လွတ်လပ်တဲ့ အာရှအသံ
2019-05-10
မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေရဲ့ မိသားစုဝင်တွေကို စစ်တွေမြို့မှာ ၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေဖမ်းဆီးခံရတဲ့လူ ၂၇ ဦးအနက် သုံးဦးဟာ စစ်တွေ တပ်နယ်မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေ ကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူမိသားစုဝင်တွေကို RFA က မနေ့က သီးသန့်တွေ့ဆုံရာမှာ အခုလို တောင်းဆိုခဲ့တာပါ။