" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 4, 2022

ဒေါက်တာမောင်မောင် ရေးခဲ့တဲ့ ဦးရာရှစ်အကြောင်း

ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

စက်တင်ဘာ၊ ၂၁ ၊ ၂၀၁၂
ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်

Source: ၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)

ဒီနေ့ ကျောင်းသားသမဂ္ဂလို့ အော်နေတဲ့လူတွေ သမဂ္ဂသမိုင်းကိုရော သိကြရဲ့လား။ RUSU (RANGOON UNIVERSITY STUDENTS UNION) စတင် ဖြစ်ပေါ်လာတာက ဗမာမွတ်စလင်က စတယ်လို့ပြောလို့ရတယ်။ ပထမဆုံးက ၁၉၃ဝခုနှစ် စက်တင်ဘာလ(၃)ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အခြေခံအုတ်မြစ်ချရန် အဖြစ်အပျက်ပင်ဖြစ်သည်။ အော့စဖို့(ဒ်) တက္ကသိုလ် (Oxford University)နှင့် ကဲမ်ဘရစ်(ဂျ်) တက္ကသိုလ်(Cambridge University) တို့နည်းတူ သမဂ္ဂဖွဲ့စည်းရန် ကျောင်းသားထု အစည်းအဝေးတစ်ခုပြုလုပ်ကာ ကျောင်းသားများသည် ဆုံးဖြတ်ခဲ့ကြသည်။ စကားရည်လုပွဲများကျင်းပခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အားကစား၊ အနုပညာဆိုင်ရာနှင့် ပြဇာတ်ဆိုင်ရာ အားပေးမှုအပြင် အခြားလူ့ကျင့်ဝတ်ဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ကြရန် ဖြစ်သည်။

နိုင်ငံရေးဆိုသည်မှာ ၁၉၃ဝခုနှစ် စက်တင်ဘာလ၏ ကံကောင်းလှသည့် နေ့ရက်ဆုံဆည်းသည့် ကျောင်းသားများ၏ စိတ်ဆန္ဒနှင့် လွန်စွာကွားဝေးလျက် ရှိနေခဲ့သေးသည်။ အချိန်များသည်ကား ငြိမ်သက်လျက် ရှိနေခဲ့သည်။ ဖွဲ့စည်းမှုဆိုင်ရာလှုပ်ရှားမှုကို ကျောင်းအုပ်ကြီးနှင့် တက္ကသိုလ် အာဏာပိုင်များကလည်း ထောက်ခံခဲ့သည်။ ယခင်က သမဂ္ဂအဆောက်အဦးရှိရာ နေရာကို သမဂ္ဂအဆောက်အဦးဆောက်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

စည်းမျဉ်းရေးဆွဲရေးကော်မတီတစ်ရပ်ကိုကျော်ခင်(ဦးကျော်ခင်-B.Sc, B.L., လွှတ်တော် ရှေ့နေ-အငြိမ်းစား လွှတ်တော်အမတ်)၊ဘဂျမ်း(ဦးဘဂျမ်း-U Ba Gyan,B.A;, B.L,.လွှတ်တော်ရှေ့နေ၊ အငြိမ်းစားတရားရေးဝန်ကြီး)၊
တင့်ဆွေ(ဗိုလ်မှူးတင့်ဆွေ- နိုင်ငံတော်ကာကွယ်ရေးဦးစီးဌာန) နှင့်အခြားအနည်းငယ်မျှသော သူများပါဝင်ကာ ဖွဲ့စည်းပုံဥပဒေရေးဆွဲရန် တာဝန်ပေးအပ်ခြင်းခံရပြီး၊ အပြီးသတ်ရေးဆွဲမှုကို အထွေထွေ ညီလာခံကြီးတွင် ကျောင်းသားထုကို တင်ပြရန်ဖြစ်သည်။ ထို့အပြင် ထိုစဉ်က ရရှီဒ်(ဦးရာရှစ်) သည် အကြီးတန်းသိပ္ပံကျောင်းသားတစ်ဦးဖြစ်ပြီး၊ ယင်းကော်မတီတွင် ပူပေါင်းကူညီဆောင်ရွက်ရန် ခန့်အပ်ခြင်းခံခဲ့ရသည်။ မူကြမ်းကို တင်သွင်းခဲ့သည်၊ ၁၉၃၁ခုနှစ်၌ လက်ခံအတည်ပြုခဲ့သည်။ ကျော်ခင်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ပထမဆုံး ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဦးဖိုးကူသည် ဒုတိယဥက္ကဌနှင့် ရရှီဒ်သည် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံခဲ့ကြရသည်။


နောက်တစ်နှစ်တွင် ဦးဖိုးကူသည် သမဂ္ဂ ဒု-ဥက္ကဌရာထူးမှ အနားယူသောအခါ၊ စောစောပိုင်းက သဘောတူညီချက်အရ နောက်ဆုံးတွင် ရရှီဒ်သည် အထက်သို့ ပြောင်းရွှေ့နေရာချထားချက်အရ၊ ဥက္ကဌနေရာကို တစ်နှစ်ထမ်းဆောင်ရမည် ဖြစ်သည်။ သို့သော် ကျော်ခင်သည် မွတ်စလင်မ်တစ်ဦးဖြစ်၊ ရရှီဒ်သည်လည်း မွတ်စလင်မ်ဖြစ်ပေရာ၊ သဘောသားသေးသိမ်သူ အချို့သော ကျောင်းသားများသည် သမဂ္ဂသည် “ကုလား”များ မလွှမ်းမိုးစေရဟု တီးတိုးအသံထွက်လာတော့သည်။ “ကုလား”ဟု ပြစ်တင်ရှုတ်ချခြင်းသည် အနှစ်သာရမရှိ၊ သိမ်ဖျင်းသည့် တာဝန်မဲ့ခြင်းတစ်ရပ်ပင်ဖြစ်သည်။

“ကုလား”ဟူသော စကားလုံးသည် အထင်သေးရှုတ်ချသည့် လုံးထွေးနေသော စကားလုံးဖြစ်ပြီး၊ အိနိ်္ဒယသားနှင့် ဗြိတိသျှတို့နှင့် နိုင်ငံခြားသား၊ သို့မဟုတ် နိုင်သား မဟုတ်သူ နိုင်ငံခြားသားတို့အတွက် အမှန်တကယ်သုံးသည့် အသုံးအနှုန်းဖြစ်သည်။ ရရှီဒ်သည်ကား နိုင်ငံခြားသားမဟုတ်ပေ။ သူ၏ မိခင်ဖခင်တို့သည် မြန်မာနိုင်ငံတွင် အမြစ်တွယ်အခြေချနေသူများ ဖြစ်ကြသည်။ သူ၏ဖခင်သည် ၁၉၃၉ခုနှစ်တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့ပြီး၊ မိခင်သည် ၁၉၅၂ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့အပြင် သူ၏ဘိုးဘွားများသည် ၁၈၈၅ခုနှစ်ကထဲက မြန်မာ နိုင်ငံတွင် အခြေချခဲ့သူများ ဖြစ်သည်ကိုလည်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၌ပင် ပြုစုပျိုးထောင်ကြီးပြင်းလာသူ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စည်းမျဉ်းဥပဒေမူကြမ်း ရေးဆွဲရာတွင် ကူညီခဲ့သူဖြစ်သည်။ ယင်းကို ဖန်တီးရန် ကူညီခဲ့သူလည်းဖြစ်သည်။

ရိုင်းစိုင်းသည့် ယင်းတီးတိုးသံကို ကြားသိသောအခါ ရရှီဒ်အနေဖြင့် စိတ်ထိိခိုက်မိသည်။ သို့သော် တက္ကသိုလ်အာဏာပိုင်များ တိုက်တွန်းသည့်တိုင် သူသည် ပြန်လည် တိုက်ခိုက်ငြင်းဆိုခြင်း မပြုခဲ့ပေ။ သူသည် ရိုးသားစွာပင် နောက်ဆုတ်ခဲ့ပြီး၊ ၁၉၃၅ခုနှစ်တိုင် ရန်ကုန်ဝိဇ္ဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ရွေးချယ်ပွဲများတွင် မပါဝင်ခဲ့ပေ။ ထိုနှစ်တွင် စိတ်ထက်သန်သည့် ပြန်လည်တည်ဆောက်ရေးအုပ်စုသည် ရန်ကုန်တက္ကသိုလ်တွင် ဆုံမိကြသည်။ ကျော်ငြိမ်းသည် မန္တလေးမှ ရောက်လာခဲ့သည်။ ကိုနုသည် သူ၏မြို့နယ် စာသင်ကြားရေးမှ ဥပဒေပညာ ဆည်းပူးရန် ပြန်လည်ရောက်လာခဲ့သည်။ အောင်ဆန်း၊ သိန်းဖေနှင့်အခြားသူတို့သည်လည်း ရောက်လာခဲ့ကြသည်။ ယင်းအုပ်စုသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ပြင်းထန်သော တိုက်ပွဲနှင့်အတူ ချုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး ရရှီဒ် ကို ပြန်လည်ခေါ်ယူခဲ့ကြသည်။ ထိုအစုအဝေးနှင့် လုပ်ဆောင်မှုသည် အောင်မြင်မှုတစ်ခုကို ရစေခဲ့သည်။ ရဲတိုက်ကြီးသည် ပြိုလဲခဲ့လေသည်။ ကိုနုသည် ဥက္ကဌဖြစ်ခဲ့သည်။ ရရှီဒ်သည် ဒုု-ဥက္ကဌဖြစ်ပြီး၊ သီဟန်သည် အတွင်းရေးမှူးဖြစ်ခဲ့သည်။
အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ၊ အောနှစ်၏ အဆုံးဆီသို့ ရောက်သောအခါ ဥက္ကဌကိုနုသည် မိန့်ခွန်းတစ်ခုပြောကြားရာတွင် ကျောင်း အုပ်ကြီး စလော(စ်)(OSS)သည် များစွာသော နည်းလမ်းတို့ဖြင့် ကျောင်းသားများအပေါ် မမျှတမှုများ ပြုလုပ်ခဲ့သည် ဟူ၍ုဖြစ်ရာ၊ ကျောင်းအုပ်ကြီးသည် ထိုစကားရပ်ကို မကြိုက်မနှစ်သက်သဖြင့် ကိုနုကို ကျောင်းထုတ်ခဲ့လေသည်။ ယင်းအဖြစ်အပျက်သည် ကျောင်း သား များအတွင်း၌ တီးတိုးသံများ ပေါ်ထွက်ခဲ့သော်လည်း မုန်းတိုင်းကြီးကာ မတိုက်ခိုက်သေးဘဲ၊ အစသာ ဖြစ်ခဲ့သည်။ နှစ်လနောက် တွင် တက္က သိုလ်ကျောင်းသားများသမဂ္ဂ၏ ပထမဆုံး စာစောင်ဖြစ်သော “အိုးဝေ”မဂ္ဂဇင်း ထွက်ပေါ်ခဲ့လေသည်။ အယ်ဒီ တာ သို့ ပေ းစာများတွင် စာတစ်စောင်မှာ “ခွေးဘီလူးကြီး သရမ်းနေပြီ” (Hell Hound at Large) ဟူသည့်ခေါင်းစဉ်ဖြင့် ပါလာခဲ့ရာ၊ ယင်းစာကြောင့် ဖြစ်ရမည့်အတိုင်း ဆိုးရွားစွာ ခွေးဘီလူးဟောင်သကဲ့သို့ စာဖတ်သူထံ ခုန်ပေါက်၍ ရောက်ရှိသွားခဲ့တော့ သည်။ ယင်းစာသည် အမျိုးသမီးများ၏ အဆောင်များသို့တိုင် သူ့ဟာသူရောက်ရှိသွားပြီး အားပေးချီးမြှင့်ခြင်း ခံရပေသည်။ ယင်းဆောင်းပါးသည် တက္ကသိုလ်စခန်းများ အားလုံးဆီသို့ မီးကဲ့သို့ပင် ပျံ့နှံ့သွားလေရာ ကျောင်းအုပ်ကြီးသည် ယင်းဆောင်းပါးအကြောင်းကို အောင်ဆန်း၊ ကျော်ငြိမ်း၊ ထွန်းအုံနှင့် ကိုအုန်းတို့ဖြစ်ကြသည်။

မီးကဲ့သို့ပင် ပျံ့နှံ့သွားလေရာ ကျောင်းအုပ်ကြီးသည် ယင်းဆောင်းပါးအကြောင်းကို ကြားခဲ့သည်။ သိရှိခဲ့သည်။ ဖတ်ခဲ့သည်။ သူမနှစ်ခြိုက်ခဲ့ပေ။ သူသည် အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာဖြစ်သော အောင်ဆန်းကိုခေါ်ယူကာ စာရေးသူကို ဖေါ်ပြရန်တောင်းဆိုခဲ့ရာ၊ အောင်ဆန်းသည် စာပေနှင့် အယ်ဒီတာတို့၏ ကျင့်ဝတ်အရ မပြောပြနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ဒေါပွနေသည့် စလော(စ်)သည် အောင်ဆန်းကို ကျောင်းမှ ၃နှစ်အတွက် ထုတ်ပယ်ခဲ့လေသည်။

ဤတစ်ကြိမ်တွင်မူ ကျောင်းသားသမဂ္ဂသည် ဖြစ်ပျက်သည်တို့ကို ယင်းအတိုင်း လွှတ်မထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ကိုနုကို ထုတ်ပယ်ခဲ့မှုကို သည်းခံခဲ့ကြသည်။ အမှန်ဆိုရသော်၊ ကိုနုကိုယ်တိုင်ကလည်း သိပ်ဂရုမစိုက်ခဲ့ဘဲ နောင်တွင် မိမိ၏(B.A.,)ဘွဲ့ကိုပင် ကျောင်းသို့ ပြန်လည်အပ်ခဲ့သည်။ သို့သော် အောင်ဆန်းအား ထုတ်ပယ်မှုကိုတော့ ဆန့်ကျင်ကန့်ကွက်ကြရမည် ဖြစ်သည်။ တက္ကသိုလ်သမဂ္ဂ ကော်မတီအဖွဲ့ဝင်များသည် တညီတညွတ်တည်း ရှေ့ဆက်ရန်နှင့် ရှေ့လာမည့်စာမေးပွဲကို ကန့်ကွက်သည့် ဆန္ဒနှင့် ထုတ်ဖေါ်ပြသည့် အနေဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ ကျောင်းသားထု စည်းဝေးပွဲကြီး တစ်ရပ်ကိုလည်း ခေါ်ယူမှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရရှီဒ်သည် ယင်းအစည်းဝေးကို ဦးစီးကြီးကြပ်မှု ပြုခဲ့သည်။ ကိုနုသည် အရေးပါသက်ဆိုင်သည့် ကဏ္ဍအနေဖြင့် ပါဝင်သင့်သည်ဟု ခံစားရ၍ ဝင်ရောက်လာသော်လည်း ကျောင်းသားများကို သြဇာအာဏာ မသက်ရောက်စေခဲ့ပါ။ ရရှီဒ်ကမူ အခြေအနေကို အေးချမ်းတည်ငြိမ်စွာဖြင့် စာမေးပွဲနှင့် ပတ်သက်သည့် ကျောင်းသားများ၏ ရှေ့ဆက်သွားမည့် ဆုံးဖြတ်ချက်ကို ကြေညာတင်ပြခဲ့လေသည်။ ထိုအစည်းဝေးတွင် သူသည် တည်ငြိမ်စွာပင် ရှိခဲ့သည်။ သို့သော် ကျောင်းသားများသည် အရေးယူလှုပ်ရှားရန် တောင်းဆိုခဲ့ကြပြီး၊ သပိတ်မှောက်ရန် “သပိတ်ကို အခိုင် အမာကြေညာ”ဟု အော်ဟစ်ခဲ့ကြသည်။ အချို့သော ကျောင်းသားအုပ်စုငယ်များ ကျောင်းခန်းမများတွင် ပို၍ သတ်မှတ်ပိုင်းခြားစွာ ရှိနေသော်လည်း၊ ဤတုန့်ပြန်မှုသည် အလိုအလျောက် ကြီးမားစွာ ဖြစ်ပေါ်လာခဲ့ပြီး၊ တက္က သိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်များသည် မီးကို လေပင့်ပေးရန် ကူညီခဲ့လေသည်။ သတ်မှတ်ထားသည့်နေရာတွင် ကျောင်းသားများသည် စတင်ခဲ့ကြပြီး လူထုကလည်း နောက်မှ လိုက်ခဲ့ကြသည်။ သို့သော် ဒေါသနှင့် ခံပြင်းမှုတို့ကမူ ယခင်ထဲက ရှိနေခဲ့ပြီး ထွက်ပေါက်ကို ရှာနေခဲ့ခြင်းမျှသာ ဖြစ်သည်။

ရရှီဒ်က ရဲဘော်ရဲဘက်များကို ဂရုတစိုက်စဉ်းစားရန်နှင့် တည်ငြိမ်စွာဖြင့် ပြန်လည်စဉ်စားရန် သတိပေးခဲ့သည်။ သို့သော် သူ၏သတိပေး စကားလုံးများသည် အဝေးသို့ သယ်ယူသွားခြင်းခံရပြီး၊ မုန်တိုင်းသည်ကား ထခဲ့ချေပြီဖြစ်သည်။ သပိတ်စခန်းများသို့ သွားရန် ယခင်ထဲကရှိနေသည့် တန်းဆီလျက်ရှိသော ဘတ်စ်ကားများဆီသို့ သူ၏ခန္ဓာ ကိုယ်တိုင်ပင်လျှင် ရောက်ရှိခဲ့တော့သည်။ ကားများသည် အလိုအလျောက် ရှိနေခဲ့သည်မဟုတ်ပေ။ ကြိုတင်ကြံစည်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ကားများထဲသို့ ခုန်ရောက်ဝင်ခဲ့သော ကျောင်းသားများစိတ်တွင်မူ သံသယခံစားမှု မရှိခဲ့ကြပေ။

ကျောင်းသားများထဲမှ တစ်ဦးဖြစ်သော သိန်းတင်ခေါ် သူ၏ကလောင်အမည် ညိုမြသည်ကား အားလုံးထဲတွင် စိတ်ဓါတ်အတက်ကြွဆုံး ဖြစ်နိုင်ချေရှိပေမည်။ သူ့အနေဖြင့် ၄င်းတို့သည် တရားမျှတမှု အကြောင်းအရာ တစ်ခုအတွက် ရှိနေခဲ့ကြခြင်း ဖြစ်သည်ဟု ခံစားရပေသည်။

သူသည် ကျောင်းများသို့ လှည့်ပတ်သွားလာပြီး အင်းယားဆောင်ရှေ့တွင် ရပ်ကာ၊ ကျောင်းသူများကို ဤတိုက်ပွဲတွင် ပူးပေါင်းပါဝင်ရန် ခေါ်လေသည်။ သူ၏အစ်မ မမကြီးသည် ထိုအဆောင်တွင် ရှိနေခဲ့သည်။ သူသည် ပြတ်သားသည့် ခေါ်ယူမှုတွင် သူမအား မူလအရင်းခံဖြစ်ကာ၊ သူမထွက်လာသောအခါ အသဲနာကျည်းနေသည့် အနည်းငယ်မျှ ဖြစ်ကြသည့် မအမာ၊ မခင်မြ၊ မခင်စီ၊ မရီရီနှင့် အခြားသူများသည်လည်း ထွက်လာခဲ့ကြလေသည်။ သူ၏မျိုးချစ်စိတ်ဓါတ် ကြိုးစားအားထုတ်မှုတွင် ညိုမြသည် သူ့အသံအက်လာသည်အထိ သူ၏ညိုသော အသားနီလာသည့်အထိ ခေါ်အော်ခဲ့သည်။ သူသည် သူ၏ မူလအကြောင်းအရာများပေါ်၌ပင် တည်ရှိလျက်ရှိခဲ့သည်။ ထို့အပြင် သူသည် ယခုအခါ နာမည်ဆိုးဖြင့် အမည်တွင်နေသည့် ကံကြမ္မာက ပေးလာသော ခွေးဘီးလူး အကြောင်းကို ရေးခဲ့သူဖြစ်ပေရာ သပိတ်နှင့်ပတ်သက်၍ စိတ်ဓါတ်တက်ကြွထိုက်ပေသည်။ ညိုမြသည် ပါမောက္ခ၏ မျက်နှာသာပေးခံရသော၊ အထူးသဖြင့် အင်္ဂလိပ်စာပါမောက္ခ ရိုးဒ်(စ်)(ßGhodes)၊ ညိုမြကို သူအမြဲခေါ်လေ့ရှိသည့် သေလျက်ရှိသော အိမ်မြှောင်အကြည့်ရှိသူဟု ခေါ်ပြီး၊ နှစ်သက်ခဲ့သော ပါမောက္ခ ရိုးဒ်(စ်) (ßGhodes)၏ အရေးပေးခြင်းခံရသော အိုက်စီအက်ဆ် (ICS)၏ ညီဖြစ်ပေသည်။ ညိုမြသည်ကား ကြိုတင်မခန့်မှန်းနိုင်သည့် နတ်ဆိုးကလေး ဖြစ်ပေသည်။ စလော(စ်)က ယင်းဆောင်းပါးကို ညိုမြရေးခဲ့သည်ဟု ပြောကြားခြင်းခံရသောအခါ ညိုမြသည် သူတို့အား မသိသောကြောင့် ဤကဲ့သို့သော စကားလုံးကြီးများကို သုံးလိမ့်မည်မဟုတ်ဟူသော အကြောင်းပြချက်ဖြင့် သူသည် မယုံကြည်ခဲ့ပေ။

စလော(စ်)ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ အကြောင်းမဟုတ်ပေ။ သပိတ်သည်ကား ရှေ့ဆက်လျက်ရှိပေသည်။ ကားတန်းကြီးသည် သူတို့ရွှင်းမြူးလျက်ရှိသော ကြွေးကြော်သံကို ထုတ်ဖေါ်လျက် ရွှေတိဂုံဘုရားကြီးဆီသို့ စီတန်းသွားလျက် ရှိပေသည်။

သုံးလနီးပါးမျှ ရွှေတိဂုံဘုရားသည် မြန်မာနိုင်ငံတွင် အားလုံး၏ မျက်စိတွင် ဗဟိုအချက်အခြာ ဖြစ်နေပေတော့သည်။ သပိတ်သည် လူထုကို တက်ကြွလှုပ်ရှားစေခဲ့သည်။ ဦးစွာပထမ အချိန်ကတည်းက ယင်းသည် အမျိုးသားရေး ဖြစ်ခဲ့သည်။ ပုံနှိပ်တိုက်များသည် ယင်းအကြောင်းအရာ အားလုံးပေါ်သို့ ၄င်းတို့၏ နှလုံးသားကို ပေးအပ်ခဲ့လေသည်။ နေ့စဉ်နှင့် သပိတ်အရှည်ကြာဆုံးခံမည့် အချိန်ထိဖြစ်သည်။ သပိတ်သတင်းများသည် ပေါက်ကွဲလျက် အကြီးဆုံး၊ မည်းနက်ဆုံး၊ ခေါင်းကြီးပိုင်းများအဖြစ် မျက်နှာစာများတွင် ဖေါ်ပြခဲ့ကြသည်။ ရွှေတိဂုံစေတီပေါ်ရှိ စခန်း စတင်ခဲ့သည့် နေ့ကတည်းကပင် သတင်းထောက်များသည် စိတ်ထက်သန်စွာ၊ မျိုးချစ်စိတ်အပြည့်ဖြင့် ဘက်တော်သားလုံးလုံးအဖြစ် စိတ်စောလျက် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ခေါင်းဆောင်များ၏ ပတ်လည်တွင် ၀ိုင်းလျက်ရှိနေခဲ့ပေသည်။ မည်သို့ပင်ဆိုစေ၊ ပထမဆုံးညီလာခံသတင်းစာရှင်းလင်းပွဲတွင် ကိုနု သို့မဟုတ် ခေါင်းဆောင်းများထဲမှ တစ်ဦးတစ်ယောက်မျှ အကြောင်းရင်းများနှင့် သပိတ်၏ရည်ရွယ်ချက် အတိအကျကို ရှင်းလင်းဖေါ်ပြနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ မည်သူတစ်ဦးတစ်ယောက်မျှ ယင်းအကြောင်းများပေါ်တွင် သတိရှိစွာဖြင့် တွေးတောခဲ့သေးခြင်း မရှိသောကြောင့်ဖြစ်သည်။

ကျောင်းသားများသည် စိတ်ဇောကြီးမားစွာဖြင့်သာ ညီလာခံမှထခဲ့ကြပြီး သူတို့၏ လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းသည် ၄င်းတို့၏ ရှည်လျားလှသည့် လှောင်ထားခဲ့သော ခံစားမှုများ၊ မတရားမှု၏ များစွာသော ဒဏ်ရာဒဏ်ချက်များ ရောနှောနေသည့် ခံစားမှုများ ပေါက်ကွဲလာမှုသာ ဖြစ်သည်။ စစ်ပွဲသည် နာကျည်းမှု ဒဏ်ရာဒဏ်ချက် ခံစားမှုများ တစ်ခုတည်းဖြင့် တိုက်၍ရသည် မဟုတ်ပေ။ ယင်း၌ တိကျခိုင်လုံသည့် ရည်ရွယ်ချက်များ ရှိရပေမည်။ ထို့အပြင် ၄င်းတို့ကြိုးစား၍ ရရှိမည့်အရာများအတွက် ကြိုတင်ပြင်ဆင်မှု အကြံအစည်လည်း ရှိရပေမည်။ အများဆုံး အတွေ့အကြုံရှိသည့် အယ်ဒီတာများ၏ အကြံပေးချက်အရ၊ ခေါင်းဆောင်များသည် အကြံအစည်များနှင့် လမ်းစဉ်များနှင့်ပတ်သက်သည့် ကြေညာချက်များကို နောက်တစ်နေ့အထိ ရပ်ဆိုင်းထားမည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြသည်။ ထိုညတွင် ညလုံးပေါက်၊ နံနက်ခင်း ရောင်နီသန်းချိန်ကျပြီး ငှက်ကလေးများ လမ်းတစ်လျှောက် စတင်မြည်တွားလာသည့် အချိန်အထိ ရရှီဒ်သည် ကြိုးစားဆောင်ရွက်ခဲ့တော့သည်။ တက္ကသိုလ်ဆိုင်ရာ ဥပဒေများကို ဖတ်ရွတ်ခြင်း၊ အပြစ်အနာအဆာ၊ အားနည်းမှု ယိုပေါက်များကို ရှာဖွေခြင်း၊ တောင်းဆိုပြုလုပ်မည့် အကြောင်းအရာများကို စဉ်းစားတွေးတောခြင်း၊ ၄င်းတို့အဖို့ ရှေ့တိုး၍ သပိတ်အတွက် ပန်းတိုင်များ အသေးစိတ်ကို ကြိုတင်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပြုစုခဲ့လေသည်။

ရရှီဒ်သည်ကား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အဓိက စည်းမျဉ်းဥပဒေ ရေးဆွဲသူများထဲမှ တစ်ဦးပင်ဖြစ်သည်။ တဖန်တစ်ခါ ပြန်၍ သပိတ်၏အကြောင်းရင်းနှင့် အဓိပ္ပာယ်ပေးဆောင်သူ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပြန်သည်။ ရွှေတိဂုံစေတီတော်ပေါ်ရှိ ကျောင်းသားများသည် စွမ်းအားကြီးစွာဖြင့် တည်တန့်ရပ်တည်လျက် ရှိခဲ့ပေသည်။ ပညာရေးဝန်ကြီးဖြစ်သော ဒေါက်တာဘမော်သည် ဖွင့်ဟ၍ ကြင်နာမှုကို ပြခဲ့သည်။ ပုံနှိပ်တိုက်များသည် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။ ရန်ကုန်မြို့၏ ဦးဆောင်သူ လူကြီးသူမ နိုင်ငံသားတို့သည် ကူညီခဲ့ကြသည်။ ဒီးဒုတ် ဦးဘချို၊ တရားဥပဒေဆိုင်ရာ ပါမောက္ခဝတ်လုံတော်ရ ဦးကျော်မြင့်နှင့် အငြိမ်းစား တရားရုံးတော် တရားသူကြီးတို့သည် တိုက်ပွဲဝင်လူငယ်များ၏ လူမှုရေးရာနှင့် လိုအပ်ချက်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ကြသည်။ အစားအသောက်များအတွက် မည်သည့် ပြဿနာမျှမရှိပေ။ နေ့စဉ် အစားအသောက်အထုတ်အပိုးများသည် လိုသည်ထက်ပင် ရောက်ရှိလာနေပေသည်။ ရွှေတိဂုံစေတီတော်ပေါ်တွင် စခန်းချနေကြသည့် များစွားသော ကျောင်းသားများနှင့် ကျောင်းသူများ၏ ကိုယ်အလေးချိန်သည် တိုးလျက်ရှိနေခဲ့ပေသည်။

လူထုသည် အမေးအဆန်းမရှိ ထောက်ခံမှုများကို ပေးလျက်ရှိပေသည်။ မိဘများသည် စခန်းတွင်ရှိနေသည့် ၄င်းတို့၏သမီးများထံ သံကြိုးစာများ ပို့ခဲ့ကြသည်မှာ ”မင်းတို့အတွက် တို့ဂုဏ်ယူသည်၊ ဆက်လုပ်ကြ” ဟူ၍ ဖြစ်သည်။ သံကြိုးစာများကို နို့တစ်ဘုတ်၊ ကြေညာချက် သင်ပုံးကြီးများတွင် ကပ်ထားရာ၊ ဖတ်ရှု၍ ဝမ်းသာကြည်နူးခဲ့ကြသည်။

ကိုနုသည် သပိတ်ခေါင်းဆောင်အဖြစ် ရပ်တည်ထွက်ပေါ်ခဲ့သည်။ သူသည် စိတ်ဓါတ်တက်ကြွမှု အတိပြီးသော၊ စိတ်ဓါတ်တက်ကြွစေသော ဟောပြောသူ ဖြစ်ပေသည်။ သူသည် မူဆိုလိုနီ၊ ဟစ်တလာ၊ နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များ၏ ထိုအချိန်က ကြားရှိခဲ့သော၊ ဖတ်ရှုခဲ့သော သူတို့၏ အမူအရာ အပြောအဆိုများကို နေ့စဉ်အထူးပြု လေ့ကျင့်လျက်ခဲ့ပေသည််််််််််််််။ ရွှေတိဂုံစေတီတော်ပေါ်မှ တစ်ချိန်က ပျော်ရွှင်ဖွယ်ရာ အတိတ်သည်ကား၊ ခေါင်းဆောင်များသည် မတူခြားနားသည့် ပုံစံများဖြင့် သပိတ်တိုက်ပွဲဝင်ပုံ ဓါတ်ပုံများ၊ လေ့ကျင့်မှုများ၊ အမျိုးသားထုကို ဦးဆောင်ပြုမည့်အခါတွင် ပြောဆိုမှုများ၊ တပိုင်းတစ နောက်ပြောင်မှုများ၊ တစိတ်တပိုင်း တည်တည်ခန့်ခန့် ဟောပြောပုံများကို တပျော်တပါး တွေ့မြင်ခဲ့ရလေသည်။ ယနေ့သော်ကား၊ ၄င်းတို့သည် အမှန်တကယ်ပင် ၄င်းတို့ထဲမှ များစွာသော သူတို့သည် ဦးဆောင်နေကြပြီး၊ သူတို့၏ များစွာသော ရွှေတိဂုံစေတီရင်ပြင်ပေါ်မှ မြင်ကွင်းများသည် ၄င်းတို့နှင့်အတူ ရှိနေကာ ၄င်းတို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေပေတော့သည်။

သို့သော် အမြင်များသည် မလုံလောက်ပေ။ ဟောပြောမှုများသည် မလုံလောက်ပေ။ နေ့စဉ် အထောက်အကူအဖြစ် အကြောင်းအရာများသည်ကား ရှိနေရမည်ဖြစ်ပေသည်။ ထိုကိစ္စအတွက် ရရှီဒ်သည် ယင်းထောက်ပံ့ပေးကမ်းသူများအနက် အကြီးမားဆုံးသော ထောက်ပ့ံပေးခဲ့သူ ဖြစ်ပေသည်။ သူသည် ကြိုးကြိုးပန်းပန်း ဆောင်ရွက်ခဲ့သည်။ နေ့စဉ် သူတင်ပြသောအခါ အမျိုးမျိုး မပြောင်းမလဲ တသမတ်တည်းသော တည်ငြိမ်မှုရှိပြီး၊ သူ၏သိပ္ပံဘွဲ့အတွက် သူဓါတုဗေဒစမ်းသပ်ခန်းတွင် ပုံဖေါ်သကဲ့သို့ ရှင်းလင်းသည့် အင်္ဂလိပ်ဘာသာစကားဖြင့် တင်ပြလေ့ရှိသည်။ သူသည် ဘဝသစ်နှင့် မျှော်လင့်ချက်အသစ်တို့ကို ပေးဆောင်ခဲ့သည်။

