" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 8, 2022

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကုလလူ့အခွင့်အရေး ကောင် စီ ဆုံးဖြတ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဇူလိုင်၊ ၂၀၂၂

၂၀၁၇၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွါသွားကြတဲ့ ရိုဟင်ဂျာများ။


ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဆန္ဒအရ ဘေးကင်းလုံခြုံ ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေစတင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံကိုတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့် အရေး ချိုး ဖောက်မှုတွေဆက်ပြီးဖြစ်ပေါ်နေတဲ့အကြောင်း ကုလလူ့အခွင့်အရေး ကောင်စီက ဇူလိုင် ၇ ရက်နေ့ မှာ မဲမခွဲဘဲတညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။

ဒီလူ့အခွင့်အရေးချိုးဖေါက်မှုတွေကို နိုင်ငံတကာအနေနဲ့ လွတ်လပ်၊ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ဖို့ အရေးကြီးတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ အပြည့် အဝပူး ပေါင်းဆောင်ရွက်ဖို့၊ ကန့်သတ်မှုကင်းကင်းနဲ့ စုံစမ်းစစ်ဆေးခွင်ပြုဖို့တိုက်တွန်းထားပါတယ်။

ဒီဖြစ်ရပ်တွေအပေါ် တာဝန်ခံမှုရှိဖို့အပါအဝင် လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင်က တင်သွင်းတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စောင့်ကြည့်လေ့လာခွင့်ပေးဖို့လည်း မြန်မာနိုင်ငံကို တောင်းဆိုပါတယ်။

၂၀၁၇ ခု သြဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တပ်နယ်မြေရှင်းလင်းရေး အတွင်း ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် နေရပ် စွန့်ခွါထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို လက်မခံတဲ့ မြန်မာစစ်တပ်က တော့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျုး လွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံ ငြင်းဆိုလေ့ရှိပါတယ်။

အခု ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမပါဘဲ တဖက်သတ်ဖြစ်တဲ့အတွက် လက်မခံနိုင် ဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက တုံ့ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */