နိရဉ္စရာ၊ မေ ၂ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မြန်မာတပ်မတော်မှ ပစ်ခတ်မှုကြောင့် ကျောက်တန်းရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြော သည်။
ကျောက်တန်ဒေသခံအမျိုးသမီးတစ်ဦးက “ မနေ့ကညဉ့် ၂ နာရီ ခန့်မှာ အမြောက်ပစ်ခတ်သံတွေ၊ လက် နက်ငယ် ပစ် ခတ် သံ တွေ ကြားရပါတယ်။ မနက်မိုးလင်းတော့ ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာပါတယ်။ သေဆုံးသူ ၆ ဦးရဲ့ အလောင်းတွေကို အိမ်သာ အနီးမှာ တာလပတ်ချာအုပ်ပြီး ပုံထားတယ်လို့ သိရပါတယ်။ တစ်ဦးတစ်ယောက်မှ သွားကြည့်ခွင့်မရပါဘူး” ဟု ပြောကြားသည်။
သွားကြည့်ခွင့် မရသော်လည်း အဖမ်းခံထားသူများနှင့် ဒဏ်ရာရ၍ ဆေးကုရန် သွားရောက်သူများက သေ ဆုံးသူ ၆ ဦး ရှိကြောင်း ပြောကြား၍ သိရှိရကြောင်း သူမက ပြောကြားသည်။
“ ညဉ့် ၂ နာရီ တမင်တကာ တစ်ခုလည်းမဖြစ်ဘဲ ပစ်တာတပါ။ ကျောင်းရှေ့ကွင်းပြင်မှာ ဒီအတိုင်း ရွာသား တွေကို ထားတာပါ။ အဲဒီထဲက တစ်ယောက်ချင်းစီကို ခေါ်စစ်တယ်လို့ သိရပါတယ်။ ညဉ့် ၂ နာရီ ခန့်မှာ သေနတ်နဲ့ ပစ်တယ်လို့ သိရပါတယ်” ဟု သူမက ဆက်လက် ပြောဆိုသည်။
သေဆုံးသူ (၆) ဦးမှာ ဦးသံခဲအောင်၊ ဦးဇော်လတ်၊ ဦးခမွီးချေ၊ ဦးမောင်ဝင်း၊ မောင်သန်းဦးနှင့် ဦးရွှေထွန်းဝင်း တို့ဖြစ်ကြပြီး ၎င်းတို့၏ အသက်မှာ ၂၀ နှင့် ၄၀ နှစ် ကြားဟု သိရသည်။
ဒဏ်ရာရသူများကို ယခုအခါ စေတီပြင်တိုက်နယ်ဆေးရုံသို့ ယူဆောင်သွားပြီး ထိုအထဲမှ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။
“ ဒဏ်ရာရသူက ၈ ဦးရှိပါတယ်။ အဲဒီအထဲက ၃ ဦးက ဒဏ်ရာပြင်းထန်တဲ့ အတွက် စပိဘုတ်နဲ့ စစ်တွေကို ယူဆောင်ဖို့ လုပ်နေပါတယ်။ ကျန်တဲ့ ၅ ဦးကိုလည်းဇက်သင်္ဘောနဲ့ စစ်တွေကို ယူဆောင်မှာ ဖြစ်ပါတယ်။ အခုက ရသေ့တောင်ဆေးရုံကို ပို့ခွင့်မရတဲ့ အတွက် စေတီပြင်ကိုယူလာရတယ်။ စေတီပြင်က တစ်ခါ စစ်တွေကို ထပ်ယူရတော့ အချိန်က မကြန့်ကြာသင့်ဘဲ ကြန့်ကြားသွားရပါတယ်” ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြားသည်။
ဦးဦးသန်းနိုင်အပါအဝင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများပါဝင်ပြီး ကား ၄ စီးဖြင့် ယနေ့နံနက်က အလောင်းများကို ယူဆောင်ရန် ကျောက်တန်းကျေးရွာသို့ သွာရောက်ခဲ့သော်လည်း တပ်က အလောင်း များကို ယူဆောင်ခွင့် မပြုသလို ရွာထဲဝင်လည်း ဝင်ခွင့်မပြုခဲ့ဟု သိရသည်။
ယနေ့နံနက်က ဖမ်းဆီး စစ်ဆေးခံနေရသူများကို မိသားစုများက ထမင်းပို့ခွင့်ရခဲ့သော်လည်း စကားပြော ခွင့် တစ်စုံတစ်ရာ မပေးကြောင်း၊ ၎င်းရွာသားများမှာ ကျောင်းရှေ့ရှိ ကွပ်လပ်ကွင်းပြင်တွင် နေပူလှမ်းခံ ထား ရဆဲဟု ဒေသခံ ရွာ လူကြီး တစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို သိလိုသဖြင့် ယနေ့ နေ့လယ် ၁၂: ၁၅ မိနစ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးဆက်သွယ်ရာ ဖုန်းပိတ် ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။ ဆက်လက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
( ဒဏ်ရာရသူများကို စေတီပြင်တိုက်နယ်ဆေးရုံသို့ စက်လှေဖြင့် ယူဆောင်နေစဉ်)
FB Link : Here
No comments:
Post a Comment