“သူမပါခဲ့ပါက ကျွန်ုပ်တို့သည် ဆုံးရှုံးခဲ့မည်ဖြစ်သည်” ဟုသပိတ်ခေါင်းဆောင်တစ်ဦးက ယခုသော် သတိတရ ပြောခဲ့သည်။

ကိုနုသည် ပြည်နယ်များတွင် သူ၏ဟောပြောမှုများနှင့်ကျောင်းသားများကို လှုံဆော်ရင်း၊ နိုင်ငံတလွှား ခရီးများစွာထွက်ခဲ့သည်။ တစ်ခါသော်၊ ဟင်္သာတမြို့တွင် ရရှီဒ်နှင့် ခရီးထွက်ခဲ့စဉ် တနေကုန် ဟောပြောမှုများ ပြုလုပ်ပြီး၊ နယ်ခံခေါင်းဆောင်များနှင့် အစည်းဝေးများ တညလုံး ပြုလုပ်ခဲ့သည်။ မောပန်းခဲ့သည့် တနေကုန်နောက်ပိုင်း ရရှီဒ်သည် အိပ်ယာဝင်သောအခါ ကိုနုသည် စိတ်လှုပ်ရှားစွာ အိပ်ခန်းအတွင်းသို့ ဝင်လာကာ သူ့အား နှိုးခဲ့သည်။ ကိုနုသည် ထူးဆန်းသည့် အခြေအနေတွင် ရှိနေသည်။ သူသည် နယ်ခေါင်းဆောင်များအား သပိတ်သည် မှားယွင်းသည့် တက္ကသိုလ်စည်းမျဉ်းဥပဒေကို ဆန့်ကျင်၍ သပိတ်မှောက်ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ခေါင်းဆောင်များက ဥပဒေစည်းမျဉ်းသည် မည်သည့်နေရာတွင် မှားယွင်းနေပြီး၊ ယင်းကို မည်ကဲ့သို့ ပြုလုပ်နိုင်မည့်အကြောင်း မေးမြန်းသောအခါ၊ စည်းမျဉ်းဥပဒေကို မဖတ်ခဲ့သည့် ကိုနုသည် မဖြေနိုင်ခဲ့ပေ။ သူသည် အဖြေကို သူမသိကြောင်း သူအတွက် ဖြေပေးမည့် အဖြေအားလုံးကို သိသော ရရှီဒ်ကို ခေါ်လာမည်ဟု ဝန်ခံပြောဆိုခဲ့သည်။ ရရှီဒ်သည် သူ၏အိပ်စက်မှုကို ခါထုတ်ကာ အဖြေပေးရမည့်နေရာသို့ ထွက်လာပြီး ကောင်းစွာ ဖြေပေးဆောင်ရွက်နိုင်ခဲ့၏။

နောက်ပိုင်းတွင် သူသည် ကိုနုအား ခေါင်းဆောင်များကို ကျေနပ်လောက်သည့် အဖြေတစ်စုံတစ်ရာ ပေးခဲ့သင့်ကြောင်းနှင့် သူမည်သည်ကို တိုက်ပွဲဝင်သည်နှင့် ပတ်သက်၍ မသိကြောင်းကို မဝန်ခံသင့်ကြောင်း ညည်းတွားပြောဆိုခဲ့သည်။ သို့သော် ကိုနုသည် ပြုံးရုံမျှပြုံးပြီး “တို့ဟာ တည်ကြည်ဖြောင့်မတ်ရမယ်” ဟု ပြောခဲ့သည်။

သုံးလမျှသော သပိတ်မှောက်မှုများသည် ရရှီဒ်နှင့် သူ၏အပေါင်းအဖေါ်တို့အတွက် လှုပ်ရှားမှုနှင့် ဖြည့်စည်းပေးမှုများ ဖြစ်ခဲ့ပေသည်။ ရရှီဒ်အဖို့မူ၊ ခါးသီးမှု နာကြင်မှု အတွေ့အကြုံများနှင့် မရောနှောသည့် အောင်မြင်မှုဖြစ်ခဲ့သည်။ ကျောင်းသားထုသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် သူ့နောက်လိုက်ခဲ့ပြီး၊ လှုပ်ရှားမှု၏ မျှော်လင့်ချက်များကို သူ့အပေါ်ထားရှိသောအခါ မစ္ဆေရသဘောရှိသော လျှားများက ဆက်လက်လှုပ်ရှားလျက်ပင် ရှိခဲ့သည်။ သူသည် “ကုလား”တစ်ဦးဖြစ်သည်ဟု တီးတိုးသံများက ပြန်လည်ထွက်လာပြီး၊ သူသည် ထိပ်ပိုင်းခေါင်းဆောင်မှုအဖြစ် မယုံကြည်သင့်ဟု ပြောလာကြလေသည်။ သေခဲလှသည့် သခင်အချို့က အချို့ကျောင်းသားများ၏စိတ်နှလုံးတွင် အဆိပ်လောင်းကာ သူ့အား ဆန့်ကျင်ရန် သူမသိဘဲ လှည့်လည်လှုံ့ဆော်ခဲ့သည်။ ဆူညံငြင်းခုံသံများ သူ့နောက်ကျောတွင် သူမသိဘဲ ပေါက်ကွဲခဲ့သည်။

ဥပမာတစ်ခုကို ပြရသော် သာလှ(နောင်တွင် ဒေါက်တာသာလှ ဘူမိဗေဒ ပါမောက္ခဖြစ်လာမည့်သူ)သည် ရရှီဒ်အား အကာအကွယ်ပေးရန်အတွက် တိုက်ခိုက်ရန် ကမ်းဆိုလာခဲ့သည်။ ဒေါက်တာသာလှသည် ထိုစဉ်အခါက သူ၏လက်သီးကို ဆုပ်လျက် အသင့်ရှိနေခဲ့သည်။ သူတို့နှစ်ယောက် အပြင်သို့ ထွက်သွားရလေအောင်၊ ရရှီဒ်သည် ကိုနုအား ထိပ်ပိုင်းခေါင်းဆောင်မှုမှ နှင်ထုတ်ရန် အကြံအစည် ပြုနေသည်ဟုလည်း လုပ်ကြံသတင်းများ ပေါ်ပေါက်နေခဲ့သည်။ ကောလဟာလများကို ရပ်စဲသွားစေရန် သူတို့နှစ်ဦးသည် ထမင်းအတူ စားနေပုံ၊ အတူတကွ ရှိနေပုံများကို သတင်းစာများတွင် ဓါတ်ပုံရိုက် ဖေါ်ပြခံခဲ့ကြရသည်။ မည်သို့ပင်ဆိုစေ ကောလဟလသတင်းများသည် ရရှီဒ်ကို အနည်းငယ်မျှ မထိတို့နိုင်တော့ပါ။ သူသည် စမ်းသပ်ခြင်း ခံခဲ့ပြီးဖြစ်ရာ၊ သူသည် အဆင့်အတန်း အရည်အချင်းရှိကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။

သပိတ်ကြီး ပြီးမြောက်အောင်မြင်ပြီးနောက်၊ ကျောင်းသားများ မိမိိတို့စာမေးပွဲများအတွက် ပြင်ဆင်ရန် အသီးသီး မိမိတို့စာအုပ်များဆီသို့ ပျံ့ကျဲရောက်သွားခဲ့ကြသည်။ စာမေးပွဲကို ရှောင်လွှဲရန်အတွက် ကြိုးစားရန် မလိုအပ်ပေ။ သို့မဟုတ် ခွင့်ပြုချက်ယူရန်လည်းမလို။ လွယ်ကူသည့် အဆင့်အတန်းအတွက် စဉ်းစားရန်လည်း တောင်းဆိုရန်မလို။ အခန်းခွင့်ပြုချက်လည်း မလိုပေ။ ရရှီဒ်သည် ခိုင်မာသည့် အမည်ဂုဏ်ဖြင့် ထွက်ပေါ်လာခဲ့ပေသည်။ ယင်းသည့်အပြင် သူသည် ကောင်းမွန်ပြီး သစ္စာရှိသည့် မိတ်ဆွေများကို ရရှိခဲ့သည်။

“ကျွန်ုပ်သည် မြန်မာနိုင်ငံအား ချစ်သူအားလုံးကို ချစ်ပါသည်။ ကျွန်ုပ်သည် အားလုံးသော ဂုဏ်ကျက်သရေရှိသူများကို ချစ်သည်။ …..ကျွန်ုပ်သည် ချစ်ပါသည်၊ လေးစားပါသည်။ သင့်နောက်လိုက်ပါသည်။” ဟုကိုနုသည် ရရှီဒ်၏ အမှတ်တရစာအုပ်တွင် ၁၉၃၆ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် ရေးသားခဲ့သည်။

အနာဂါတ်တွင် ကွန်မြူနစ်ဖြစ်လာမည့် ပုဂ်္ဂိုလ်ပင်လျှင် သူ့အား မမြတ်နိုးဘဲ မနေနိုင်ရာ၊ “ကျွန်ုပ်သင့်ကို နားလည်သဘောပေါက်ပါသည်။ ယင်းသည် လုံလောက်ပေပြီ။” ဗဟိန်းက ရေးသားခဲ့လေသည်။

အမျိုးသားလှုပ်ရှားမှုတွင် ပိုမိုကျယ်ဝန်းသည် ့ အသုံးအနှုန်းအရ၊ ကျော်ငြိမ်းသည် သပိတ်မှောက်သူများ၏စခန်းကို သဘောထားတူညီသူများ၏ တွေ့ဆုံရာကွင်းပြင်၊ တပ်သည် အတူတကွ ရှေ့သို့ချီတက်ရန် ကြီးမားသည့် အခြေခံစခန်း မြင်ပေသည်။ သူသည် “ကုလားနှင့်ဗမာတို့ တွေ့ဆုံသည့် သပိတ်စခန်း”ဟု ရေးသားခဲ့သည်။

အောင်ဆန်းထံမှမူ အမြဲတမ်း အဖြည့်ပုဒ်အနေဖြင့် မျှဝေခဲ့သည်။ များစွာသော စည်းရုံးရေး လုပ်ငန်းများကို ရရှီဒ်နှင့် အခြားသူငယ်ချင်းများအား လွှဲထားသော သပိတ်ကာလတလျှောက် အမျိုးမျိုးပြောင်းလဲနေပြီး ဆန်းပြားသည့် အောင်ဆန်းသည်လည်း ဤသို့ သဘောထားပေးခဲ့သည်။ “M.A ၏ နောက်တွင် ကျွနု်တို့၏အမည်မှလွဲ၍ မည်သူ၏အမည်မှ မရှိပေ။ ဤသည်မှာ ကျွန်ုပ်တို့နှစ်ဦးအကြားတွင် အသွင်တူသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ သို့သော် အခြားများစွာသော အရာများရှိသည်ကို သင်သိပေမည်။ ကျွန်ုပ်တို့နှစ်ဦးသည် သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့တွင်လည်း အတူတကွ ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ကျွန်ုပ်တို့သေသည့်တိုင်လည်း လုပ်ကောင်းလုပ်ရပေမည်။ ”ဟု ရေးသားပြီး၊ ရှားပါးသည့် အပြုံးဖြင့် M.A.San ဆန်းဟု လက်မှတ်ရေးထိုးခဲ့သည်။ (ဦးရရှီဒ်သည်ကား သူ၏အမည်ကိုM.A.Raschidဟု ရေးထိုးလေ့ရှိသည်။)

ရရှီဒ်ရောက်လာခြင်းကို ဦးကျော်မြင့်သည် ထွေးနွေးစွာ ကြိုဆိုခဲ့သည်။ သူက “ကျွန်ုပ်တို့သည် သင့်အား ညီကိုတော်တစ်ယောက် အနေဖြင့်လည်းကောင်း၊ တက်ချင်းတွဲသည့် ညီနောင် အနေဖြင့်လည်းကောင်း ကြိုဆိုပါသည်။” ဟု ဆိုခဲ့သည်။ ၄င်းတို့နှစ်ဦး၏ မိသားစုတို့သည် မိတ်ဆွေများဖြစ်ကြပြီး ယခုသော်ကား၊ ငယ်ရွယ်သည့် မိတ်ဆွေလေးသည်လည်း ရဲဘော််ဖြစ်ခဲ့ပေပြီး။

(ကျွန်ပ်ကြားဖူးသည်မှာ ထိုစဉ်က မြန်မာနိုင်ငံတွင် ဦးကျော်မြင့်နှင့် ဦးရရှီဒ်၏အစ်ကို Mr. ßGauf တို့နှစ်ဦးသာလျှင် Barr at Law ဘွဲ့ကို ရရှိခဲ့သူများဟူ၍ ဖြစ်သည်။ စာရေးသူ)

ခွေးဘီလူးဟောင်ခြင်းကို မညှာမတာ သူ၏ကလောင်ဖြင့် ဆုတ်ဖြဲခဲ့ပြီး၊ သပိတ်ကို လှုံ့ဆော်ခဲ့သူ ညိုမြသည် ရရှီဒ်အပေါ်တွင် နှစ်ခြိုက်ပီတိအပြည့်ဖြင့် ချီးကျူးရန် မလုံလောက်သော်လည်း ပေါက်ကွဲကာ တစ်ဦးတစ်ယောက်၏ ကဗျာကို ကူးယူ၍ ကဗျာရေးသားခဲ့သည်။ သူသည် တစ်နေရာရာတွင် ဖတ်ခဲ့ရာ၊ ယင်းသည်လည်း ယခုတိုင် တစ်စုံတစ်ရာကဗျာ ဖြစ်ခဲ့လေသည်။

“ထို့အပြင် ကျွန်ုပ်သည် ရရှီဒ်ကို ရဲဘော်တစ်ဦးကဲ့သို့ ချစ်ပါသည်။
ကျွန်ုပ်သည် ရရှီဒ်ကို ခေါင်းဆောင်တစ်ဦးအနေဖြင့် ရိုသေကျိုးနွံပါသည်။
အသင့်ကို ကျွန်ုပ်မေ့ခဲ့သော်၊ အို-ရရှီဒ် ကျွနု်ုပ်၏ လက်ျာလက်သည် သူ၏ လိမ္မာပါးနပ်မှုကို မေ့လျော့ပါစေသား။” ဟု ရေးသားခဲ့လေသည်။

ညိုမြ၏လက်ျာလက်သည် သူ၏လိမ္မာပါးနပ်မှုကို မမေ့ခဲ့ပေ။ အမှန်တကယ်ပင် သူသည် သူ၏ သူရဲကောင်းကို မမေ့ခဲ့ပေ။

ဤသပိတ်မှောက်မှုသည် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။ ထုတ်ပယ်မှုများကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ တက္ကသိုလ်၏ အခြေအနေများသည် ပိုမို တိုးတက်လာခဲ့သည်။ စုံစမ်းရေး ကော်မရှင်သည် ကျန်ရှိနေသည့် ပြဿနာများကို တစိတ်တပိုင်းစီ စုံစမ်းစီစစ်လျက် ရှိခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ရရှီဒ်တို့သည်ကို ကော်မရှင်တွင် ဖိတ်ကြားခြင်းခံရပြီး၊ သူတို့၏ အရေးကိစ္စများကို သူတို့ကိုယ်တိုင် ဆုံးဖြတ်စေခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ကိုယ်စားလှယ်တစ်ဦးကိုလည်း တက္ကသိုလ် အာဏာရှိ အုပ်ချုပ်မှုအဖွဲ့တွင် ခုံတစ်နေရာပေးခြင်း ခံခဲ့ရသည်။ ရရှီဒ်သည် ပထမဦးဆုံးသော အစည်းအဝေးတိုင်ပင်ခံအဖြစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အမည်တင်သွင်းမှုဖြင့် ရရှိခဲ့သည်။ ရရှီဒ်အား သည့်ထက်ပို၍ သူ၏မိတ်ဆွေများ သူ့အပေါ်တွင် ယုံကြည်မှုကို သက်သေအထင်အရှား ပြခဲ့ကြလေသည်။ သပိတ်ကြီးပြီး၍ မကြာမီနောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းခဲ့ကြသည်။ ဤနေရာတွင်လည်း ရရှီဒ်သည် ပထမဆုံးသော ဥက္ကဌအဖြစ် တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရသည်။

အကယ်၍ မစ္စတာရရှီဒ်၏ အကြောင်းကို အပြည့်အဝ ပြောရမည်ဆိုပါက၊ ယင်းသည် မဖြစ်နိုင်ပေ၊ အဘယ် ကြောင့်ဆိုသော်၊ ၄င်း၏ဘဝကားချပ်သည် ယခုတိုင် လိပ်ခေါက်တင်ထားလျက်ပင် ရှိသေးသည်။ ဤသည်မှာ ယင်းအစပြုသော နေရာပင်ဖြစ်သည်။ သပိတ်မှောက်ခြင်းသည် ကြီးမားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပြီး၊ သူသည် ယင်းအဖြစ်အပျက်၏ အရေးပါသည့် ကဏ္ဍမှ ပါဝင်သူတစ်ဦး ဖြစ်သည်။ သို့သော် ယင်းသည် သူ၏ အ ကြောင်းအရာအပြည့်အစုံ မဟုတ်သေးပေ။ သပိတ်သည် သူ့အား ရှေ့သို့တွန်းပို့ခြင်းလည်း ဖြစ်နိုင်ပေသည်။ တင်ဆက်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် လုပ်ဆောင်မှုတစ်ခုသည် ယင်းကို တင်ဆက်ခြင်းတစ်ခုတည်းဖြင့် မပြီးဆုံးနိုင်ပေ။ အနည်းဆုံး မစ္စတာရရှီဒ်၏ ကိစ္စရပ်တွင် ဖြစ်သည်။ သူ၏ဥပဒေဘွဲ့ကိုု ယူခဲ့ပြီးသည့် နောက် သူသည် လက်တွေ့ကျင့်သုံးရန် ပြုလုပ်ခဲ့တော့သည်။ ပထမသူသည် အငယ်တန်းအဖြစ်နှင့် လုပ် ဆောင် ခဲ့ပြီး၊ နောက်ပိုင်းတွင် ယခုအခါတွင် ရန်ကုန်မြို့၏ ပြောင်မြောက်ထူးချွန်ေသော ဝတ်လုံတော်ရတစ်ဦး ဖြစ်နေပြီဖြစ်သည့် သူ၏အစ်ကိုရအူးဖ်နှင့် တွဲဖက်လုပ်ကိုင်ခဲ့သည်။ ဥပဒေရေးရာသည် သူ့ကိုဆွဲဆောင်ခဲ့ပြီး၊ သူသည်ကောင်း မွန်စွာ လုပ်ဆောင်နိုင်ခဲ့ကာ ပထမနှစ်၌ပင် အခွန်ဆောင်နိုင်လောက်သည့် ဝင်ငွေကို ရှာဖွေလုပ် ကိုင်ရရှိခဲ့သည်။ သို့သော် ဥပဒေသည် သူအားလုံလောက်သည့် စိတ်ဝင်စားမှု မပြုခဲ့ပေ။ ပိုမိုကျယ်ဝန်းသည့် လူထုအကျိုးပြုလုပ် ငန်းသည် ၄င်းအား ဖြားယောင်းဆွဲဆောင်လျက် ရှိခဲ့သည်။ အလုပ်သမားအဖွဲ့အစည်းသည် သူ၏ပထမဆုံးသော စိတ်ဝင်စားမှုဖြစ်သည်။ ထို့နောက် လူမှုရေးဆိုင်ရာ လုပ်ဆောင်မှုတွင်် သူနှင့်သူ၏ဇနီးတို့ သွက်လက်စွာ ပါဝင်လှုပ်ရှားခဲ့ကြသည်။ အောင်ဆန်း၊ ကိုနုနှင့် အခြားကဲ့သို့သော သူ၏ရဲဘော်တို့သည် သခင်များ၊ တော် လှန်ရေးသမားများ ဖြစ်နေကြပြီး ထိုအချိန်က သူ့အား ဆက်လက်တွေ့ဆုံနေကြပြီး၊ ဆွေးနွေးတိုင်ပင်ကြကာ၊ သူ့အပေါ်တွင် ရံပုံငွေရှာဖွေရေးမိသားစုအဖြစ် မှီခိုနေခဲ့သော်လည်း သူသည် အဖွဲ့အစည်း၊ နိုင်ငံရေးတို့ကို ရှောင် ဖယ်ခဲ့သည်။

စစ်ကြီးဖြစ်ပေါ်ခဲ့သည်။ ရရှီဒ်မိသားစုသည် တဖြည်းဖြည်းနှင့် မြစ်ကြီးနားသို့ ဆုတ်ခွာသွားစေခဲ့သည်။ သူတို့၏ စိတ်ဆန္ဒမပါဘဲ၊ နောက်ဆုံးတွင် သူတို့အား အိန္ဒိယနိုင်ငံနယ်စပ်ကို ဖြတ်ကျော်လျက် တွးန်ပို့ခြင်း ခံခဲ့ရလေသည်။ စစ်ကာလများသည် သူတို့အဖို့ မိမိတို့အိမ် မြန်မာနိုင်ငံသို့ ပြန်ရန် စောင့်မျှော်နေရသည့် အချိန်ကာလဖြစ် သည်။ သို့ဖြင့် သူတို့သည် ရန်ကုန်သို့ ပြန်ရောက်ခဲ့ကြသည်။ အောင်ဆန်းဆီသို့ ပြန်ရောက်ခဲ့သည်။ (အောင်ဆန်း သည် မစ္စတာ ရရှီဒ်ကို အိန္ဒိယနိုင်ငံမှ ဆင့်ခေါ်ကာ၊ ကက်ဘိနက် အစည်းအဝေးတစ်ခုသို့ ကြားဖြတ်ဝင်ရောက်စေခဲ့ပြီး၊ အတိတ်နှင့် အနာဂါတ်အကြောင်း ပြောဆိုခြင်းပြုခဲ့သည်)။

(ယင်းကိစ္စနှင့်ပတ်သက်၍ ဦးရရှီဒ်သည် အိန္ဒိယနိုင်ငံတွင် နေရူဟ်၏ လက်အောက်တွင် လုပ်ကိုင်နေစဉ်၊ ဗိုလ် ချုပ်အောင်ဆန်းက နေရူဟ်မှတစ်ဆင့် ဦးရရှီဒ်အား သံကြိုးရိုက်ခေါ်ယူခဲ့သည့် သံကြိုးစာကို ဦးရရှီဒ်သည် ထိုစဉ်က ၄င်း၏စာတမ်းစာရွက်များကို ပြုစုပေးနေကြသည့် ကျွန်တော်အပါ အခြားလူငယ်ကို ပြသခဲ့လေသည်။ စာရေ းသူ)

သူသည် မိမိအလုပ်သို့ ပြန်၍ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ အောင်ဆန်းသည် မိမိ၏ရဲဘော်ကြီးအား အလုပ်သမားဝန်ကြီးတစ်ဦး၊ သို့မဟုတ် ကက်ဘိနက်၏ အလုပ်သမားရေးရာ အကြံပေးအရာရှိတစ်ဦး ဖြစ်စေခြင်းသည်။ သို့သော် မစ္စတာ ရရှီဒ်သည် ပြင်ပမှ တရားမဝင်တစ်ဦးအနေဖြင့် လုပ်ကိုင်ခြင်းကို ရွေးချယ်ခဲ့သည်။ အလုပ် သမားဥပဒေ ပြန်လည်ပြင်ဆင်မှု၊ စက်မှုလက်မှုဆိုင်ရာ ရုံးတော်၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် အခြားအလုပ် သမားအကြောင်းအရာများသည် စိတ်ဝင်စားဖွယ်ရာ တောင်းဆိုမှုများသည် သူ့အချိန်တွင် တိုးမြင့်မှု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ယင်းသည် အချိန်ကို ကောင်းစွာ အသုံးချရသည့် အချိန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီး၊ ရရှီဒ်သည် ဆက်လက်၍ အောင်ဆန်းသူ့မှတ်တမ်းစာအုပ်တွင် ကြိုတင်ဟောသကဲ့သို့ ရေးသားခဲ့သည့်အတိုင်း၊ သူတို့ နှစ်ဦးသည် အတူတကွ သေသည့်တိုင် သို့မဟုတ် ကွဲကွာသွားသည့်တိုင် လုပ်ဆောင်မည်ဟု အောင်ဆန်းက ရေးသားခဲ့ခြင်းကို ဆက်လက် အကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်သည်။

ဦးနုသည် အားလုံးတို့တွင် ပင်ကိုယ်စွမ်းရည်၌ အကောင်းဆုံးသော စောင့်ကြပ်ကြည့်ရှုသူဖြစ်ရာ သူသည် မစ္စတာရရှီဒ်ကို ကက်ဘိနက်ဝန်ကြီးအဖွဲ့အတွင်းသို့ ခေါ်ဆောင်လာပြီး အလုပ်သမားများရေးရာများကို ကိုင်တွယ်စေခဲ့သည်။ ဝန်ကြီးတစ်ဦးအနေဖြင့် မစ္စတာရရှီဒ်သည် ကြိုးကြိုးပန်းပန်း လုပ်ဆောင်ခဲ့ပြီး အမြောက်အများကိုလည်း ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။ မကြာခဏဆိုသလို၊ ဟိုမှသည်မှ သူသည် ကုလားဖြစ်သည်ဆိုသည့် ဝေဖန်မှုများ၊ အသံများသည် ပြန်လည် ထွက်ပေါ်လာပြန်သည်။ သူသည် ကုလားဖြစ်ရာ ကုလားများကို မျက်နှာသာပေးခဲ့သည်။ သို့မဟုတ် ကုလားတစ်ယောက်ဖြစ်နေသည့်အတွက် ဝန်ကြီးအဖွဲ့အတွင်း၌ မရှိသင့်ဟု ပြောလာကြပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ဦးနုနှင့် သူ၏ရောင်းရင်းများနှင့် နိုင်ငံတော်သည် ယင်းဝေဖန်မှုများကို မသိကြိုးကျင်ပြုရန် လုံလောက်လှပေသည်။

နိုင်ငံတော်ဝန်ကြီးအဖွဲ့တွင် ယနေ့ ”ကုလားသွေးပါသူများ” နှင့် တရုပ်သွေးပါနေသူများနှင့် အဖွဲ့ဝင်များသည် မတူခြားနားသည့် လူမျိုးစုအုပ်စုများအား ကိုယ်စားပြုလျက် ရှိပေသည်။ ထို့အပြင် မြန်မာ့အရေးအကြောင်းများကို စိတ်ထားကျဉ်းမြောင်းပြီး ကန့်သတ်မှု အရေအတွက်သာရှိသည့် အသိုင်းအဝန်း “ဗမာစစ်စစ်” များက ကိုင်တွယ်ဖြေရှင်းသည့် နေ့သည် ဝမ်းနည်းဖွယ်ရာနေ့ ဖြစ်ပေမည်။ “ထိုကဲ့သို့သော တိရစ္ဆာန်တစ်ကောင် အကယ်၍ ရှိခဲ့သော်” ကျန်ရှိသည့်အချက်များသည် ဖေါ်ပြပါ စာရင်းအတိုင်းပင်ဖြစ်သည်။

အလုပ်သမားရေးရာများနှင့် အိုင်အလ်အို (I.L.O) ၊(I.L.O တွင်ဥက္ကဌလုပ်ခဲ့စဉ်တုန်းက သူ၏ အစည်းဝေးပွဲများတွင် မည်သူမျှ အရက်သေစာဖြင့် ဧည့်ခံခြင်းမခံရပေ။ အားလုံးကို အချိုရည်များဖြင့်သာ ဧည့်ခံခဲ့သည်။ စာရေးသူ) အိမ်ရာဆောက်လုပ်ရေး၊ အဆောက်အဦးစီမံကိန်းများ၊ ကုန်သွယ်ရေးတိုးတက်မှုနှင့် နိုင်ငံရေးဆိုင်ရာသက်သက် လွတ်ငြိမ်းချမ်းသာခွင့်၊ မလိုလားအပ်သည့် လာဘ်ပေးလာဘ်ယူမှုများ၊ သွင်းကုန်နှင့်ထုတ်ကုန်လိုင် စင် ထုတ်ပေးရာတွင် နည်းလမ်း၊ စည်းစနစ်များကို မိတ်ဆက်ပေးခြင်း(ယင်းတို့သည် ခွာချခဲ့သည်သူတို့၏ လွတ် ငြိမ်းချမ်းသာခွင့်နှင့် ခြိမ်းခြောက်ငွေတောင်းခံသူများ၏ ကန့်ကွက်မူးရှသံကို ထွက်ပေါ်လာစေမည် ဖြစ် သည်)။

ဆန်များရောင်းချရန် အိန္ဒိယနိုင်ငံသို့ မကြာမကြာ လေယာဉ်ခရီးများသွားရခြင်း။ ကျောက်တုံးကဲ့သို့သော မာ ကျော သည့် အိန္ဒိယစားနပ်ရိက္ခာဆိုင်ရာ ဝန်ကြီးပင် မစ္စတာရရှီဒ်၏ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် စာချုပ်ကို လက်မှတ်ရေးထိုးလောက်အောင် တရားဟောဆွယ်မှုအပေါ် လှုပ်ရှားစိတ်ပျော်သွားခဲ့ရသည်။ ထို့အပြင် ဟင်ဒွဆ်သာန်စံနှုန်း သတင်းစာအယ်ဒီတာ ကဏ္ဍတွင် ”ရရှီဒ်သည် မှန်ကန်ပေသည်။ သူက သူသည် သဘောတူစာချုပ်တစ်ခု ချုပ်ဆိုမှုရရှိမည်ဟု ဆိုခဲ့သည်။ သူရရှိခဲ့သည်။)

အိန္ဒိယမှချေးငွေရရှိခဲ့ခြင်း။

မကြာသေးမီက အမျိုးသားရေး ရွေးကောက်ပွဲတွင် ရန်ကုန်တွင် သူသည် မြောက်များစွာ ထောက်ခံမှု မဲအများဆုံးရရှိကာ အောင်နိုင်ခဲ့ခြင်း။ ယခုအခါ သတ္ထုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးဖြစ်လာသောအခါ၊ ဝန်ကြီးများလာရောက်ခြင်း ရှားပါးစွာခံရသည့် ထားဝယ်၊ မော်ချီ၊ ကလေးဝနှင့် အခြားဝေးကွားလှသည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့လေသည်။ အရည်အချင်းနှင့် ခက်ခဲစွာ လုပ်ရမည့်အလုပ်များဖြင့် အောင်မြင်နိုင်သည့် နေရာများတွင် မစ္စတာရရှီဒ်သည် ထိုနေရာများတွင် သူ့၌ အဆုံးအစမရှိသည့် လိုအပ်ချက်များ သိုလှောင်ထားရှိမှုနှင့် အရည်အချင်းရှိခြင်းတို့သည် မစ္စတာရရှီဒ်တွင် ရှိပေသည်။

မြန်မာမှုပြုရာတွင် အားတက်သရောရှိသည့် ဦးနုသည် သူ၏မိတ်ဆွေ မစ္စတာရရှီဒ်ကို ဦးရန်ရှင်း (အန္တရာယ်ကင်းရှင်းသူ) ဟူသည့် အမည်ပြောင်းရန် လိုလားခဲ့သည်။ ရရှီဒ်သည်ကား သူ၏မွေးအမည်ပေါ်တွင် သစ္စာရှိလှပေရာ၊ ယင်းကို လက်မခံသော်လည်း သူ၏အမည်ရှေ့တွင် “ဦး”တပ်ကာ အလျှော့ပေး လိုလိုလားလား လက်ခံခဲ့သည်။ ထို့အပြင် သူ၏ရင်းမြစ်ပေါ်သို့ သစ္စာရှိမှုများသည် သူရွေးချယ်သည့် အမိမြေအပေါ် သစ္စာရှိမှုကို ထက်မြက်စေသည်။ သူ၏ မွတ်စလင်မ်ဖြစ်ခြင်းအပေါ် သစ္စာရှိခြင်း၊ သူ၏ မှန်ကန်မှုဖြစ်ခြင်းနှင့် သတ္တိတို့သည် သူ့အား မြန်မာနိုင်ငံ၏ ထွန်းတောက်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း တန်းဖိုးအဖြစ် တည်ရှိနေပေသည်။

(ဖေါ်ပြပါ အကြောင်းအရာအားလုံးသည် ဒေါက်တာမောင်မောင်၏ ဆောင်းပါး၌ ရရှိသည့် အကြောင်းအရာ ရေးသားချက်များပင်ဖြစ်ပါသည်။)
၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */