" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 27, 2022

ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် စိစစ်ခွင့်ပြုဖို့ ထိုင်းအစိုးရ ကို HRW တောင်းဆို

RFA
2022.06.07
ထိုင်းနိုင်ငံမှာ ဇွန် ၄ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ ရိုဟင်ဂျာများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အန္တရာယ်များလှတဲ့ ရေလမ်းခရီးကို ဖြတ်ကျော်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံက ကျွန်းတစ်ခုမှာ သောင်တင်ခဲ့တဲ့ ရိုဟင်ဂျာအုပ်စုတစ်ခုကို ဒုက္ခသည်အဖြစ် ကူညီဆောင်ရွက်နိုင်ရေး ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက ခိုတောင်ကျွန်းမှာ သောင်နေတဲ့ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်းရေတပ်က စနေနေ့မှာ တွေ့ရှိခဲ့တာပါ။ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦး၊ ယောကျာ်းလေး ၃ ဦး၊ မိန်းကလေး ၂ ဦး ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာလာတာဖြစ်ပြီး သူတို့ကို ခေါ်လာတဲ့ စက်လှေကနေ မလေးရှားနိုင်ငံကိုရောက် ပြီဆိုပြီး ခိုတောင်ကျွန်းပေါ်မှာ ထားပစ်ခဲ့တာလို့ ထိုင်းရေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

HRW ကတော့ - ဒီရိုဟင်ဂျာတွေကို ပြန်ပို့ဖို့မလုပ်ခင် ဒုက္ခသည်အဖြစ် စိစစ်နိုင်ရေး ထိုင်းအစိုးရက ခွင့်ပြုဖို့ တောင်းဆိုခဲ့တာပါ။
                                                                                 
ခိုလှုံခွင့်လျှောက်တဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ ထိုင်းအစိုးရအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဒီလူတွေနဲ့ပတ်သက်ပြီး ဒုက္ခသည်အဖြစ် လက်ခံသင့် မသင့် စိစစ်နိုင်ဖို့အတွက် ခွင့်ပြုသင့်တယ်လို့ - နယူးယောက်အခြေစိုက် HRW ရဲ့ အာရှဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Elaine Pearson က ပြောဆိုခဲ့တာဖြစ်ပါတယ်။

မေလကုန်ကလည်း မြန်မာနိုင်ငံရဲ့ အနောက်တောင်ပိုင်းက ကမ်းလွန်ပြင်မှာ မုန်တိုင်းကြောင့် စက်လှေတိမ်းမှောက်ခဲ့ရာက အနည်းဆုံး ရိုဟင်ဂျာ ၁၆ ဦး သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအ တွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ တချို့နိုင်ငံတွေကတော့ လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောဆိုခဲ့ကြပါတယ်။ အဲ့ဒီကစလို့ ရိုဟင်ဂျာတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ပင်လယ်ရေကြောင်းကို အသုံးပြုပြီး မလေးရှားနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */