" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, June 26, 2022

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ် မှု နိုင်ငံတကာရဲ့ ပြဿနာဖြစ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၆ ဇွန်၊ ၂၀၂၂

ကမ္ဘာ့ဒုက္ခသည်များနေ့အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ စုဝေးဆန္ဒပြနေပုံ။ (ဓာတ်ပုံ ကိုအောင်မြိုင်-ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇))


ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု အတွက် တာဝန်ခံမှု ရှိရေးဟာ နိုင်ငံတကာ နဲ့ အာဆီယန် ရဲ့ ပြဿနာလည်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြား လိုက်ပါတယ်။

ဗွီအိုအေဘင်္ဂလာဌာနနဲ့ ဝါရှင်တန်ဒီစီမှာ လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒါဟာ နိုင်ငံတကာကိစ္စဖြစ်တယ်လို့ သံအမတ်ကြီးက ဇွန်လ (၂၄) ရက်နေ့က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အခြေအနေ ဖန်တီးရေး၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအတွက် တာဝန်ခံမှုရှိ ရေးကို ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာနဲ့ အမေရိကန်က ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍရှိကြောင်း၊ ဒါဟာ အာ ဆီယန်ရဲ့ အရေးကိစ္စလည်း ဖြစ်ပါတယ်။” လို့ သံအမတ်ကြီးက ပြောသွားခဲ့တာပါ။ ရိုဟင်ဂျာတွေအပေါ် ကျူး လွန် ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိ ကန်ပြည်ထောင်စုက သတ်မှတ်ခဲ့တဲ့အတိုင်း ရိုဟင်ဂျာတွေ မြန်မာပြည် ပြန်နိုင်ဖို့အတွက် အမေရိကန်နဲ့ ဘင်္ဂ လားဒေ့ရှ်က အတူတကွ လုပ်နိုင်ကြမယ်လို့ ထင်မြင်ပါသလားဆိုတဲ့ မေးခွန်းကို သံအမတ်ကြီးက ဖြေကြားခဲ့ တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေ ဖြစ်ပေါ်ရေးအတွက် တိတ်တိတ် ဆိတ်ဆိတ် လုပ်ဆောင်နေကြကြောင်းကိုလည်း သံအမတ်ကြီးက ပြောကြားသွားပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်စခန်း အနှံ့အပြားမှာ အိမ်ပြန်ရေး လှုပ်ရှားမှုအဖြစ် ဒုက္ခသည်တွေက သောင်းချီပြီး တစ်ချိန်တည်း ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ အရင် တစ်ပတ်တုန်းကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်များရဲ့ အစည်းအဝေးကို ကျင်းပပြီး ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး လိုအပ်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */