" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Friday, February 22, 2019

အာဆာ ခေါင်းဆောင်တဦး ပစ်ခတ်မှုအတွင်း သေဆုံး ဟုဆို

ဧရာဝတီ
By Muktadir Rashid 22 February 2019

၂၀၁၇ခုနှစ် မတ်လက နရူးလ် အလမ် ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က ကော့ဘဇားတွင် ဖမ်းစဉ်(RAB)

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) ခေါင်းဆောင်တဦးဖြစ်သည့် နရူးလ် အလမ်(ခ) ဟာရ ကာအယ်ယာကင် သည် ဘင်္ဂလားဒေ့ရှ် အ ထူးတပ်ဖွဲ့ (Rapid Action Battalion) နှင့် ကော့ဘဇားခရိုင် တက္က နပ်တွင် သောကြာနေ က အပြန်အလှန် ပစ် ခတ်မှု၌ သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အထူးတပ် ဖွဲ့က ပြောသည်။



ထိုသတင်းနှင့် ပတ်သက်၍ ARSA သည် ၄င်းတို့ ထိပ်တန်း လက်နက်ရှာဖွေသူ နာရူးလ်အလမ် သေဆုံး ခြင်းနှင့်ပတ်သက်ပြီး မည်သည့် ကြေညာချက်မှ မထုတ်ပြန်သလို၊ ယင်းအကြောင်းနှင့် ပတ်သက်၍ ဧရာဝ တီ သတင်းဌာနမှနေ၍ ၄င်းတို့၏ Twitter စာမျက်နှာသို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်းမရှိပေ။

၎င်းသည် ၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့ ညက တက္ကနပ် ရှိ နာရာပရာ ရိုဟင်ဂျာ စခန်းအနီးရှိ လုံခြုံရေးစ ခန်းတခုမှ လက်နက်များကို ဝင်ရောက်လုယက်ရာတွင် ပါဝင်ခဲ့သည်။ထို့အတွက် သတင်းအရ တက္ကနပ် ခ ရိုင်ခွဲရှိ ဒမ်ဒါမီယာ ဟုခေါ်သောနေရာကို နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းစဉ် ခုခံတိုက်ခိုက်သော ကြောင့် ပစ်ခတ်ရာ ထို ARSA ခေါင်းဆောင်သေဆုံးသွားခြင်း ဖြစ်သည်ဟု အထူးတပ်ဖွဲ့ (၇) မှ ပြောခွင့်ရသူ မင်တာနာ ရာမန်က သောကြာနေ့တွင်ပြောသည်။

“သူတို့တွေက တခြားသူတွေနဲ့ ဓါးပြတိုက်ဖို့တိုင်ပင်နေကြတာ” ဟုလည်း သူက ဆက်ပြောသည်။၎င်းတို့၏ စစ်ဆင်ရေးအဖွဲ့သည် ဓါးပြအုပ်စုတစုနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ထိုပစ်ခတ်မှု အတွင်း စခန်း တပ် မှူး ကို သတ်ဖြတ်ပြီး စခန်းကို ဝင်ရောက်လုယက်သူ ဓါးပြခေါင်းဆောင် (မြန်မာ နိုင်ငံမှ ရွှေ့ပြောင်းလာသူ) နာရူးလ်အလမ်သေဆုံး သည်ဟု အထူးတပ်ဖွဲ့က မီဒီယာများသို့ ဖြန့်ချိသည့် စာတွင်ဖေါ်ပြထားသည်။

ထိုတပ်ဖွဲ့သည် ပြည်ပလုပ် ပစ္စတိုနှစ်လက်၊ ကျည်နှစ်ကဒ်နှင့် ကျည်ဆံ ၁၃ တောင့်ကိုလည်း ပစ်ခတ်မှု ဖြစ် ပွားသော နေရာတွင် သိမ်းဆည်းမိသည်ဟုလည်း ထိုစာတွင်ဖေါ်ပြထားသည်။နာရူးလ်အလမ်ဆိုသူမှာ ၂၀၁၆  ခုနှစ်က ထုတ်ပြန်သည့် ARSA ၏ ဝါဒဖြန့်ချိရေး ဗီဒီယို၌ ခေါင်းဆောင် အတူလာ အဘူ အမ်မာ ဂျူနန်နီ၏ ဘေးတွင် စက်သေနတ်ကိုင်ကာ ရပ်နေသူဖြစ်သည်။

နာရူးလ်အလမ်သည် အန်ဆာရဲစခန်းမှ ရဲမှူး အလီဟူစိန်အား လုယက်သတ်ဖြတ်မှုဖြင့် ဖမ်းခံရပြီး နောက် နာမည်ကြီး လာသူဖြစ်ပြီး ၄င်းအား အာမခံဖြင့် ဘင်္ဂလားဒေ့ရှ်က ပြန်လွှတ်ထားသူဖြစ်သည်။၎င်း လုယက်ခဲ့ သည့် အန်ဆာရဲစခန်းမှ လက်နက်များတွင် ရိုင်ဖယ် ၁၁လက်နှင့် ကျည် ၂၂၀ကို ကော့ဘဇားခရိုင်နှင့် ကပ် လျှက်ရှိ ဘန်ဒါဘန် ခရိုင်ခွဲမှ နိုင်ခေါင်ချာရီတွင် ၂၀၁၇ခုနှစ်က သိမ်းဆည်း ထားပြီးဖြစ်သည်။

နာရူးလ်အလမ်ကို ထောင်တွင် ချုပ်ထားခဲ့ပြီးနောက် တနှစ်ကြာသောအခါ အာမခံဖြင့်လွှတ်ပေးခဲ့ ကြောင်း ဟု အထူးတပ်ဖွဲ့ တပ်မှူးဗိုလ် မာဇာရှာဟက်မာထပ် ကပြောသည်။၎င်းသည် ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် တက်ကနက်ရှိလီဒါစခန်းတွင် အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ စေတနာ့ဝန်ထမ်း မိုဟာမက် ယီရာစာကို သတ်ဖြတ်မှု၊ အသက် ၃၂ နှစ်အရွယ် ရိုဟင်ဂျာ ဟိုစိန်အလီကို သတ်ဖြတ်မှုတွင် တာဝန်ရှိ သူ ဖြစ်သည်ဟုဆိုသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေစိုက် ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် Muktadir Rashid ပေးပို့သည့် Top ARSA Commander Killed in ‘Gunfight’ in Cox’s Bazar ကို ဘာသာ ပြန်သည်။

လင့်၊ https://burma.irrawaddy.com/news/2019/02/22/184281.html?fbclid=IwAR0pae3UL8stvPaalxuZDqseI5mBV2USW8wBLfSasqLPmWnx2KocXPWUl1k

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */