဟူစိန်း [၁၉၄၁-၁၉၉၈]


ရှောဗ္ဗီးရ်ဟူစိန်သည် ၁၉၄၁ ခုနှစ် ဧပြီလ ၁၄ ရက် တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖွီမာလီကျေးရွာရှိ ထင်ပေါ်ကျော်ကြားသည့် မိသားစုမှ မွေးဖွားလာသည်။ ဖခင်မှာ ကျောင်းဆရာ အဟ်မဒူရာမာန်ဖြစ်ပြီး မိခင်မှာ ဒေါ်ဆော်လီမာခါတွန် ဖြစ်သည်။ ရှော်ဗ္ဗီရ်ဟူစိန်းသည် အခြေခံပညာကို ဇာတိရွာ၌ သင်ယူခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းကို ဘူးသီးတောင်မြို့ အထက်တန်းကျောင်းနှင့် စစ်တွေမြို့ အထက်တန်းကျောင်းမှ သင်ယူခဲ့သည်။ ၁၉၅၉ ခုတွင် စစ်တွေမြို့ အစိုးရ အထက်တန်းကျောင်းမှ ၁၀-တန်းအောင်ခဲ့သည်။ ထို့နောက် ကျောက်ဖြူ ကော် လိပ်၌ ဥပစာတန်း သင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာသိပ္ပံကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့ရာ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံဖြင့် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂-၆၅ ထိ ရန်ကုန်တက္ကသိုလ် စစ်လေ့ကျင့် ရေးသင်တန်း (Ragoon University Crops- UTC) တက်ရောက်ကာ အခြေခံစစ်ပညာကိုလဲ သင်ယူခဲ့သည်။

Sunday, June 5, 2022

NEWER UNION- Greater Albania - အိပ်မက် ဒါမှမဟုတ် အိပ်မက်ဆိုးလား။

ရေးသားသူ BALK သတင်း
ထုတ်ဝေမှု- 2020.01.27


ကိုဆိုဗိုပွင့်လင်းလူ့အဖွဲ့အစည်းဖောင်ဒေးရှင်း (KFOS) နှင့် အယ်လ်ဘေးနီးယားပွင့် လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း (OSFA) တို့သည် နိုင်ငံနှစ်ခုလုံးရှိ လူများကို အကျိုးသက်ရောက်ပြီး စိတ်ပါဝင်စားသည့် ကိစ္စ ရပ် များကို သုတေသနပြုလုပ်ခဲ့ကြသော်လည်း အာရုံစိုက်ထားသည်။ နှစ်နိုင်ငံ ပေါင်းစည်းရေး ဖြစ်နိုင်တယ်။ သူတို့က တောင်းဆိုတယ်။ ရလဒ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲခေါ်မည်ဆိုပါက အယ်လ်ဘေးနီးယားတွင် ဖြေဆို သူ ၇၄.၈ ရာခိုင်နှုန်းနှင့် ကိုဆိုဗိုတွင် ၆၃.၉ ရာခိုင်နှုန်းက နှစ်နိုင်ငံ ပေါင်းစည်းရန် မဲပေးကြမည်ဖြစ်သည်။ ဆန့် ကျင်သူများသည် ပြည်နယ်နှစ်ခုကို သီးခြားပြည်နယ်များအဖြစ် ပိုကောင်းသည်ဟု ထင်ရသည့် အဓိက အ ကြောင်းရင်းဖြစ်ကြောင်း Nostalgic က ၎င်း၏ဘလော့ဂ် The Stories of the Balkans တွင် ရေးသားခဲ့ သည်။ မူရင်းဆောင်းပါး ဒီမှာဖတ်နိုင်ပါတယ်။.

ဘော်လကန်တွင် တင်းမာမှုများ၊

 


မွန်တီနီဂရိုးနှင့် ဆားဘီးယားနိုင်ငံတို့က Belgrade နှင့် Podgorica အသီးသီးရှိ သံတမန်များကို စနေနေ့က နှင်ထုတ်ခဲ့ပြီး ယခင်ယူဂိုဆလားဗီးယားတွင် နှစ်နိုင်ငံကြား တင်းမာမှုများ တိုးလာကြောင်း dpa နှင့် AFP က ဖော် ပြခဲ့သည်။

မွန်တီနီဂရိုးသည် ဆားဘီးယားသံအမတ် ဗလာဒီမာ ဘိုဇိုဗစ်ခ်ျအား ၎င်း၏ပြည်တွင်းရေးတွင် ၀င်ရောက်စွက် ဖက် ခြင်း အတွက် နိုင်ငံတွင်းမှ ထွက်ခွာရန် ၇၂ နာရီအချိန်ပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် သော အချက်အလက်များအရ သိရသည်။

Saturday, June 4, 2022

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁)

နေမင်း 

" ဗိုလ်ချုပ်အောင်ဆန်း, နိုင်ငံတော်လုပ်ကြံမှု, အတွင်းဝန်ရုံး, အာဇာနည်, ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာ ဇာနည် ခေါင်းဆောင်များ၏ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ယနေ့တိုင် ပြည့်စုံသော သမိုင်း မှတ်တမ်းကို နိုင်ငံ တော် အဆင့်မှ ပြုစုထုတ်ပြန်ခြင်း မရှိ " [ စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့်ဆက် သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင် ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။ ] ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိ နစ် ဝန်းကျင်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံး အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရစဉ်အချိန်က ဤစာရေးသူသည် လသားခန့်အရွယ်သာ ရှိခဲ့ပါသည်။ ဆရာသမား လူကြီးများ၏ တဆင့်ပြောကြားချက်၊ စာနယ်ဇင်းနှင့် သတင်းစာဆောင်းပါးများကို ဖတ်ရှုလေ့လာချက်အရသာ ဤနိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်းကို သိရှိခွင့်ရခဲ့ပါသည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ စိတ်ကူးယဉ်ဇာတ်လမ်းများလည်း ငယ်စဉ်ကလေးဘဝက ကြားခဲ့ဘူးသည်များလည်း ရှိခဲ့ပါ၏။ 

ဒေါက်တာမောင်မောင် ရေးခဲ့တဲ့ ဦးရာရှစ်အကြောင်း

ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

စက်တင်ဘာ၊ ၂၁ ၊ ၂၀၁၂
ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်

Source: ၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)

ဒီနေ့ ကျောင်းသားသမဂ္ဂလို့ အော်နေတဲ့လူတွေ သမဂ္ဂသမိုင်းကိုရော သိကြရဲ့လား။ RUSU (RANGOON UNIVERSITY STUDENTS UNION) စတင် ဖြစ်ပေါ်လာတာက ဗမာမွတ်စလင်က စတယ်လို့ပြောလို့ရတယ်။ ပထမဆုံးက ၁၉၃ဝခုနှစ် စက်တင်ဘာလ(၃)ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အခြေခံအုတ်မြစ်ချရန် အဖြစ်အပျက်ပင်ဖြစ်သည်။ အော့စဖို့(ဒ်) တက္ကသိုလ် (Oxford University)နှင့် ကဲမ်ဘရစ်(ဂျ်) တက္ကသိုလ်(Cambridge University) တို့နည်းတူ သမဂ္ဂဖွဲ့စည်းရန် ကျောင်းသားထု အစည်းအဝေးတစ်ခုပြုလုပ်ကာ ကျောင်းသားများသည် ဆုံးဖြတ်ခဲ့ကြသည်။ စကားရည်လုပွဲများကျင်းပခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အားကစား၊ အနုပညာဆိုင်ရာနှင့် ပြဇာတ်ဆိုင်ရာ အားပေးမှုအပြင် အခြားလူ့ကျင့်ဝတ်ဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ကြရန် ဖြစ်သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ မြန်မာနိုင်ငံသားလက် မှတ်၊ နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာအကြောင်း တစေ့တစောင်း

Myanmar Digital News 
အငြိမ်းစားဝန်ထမ်းတစ်ဦး
Oct 14,2019

 


ပြည်သူသာပဓာန

တိုင်းပြည် / နိုင်ငံဟူသည် ဧရိယာအကျယ်အဝန်း နယ်နိမိတ်၊ မှီတင်းနေထိုင်သော ပြည်သူနှင့် အုပ်ချုပ်သူ အစိုး ရ စသည့် လက္ခဏာ(၃)ရပ်နှင့် ပြည့်စုံစွာ ဖွဲ့တည် ထားသော အသိုက်အဝန်းတစ်ခု၊ အိမ်ကြီးတစ်အိမ်ဖြစ် ပါသည်။

Thursday, June 2, 2022

အာမေနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နဂိုနို - ကာရာဘတ် နယ်မြေ အပစ်ရပ်ဆွေးနွေးရေး လက်မခံ

BBC
၁ အောက်တိုဘာ ၂၀၂၀

နဂိုနို - ကာရာဘတ်မှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့နောက်ပိုင်း အဆိုးဆုံးသော တိုက်ပွဲတွေပြန်ဖြ‌စ် နေနေ

ဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ နယ်မြေ အငြင်းပွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေတာကို အပစ်ရပ်ဆွေးနွေးရေး အင်အားကြီး နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို နှစ်နိုင်ငံစလုံးက လက်မခံဘဲ ရှိနေပါတယ်။

ဥရောပ အရှေ့တောင်ပိုင်းက နဂိုနို - ကာရာဘတ် ဒေသအရေး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်၊ ပြင်သစ် နဲ့ ရုရှားတို့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒါပေမဲ့ အဇာဘိုင်ဂျန်ရဲ့ မဟာမိတ် တူရကီကတော့ အပစ်ရပ်ဖို့ တောင်းဆိုတာတွေကို ပယ်ချပါတယ်။

ရိုဟင်ဂျာ Rohingya ( မှတ်မှတ်သားသား )



ဦးနုက သူမဲရဖို့အတွက် ရို တွေကို တိုင်းရင်းသားဖြစ်ခွင့်ပေးခဲ့တယ်ဆိုတော့ , ဦးနုခေတ်က လွတ်လပ်တဲ့ ပါလီ မန် ဒီမိုကရေစီခေတ်ဖြစ်တယ် . ဆိုတော့ကာ ပါလီမန်မှာ ရို တွေကို တိုင်းရင်းသားပေးလို့ ကန့်ကွက်ခဲ့တဲ့ ရခိုင်နိုင်ငံရေးသမားတစ်ယောက်လောက်ဖြစ်ဖြစ် ရှိခဲ့ရင် သက်သေထုတ်ပေးပါ ...

နောက်တစ်ချက် , ဗိုလ်ချုပ်ရဲ့ တိုင်းပြု ပြည်ပြုလွှတ်တော်မှာလည်း ရိုတိုင်းရင်းသား အမတ်ပေါင်း 4 ယောက်ကို ထည့်သွင်းခဲ့လို့ ကန့်ကွက်ခဲ့တဲ့ ရခိုင်နိုင်ငံရေးသမားရှိခဲ့ရင် သက်သေထုတ်ပေးပါ ..

နောက်တစ်ချက် ရှမ်းလူမျိုး သမ္မတကြီးစဝ်ရွှေသိုက်က ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားမဟုတ်ရင် တို့ရှမ်းတွေလည်း တိုင်းရင်းသားမဟုတ်ပါလို့ ကမ္ဘာသိပြောခဲ့တဲ့အချိန်က ကန့်ကွက်ခဲ့တဲ့ ရခိုင်နိုင်ငံရေးသမားတစ်ယောက်လောက်ဖြစ်ဖြစ်ရှိခဲ့ရင် သက်သေပြပေးပါ ..
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */