Thursday, May 2, 2019

ရသေ့တောင် ကျောက်တန်းရွာသား ၇ ဦး စစ်ဆေးခံရစဉ် သေဆုံးဟု ကြားသိရ

မဇ္ဈိမ သတင်း
By ဇေယျာမော်
02 May 2019
                                                                 ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ မေလ ၂ ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားများအား ရက္ခိုင့်တပ် AA နှင့် ပတ်သက်သည်ဟုဆိုကာ တပ်မတော်မှ စစ်ဆေးမေးမြန်းနေစဉ် ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိသည်ဟု ကြားသိရကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ဦးသန်းနိုင်က ဆိုသည်။
“သေတာကတော့ ၇ ဦး ဖြစ်နေပြီလို့ ကြားတယ်။ ဒဏ်ရာရတာကလည်း ၈ ဦး ၊ ၉ ဦး လောက်ဖြစ်နေပြီ လို့ကြားတယ်၊ ကျွန်တော်တို့လည်း ကြားတာပဲ ရှိတယ်။ မျက်မြင်မတွေ့ရဘူး” ဟု ဦး ဦးသန်းနိုင်က ဆို သည်။ရသေ့ တောင်မြို့နယ် ၊ ကျောက်တန်းကျေးရွာမှ အသက် ၁၅ နှစ် မှ ၅၀ နှစ်အတွင်း ရှိ မသင်္ကာဖွယ်ရာ အမျိုး သား ၂၇၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာစာသင်ကျောင်တွင် ခေတ္တ ထိန်းသိမ်းထားပြီး တရားဥပဒေ အရ အ ရေး နိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆောင်ရွက်နေကြောင်း တပ်မတော်ဘက်က မေလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ ၂၇၅ ဦးအတွင်းမှ လူ ၇ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများရှိနေသည်ဟု သတင်းများ ကြားသိရခြင်းကြောင့် ကူညီပေးရန်လာသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရွာအတွင်းသို့ ဝင် ရောက် ခွင့် မရရှိကြောင်း ယင်း လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

“သေဆုံးတဲ့ သူတွေရော ၊ ဒဏ်ရာရတဲ့သူတွေကိုရော ကူညီပေးဖို့ဆိုပြီး မနက်က ကျောက်တန်းရွာကို ရောက်တယ်။ ရွာထိပ်ရောက်တော့ ရွာထဲကို ဝင်လို့မရဘူး။ ဒဏ်ရာရတဲ့သူတွေကို ကူလို့မရဘူးဖြစ်နေ တယ်” ဟု ဦးဦးသန်းနိုင်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး တို့အား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည် ၃၅၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ဒေသခံ အရပ်ဘက်အဖွဲ့များ၏စာရင်းအရ သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမမှ ထပ်မံတင်ပြသွားမည် ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */