VOA
ဗွီအိုအေ (မြန်မာဌာန)
25 ဧပြီ၊ 2019
နိုင်ကွန်းအိန်
ဗွီအိုအေ (မြန်မာဌာန)
25 ဧပြီ၊ 2019
နိုင်ကွန်းအိန်
AA အဖွဲ့နဲ့ ပက်သက်ဆက်နွယ်နေတယ်ဆိုပြီး မြောက်ဦးမြို့နယ် လက္ကာရွာအတွင်းက တပ်မတော် ကမသ င်္ကာ လို့ ဖမ်းဆီးသွားတဲ့ လူ(၂၇)ဦးထဲက (၃)ဦးသေဆုံးသွားတယ်လို့ တပ်မတော်ဘက်က ပြောဆိုပါတယ်။ ဒီသေဆုံးမှုအတွက် အကြောင်းရင်းမှန်သိရအောင် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့စုံစမ်းသွားမယ်လို့လဲ လွှတ်တော်အကြီးအကဲတွေက ပြောပါတယ်။ မိသားစုဝင်တွေကတော့ ရောဂါကြောင့်သေတာမဟုတ် နိုင် ဘူး လို့ သံသယရှိနေကြပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။
တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြောက်ဦးမြို့နယ်လက္ကာရွာသား(၂၇)ဦးအနက် (၃)ဦး ဒီရက် ပိုင်း မှာ သေဆုံးသွားပြီးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။
“ပထမတဦးကတော့ နှလုံးရောဂါနဲ့သေဆုံးတာဖြစ်တယ်။ ဒုတိယတဦးကတော့အချုပ်ထဲမှာ သူ့ပုဆိုးနဲ့ သူကြိုး ဆွဲချပြီး သေတာရှိတယ်။နောက်တယောက်ကတော့ဆေးစွဲနေတဲ့လူ တယောက်သေ သွားတာရှိတယ်။ ကျွန် တော်တို့ ရင်ခွဲ စစ် ဆေးချက်ဘာတို့ကိုလဲ စစ်တွေပြည်သူ့ဆေးရုံကြီးမှာယူထားတာရှိတယ်။ သေမှုသေခင်းပေါ့ ဖွင့်ထားတာရှိတယ်။ လက်ရှိတော့ ကျန်တဲ့လူတွေကဟို စစ်ဆေးနေဆဲဘဲရှိတယ်ဗျ။”
ပြီးခဲ့တဲ့ဧပြီလ(၁၀)ရက်နေ့က တပ်မတော်ကနေဖမ်းဆီးသွားတဲ့ လက္ကာရွာသားတွေအနက်က ဦးသိန်းထွန်း စိန်နှင့် ကိုဇော်မျိုးထွန်းအပါဝင် သုံးယောက် သေဆုံးသွားတာဖြစ်ပါတယ်။
တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားတာ(၁၅)ရက်အတွင်း လူသုံးဦးသေဆုံးသွားတာဟာရောဂါကြောင့် သ တာ မဖြစ်နိုင်ဘူးလို့ သေဆုံးသူ မိသားစုဝင်တဦးကပြောပါတယ်။
“ရောဂါကြောင့်လို့မသေနိုင်ပါဘူးလေ။ နှိပ်စက်လို့ဘဲသေတာပေါ့။ ဒါပေမဲ့ မပြောရဲလို့မပြောကြတာ။”
ဒါပေမဲ့အခုလိုသေဆုံးမှုမှာရောဂါကြောင့်သေဆုံးတာလား၊နှိပ်စက်ခံရမှုကြောင့် သေဆုံးတာလား ဆိုတာ ကိုတော့ ဘယ်သူမှတိတိပပ အတည်မပြုနိုင်သေးပါဘူး။
သေဆုံးသွားတဲ့ ရွာသား ၃ ဦးရဲ့ မိသားစုဝင်တွေကို တရားဝင်အကြောင်းကြားမှု မရှိသေးသလို ကျန်ရှိတဲ့ သူတွေ ဘယ် မှာဖမ်းချုပ်ထားသလဲ ဆိုတာကို မိသားစုဝင်တွေ မသိရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။
ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကတော့ ဒီသေဆုံးမှု အကြောင်းအရင်းမှန်သိရှိအောင် လွှတ် တော်ကနေ စုံစမ်းစစ်ဆေးသွားမယ်လို့ အခုလို ပြောပါတယ်။
“ကျွန်တော်တို့က လှမ်းလို့မေးတော့ တပ်မတော်ဘက်ကပြန်ဖြေတယ်၊ နယ်လုံဝန်ကြီးကလည်း ပြောတယ် လ။ အဲဒီလိုဆုံး သွားတယ်လို့ သူတို့ပြောတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ပက်သက်လို့ကတော့ လွှတ်တော်မှာ လုပ်သင့်လုပ် ထိုက်တာကိုတော့ အားလုံးကိုလုပ် သွားမှာပါ။ ဘယ်လိုလုပ်မယ်ဆိုတာကတော့ ကျွန်တော်လုံးဝပြောလို့မရသေးဘူး။”
ဧပြီလ ၉ ရက်နေ့ညက မြောက်ဦးမြိုရှိ ရဲတပ်ရင်းဌာနချုပ်ကို ရခိုင့်တပ်မတော် AA ကနေ ဝင်ရောက် တိုက် ခိုက်ခဲ့အပြီး တပ်မတော်ကနေ နယ်မြေရှင်းလင်းရင်း လက္ကာရွာဖက်ကို ရောက်လာပြီး ရွာသားတွေကို ဖမ်း ဆီးခဲ့ကြောင်း ဒေသခံ ကျေးရွာသားတွေကပြောပါတယ်။
တပ်မတော်ဖက်ကတော့လက္ကာရွာအတွင်း ဝင်ရောက်စစ်ဆေးရာမှာ ဒီလူတွေဟာ AAနဲ့ ဆက်နွယ်နေ တယ်လို့ သံသယရှိတာကြောင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြော ဆိုခဲ့ပါတယ်။ ဒီလူတွေနဲ့ပတ်သက်ပြီး တပ်မတော်ကသိမ်းဆီးရခဲ့တဲ့ ဖွဲ့စည်းပုံဆိုင်ရာ စာရွက်ဟာ လက္ကာရွာ လုံခြုံရေး ညကင်းအလှည့်စာရင်းဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သူတွေအားလုံးဟာ AAတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ ရွာသားတွေဖြစ်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြင့်က ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာမြန်မာ့တပ်မတော်နဲ့ရခိုင်တပ်တော်AAတို့ အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု ၊အဖမ်းဆီးခံနေရမှု၊ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင် နေရမှုတွေ ပိုမိုများပြား လာနေပါတယ်။
ဒီအခြေအနေတွေကိုရပ်တန့်ဖို့ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့တို့ကြား ပစ်ခတ်မှုတွေ ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေးသွားဖို့ ရခိုင်လူမှုအဖွဲ့အစည်း(၃၀၀)နီးပါးက ဧပြီလ(၂၂)ရက်နေ့ ရက်စွဲနဲ့တောင်းဆိုခဲ့ ပါ တယ်။

Link : Here
No comments:
Post a Comment