" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 6, 2022

Commander SHOBBIR HUSSEIN [1941-1998]

Commander SHOBBIR HUSSEIN [1941-1998]



တပ်မှူးရှော်ဗ္ဗီးရ်ဟူစိန်း [၁၉၄၁-၁၉၉၈]


ရှောဗ္ဗီးရ်ဟူစိန်သည် ၁၉၄၁ ခုနှစ် ဧပြီလ ၁၄ ရက် တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖွီမာလီကျေးရွာရှိ ထင်ပေါ်ကျော်ကြားသည့် မိသားစုမှ မွေးဖွားလာသည်။ ဖခင်မှာ ကျောင်းဆရာ အဟ်မဒူရာမာန်ဖြစ်ပြီး မိခင်မှာ ဒေါ်ဆော်လီမာခါတွန် ဖြစ်သည်။ ရှော်ဗ္ဗီရ်ဟူစိန်းသည် အခြေခံပညာကို ဇာတိရွာ၌ သင်ယူခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းကို ဘူးသီးတောင်မြို့ အထက်တန်းကျောင်းနှင့် စစ်တွေမြို့ အထက်တန်းကျောင်းမှ သင်ယူခဲ့သည်။ ၁၉၅၉ ခုတွင် စစ်တွေမြို့ အစိုးရ အထက်တန်းကျောင်းမှ ၁၀-တန်းအောင်ခဲ့သည်။ ထို့နောက် ကျောက်ဖြူ ကော် လိပ်၌ ဥပစာတန်း သင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာသိပ္ပံကျောင်း၌ ဆက်လက် ပညာဆည်းပူးခဲ့ရာ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံဖြင့် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂-၆၅ ထိ ရန်ကုန်တက္ကသိုလ် စစ်လေ့ကျင့် ရေးသင်တန်း (Ragoon University Crops- UTC) တက်ရောက်ကာ အခြေခံစစ်ပညာကိုလဲ သင်ယူခဲ့သည်။
 

  ကျောင်းသားဘဝတွင် လူမှုရေး လုပ်ငန်း ဆောင်ရွက်မှု အမျိုးမျိုးတွင် လည်းကောင်း၊ အစဉ်အလာ ဓလေ့ထုံးစံ ရေးရာ အပြင် နိုင်ငံရေး အဖွဲ့အစည်းများတွင်လည်း ထထကြွကြွ ပါဝင်ခဲ့ကြသည်။ ၁၉၅၉ ခုမှ ၁၉၆၂ ခုအထိ သူ သည် ကျောက်ဖြူကော်လိပ် မွတ်စလင်ကျောင်းသားများ အသင်း (Muslim Students Association)  နှင့် ဓညဝ တီ ကျောင်းသားများ အသင်း (Danyawaddy Students Association) ဗဟိုလ်အမူဆောင် ကော်မတီ အဖွဲ့ဝင်တစ် ဦးဖြစ်ခဲ့သည်။ ၁၉၆၁ ခုမှ ၁၉၆၄ ခု ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာကျောင်းသားများအသင်း (Rangoon University Rohingya Student Organization) အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သည်နှင့်အတူ ၁၉၆၂ ခုမှ-၁၉၆၄ ခုထိ ရန် ကုန် တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်း (Rangoon University Muslim Students Association)၏ ဗဟိုလ်ကော်မတီဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ရှော်ဘ္ဗီရ်ဟူစိန်းသည် မြန်မာ့ကုန်သွယ်ရေးကောပိုရေးရှင်း ဝန်ကြီးဌာန၌ မြို့နယ် ကုန်သွယ်ရေး မန်နေဂျာအဖြစ် စတင်အမှူးထမ်းခဲ့သည်။ ၁၉၆၉ ခုတွင် သူသည် ရိုဟင်ဂျာလွတ် မြောက် ရေး မြေအောက်လှုပ်ရှားမှုကို ဦးဆောင်နေသော ရိုဟင်ဂျာ လွတ်မြောက်ရေး တပ်မတော် (Rohingya Independence Force) သို့ ဝင်ရောက်ခဲ့သည်။ အာရ်အိုင်အေဖ် နှင့် ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေးပါတီတို့ ပူးပေါင်းသွားသောအခါ ရှောပ္ပီရ်သည် အဓိက ကဏ္ဍမှ ထထကြွကြွ လှုပ်ရှားခဲ့သည်။

၁၉၇၃ ခုတွင် ဇာဖော်ရ်ဟားဗီးပ်၏ ခေါင်းဆောင်မှုအောက်၌ အာရ်အိုင်အေဖ် ကို Rohingya Patriotic Front (RPF) အဖြစ်အမည်ပြောင်းလဲပေးခဲ့သည်။ ၎င်းတွင် ဗဟိုလ်ကော်မတီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူ့၏ စွယ်စုံအရည်အချင်းနှင့်အညီ တာဝန်မျိုးစုံကို ထမ်းဆောင်ခဲ့သည်။ သင်းတန်းကျောင်း ကွပ်ကဲရေးမှူး၊ သင်တန်း ဆရာကြီး၊ ပြန်ကြားရေးဌာန အတွင်းရေးမှူး၊ နိုင်ငံခြားရေးရာ အတွင်းရေးမှူး စသည့်တာဝန်အမျိုးမျိုုးကို ထမ်း ဆောင်ခဲ့သည်။

၁၉၇၅ ခုတွင် ပညာတတ်လူငယ်များ ပါတီသို့ အပြုံလိုက် ဝင်ရောက်လာသည့်အခါ ဗိုလ်သည် သူတို့အား အခြေ ခံစစ်သင်တန်းကို ကိုယ်တိုင်သင်ပေးခဲ့သည်။ ယနေ့ခေတ် တော်လှန်ရေးခေါင်းဆောင် အများစုမှာ ဗိုလ်၏ သင် တန်းဆင်း တပည့်လက်သားတွေသာဖြစ်ကြသည်။ သူသည် ရိုဟင်ဂျာလွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သည့် သမိုင်းတွင်မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်မည်ဖြစ်သည်။


၁၉၈၄ ခုတွင် အာရ်ပီအေဖ်နှင့် နူရ်အီစ္စလာမ် ခေါင်းဆောင်သော ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ ဂိုဏ်းခွဲတစ် စု သည် Arakan Rohingya Islamic Front (ARIF) အဖြစ် ပေါင်းစည်းသွားသောအခါ ဗိုလ် ရှော်ဗ္ဗီရဟူစိန်းသည် အာရ်ပီအေဖ် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၇၈ ခုနှစ် ပထမအကြိမ် ရိုဟင်ဂျာ အမျိုးသားကောင်စီ၌ သူ့ကို ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ဒုတိယအကြိမ်၌ သူ့ကို ကျန်းမာရေးအခြေအနေကြောင့် ဒုခေါင်း ဆောင် အဖြစ် တင်မြောက်ရွေးချယ်ခဲ့တယ်။ 


ဗိုလ်ရှော်ဗ္ဗီရ်ဟူစိန်းသည် လွတ်မြောက်ရေးလှုပ်ရှားမှုတလျှောက် နိုင်ငံပေါင်းများစွာသို့ ခရီးထွက်ပြီး အစည်းအ ဝေးများ၊ ဆွေးနွေးမှုများစွာကို တက်ရောက်ခဲ့သည်။ ထို့အပြင် အဖိနှိပ်ခံ ရိုဟင်ဂျာအမျိုးသားတို့၏ မူလအခွင့်အ ရေး နှင့် လွတ်မြောက်ရေးအတွက်  စည်းရုံးလုံးဆော်မှုများ၊ တွေ့ဆုံမေတ္တာရပ်ခံမှုများကို မနားတမ်း ဆောင်ရွက် ခဲ့သည်။ ရှော်ဗ္ဗီရ်ဟူစိန်းသည် သူ၏ ထူးခြားပြောင်မြောက်သော ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုများဖြင့် ရိုဟင်ဂျာတို့ အခွင့်အရေးနှင့် လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် သူ့ဘဝတသက်ကို စတေးခဲ့သည်။

သူသည်အရည်အချင်းပြည့်ဝသော သင်တန်းနည်းပြ၊ တပ်မှူးတစ်ဦး၊ နှိုင်းချင့်မျှော်ခေါ်မှုကောင်းသော ခေါင်း ဆောင်တစ်ဦးလည်းဖြစ်သည်။ သူသည် ရိုဟင်ဂျာအမျိုးသား စည်းလုံးညီညွတ်ရေးအတွက်လည်း မနားတမ်း ကြိုးပမ်းခဲ့သည်။ သူ၏ အလွန်ပြင်းထန်သော ရောဂါခံစားနေချိန်တွင်ပင် လူမျိုးအကျိုး ဘာသာအကျိုးကို ဆောင် ရွက်ခဲ့သည်။ နောက်ဆုံးထွက်သက်ထိ အမျိုးပေးတာဝန် ကျေပွန်ရင်း ARIF ၏ ဒုဥက္ကဋ္ဌတာဝန် ထမ်း ဆောင်နေဆဲတွင်ပင် အသည်းနာ ရောဂါဖြင့် ၁၉၉၈ ခု ဇန္နဝါရီလ ၂၅ ရက်နေ့တွင် လောကနှင့် ရိုမျိုးကို ခွဲခွာ၍ ထာဝရ နှုတ်ခွန်းဆက်သွားခဲ့လေသည်။ သူကွယ်လွန်ခဲ့သည်မှာ ၁၉ နှစ်လွန်ခဲ့သော်လည်း ရိုမျိုး၏ နှလုံးသား ထဲတွင် ရှင်သန်နေဆဲဖြစ်သည်။
Read in English -





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */